Thrive

Thrive

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thrive, Health/Beauty, Yangon.

05/03/2024

ငွေဘယ်လောက်ချမ်းသာပါစေ ကျန်းမာရေးမကောင်းရင်
လူဖြစ်ရှုံးတာပါပဲ ။

လွန်ခဲ့တဲ့ သုံးရက်က အာရှနိုင်ငံရဲ့အချမ်းသာဆုံးသူဌေး ၊
ကမ္ဘာ့ ၁၁ ယောက်မြောက်အချမ်းသာဆုံး သူဌေးဖြစ်သူ
Mukesh Ambani က သူ့ရဲ့သားငယ်လေး Anant Ambani ရဲ့ Pre Wedding Gala ပွဲကို အမေရိကန်ဒေါ်လာ သန်းတစ်ရာ အကုန်ကျခံပြီးလုပ်ပေးခဲ့တယ်။ မင်္ဂလာပွဲတောင်မဟုတ်သေးတဲ့ ဒီဖျော်ဖြေရေး Pre Wedding ပွဲမှာ Bill Gates နဲ့ Mark Zuckerberg တို့တက်ရောက်ခဲ့ပါတယ်။
Rihanna ကို 9 Million နဲ့ ဖျော်ဖြေပေးဖို့ဋ္ဌားရမ်းခဲ့သလို
ဘောလိဝုဒ်အနုပညာရှင်တွေအားလုံးကိုလည်း ကြေးကြီးပေးပြီး တက်ရောက်ဖျော်ဖြေခိုင်းခဲ့ပါတယ်။ အဲ့ဒီသုံးရက်က အိန္ဒိယနဲ့ တစ်ကမ္ဘာလုံးမှာ ဆူညံတဲ့နေ့ရက်တွေဖြစ်ခဲ့တယ်။

နောက်ထပ်ဆူညံသွားတဲ့သတင်းတစ်ခုကတော့
သတို့သား စင်ပေါ်မှာ ကျေးဇူးတင်စကား ​ပြောနေတဲ့အချိန်
အဖေဖြစ်သူ Mukesh ဟာ ယူကျုံးမရငိုကြွေးနေခဲ့တယ်။
ဘာလို့လဲဆိုတော့ သူ့သားရဲ့ဘဝလမ်းခရီးကဆူးညှောင့်ခလုတ်တစ်ခုဟာ သူငွေနဲ့ ဝယ်ပေးလို့မရတဲ့ အရာတစ်ခုဖြစ်နေတာကြောင့်ပဲ။ Anant ရဲ့မိန့်ခွန်းထဲမှာ Anant ရဲ့ဘဝက နှင်းဆီပန်းခင်းထားသလို ချောမွေ့နေတာမဟုတ်ကြောင်း၊ သူ့ဘဝတစ်လျှောက်လုံး ဆူးတွေရဲ့နာကျင်မှုဒဏ်ကိုလည်းခံစားခဲ့ရပြီး ကျန်းမာရေးကပ်ဆိုက်ကာလတွေကို ဖြတ်ကျော်ခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။
Anant Ambani က ပန်းနာရင်ကြပ်ရောဂါရှိပါတယ်။
ဒီရောဂါသက်သာဖို့စတီးရွိုက်ကုသမှုတွေလုပ်ရတဲ့အတွက် သူ့မှာအဝလွန်ရောဂါ ထပ်ဆောင်းဖြစ်ပေါ်ခဲ့ပါတယ်။ သူရဲ့ကိုယ်ခန္ဓာအလေးချိန်က ပုံသေမရှိပဲအမြဲပြောင်းလဲနေခဲ့ပြီး 208Kg အထိ တက်သွားခဲ့တဲ့အချိန်ရှိခဲ့ပါတယ် ။ ဒါပေမယ့်2016 မှာ ဆယ့်ရှစ်လအတွင်း 108kg ဝိတ်ချနိုင်ခဲ့လို့ လူငယ်တွေရဲ့အတုယူစရာအဖြစ် ချီးကျူးခဲ့ကြပါသေးတယ်။ သို့သော်လည်း
2017 မှာ စတီးရွိုက်ကုသမှုအများအပြားလုပ်ခဲ့ရတာကြောင့် ဝိတ်ပြန်တက်လာခဲ့ပြီး လက်ရှိမြင်ရတဲ့ခန္ဓာကိုယ်အတိုင်းပဲရှိနေခဲ့ပါတယ်။ ကျန်းမာရေးမကောင်းတာကိုမသိတဲ့သူတွေရဲ့ လှောင်ပြောင်ကဲ့ရဲ့​ခြင်းကို
ကလေးဘဝထဲက ယခုချိန်ထိခံနေရတုန်းပါ။

