Love Yourself

Love Yourself

Share

Weight loss, fat loss, fitness, Yoga

01/04/2026

ကိုယ့်ဘဝမှာ အမြဲအတူနေရမယ့်သူက
သူများမဟုတ်ဘူး… ကိုယ်ကိုယ်တိုင်ပဲ။

လူတစ်ယောက်ကို ချစ်တယ်ဆိုရင်
သူ့ကို မနာစေချင်ဘူး၊ မဆင်းရဲစေချင်ဘူး မဟုတ်လား။

ဒါဆို…
ကိုယ့်ကိုကိုယ်လည်း အဲ့လိုပဲ ဆက်ဆံပေးသင့်တယ်။

ဒီနေ့ကစပြီး ..
ကိုယ့်ကိုကိုယ် ရန်သူလိုမဆက်ဆံပါနဲ့
ကောင်းကောင်းမွန်မွန်ဆက်ဆံပါ
စိတ်ထိခိုက်စေတဲ့စကားတွေလည်း ကိုယ့်ကိုကိုယ်မပြောပါနဲ့။

ကိုယ့်ဘဝမှာ အမြဲအတူနေရမယ့်သူက
သူများမဟုတ်ဘူး…ကိုယ်ကိုယ်တိုင်ပါပဲ ။❤️





Photo Pinterest

17/09/2025

သတိရရင် ကိုကိုရေ ဖုန်းလေးဆက်ပေါ့နော် တူးတူးတူ

Photos from Love Yourself's post 14/09/2025

မီးဖိုချောင်အလုပ်ဆိုတာလည်း ပြောတော့သာလွယ်တာ သေချာစီမံခန့်ခွဲနိုင်မှ
မနက်ဈေးဝယ် ပြန်လာ
သားငါးတွေကိုင် ဆေးကြောပြီး ဆားနနနွင်းနယ်နှပ်ထားတုံး ဟင်းသီးဟင်းရွက်တွေဆေး
မီးဖိုပေါ်​ငါးကြော်နေတုန်းကြက်သွန်ဖြူနီ နွာပြီးကြိတ်
ခုနတုန်းက သားငါးနယ်ထားတဲ့ ဇလုံတွေ အိုးတွေ တခါတည်းဆေးကြောနဲ့ ဇယ်ဆက်သလို တခုပြီးတခုဆက်တိုက်လုပ်သွားရတာ
နို့မို့ဆိုရင် မီးဖိုချောင်ကနေတနေ့လုံးထွက်ရမှာကိုမဟုတ်ဘူး

ပုံတွေက သမီးတော်ဆီပို့ဖို့ လယ်ငါးခူကြော် ပုဇွန်ကြော် ငါးသလဲထိုးကြော် ငါးဖယ်ကြော် ချဥ်ပေါင်ကြော် ငါးကြင်းကြော်

#အိမ်ချက်လက်ရာဟင်းပွဲများ

Photos from Love Yourself's post 26/07/2025

Yoga လေ့ကျင့်ပါ၊

ရယ်မောပါ၊

အပြင်ထွက် လမ်းလျှောက်ပါ၊

မနက်ခင်းနေပူဆာလှုံပါ၊

တရားထိုင်ပါ၊

စာဖတ်ပါ၊

စောစောအိပ်ပါ။

15/03/2025

23/01/2025

သမီးလေးမွေးထားတော့ လေ့ကျင့်ခန်းလုပ်ဖို့ အဖော်ရတယ်

18/01/2025

သမီးနဲ့အတူတူ workout လုပ်သောနေ့

05/12/2024

#ကြက်သားသုပ်
ဝိတ်ချ အဆီချချင်တဲ့သူတွေအနေနဲ့ အိမ်မှာပဲ
လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်လုပ်စားလို့ရပါတယ်
protein ဓာတ်လည်း အပြည့်ရပါတယ်နော်
ကြက်ရင်ပုံ (250gram) တရုတ်ပန်ကန်လုံး ၁လုံးစာခန့်ကို အသားပါးပါးလွှာ၊ အနေတော်လေးတွေတုံး၊ဆား နနွင်း ငံပြာရည်ထည့်ပြီး ပြုတ်ပါမယ်
အသားပါးပါးလွှာထားလို့အကျက်မြန်ပါတယ်
ရေအများကြီးထည့်စရာမလိုဘူးနော်
ကြက်သားပြုတ်ထားတဲ့ အချိန် သခွားသီးတပိုင်း (150gram)ခန့် ၊ နံနံပင်၊ ကြက်သွန်ဖြူကို လှီးထားပါမယ်
ငရုတ်သီးစိမ်းကြိုက်ရင်ထည့်လို့ရပါတယ်
ကိုယ်ကတော့ အစပ်မစားလို့ မထည့်တော့ဘူး
ကြက်သားပြုတ်ရရင် လှီးထားတဲ့ သခွားသီး ၊နံနံပင်၊ ကြက်သွန်ဖြူကိုထည့် အချဉ်အတွက် မန်ကျည်းသီးမှည့်ကို ရေနွေးစိမ်ထားတဲ့ မန်ကျည်းရည်ထည့် အရသာ အပေါ့အငံလိုသလိုထည့်ပြီး စားလို့ရပါပြီ
မန်ကျည်းရည်က အပူလည်းငြိမ်းပါတယ်နော်
မန်ကျည်းရည်မရှိလည်း သံပုရာသီးညှစ်ထည့်ပြီး စားလို့ရပါတယ်

Energy 399 kcal
Protein 77 g
Fat 8 g






#ကြက်သားသုပ်

03/12/2024

အမဲစင်းကောချက်စားတာက အတုံးလိုက်ချက်တာထက် အချ်န်ကုန် gasကုန်ပိုသက်သာတယ်
ချက်နည်းလေးပါမျှဝေပေးလိုက်ပါတယ်

အမဲစင်းကောချက်နည်း

အမဲသား ၃၀ကျပ်သား
နေကြာဆီ စားပွဲတင်ဇွန်း ၄ဇွန်း
ကြက်သွန်နီ ၅ကျပ်သား
ကြက်သွန်ဖြူ ဂျင်း အနည်းငယ်
ဆား နနွင်းမှုန့် အနည်းငယ်
ကုလားလေးရွှေရောင်မဆလာ ၁ထုပ်
ပျဉ်းတော်သိမ်းရွက် ၃ခက်

အမဲသားကို ကြိတ်စက်နဲ့ မညက်တညက်ကြိတ်ထားပါ ဓားနဲ့ နုတ်နုတ်စင်းလည်းရပါတယ်

ကြိတ်ပြီးရင် ဆား နနွင်းမှုန့် ကြက်သွန်ဖြူ ဂျင်း အနည်းငယ်နဲ့ မဆလာ အထုပ်တဝက်ထည့်နယ်ပြီး ၁နာရီလောက်နှပ်ထားပါမယ်

အရသာမှုန့် အချိုမှုန့်ကြိုက်လည်းထည့်လို့ရပါတယ်
ကိုယ်ကတော့မထည့်တော့ပါဘူး

ပြီးရင် ဒယ်အိုးထဲ ဆီ စားပွဲတင်ဇွန်း ၄ထည့်ပါမယ် ဒီနေရာမှာ ဆီပိုထည့်လည်းရပါတယ်

ဝိတ်ချနေတဲ့သူဆိုရင် ဆီ ၁ဇွန်းလောက်နဲ့ ချက်လည်းကောင်းပါတယ်

ဆီဆူလာရင်နနွင်းမှုန့် ကြက်သွန်ဖြူ/နီ ဂျင်း ကြိတ်ထားတာထည့်ပြီးဆီသတ်ပါမယ်

ပျဉ်းတော်သိမ်းရွက် ၃ခက် အရွက်လေးတွေ ညှပ်ထည့်ပါမယ်

မဆလာ အထုပ်တဝက်ကျန်တာထည့်ပါမယ်

အနံ့လေးမွှေးလာရင် နှပ်ထားတဲ့ အမဲသားထည့်ပြီး မီးအနေတော်လေးထားပြီး ဇွန်းနဲ့မွှေပေးပါမယ်နော်
အဖုံးလေးခဏအုပ်ထားလို့ရပါတယ်
ရေမထည့်ပါနဲ့ဦးနော်

အဖုံးအုပ်ထားရင်းနဲ့ ဆီသံကြားလာပြီဆိုမှ အမဲသားကို အထက်အောက်လှန်ပေးပြီးမှ ရေနည်းနည်းထည့်ပါမယ်
ဝယ်ထားတဲ့အသားက နုလို့ ရေအများကြီးမလိုပါဘူး သောက်ရေခွက်တဝက်လောက်ဆိုရပါတယ်
ရေထည့်ပြီး အဖုံးပြန်အုပ်ထားလိုက်ပါနော်

ရေခမ်းပြီး ဆီပြန်တဲ့အသံကြားရင် အဖုံးဖွင့်ပြီး မွှေပေးပါ
အပေါ့အငန်မြည်းပြီး မိမိနှစ်သက်တဲ့ အနေလေးမှာ စားလို့ရပါပြီနော်

အမဲသားမစားရင်လည်း ဝက်သား ကြက်သား အစားထိုးချက်လို့ရပါတယ်နော်

Total Energy 1360 kcal
Protein 97 g
Carbohydrates 6 g
Fat 103 g



#အိမ်ချက်လက်ရာဟင်းပွဲများ
#အမဲစင်းကော

25/11/2024

ကျန်းမာဖို့ အိပ်ရေးဝအောင်အိပ်ပါ
အသားငါးအသီးအရွက်မျှတအောင်စားပါ
ရေလုံလောက်အောင်သောက်ပါ
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတခုခုလုပ်ပါ
စိတ်ဖိစီးမှုလျော့ချပါ


/

19/11/2024

ဒီလိုလေးတွေစားရင်
ဝိတ်ကျမယ်ဆိုတာ သိပေမယ့်
ကြက်ဥတလုံး ၅၀၀ တဲ့ ချစ်တို့ရေ
ကျန်တာတွေကတော့ ဈေးမမေးပါနဲ့တော့ 😂

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00