M Sai Phyo Lay

M Sai Phyo Lay

Share

ကြိုးစာနေဆဲပါ

Photos from Guitar & Music by NyinyiLwinz's post 01/05/2024
22/02/2024

🌿လေတိုတီ🌿

#ပုညခင်

( ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီ ၊ ကြေးမံုသတင်းစာဆောင်းပါး)

*️⃣*️⃣

‘’မေမေ လေတိုတီဖွင့်ပေး ၊လေတိုတီ ဖွင့်ပေး’’

ကျွန်မငယ်ငယ်က အဲ့သည်လို မကြာခဏ ပူစာလေ့ရှိပါသည် ။ ဖေဖေကလည်း ကျွန်မကို ..
‘’သမီးရေ လေတိုတီ နားထောင်ရအောင် လာဟေ့ ‘’ဟု ခေါ်လေ့ရှိပါသည် ။ လေတိုတီ ဆိုသည်မှာ ရေဒီယိုကို ခေါ်ခြင်းဖြစ်သည် ။ ကျွန်မ ကလေးဘဝက ရေဒီယိုကို ရေဒီယိုဟု ပီပီသသမခေါ်တတ်ဘဲ လေတိုတီဟု ခေါ်လေ့ရှိရာ ကျွန်မ၏ မိဘများကလည်း ကျွန်မခေါ်သလို လေတိုတီဟု လိုက်ခေါ်ခဲ့ကြပါသည် ။ ထိုရေဒီယိုကလေးတစ်လံုးက ကျွန်မတို့မိသားစုကြားမှာ အလွန်အရေးပါခဲ့ပါသည် ။ ကျွန်မတို့အိမ်ကလေးထဲမှာ ရေဒီယိုသံလေး အမြဲလို ပျံ့လွင့်နေတတ်ခဲ့လေသည် ။ ကျွန်မတို့ဟာ ရေဒီယိုချစ်သူများပေါ့ ။

‘’မောင်းနောင် မောင်းနောင် ...မောင်နောင် မောင်းနောင် ....မောင်နောင်းမောင်းနောင်...ဗြောင် ‘’

ကျွန်မကလေးဘဝက ည၈နာရီဆို ရေဒီယိုမှာ ကြားရလေ့ရှိသည့် ဆိုင်းသံကို အလွတ်ရနေကာ ပါးစပ်ဆိုင်း တီးလေ့ရှိသည် ။ ည၈နာရီ သတင်းအပြီးမှာ လွှင့်မည့်အသံလွှင့်ဇာတ်လမ်းကို နားထောင်ဖို့ ကျွန်မတို့မိသားစု အားလုံး ရေဒီယို နားမှာ ဝိုင်းထိုင်နေတတ်ကြသည် ။ ည ၇နာရီ မှာ လာတတ်သည့် ရွှေမန်းတင်မောင်၏ မဟာဗုဒ္ဓဝင်ဇာတ်လမ်းများကတော့ ကျွန်မအဘွား၏ အကြိုက်ဖြစ်သည် ။ ကျွန်မလည်း အဘွားနှင့်အတူ နားထောင်ရင်း ရွှေမန်းတင်မောင် ကို အသည်းစွဲ ကြိုက်ခဲ့သည် ။ ဗုဒ္ဓဝင်တောထွက်ခန်း ကိုနားထောင်ရင်း မျက်ရည် ကျရသည် ။ ညနေခင်းတွေမှာ လွှင့်တတ်သည့် ဟာသတွေထဲမှာ ရေနံချောင်းက ဖေကံကောင်း ဆိုတာကိုတော့ အသေအချာမှတ်မိနေခဲ့သည် ။ ဟာသတွေနားထောင်ရင်းလည်း ရယ်မောပျော်ရွှင်ခဲ့ရသည် ။ရေဒီယိုကပေးသည့်ရသအဖံုဖံုက နှလံုးသားခံစားမှုကို ဖွံ့ဖြိုးစေခဲ့သည်ထင်ပါရဲ့ ။

ရေဒီယိုသံလေးတွေ ပျံ့လွင့်နေတတ်သည့် နွေ ကျောင်းပိတ်ရက်များကတော့ လွမ်းမောဖွယ်ရာပင်။ ကျောင်းပိတ်ရက်နေ့လည်ခင်းများမှာ လွှင့်တတ်သည့် ပုံပြင်အစီအစဉ် နှင့် ရုပ်ရှင်သီချင်းကတော့ ကျွန်မအသည်းစွဲ ဖြစ်ရသည်။ စစ်သည်တွေ နားဆင်ဖို့ လွှင့်တတ်သည့် စိမ်းမို့မို့တို့ တင်တင်မြတို့၏ သီချင်းများ ကလည်း လွမ်းဖွယ်ရာပင် ။ မနက်စောစော လွှင့်တတ်သည့် သီချင်းတစ်ပုဒ်ကိုတော့ ကျွန်မတော်တော်မှတ်မိသားမိရှိသည် ။ စိတ်ခွန်အားပေးသည့်သီချင်းကလေးမို့ စွဲခဲ့သည်လားမသိပါ ။
‘’အမေ့ဗိုက်ထဲက ထွက်လာတုန်းက ..ဘာမှ ဘာမှမပါဘူးဆို ..၊ ရွှေငွေကလည်း ဆီးလို့မကြို ၊ ပညာကလည်း ဆီးလို့မကြို၊ ကိုယ့်ကိုယ်ကိုယ် အားကိုးလို့ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သဗျို ...’’ တဲ့ ။ ဘယ်သူဆိုမှန်းမမှတ်မိတော့သော်လည်း ထိုသီချင်းလေးက ခုချိန်ထိ ကျွန်မနှလံုးသားထဲမှာရော ဦးနှောက်ထဲမှာပါစွဲထင်နေခဲ့ပါသည် ။ ထိုသီချင်းကလေးကပင် ကျွန်မအား မိဘက မပံ့ပိုးနိုင်သည့်တိုင် ကိုယ့်အားကိုယ်ကိုး၍ ကြိုးစားချင်စိတ်ရှိအောင် တွန်းအားပေးခဲ့ပါသည် ။

ရုပ်မြင်သံကြားအစီအစဉ်တွေကို ကြည့်ရှုနိုင်သည့် အဖြူအမည်း တီဗီကတော့ ကျွန်မတို့မြို့ကလေးကို အချိန်တော်တော်ကြာမှ ရောက်လာခဲ့သည် ။ ကျွန်မတို့ တီဗီမဝယ်နိုင်ပါ ။ ဝယ်နိုင်သည့် အိမ်မှာ အခပေး၍ ကြည့်ကြရပါသည် ။ ရင်းနှီးသည့်အိမ်ဆိုလျှင်တော့ အခမဲ့ကြည့်ခွင့်ရသည် ။ သို့သော် အိမ်ရှင်များ၏မျက်နှာရိပ်မျက်နှာကဲကိုတော့ ကြည့်ကြရသည်ပေါ့ ။ သေးငယ်သည့် တီဗီကလေးရှေ့မှာ လူအများနှင့်အတူ စုဝေးထိုင်ကြည့်ခဲ့ရသည့် ဆောင်းရက်များကို သတိတရရှိတိုင်းကျမ ပြုံးရပါသည် ။ ငယ်စဉ်က မပြည့်စုံမှုများသည် ယခုအခါတော့ လွမ်းစရာ ကြည်နူးစရာဖြစ်ရသည်မဟုတ်လား ။ ရုပ်ဝတ္ထုများမပြည့်စုံခြင်းကပင် စိတ်ခံစားမှုများကို ပို၍လေးနက်စေခဲ့လေသလားမသိပါ ။

ကျွန်မ၏လွမ်းစရာ အတိတ်နေ့ရက်တွေထဲမှာတော့ ရေဒီယိုသံလေးတွေ ရောနှောပါနေတတ်သလို အဖြူအမည်းတီဗီနှင့်ကြည့်ခဲ့ရသော ရုပ်ရှင်ဇာတ်လမ်းများလည်း ရောနှောနေတတ်ပါသည် ။ ဗိုလ်အောင်ဒင် ၊ ငယ်နာမည်အညို၊ မီလာရှီကာ စိုင်းဗေဒါ ၊ ဗန်တိုလူလေး အစရှိသည့်ရုပ်ရှင်များကို ကြည့်ခဲ့ ကြိုက်ခဲ့ရသည် ။ ကျွန်မဖေဖေက ရုပ်ရှင်ကြိုက်သော်လည်း သူများအိမ်မှာ တီဗီလိုက်ကြည့်လေ့မရှိပါ ။ ရုံမှာလည်း လိုက်မကြည့်ပါ ။ ကျွန်မတို့သားအမိတတွေကတော့ ဝါသနာကြီးစွာကြည့်ပါသည် ။

ငယ်စဉ်က လေတိုတီဖွင့်ဖို့ တစာစာစာ ပူစာခဲ့ဖူးသော ၊ သူများအိမ်မှာ ရုပ်မြင်သံကြားဇာတ်လမ်းများကို တမက်တမော သွားကြည့်ခဲ့ဖူးသော ကျွန်မသည် နောက် နှစ်ပေါင်းများစွာကြာသည့် နွေဦးတစ်ရက်မှာတော့ အင်တာဗျူးအစီအစဉ်ရိုက်ကူးဖို့အတွက် ပြည်လမ်းပေါ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအဆောက်အအုံထဲကိုရောက်ခဲ့ရပါသည် ။ အိုဟောင်းအေးစက်သော စကြင်္န်လမ်းအတိုင်း ရိုက်ကူးရေးခန်းမဆီ လျှောက်သွားနေချိန်မှာ စကြင်္န်လမ်းတလျှောက် ရေဒီယိုသံကလေးကိုကြားယောင်နေခဲ့မိပါသည် ။ ငယ်ဘဝကို လွမ်းဆွတ်နေခဲ့မိပါသည် ။ အဲ့သည်နောက်တော့ အင်တာဗျူးရိုက်ကူးဖို့ ၊အသံသွင်းဖို့ ၊အစည်းအဝေးတက်ဖို့ ..အစရှိသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ထိုအဆောက်အအုံထဲကို မကြာခဏရောက်ခဲ့ရပါသည် ။ နောက် နှစ်အနည်းငယ်အကြာ ဆောင်းည တစ်ညမှာတော့ နေပြည်တော် တပ်ကုန်းအရပ်ဆီက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအဆောက်အအုံထဲသို့ကျွန်မရောက်သွားပါသည် ။ ပုဂံကအပြန်မှာ မြန်မာ့အသံမှာ တာဝန်ထမ်းဆောင်နေသည့် မိတ်ဆွေများထံ ဝင်ရောက်လည်ပတ်ခြင်းဖြစ်သည် ။ ထိုအဆောက်အအုံကတော့ သစ်လွင်ခန့်ညားသည် ။ စိတ်အားတက်ကြွဖွယ် ခန်းနားသည့် အခင်းအကျင်းရှိသည် ။ သို့သော် လွမ်းစရာတော့ မကောင်းပါ ။

မြန်မာ့အသံ အစီအစဉ်ကြော်ငြာသူများနှင့် ပတ်သက်ပြီး အမှတ်တရဖြစ်ဖွယ်နေ့တစ်နေ့လည်း ရှိခဲ့ပါသည် ။ ၂၀၁၀ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို ၂၀၁၂ခုနှစ် ဆောင်းရက်တစ်ရက်မှာ နေပြည်တော်တွင် ကျင်းပခဲ့ပါသည် ။ ထိုပွဲကို ကျွန်မတက်ရောက်ခဲ့ပါသည် ။ ကျွန်မ၏ဝတ္ထု ‘’အချစ် သို့မဟုတ် ဝင်္ကပါ ‘’ ကို ပြန်လည်ရိုက်ကူးထားသည့် ‘’အာဒမ်ရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ကလည်း အကယ်ဒမီရမည်ဟု ရေပန်းစားနေပါသည် ။ ထိုညက အာဒမ်ရယ် ဧဝရယ် ဒဿရယ် ရုပ်ရှင်က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု ၊ ဒါရိုက်တာဆု များအပြင် ဇာတ်ကားဆုပါ ရရှိခဲ့ပါသည် ။ ထိုအခန်းအနား၏ အစီအစဉ်ကြော်ငြာသူများမှာ မြန်မာ့အသံမှ ကိုကျော်သက်လင်း နှင့် မမြမြဝင်း ဟု မှတ်မိနေပါသည် ။ အကယ်ဒမီရရှိသည့်ဇာတ်ဝင်ခန်းများကို ထုတ်နှုတ်မတင်ပြမီ သူတို့၏ ကြော်ငြာသံသည် ပျော်ရွှင်အုံကြွနေသည့် ပွဲခင်းပေါ်တွင် သာယာစွာ လွှမ်းခြုံပျံ့လွင့်နေခဲ့ပါသည် ။ သေချာကျန စီကာပတ်ကုံး ကြေငြာပြောဆိုနေသည့်အထဲတွင် ‘’ဆရာမ ပုညခင်ရဲ့ အချစ် သို့မဟုတ် ဝင်္ကပါ ဝတ္ထု ကို ...’’ ဟူ၍ ထည့်သွင်းပြောဆိုသွားသည့် အသံကို ကြားလိုက်ရသည့်အခါ တစ်ယောက်တည်းပင် တိတ်ဆိတ်စွာ ပီတိဖြစ်ခဲ့ရပါသည် ။

အချိန်ရထားကြီးကတော့ မှန်မှန်ပင် ခုတ်မောင်းလျက်ရှိရာ ထိုရထားကြီးပေါ်တွင် အသစ်သောနည်းပညာများနှင့် အသစ်သော ဖျော်ဖြေရေးများကိုတစ်မျိုးပြီးတစ်မျိုး တင်ဆောင် ခုတ်မောင်းလျက်ရှိပါသည် ။ ကျွန်မတို့ငယ်ငယ်က မြန်မာ့အသံရေဒီယိုကို စွဲစွဲလမ်းလမ်းနားထောင်ခဲ့သော်လည်း ခေတ်ကာလတွေပြောင်း၍ နှစ်လကြာညောင်းသည့်အခါ ကျွန်မတို့ မြန်မာ့အသံရေဒီယိုသံနှင့်ဝေးခဲ့ကြပါသည် ။ တီဗီရှေ့မှာ လဘက်ခွက်လေးချ၍ မိသားစု အတူတီဗီကြည့်ကြသည့် အခိုက်အတန့်များလည်း ဝေးလွင့်သွားခဲ့ကာ ကိုယ့်အိပ်ရာပေါ်မှာ ကိုယ်ပိုင်ဖုန်းတစ်လုံးနှင့် ကိုယ်ကြိုက်ရာကိုယ်ကြည့်ရင်း ၊ YouTube ထဲက သီချင်းတွေကို နားထောင်ရင်း ၊ အင်တာနက်ထဲမှာကမ္ဘာပတ်ရင်း အထီးကျန်ခဲ့ကြလေသည် ။