Mukesh Ambani က သူ့သားရဲ့ကျန်းမာရေးကပ်ဆိုက်ကာလတွေကိုပြောနေတဲ့အချိန်မှာ ငိုနေခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ သူ့မှာငွေဘယ်လောက်ရှိရှိ သူ့သားကိုကျန်းမာရေးကောင်းအောင်လုပ်မပေးနိုင်လို့ပါ။
ဒါကြောင့် ငွေကြေးနဲ့ အရာအာလုံးကိုဖြေရှင်းလို့မရဘူးဆိုတာအမှန်ပါ။ ကျန်းမာတာက ချမ်းသာတာနဲ့တူတူပါပဲ။
ကိုယ်က ခုချိန်မှာကျန်းမာနေတာ ဆုလဒ်တစ်ခုဖြစ်လို့
တန်ဖိုးထားပြီး ဂရုစိုက်ရပါမယ် ။

Credit to orginal uploader

05/12/2023

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Credit... Original writer

04/06/2023

Cristiano Ronaldo - "I have to thank my friend Albert Fantrau for my success. We played together for a youth club.

When people from Sporting arrived, they told us that whoever scored more goals would be accepted to their Academy". "We won that game 3-0, I scored the first goal, then Albert scored a header, and the third was a goal that impressed everyone. Albert went on one on one with the goal keeper.

I was running next to him, he went round the keeper, all he needed to do was just to get the ball into the empty net. But, he passed it to me and I scored.

I was accepted to the Academy. After the match, I approached him and asked him “why” and he answered; “You’re better than me”. Several years after, journalist went to Albert’s house, and asked whether the story was true. He confirmed it.

He also said that his career as a football player finished after that match and he is now unemployed. “But where did you get such a gorgeous house, a car etc?

You seemed to be a rich person. You also maintain your family…… where is all from? Albert proudly replied; its from Cristiano.

MORALE: never forget the person who believed in you and gave you a helping hand in life.

What a memory.

14/05/2023

03/03/2023

50% Discount !!
Message Box မှတဆင့် စုံစမ်းဝယ်ယူနိုင်ပါသည်။

🌱Disposable Rubber Exam Gloves Latex Powdered 🌱( Thailand Product )

✅1 pack - 100pcs ➡️ 7000Ks

✅ဆက်သွယ်ရန် Messenger (or) Ph : 09-957715878 သို့ မေးမြန်းဆက်သွယ်​ဝယ်ယူနိုင်ပါတယ်။

✅ရန်ကုန်မြို့တွင်း Cash on delivery ! ( ပစ္စည်းရောက်မှ ငွေပေးချေပါ )။

✅💰Kpay ဖြင့်လည်း ဝယ်ယူနိုင်ပါသည်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Photos from Thrive's post 03/03/2023

50% Discount !!
Message Box မှ တဆင့် စုံစမ်းဝယ်ယူနိုင်ပါသည်။

Photos from Thrive's post 03/03/2023

50% Discount !!
Message box မှ တဆင့် စုံးစမ််းဝယ်ယူနိုင်ပါသည်။

12/02/2023

🔰ရေချိုးနည်း🔰

ရေချိုးလျှင် သတိပြုရမည့်အချက် ခေါင်းကနေ ရေစတင်လောင်းချိုးတာကလေဖြတ်တတ်ပါတယ်။
ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ ။

ကျွန်မတို့က သွေးနွေးသတ္တဝါတွေဖြစ်တဲ့အတွက် ခန္ဓာကကိုယ်က အပူချိန် အလျှင် အမြန်
ထိန်းညှိနေရတာကကြောင့်ပါ ။
ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့အတွက် အပူချိန်ထိန်းညှိနိုင်အောင် ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျှင်အမြန်
လာကြတာကြောင့် ဦးနှောက်သွေးကြောပေါက်လွယ် သွားပြီး လေဖြတ်ကာ လိမ့်ကျသွားပါတယ်။

ရေချိုးတဲ့အခါမှာ ခြေထောက်ကနေစတင်ရေလောင်းပြီးမှ တဖြည်းဖြည်း အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ ။

အထူးသဖြင့် သွေးတိုးရောဂါရှိသူ
သွေးတွင်းကိုလက်ထရောမြင့်တက်သူနဲ့ ဦးခေါင်းတခြမ်းကိုက် ဝေဒနာခံစားရသူတွေ ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ် ။

ရေချိုးနည်း

ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ
တဖြေးဖြေး ဒူး ပေါင်း ခါး လောင်းပြီးမှ တကိုယ်လုံးရေချိုးပါ ။

ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့
ထွက်လာတဲ့ အပူခိုးတွေမျက်စိကို မရောက်အောင်
အကာအကွယ်ပြုတာပါ ။

ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့ ။

ရေချိုးရင် ဖျားတာက အပူရှိလို့
အပူငုတ် အပူရှပ်ချင်တာပါ ။

အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့ ။
ထမင်းစားပြီး ရေမချိုးသင့်ပါ ။
ရေမချိုးခင် ရေ ဝ အောင် သောက်ပါ ။
ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး
ရေနွေးသောက်ပါ ။

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ

ဆီးချိုရောဂါရှိသူ တစ်ယောက်က
နာရီဝက်ကြာ ရေချိုးတာ သွေးထဲက
သကြားဓာတ် ၁၃ % လျော့နည်းတယ်။

ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက
အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်
အတောက်တွေ ထွက်ကုန်မယ် ကြွက်သားနာတာ
အသက်သာမယ် အူတွေ ပို အလုပ် လုပ်နိုင်မယ်။

ရေချိုးတာကို ၁၈မိနစ် ၂၀မိနစ် သာကြာပါစေ
ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား
ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့
သကြားဓာတ် တက်စေမယ်။

အင်ပြင် ထ တာမျိုးကို Sodium Bicarbonate
( ဆော်ဒါ ) ပါတဲ့ ရေချိုးရင် သက်သာမယ်
ပိုးတချို့ကိုလည်း သေစေမယ် ။

ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ
သက်သာစေမယ် နင်းခူနာ သက်သာစေမယ် ။

ရေအေးထဲမှာ ခြေထောက်ကို စိမ်းပေးရင်
ကောင်းအိပ်ပျော်စေတယ် ။

ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန်
ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ
၇ နာရီ

ညရာသီအလိုက်ရေချိုးချိန်

နွေ မနက် ၉ နာရီ
မိုး မနက် ၁၀ နာရီ
ဆောင်း မနက် ၁၁ နာရီ

အရိုးပွ အရိုးပါး ဂေါက်ရောဂါ ရှိသူတွေ
နာကျဉ်ခြင်းသက်သာအောင် ရေနွေးထဲဆားခါး
ထည့်ဖျော် ချိုးခြင်းဖြင့် သက်သာစေပါသည် ။

ညဖက်ရေချိုးခြင်း သတိထားရန်

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ ခြောက်အောင်
သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ် အပူချိန်က
နေ့ခင်းဖက်မှာထက် လျော့ကျနေသည်ကို
သတိပြုပါ ။

မနက်ခင်း လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးမှ
ရေချိုးတာကြွက်သားတွေကို ပိုမိုသန်မာစေ ။

ကယ်လီးဖိုးနီးယား တက္ကသိုလ်မှ
သုတေသနပညာရှင်များအဆိုးအရ
မနက်ခင်းအေးတဲ့ရေနဲ့ ရေချိုးခြင်းက
သုပ်ပိုးများကို ပိုမိုဖွံ့ဖြိုးစေတယ်လို့ဆိုတယ် ။

ကျန်းမာရေးအတွက် ဆေးတစ်ခွက်

ညနေပိုင်းရေချိုးလျင် သတိထားရန်
ညနေ ၅ နာရီမှ ၇ နာရီရေချိုး နေ့စဉ်
ဆီးမသွားရ ကျောက်ကပ် အလုပ်လုပ်နေချိန်
ဖြစ်သည်။ ကျောက်ကပ် မပျက်စီးအောင် ဂရုပြုရန်

မနက်ခင်းရေချိုးခြင်း၏ ကောင်းကျိုး

မနက်ခင်းရေချိုးခြင်းက ကိုယ်ခန္ဓာတွင်းမှ
အပူခိုးများထွက်ခြင်း

ရေနွေးနဲ့ချိုးရင် သွေးလည် ပတ်မှုကောင်းစေ
ကြွက်သားများကို တောင့်တင်းသန်မာစေ
ရေနွေးနဲ့ချိုးခြင်းက ကျန်းမာရေးများစွာ
အထောက်အကူပြု

အိပ်ရာနိုးတဲ့အခါ မနက်ခင်း ရေချိုးခြင်းက
ပေါ့ပါးလွတ်လပ်သွား စိတ်ဖိစီးမှုကိုသက်သာစေ
စိတ်ဖိစီးမှုဖြစ်နေရင် မနက်ခင်းရေချိုးခြင်းက
အထောက်အကူပြုတယ် ။

ညဖက်ရေချိုးခြင်း သတိထားရန်

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ
ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။
မိမိကိုယ် အပူချိန်က နေ့ခင်းဖက်မှာထက်
လျော့ကျနေသည်ကို သတိပြုပါ ။
နှစ်ခြိုက်စွာ အိပ်ချင်လို့ ရေချိုးတာဆိုလျှင်
မအိပ်ခင်းလေးမှာ အချိန်ခွာပြီး ရေချိုးပ ါ ။

ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပြီးစမှာ
ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက်
ချက်ခြင်း ရေမချိုးပါနဲ့ မိနစ် ၃၀ ခန့်စောင့်ပြီး
ကိုယ်အပူချိန် လျော့ကျသွားပြီး ချွေးပေါက်
ပြန်ကျဉ်းသွားချိန်မှ ရေချိုးပါ ။

ညဖက် အရမ်းနောက်ကျရင် ရေနွေးနဲ့ချိုးပါ
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို
လက်နဲ့ ထိတွေ့ ခံစားကြည့်ပါ ။

ပုံမှန်အားဖြင့် လူကိုယ်ခန္ဓာ အပူချိန်ထက်
၅ ဒီဂရီ ပို၍ လက်ခံနိုင်သည့် လူတစ်ယောက်ရဲ့
သာမန် အပူချိန်ကတော့ ၉၇ ဖာရင်ဟိုက်
ဖြစ်တဲ့အတွက် ကိုယ် လက်ခံနိုင်မယ့်
မပူလွန်း မအေးလွန်း အနေအထားကို
ရယူပါ ။

ရေချိုးခြင်းက စိတ်နဲ့ကိုယ်နဲ့ ပြန်လည်း
လန်းဆန်းအောင်လုပ်ခြင်း ဖြစ်တယ်။
ရေနွေးနွေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်မှာ ရှိတဲ့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး
စိတ်ဖိစီးမှုကို လျော့ချ သွေးပေါင်ကျ
တစ်နေ့တာကုန်သွားတဲ့ အားအင်တွေကို
ပြန်ဖြည့်ပေး တောင့်တင်းနေတဲ့ ကြွက်သားတွေ
ကို ရေချိုးခြင်းက ဖြေလျော့ပေးပါတယ်။

ရေနွေးနဲ့ ချိုးခြင်းက အရေပြားကို ချောမွတ်စေ
နုပျိုလန်းဆန်းခြင်းကို ခံစားရ -

ညဖက် ရေချိုးတာက ကောင်းသော
ကိုယ်သင်းနံ့ကိုပေး - နှစ်ခြိုက်စွာ အိပ်ပျော်စေ -
မျက်စိကြောင်ပြီး အိပ်မပျော်ခြင်း မဖြစ်တော့ပါ ။

တတ်နိုင်ရင် ရေနွေးနဲ့ချိုးပါ
အများစုက ရေအေးနဲ့ ချိုးကြတယ်။
ညနေပိုင်း အပူအခိုးထွက်နေတာတွေက
ကိုယ်တွင်းသို့ ပြန်ဝင်တတ်ပါတယ် ။

___________________

အားလုံးဂရုပြုနိုင်ကြပါစေ

24/12/2022

02/12/2022

"​ဆေးလိပ်မ​သောက်ပါနဲ့"

​ဆေးလိပ်​သောက်သူရဲ့ အနားမှာ မ​နေပါနဲ့
​ဆေးလိပ်အနံ့​စွဲတာတွေကိုလည်း ​ရှောင်ပါ တဲ့၊

​သောက်သူကမ​သောက်သူထက် ​မေ့တတ်တဲ့​ရောဂါဖြစ်ဘို့ ၃၀ ရာခိုင်နှုန်း ပိုများပါသတဲ့၊
အနားကလူ​တွေအတွက် ရောဂါဖြစ်​စေနိုင်ပါသတဲ့
မီးခိုးထဲမှာလည်း ဓါတုပစ္စည်း ၇၀၀၀ ပါတဲ့အပြင်
အနည်းဆုံး ၇၀လောက်ကကင်ဆာဖြစ်​စေပါသတဲ့၊

​ဆေးလိပ်အ​​ငွေ့မဟုတ်တဲ့ ​ဆေးလိပ်မီးခိုး​တွေရဲ့
အကျွင်းအကျန်​တွေကလည်း အခန်းထဲနဲ့ အဝတ်
အစား​တွေ​ပေါ်မှာ ​ဆေးလိပ်အနံ့​တွေအ​နေနဲ့ ကျန်​နေပါတယ် အဲဒီကျန်တာ​တွေကလည်း ဦး​နှောက်ကိုအဆိပ်ဖြစ်​စေတဲ့ဓါတုပစ္စည်း​တွေကို ထုတ်​ပေး ပါသတဲ့၊

​တွေ့တာ​လေးကို
ရေးတင်လိုက်တာပါခင်ဗျ
ဆောင်လိုက​ဆောင်ကြပါ
ရှောင်လိုက ​ရှောင်ကြပါ

အကျိုးမယုတ် အကျိုးရှိမှာပါခင်ဗျ။

Credit > Tin Win

23/11/2022

"အစာအိမ်ရောဂါ နှင် လေပူ လေပုပ်ရောဂါ အတွက် ဖီးကြမ်းငှက်ပျောသီးဓာတ်စာ"

အနောက်တိုင်း ဆရာဝန်များအတွက် လေပူဆိုသော စကားသည် သူတို့ဆေးပညာ ဝေါဟာရတွင် မရှိပါ။ မြန်မာလူမျိုးများအတွက် လူတိုင်းသိသော စကားဖြစ်သည်။
“လေပူထလို့”၊ “လေပူတွေ အထက် လှန်လို့”၊ “လေပူထပြီး အာခေါင်တွေခြောက်လို့”၊ “လေပူလှန်ပြီး အာသီးရောင်လို့”၊ “အစာအိမ်မှာ လေပူ ထလို့”၊ “လေပူလှန်ပြီး သွားဖုံးတွေကြွလို့”၊ “ကောက်ညှင်းပေါင်းစားပြီး လေပူထလို့”၊ “ပုဇွန်ခြောက်တွေစား ပြီး လေပူလှန်ပြီး ကြို့ထိုးလို့”၊ “နှလုံးလေပူရိုက်ပြီး မောလို့”၊ “လေပူထပြီး နှလုံးတွေတုန်လို့” စသော စကား များမှာ အရပ်ထဲတွင် ကြားနေကျစကားများ ဖြစ်သည်။

တစ်လောက ဆေးပညာမဟာသိပ္ပံဘွဲ့ ရထားသော သူငယ်ချင်းဆရာဝန်ကြီး တစ်ဦးကို “လေပူ” အကြောင်း ပြောပြပြီး “သူငယ်ချင်းတို့ အနောက်တိုင်းဆေးပညာ အယူအဆမှာ ဘယ်လိုဖြစ်နိုင်သလဲ” ဟု မေးရာ သူက “အစာအိမ်မှာ အက်စစ်ရည် (HCL) အထွက်များရာကနေပြီး အငွေ့ပြန်လာတဲ့ အက်စစ်အ ငွေ့ပေါ့ကွာ။ Gas Flatulence လို့ ပြောနိုင်တာပေါ့”။

သူရှင်းပြသော သဘောအရ အစာအိမ်အတွင်းတွင် အက်စစ်အချဉ်ရည်များ လွန်ကဲပြီး အငွေ့ပြန် ကာ အပေါ်သို့ တက်လာခြင်းဖြစ်သည်။ ရေနံတွင်းများတွင် Gas ထွက်သကဲ့သို့ အစာမျိုပြွန်မှ လည်ချောင်း၊ အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊ သွားဖုံးများထိ တက်လာမည်။ လောင်ကျွမ်းမည်။

အာယုဗေဒ ဆေးပညာတွင် လေမျိုးရှစ်ဆယ်ဟု ဆိုကြသော်လည်း အဓိကမှာ ဒေသနာနယ ဆေးပညာတွင် ပါသော ဥဏှတေဇောကြောင့် ဖြစ်သော ‘ဥဏှဝါယော’ (လေပူ)သာလျှင် လူကို မနေနိုင်အောင် ဒုက္ခပေးသော လေမျိုးဖြစ်သည်။

ပူမှု၊ အေးမှု တေဇောပြုဟု ဆိုသည်။ ဗိုက်ထဲတွင် အပူရှိနေလျှင် ထိုအပူသည် ငြိမ်သက်မနေနိုင်။ အပေါ်သို့ တက်လာမည် ဖြစ်သည်။ အထက်သို့ တက်စရာလမ်းမရှိလျှင် လမ်းလွဲပြီး နှလုံးသို့လည်း ရောက် နိုင်သည်။ အဆုတ်သို့လည်း ရောက်နိုင်သည်။ အူသိမ်၊ အူမသို့လည် ရောက်နိုင်သည်။

အရေပြား၊ မွေးညင်း ပေါက်ထိ လေပူရောက်ရှိမည်။ လေပူမှာ မွေးညင်းပေါက်မှ ချွေးအဖြစ်ထွက်လျှင် ထွက်၊ မထွက်လျှင် အသားကြမ်းခြင်း၊ အသားပပ်ခြင်း၊ ကွဲခြင်းတို့ ဖြစ်မည်။ လေပူကြောင့် တစ်ကိုယ်လုံး ယားယံသော ရောဂါဖြစ် လာသည်။ လိမ်းဆေးများ ပေးသော်လည်း မပျောက်။ လေပူကျဆေး ပေးမှသာ အယားပျောက်သည်။ ထို့ ကြောင့် နရသုခိကျမ်းတွင် ယားယံခြင်းကား လေကင်းမှတ်ရာဟု ပြဆိုထားခြင်း ဖြစ်သည်။ လေကင်းထခြင်း သည် လေပူထခြင်းပင် ဖြစ်သည်။

ကိုယ်တွေ့ဖြစ်ရပ်
လွန်ခဲ့သော နှစ်၂၀ခန့်က ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ပြောပြချင်သည်။ စာရေးသူ၏ သမီးအလတ် ငါးနှစ်အရွယ်မှာ ဖျားပြီး ဗိုက်ဖောင်းလာသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ပြသည်။ ထိုဆရာ ဝန်ကြီးက ဝမ်းကိုက်ပိုး စစ်ခိုင်းသည်။ ဝမ်းကိုက်ပိုး မတွေ့။ အူပိတ်သည် ထင်သဖြင့် ခွဲစိတ်ကု ဆရာဝန်ကြီး တစ်ဦးထံ သွားခိုင်းပြန်သည်။ ထိုဆရာဝန်ကြီးက လက်အိတ်ဖြင့် သမီးလေး၏ စအိုပေါက်ကို နှိုက်ကြည့် သည်။

ဝမ်းများ ထွက်ကျလာသဖြင့် သူက လက်အိတ်ကိုချွတ်ပြီး “အူတော့ မပိတ်ပါဘူး။ အစာအိမ်နှင့် အူ လမ်းကြောင်း အထူးကုနဲ့ ဆက်ပြပါ” ဟု ပြောသည်။ စာရေးသူက “ဆရာကြီး ကျွန်တော် တိုင်းရင်းဆေး လေဆေး တိုက်လို့ရမလား” ဟု မေးကြည့်ရာ “မရဘူးဗျ၊ တိုင်းရင်းဆေး လေဆေးတွေ မတိုက်နဲ့။ သူတို့က တစ်ခါလာလဲ လေ၊ လေပဲ ပြောနေတာ။ လေဆိုတာ မြင်ရလို့လား” ဟု ပြောသည်။ ကိုယ်တွေ့ဖြစ်သည်။

ထိုဆရာဝန်ကြီးသည် စာရေးသူကို တိုင်းရင်းဆေးသိပ္ပံဆင်း ဆရာမှန်း မသိပါ။ နောက်သုံးနှစ်ခန့် အကြာ တွင် ထိုဆရာဝန်ကြီးသည် လေဖြတ်ပြီး ပါးရွဲ့သွားကြောင်း စိတ်မကောင်းစွာ ကြားသိရသည်။ ပါးရွဲ့ခြင်း သည် ဦးနှောက်အတွင်းမှ တိုက်ရိုက်ဆက်သွယ်သော နံပါတ်(၇) နာ့ဗ် (Nerve) ကြောမကြီး ရောင်ရမ်း၍ ဖြစ်သည်ဟုသာ ထိုဆရာဝန်ကြီး သိမည်ထင်သည်။ အာရုံကြောအတွင်းမှ လေကို ဆရာဝန်ကြီး မြင်နိုင်မည် မထင်ပါ။(ဆရာဝန်များအားလုံးကိုမဆိုလိုပါ။ လေးစားပါသည်။ကြုံတွေ့ရဘူးသည်ကိုတင်ပြရခြင်းဖြစ်ပါသည်။)

ရာဇဂုဏ်ရှိသောလေ
စာရေးသူ၏ ညီဖြစ်သူကလည်း မေ့ဆေးဆရာဝန်ကြီး ဖြစ်ပြီး သမီးဖြစ်သူကလည်း ဆရာဝန်မလေး ဖြစ်ကာ OG တက်နေသူ ဖြစ်သည်။ ‘လေ’နှင့် ပတ်သက်သော ရိုးရာဆေးပညာ၊ မြန်မာဆေးပညာ အယူအ ဆများကို သူတို့ ဆေးပညာနှင့် အမြင်ချင်းတူအောင် မကြာခဏ ညှိယူခဲ့သည်။ ခက်သည်က အနောက် တိုင်း ဆေးပညာမှာ လေကို အဓိကထားပြီး သင်ကြားခဲ့သော ဆေးပညာမဟုတ်။

ခန္ဓာဗေဒတွင် ဆဲလ်များ တည်ဆောက်နေပုံနှင့် ရောဂါဗေဒတွင် ပိုးကိုသာ အဓိကထား သင်ကြားခဲ့သော ဆေးပညာ ဖြစ်သဖြင့် လေ ဆိုလျှင် ကားတာယာအတွင်းမှ ကျွတ်တွင်ထိုးသော လေကိုသာ သူတို့မျက်စိတွင် မြင်နေခြင်းက ပြဿနာ ဖြစ်နေလေသည်။ အာယုဗေဒ ဆေးပညာတွင် လေသည် ရာဇဂုဏ်ရှိသဖြင့် လူကိုသတ်ရာတွင် ပိုးထက်မြန် သည်။ ပိုးဝင်လျှင် ရက်ကြာမှသေမည်။ လေသင်တုန်းဖြတ်လျှင် တစ်ချက်တည်း၊ ချောင်းတစ်ဟန့်၊ ကွမ်းထွေး တစ်ပျစ် အချိန်မှာပင် အသက်ပါသွားနိုင်လေသည်။

အားနည်းချက်၊ အားသာချက်
တိုင်းရင်းဆေး ဆရာများတွင်လည်း အားနည်းချက် မရှိမဟုတ်ပါ။ ‘ပိုး’ ကို အကျယ်တဝံ့ မသင်ရ သော အားနည်းချက် ရှိသည်။ အနောက်တိုင်း ဆေးပညာကဲ့သို့ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ အသေး စိတ် ခွဲခြားပြီး မသိကြပါ။ အူသိမ်၊ အူမအတွင်း မှီခို စားသောက်နေသော ပိုးမျိုးရှစ်ဆယ် ရှိသည်ဟူ၍သာ အကြမ်းဖျင်း သိကြသည်။ ထိုကဲ့သို့ပင် အနောက်တိုင်း ဆေးဆရာဝန်တို့တွင်လည်း လေနှင့် ပတ်သက်၍ မသိသော အားနည်းချက် ရှိကြမည် ထင်သည်။ လောကတွင် မည်သည့်ပညာမဆို အားနည်းချက်၊ အားသာ ချက်များ ရှိစမြဲပင် ဖြစ်သည်။

“သဒ္ဓါလွန်တော့ကွန့်၊ ပညာလွန်တော့ ဆွံ့” ဆိုသော စကားမှာ အမှန်ပင်ဖြစ် သည်။ ပညာရှိလာလေ မသိသောအရာ များလာလေ ဖြစ်သဖြင့် နှုတ်ဆွံ့အ သွားခြင်းကြောင့် ပညာလွန် တော့ ဆွံ့(ဆွံ့အ)သွားသည်ဟု တင်စားပြောခြင်း ဖြစ်သည်။ မိမိ မတတ်သော သူများပညာကို အရမ်းမဲ့ မဝေဖန်ခြင်းသည် ဆင်ခြင်တုံတရားရှိသော ပညာရှိ ဖြစ်သည်။

ဆေးမပေးလိုသူတစ်ဦး
လေပူနှင့် ပတ်သက်၍ ဆက်လက်ပြောပြလိုသည်။ တစ်ခါကဆေးကျောင်း Final Part(2) ကျောင်း သူတစ်ဦး စာရေးသူ၏ ဆေးခန်းသို့ လာပြသည်။ သမီး ဆရာဝန်မလေးက ခေါ်လာခြင်း ဖြစ်သည်။ သူ့ပါးစပ် အတွင်းတွင် ချိုင့်ခွက်ကဲ့သို့ ပေါက်နေသော အနာငယ်လေးများကို ပြသည်။ လျှာဘေးတွင်လည်း ရှိသည်။ ဆရာဝန်ကြီးများက စိတ်ပူပန်မှုကြောင့် ဖြစ်သောအနာ Stress Ulcer ပြောကြောင်းနှင့် ခရမ်းပြာဆေး တို့ ခိုင်းကြောင်း၊ စာမေးပွဲနီးတိုင်း ဤအနာများ ပေါက်ကြောင်း ပြောသည်။

ယခုတစ်ကြိမ်မှာ ပို၍ အနာများသည်။ အစာအပူအစပ် လုံးဝမထိရဲ။ ဆရာဝန်ကြီး တစ်ဦးက ပရက်ဒီစလုံးဆေးပေးကြောင်း၊ ထိုဆေးမှာ Side Effect အလွန်များသဖြင့် မသောက်ရဲကြောင်း၊ တိုင်းရင်းဆေး နှင့် စမ်းကုလို၍ လာပြခြင်းဖြစ်ကြောင်း ပြောသည်။

စာရေးသူသည် ဆေးကျောင်းသူတစ်ဦးကို မြန်မာဆေးများ စမ်းပြီးမပေးလိုပါ။ ယုံကြည်မှု မပြည့်မရှိဘဲ အစမ်းသဘောမျိုး သောက်ကြည့်ချင်သူကို ဆေးမပေးလိုပါ။ ထို့ကြောင့် ဆေးမပေးဘဲ ဓာတ်စာသာ ပေး သည်။ စမ်းစားကြည့်ပါဟု ပြောပြီး ငှက်ပျောသီးဖီးကြမ်း ဓာတ်စာပေးသည်။ ငှက်ပျောသီး ဖီးကြမ်းအမှည့် ဆေးဆိုး မဖြစ်စေရ။ ပင်မှည့် (သို့မဟုတ်) အုပ်မှည့်ကို ဝယ်ခိုင်းသည်။ ထိုငှက်ပျောသီးကို မီးဖုတ်၍ ပူပူလေး စားခိုင်းသည်။

ဖီးကြမ်းငှက်ပျောသီးဓာတ်စာ
ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များသည် လေပူကိုနိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်သည်။ ဖီးကြမ်းငှက်ပျောသီး စားသူများသည် ထိုဆေးဖက်ဝင် သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှင့်ပစ်လိုက်ကြသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီး ကင်သောအခါ ထိုအမြှေးများသည် ပျော်ပြီး ငှက်ပျောသီး အသားနှင့် ပေါင်းစပ်သွားသောကြောင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ်အနာများကို သက်သာစေနိုင်သည်။

ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စား လေ့ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိအနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။

လွန်ခဲ့သော နှစ်၂၀ခန့်က အိန္ဒိယနိုင်ငံရှိ အာယုဗေဒ ဆေးတက္ကသိုလ်ကြီးက ငှက်ပျောသီးဖီးကြမ်း အစိမ်းနှင့် အစာအိမ်ရောဂါ ရှိသူများကို စမ်းသပ်ကုသ ပေးခဲ့ဖူးသည်။ အထူးသဖြင့် အစာအိမ်နံရံတွင် အချွဲ အမြှေးမရှိသဖြင့် ဗိုက်နာ၊ ဗိုက်အောင့်သူများ၊ အစာအိမ်ရောဂါ ရှိသူများ၊ အူသိမ်ဦးပိုင်း အနာရှိသူများကို ဘစ်စမတ်ခေါ် အစာအိမ် ဆေးပေါင်ဒါမှုန့်နှင့် ငှက်ပျောသီးဖီးကြမ်း အမှုန့်ကို ဆေးတောင့် (Capsule) တွင် ထည့်၍ မသိအောင်ပေးပြီး လူပေါင်း ၁၀၀ကို စမ်းသပ်ခဲ့ရာ ကုသသူဦးရေ ၈၀မှာ အစာအိမ်ဝေဒနာ ခံစားနေ ရခြင်းမှ ပျောက်ကင်း သက်သာကြောင်း စမ်းသပ်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်သော ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရော ဂါ၊ သွားဖုံးကြွ သွားနာရောဂါ ရှိသူများ၊ ထို့ပြင် နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီး ကြမ်းငှက်ပျောသီးသည် ဓာတ်စာလည်းဖြစ်၊ ဆေးလည်းဖြစ်သည်။ ပုံမှန်အတိုင်း သော်လည်းကောင်း၊ မီး ကင်မီးဖုတ်၍ သော်လည်းကောင်း၊ အခြောက်လှန်း အမှုန့်ပြုလုပ်၍ သော်လည်ကောင်း၊ အစိမ်းကိုဟင်း ချက်၍သော်လည်းကောင်း စားသုံးကြည့်ပါ။

နှစ်ရှည် ဖြစ်နေသော အစာအိမ် အနာသာမက လေးဖက်နာ၊ နှလုံးရောဂါ၊ လေကြောင့်ဖြစ်သော ခေါင်းကိုက်၊ ခေါင်းအုံမူးဝေသော ရောဂါများအပြင် နှစ်ရှည်စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

ကြည်လွင်မြင့် (မုဒြာ)

Photos from Thrive's post 07/11/2022

အောက်စီဂျင် မရခဲ့ရင် လူနာကိုဘယ်လိုထားမလဲ ?

အရေးပေါ် အသက်ရှူရန်ခက်ခဲ နေသည့်အချိန်တွင် oxygen ပြတ်တောက်ခဲ့သည်ရှိသော် လူနာကို
အသက်ရှူ(အောက်စီဂျင်) တက်စေရန်
ဖော်ပြပါပုံပါအတိုင်း အဆင့်ဆင့် ခန္ဓာကိုယ်ကို ပြောင်းလဲ၍ နေထိုင်နိုင်သည်။

Oxygen ပြတ်တောက်မူများစွာ ရှိနေသည့်အချိန်တွင် ယခုနည်းလမ်းဖြင့် အသက်ရှူလွယ်ကူစေရန် အထောက်အကူတစ်ခုအနေဖြင့် ဖော်ပြလိုက်ရပါသည်။
Credit

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon