Angelbo online shop

Angelbo online shop

Share

Bags and Accessories shop

16/12/2023

ပန်းရောင်နှုတ်ခမ်း ဖြစ်စေမယ့် သဘာဝဆေးနည်း (၈) မျိုး

ပန်းရောင်နှုတ်ခမ်း လေးရဲ့ နူးညံ့ပျော့ပြောင်းမှုဟာ ဆွဲဆောင်မှုအားကောင်းတဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုပါ။
အထူးသဖြင့်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက်ပေါ့။

အမျိုးသမီးအများစုဟာ ခြောက်သွေ့ မှိုင်းညစ်ပြီး အလှပျက်စေတဲ့နှုတ်ခမ်းတွေကိုပိုင်ဆိုင်ထားကြဆဲပါ။ ဒီလိုနှုတ်ခမ်းတွေက ကြည့်ရတာရော ခံစားရတာပါ မကောင်းလှပါဘူး။

ဒါပေမယ့် နှုတ်ခမ်းသားလေးတွေအရောင်ပြန်စိုလာဖို့နဲ့ ပြန်ပြီးတောက်ပလာဖို့ နည်းလမ်းအမျိုးမျိုးကို သုံးနိုင်ပါတယ်။

သင့်နှုတ်ခမ်းလေးတွေ နူးညံ့ပြီး ပန်းရောင်သန်းလာစေဖို့ လွယ်ကူတဲ့နည်းလမ်း၈မျိုးကိုဖော်ပြပေးထားပါတယ်။

၁။ ပျားရည်-သံပုရာ ကုသမှု

ပျားရည်နဲ့သံပုရာအရောဟာ နှုတ်ခမ်းအတွက် ဗီတာမင်ပြန်ဖြည့်ပေးတဲ့ကုသမှုတွေထဲကအကောင်းဆုံးတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒါက နှုတ်ခမ်းကိုသန့်စင်ပေးနိုင်တဲ့အပြင် နက်ရှိုင်းစွာရေဓါတ်ဖြည့်ပေးနိုင်ပြီး နှုတ်ခမ်းကို နူးညံ့သန့်စင်ပြီးပန်းရောင်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။

ပျားရည်-သံပုရာအရောကိုရဖို့ ခွက်တစ်လုံးထဲကို ၂မျိုးလုံးဆတူထည့်ပြီး မွှေပါ။ ရလာတဲ့အရောကို နှုတ်ခမ်းပေါ်လိမ်းပြီး ၁နာရီခန့်ထားပါ။ ပြီးရင်တော့ နှုတ်ခမ်းကို ရေနဲ့ဆေးကြောပါ။ ရလဒ်အနေနဲ့ နှုတ်ခမ်းက ပိုပြီးချောမွေ့ပြီး ပန်းရောင်သန်းလာမှာပါ။

ဒီကုသမှုက နှုတ်ခမ်းနေလောင်ထားတာကိုပါ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ပန်းရောင်နှုတ်ခမ်း လေးအဖြစ် အမြန်ဆုံးသိသာလာစေဖို့ တစ်ရက်ကို အကြိမ်ပေါင်းများစွာပြုလုပ်နိုင်ပါတယ်။

၂။ Glycerin (ဂလစ်စရင်း အလှဆီ)

ခြောက်သွေ့ခြင်းဟာ နှုတ်ခမ်းတွေမဲနေတယ်လို့မြင်ရစေတာကြောင့် ကျွန်မတို့နှုတ်ခမ်းတွေအတွက်တော့ အကြီးဆုံးရန်သူတစ်ယောက်ပါပဲ။ ဒါကိုတော့ glycerinအနည်းငယ်နဲ့ ဂွမ်းကိုသုံးပြီးဖယ်ရှားနိုင်ပါတယ်။ ဂွမ်းကို glycerinထဲနှစ်ပြီး နှုတ်ခမ်းပေါ်မှာ အိပ်ရာမဝင်ခင်လိမ်းပါ။

ညအချိန်မှာ glycerin ကနှုတ်ခမ်းကိုအာဟာရဓါတ်ဖြည့်ပေးပါလိမ့်မယ်။ နံနက်မှာတော့ လှပပြီးအရောင်ဖျော့သွားတဲ့ နှုတ်ခမ်းလေးနဲ့ သင်နိုးလာရပါလိမ့်မယ်။

၃။ နီညိုရောင်သကြားမုန်လာဥ (Beetroot)

Beetroot ဟာကျန်းမာရေးအတွက်ကောင်းတာကိုအားလုံးသိကြပေမယ့် မှန်ကန်တဲ့အသုံးပြုပုံကိုသိဖို့လည်းအရေးကြီးပါသေးတယ်။ လှီးထားတဲ့ အနီရောင်beetroot အလွှာနဲ့ နှုတ်ခမ်းကို နှိပ်နယ်ပေးတာကလည်းကောင်းပါတယ်။ ဒါကတော့ နှုတ်ခမ်းနေလောင်ထားတာတွေကိုဖျောက်ပစ်တဲ့နေရာမှာ အရမ်းကိုထိရောက်ပါလိမ့်မယ်။

ဒါ့အပြင် beetroot ရဲ့အရောင်ကလည်း နှုတ်ခမ်းအရောင်ကိုပိုပြိးဖျော့လာစေနိုင်ပါတယ်။ တခြားအရာတစ်ခုခုလုပ်နေရင်းနဲ့လည်း နှုတ်ခမ်းကို beetroot နဲ့ နှိပ်ပေးနေနိုင်တယ်လေ။

၄။ သခွားသီးရည်

သခွားသီးက အသားအရည်အတွက်ပဲအံ့သြစရာကောင်းတာမဟုတ်ပါဘူး။ နှုတ်ခမ်းတွေအတွက်လည်းတကယ်ကို ပြည့်စုံလွန်းပါတယ်။ နှုတ်ခမ်းညိုမဲခြင်းကို ဖျောက်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ သခွားရည်ကို နှုတ်ခမ်းပေါ်လိမ်းပေးတာပါပဲ။ ဒါဟာလည်း ပန်းရောင်နှုတ်ခမ်း လေးဖြစ်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလို့ ပြောလို့ရပါတယ်။

၅။ သွားပွတ်တံဖြင့် ချေးချွတ်ခြင်း

နှုတ်ခမ်းပေါ်မှာရှိတဲ့ဆဲလ်သေတွေက သင့်နှုတ်ခမ်းကို ဆွဲဆောင်မှုမရှိအောင်လုပ်နေတဲ့ အကြောင်းရင်းတွေထဲကတစ်ခုပါပဲ။ ဒါကြောင့် ဒါတွေကိုဖယ်ရှားဖို့အတွက် သွားပွတ်တံကိုအသုံးပြုနိုင်ပါတယ်။ သွားပွတ်တံအစိုကိုသုံးပြီး နှုတ်ခမ်းပေါ်မှာ စက်ဝိုင်းပုံလေး ညင်ညင်သာသာပွတ်ပေးပါ။

ခပ်ကြမ်းကြမ်းလုပ်လိုက်ရင် နှုတ်ခမ်းကိုနာကျင်စေမှာဖြစ်တာကြောင့် နူးနူးညံ့ညံ့သာလုပ်ပါ။ ဒီလိုနည်းနဲ့ နှုတ်ခမ်းကိုနှိပ်နယ်ပေးတာက ဆဲလ်သေတွေကိုဖယ်ရှားပစ်ပြိး နှုတ်ခမ်းဆီ သွေးစီးဆင်းမှုကိုလှုံ့ဆော်ပေးနိုင်တာကြောင့် နှုတ်ခမ်းတွေ နူးညံ့ပြီး ပန်းရောင်သန်းလာစေပါတယ်။

၆။ ပျားရည်-သကြား နှုတ်ခမ်းချေးချတ်ခြင်း (scrub)

ပျားရည်နဲ့ သကြားခဲ သကြားမှုန် တွေကိုရောပြီး နှုတ်ခမ်းချေးချွတ်ဖို့အတွက် scrub ပြုလုပ်ပါ။ ရလာတဲ့အရောနဲ့ နှုတ်ခမ်းကို နှိပ်နယ်ပေးတာက ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းကိုလည်းအစိုဓါတ်ဖြည့်ပေးနိုင်ပါတယ်။ ရလဒ်ကတော့ သင့်နှုတ်ခမ်းက ပန်းရောင်ပိုသန်းလာတာပဲပေါ့။

၇။ တလည်းသီးအစေ့

တလည်းသီးမှာ အံသြဖို့ကောင်းတဲ့ ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိသလို သူ့ရဲ့အစေ့တွေကလည်း နှုတ်ခမ်းအတွက် ကောင်းပါတယ်။ သလဲစေ့အနည်းငယ်ကိုယူပြီးခြေလိုက်ပါ။ နို့အေးအနည်းငယ်နဲ့ရောပြီး အနှစ်ရအောင်လုပ်ပါ။

ဒီလိုမှော်ဆန်တဲ့အနှစ်လေးကို နှုတ်ခမ်းပေါ်လိမ်းပြီးခြောက်သွားတဲ့အခါ ရေဆေးချလိုက်ပါ။ ပုံမှန်လုပ်သွေားပေးခြင်းအားဖြင့် ၂ပတ်အတွင်းမှာ သင့်နှုတ်ခမ်းလေးတွေဟာ သဘာဝအတိုင်း ပန်းရောင်နှုတ်ခမ်း လေး ဖြစ်လာတာကို တွေ့ရမှာပါ။

၈။ နနွင်း-နွားနို့ အနှစ်

နနွင်းဟာ ဟင်းချက်တဲ့နေရာမှာသာလိုအပ်တာမဟုတ်ဘဲ သဘာဝအတိုင်းအသားအရည်ထိန်းသိမ်းတဲ့နေရာမှာလည်း အဓိကကျတဲ့ ပစ္စည်းတစ်မျိုးပါ။ နနွင်းအနည်းငယ်ယူပြီး နို့နဲ့ရောကာ အနှစ်ပြုလုပ်ပါ။ ဒီအရောကို နှုတ်ခမ်းပေါ်မှာခြောက်အောင်ထားပြီး ရေဆေးချလိုက်တဲ့အခါမှာ ပန်းနုရောင် နှုတ်ခမ်းလေးကို သင်ပိုင်ဆိုင်နိုင်ပါပြီ။

ရေများများသောက်ပါ။ ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ နှုတ်ခမ်းတွေအတွက် အကြီးမားဆုံးရန်သူဖြစ်ပြီး နှုတ်ခမ်းတွေကို ညိုမဲစေပြီးအသက်မဲ့သွားအောင်လုပ်နိုင်တယ်ဆိုတာ သတိရပါ။

ကျန်းမာရေးအတွက်ရှောင်ရုံသာမကဘဲ နှုတ်ခမ်းအလှအပအတွက်ပါရှောင်ကြဉ်လိုက်ပါ။ လှပတဲ့ ပန်းရောင်နှုတ်ခမ်း တွေကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်တွေက ကူညီပေးနိုင်လိမ့်မယ်လို့ အာမခံရဲပါတယ်။

20/11/2023
Photos from Angelbo online shop's post 16/11/2023

နွယ်ပိုးအိမ် အကောင့်က ပို့တဲ့ Ss အဲ့မှာသာ ကြည့်ပါတော့ ကျွန်မကိုလဲ block လိုက်ပီ 😡😡

Photos from Angelbo online shop's post 16/11/2023

အလိမ်အကောင့်ပါ

20/10/2023

ဈေးလေးရောင်းမယ်ကျန်ပါတယ် ပဲခူးမှာ ရေကြီးတာနဲ့ ဘာမှ မရောင်းရပါဘူး ဟယ် ငါ့ဖုန်းလေးပျက်

Photos from Angelbo online shop's post 03/10/2023

ကဲ wallet အစုံ မင်မင်ဆီမှာ ရနေပြီနော်
Cb or Viber ကနေလဲ မေးလို့ ရပါပြီ

စျေးနှုန်း >> အသေး-11800
အကြီး - 13800

လက်ကားဆို ၅ လုံးတစ်စျေး
၁၀လုံး တစ်စျေး ပါနော်
၅လုံးက စ လက်ကား ရတယ်နော်
သီးတင်းကျွတ် အထူးလျော့စျေးလေးပါနော်
မွေးနေ့လက်ဆောင်ပေးမလား ကိုယ်တိုင်ကိုင်မလား ရောင်းမလား စိတ်ကြိုက်မှာယူနိုင်ပါတယ် ရှင့်
Instock ရှိလို့ အမြန်လေး hello လုပ်ပါနော်
☎️-09430760777/09693540009
Viber - 0943076077

Photos from Angelbo online shop's post 27/09/2023

🧳💼🛍️👛👜👝Box ပါ full logo အိတ်လှလှလေးတွေ အစုံ ရောက်ပါပြီ ရှင့် ❤️👏🤗🤗🤗

20/08/2022

🤔 ကလေးငယ် မွေးမွေးပြီးချင်း ထိုးသော ကာကွယ် ဆေးများတွင်

✅အဖြေမှန်လေးကတော့-
B ငါးမျိုးစပ် ကာကွယ်ဆေး
D. BCG ပဲဖြစ်ပါတယ်။

မွေးမွေးပြီးချင်းထိုးသော ဆေးများဟုပြောလျှင် Vitamin K ကိုပါ ရွေးချယ်ရမည်။ Vitamin K သည် မွေးစ ကလေးငယ် ဦးနှောက်သွေးယိုခြင်းမဖြစ်စေရန် Vitamin K ချို့တဲ့ခြင်းမရှိစေရန် မွေးမွေးချင်းထိုးပေးတတ်သည်။ အသည်းရောင်အသားဝါ နှင့် BCG ကာကွယ်ဆေးကို မွေးစတွင် ထိုးပေးသည်။ သို့သော် BCG ကာကွယ်ဆေးသည် ပုဂ္ဂလိက ဆေးရုံများတွင် မရှိတတ်သောကြောင့် မွေးစတွင် အသည်းရောင်အသားဝါကာကွယ်ဆေးကို ထိုးနှံပေးပြီး BCG ကိုမူ နှစ်လဆေးနှင့် အတူတွဲ၍ ထိုးရန် စီစဥ်တတ်ကြသည်။ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးကိုမူ ၉လနှင့် ၁၈ လတွင် ထိုးပြီး ၂လ ၄လ ၆လတွင်မူ ငါးမျိုးစပ်ကာကွယ်ဆေးကို ထိုးဖို့ မြန်မာနိုင်ငံ ကာကွယ်ဆေးထိုး စီမံကိန်းတွင် ညွှန်ကြားထားပါသည်။

✅YinThway မှာ Member ဝင်ဖို့အတွက်
Customer Service Ph No. ရုံးချိန်အတွင်း မနက် (၉) နာရီမှ ည (၁၁) နာရီအတွင်းဆက်သွယ်နိုင်ပါတယ်ရှင့်
- 09 799 22 5566
- 09 783 45 5577
- 09 750 23 1886
- 09 892 77 5577
- 09 792 288 152 ကိုဆက်သွယ်မေးမြန်းနိုင်သလို Page Messenger မှတဆင့် အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်🤗🤗

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ်၂၈၅/၂၂ရပ်ကွက် ရန်ကုန်လမ်း ရွှေပေါက်ကံမြို့နယ် မြောက်ဥက္ကလာပ
Yangon