လူအတော်များများသည် ကိုယ်ရနေသည့်အရာများအပေါ်မှာ သာယာတပ်မက်ရင်း ကိုယ်ဘာတွေ ဆုံးရှုံးနေခဲ့သည်ဆိုတာကို မဆန်းစစ်မိဘဲ အမှတ်တမဲ့ မေ့လျော့နေတတ်ကြပါသည် ။ ငါတို့ ခေတ်မီတယ် ..ငါတို့အားလုံးသိတယ်..ဟု ထင်မြင်ရင်းကပင် ခံစားနိုင်စွမ်းတွေ လျော့ကျလာသည် ၊ဆင်ခြင်တွေးခေါ်နိုင်စွမ်းအားနည်းလာသည်။ ချစ်ခြင်းမေတ္တာ၏ အနွေးဓာတ်နှင့်ကင်းပြတ်အေးစက်လာသည် ။ တဖြည်းဖြည်း တရွေ့ရွေ့ မသိမသာပေါ့ ။ ခေတ်ရေစီးနှင့်အတူပေါ့ ။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်မဇာတိ ဧရာဝတီတိုင်းဘက်သို့ခရီးထွက်ရင်း လမ်းဘေးက တဲငယ်ကလေးတစ်ခုဘေးမှာ ခတ္တကားရပ်၍ နားနေစဉ် တဲငယ်ကလေးထဲမှ ပျံ့လွင့်လာသည့် မြန်မာ့အသံ ရေဒီယိုသံကလေးကိုကြားလိုက်ရပါသည် ။ရေဒီယိုမှ ထွက်ပေါ်နေသော အသံက ကျွန်မအသံဖြစ်ပါသည် ။ စာရေးဆရာမ ပုညခင် ကို အင်တာဗျူးသည့်အစီအစဉ်မှာ ကျွန်မဖြေကြားပြောဆိုနေသော အသံဖြစ်သည် ။ ကျွန်မ၏ အသံသည် တဲငယ်ကလေး၏နောက်ဘက်က စိမ်းစိုသောစပါးခင်းများဆီထိ ပျံ့လွင့်လျက်ရှိပါသည် ။ ကျွန်မ လွမ်းသွားပါသည် ။ မျက်ရည်ဝဲသွားပါသည် ။ စိမ်းစိုသောစပါးကွင်းများရှိရာ ဧရာဝတီဒေသ မြို့ငယ်လေးတစ်မြို့ရှိ အိမ်ငယ်ကလေးအတွင်း ပျံ့လွင့်နေတတ်သော လေတိုတီသံလေးနှင့်တကွ မိသားစုစုံညီခဲ့သော နေ့ရက်များကို လွမ်းတ ခဲ့မိပါသည် ။ မေမေသာရှိသေးလျှင် သမီးကြိုက်တဲ့လေတိုတီထဲက သမီးအသံကိုကြားလိုက်ရခြင်းအတွက် ပီတိဖြာဝေနေပါလိမ့်မည်။

ရုပ်ဝတ္ထုပစ္စည်းတွေ နည်းပညာတွေကတော့ တစ်နေ့ထက်တစ်နေ့ တိုးတက်နေဆဲ ဖြစ်ပါသည် ။ နောက်မှာ ကျန်မနေခဲ့ဖို့ ထိုအရာများနှင့်အတူ စီးမျောလိုက်ပါကြရဦးမည် ။ အသစ်သော ဖျော်ဖြေမှုတွေကို ကျွန်မတို့လည်း သာယာနှစ်သက်မိကြဦးမည် ။

သို့သော်လည်း ငယ်စဉ်အခါ မိဘရင်ခွင်မှာခိုဝင်မှီတွယ်ရင်း နားဆင်ခဲ့ရသည့် လေတိုတီ သို့မဟုတ် ရေဒီယိုသံကလေးကိုတော့ ကျွန်မလွမ်းဆွတ်နေဆဲဖြစ်ပါသည်။

#ပုညခင်
၂၀၂၁၊ဇန်နဝါရီ

[မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ် ..၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီ၂၃ရက်နေ့ထုတ် ကြေးမံုသတင်းစာ ဆောင်းပါး။]

28/09/2023

တဂယ်တော့

ဒီရက်ပိုင်းထဲ လုံးဝကိုအဆင်မပြေဘူး

စိတ်ညစ်စရာတွေ စိတ်ဖိစီးမူတေ အိပ်မရတဲ့ရက်တေ

အရမ်းကိုများတယ်

တယောက်ထဲဖျက်သန်းနေရတာတေလည်း

ပါမှာပေါ့ အလုပ်တေလုပ်နေရချိန်မှာတော့

အလုပ်ထဲစိတ်နှစ်ထားတော့

စိတ်တခဏတော့အဆင်ပြေတာပေါ့

ဒါပေမယ်

အလုပ်တေထဲမှာလည်း စိတ်ရှုပ်စရာတေ

စိတ်ညစ်စရာတေပေါ်လာရင်တော့

သေချင်စိတ်တေပါ ပေါက်လာရော်

အားလုံးကလည်း သူအပူနဲ့သူ

သူဒုက္ခနဲ့သူ ဘယ်သူကိုမှလည်း

အပူသွားကပ်လို့ မရဘူး အဲတော့

င့အတွက် င့ပဲရိှတယ်ဆိုတဲ့ စိတ်နဲ့

အသက်ရှင်ဖို့ မနည်းကြိုးစားနေရတယ်

မောင်ဖီး😣😔

22/07/2023
22/07/2023

ဆန်တစ်အိတ် 90000, 100000 တဲ့

(1)စပါးတင်း(၁၀၀)ကို
ငွေကျပ်(၁၂)သိန်း

(2)စပါးတင်း(၁၀၀)ကိုကြိတ်
ရင်ဆန်အိတ်(၃၀)ရတယ်

'(3)ဆန်တစ်အိတ်(၄)သောင်းနဲ့ပဲ
ရောင်းရင်(၁၂)သိန်းပြန်ရဘီ

(4) ကြိတ်ခွဲခက ဖွဲနူနဲ့ဆန်ကွဲပြန်ရောင်း

ရငွေထဲကပေးလို့ရသေးသည်

(5) ဆန်တစ်အိတ်ကို တစ်သောင်းခွဲ15000
လောက်တင်(အရင်း+အမြတ်)=
55000/-ထက်ပိုမဖြစ်သင့်ဖူး

(6)အပြင်မှာ ဆန်တစ်အိတ်ဘယ်လောက်ထိ
ဝယ်စားနေကြရလည်းဆိုတာ
ကာယကံရှင်တွေအသိဆုံးပဲဖြစ်မှာပါ

လောဘ လေးနည်းနည်းလျော့ ပေးခြင်းဖြင့် သာမန်အောက်ခြေ လူတန်းစားများးကို စာနာပေးပါ။

Credit
😢😢😢

10/07/2023

Save👨🏿‍🦱

07/06/2023

"ကိုယ့်ဘေးက တန်ဖိုးရှိတဲ့လူ"

ရည်းစားတွေ သုံးလေးယောက်
တစ်ပြိုင်တည်း တွဲကြတဲ့ ခေတ်မှာ
ကိုယ့်တစ်ယောက်တည်းသာ တွဲတဲ့သူဟာ
ကိုယ့်ဘဝအတွက် အဖိုးတန်တဲ့ လူပါပဲ။

တစ်ယောက်ထက် တစ်ယောက်
တော်လာကြတယ်
ထက်မြတ်လာကြတဲ့ ခေတ်မှာ
ကိုယ့်အားနည်းချက်ကို သိသိကြီးနှင့်
ဆုပ်ကိုင်ထားတဲ့လက်ဟာ တန်ဖိုးရှိတဲ့ လက်ပါပဲ။

သာရင် သာတဲ့လူနောက်
ပါသွားကြတဲ့ခေတ်မှာ
ကိုယ့်ထက်သာတာတွေ့လို့ ပါမသွားဘဲ
သစ္စာရှိပေးခဲ့တဲ့ လူဟာ အဖိုးတန်တဲ့ သူပါပဲ။

လောကမှာ ငွေမရှားဘူး
ဂုဏ်မရှားဘူး ကိုယ့်အားနည်းချက်
သိတာတောင် စွန့်မလွှတ်တဲ့လူရှားတယ်။

ကိုယ့်ထက်သာတာတွေ့တာတောင်
သစ္စာရှိရှိနှင့် ဆုပ်ကိုင်ပေးတဲ့ လက် ရှားတယ်။

ခေတ်ကြီးက နောက်ကျောကို ဓားနှင့်ထိုးတဲ့လူ
ပိုကြွယ်ဝသလောက် သစ္စာရှိတဲ့လူ သိပ်ရှားတယ်။

သစ္စာရှားတဲ့ ခေတ်မှာ
သစ္စာရှိတဲ့ လူဟာ ဘယ်တန်ဖိုးနဲ့မှ
ယှဉ်လို့မရအောင် သိပ်ပြီးတန်ဖိုးကြီးတယ်။

ကိုယ့်အပေါ် သစ္စာရှိတဲ့လူကိုတန်ဖိုးထားပါ။

#လူငယ်များအတွက့်စာကြည့်တိုက့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon