Love Your Skin - LYS
- Cash on delivery �
- Authentic Products �
- Please freely ask us about skincare products and
24/01/2021
ဒီနေ့ မင်မင်က လှပတဲ့အသားအရည်ရရှိဖို့လိုအပ်တဲ့အချက် (၁၀) ချက်ကိုဝေမျှပေးသွားမှာ ဖြစ်ပါတယ်နော်💜💜💜💜
💓10 tips for beautiful skin💓
1. Remove your makeup 💄
အမြဲတမ်း မိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့နော်။ မိတ်ကပ်က ချွေးပေါက်လေးတွေကို ပိတ်ထားသလိုဖြစ်တဲ့အတွက် ၀က်ခြံတွေ ဆား၀က်ခြံတွေထွက်လာပါလိမ့်မယ်နော်။ မိတ်ကပ်ဖျက်ဆေးမရှိဘူးဆိုရင်လဲ မစိုးရိမ်ပါနဲ့။ သံလွင်ဆီလေးရှိရုံနဲ့ မိတ်ကပ်ဖျက်လို့ရပါတယ်နော်။
2. Suncream 🌞
Suncreamလိမ်းဖို့ မမေ့ပါနဲ့နော်။ အပြင်ပဲထွက်ထွက် အိမ်ထဲမှာပဲနေနေ suncreamလေးလိမ်းဖို့လိုပါတယ်။အပြင်ထွက်ရင် လိမ်းဖို့သတိရကြပေမဲ့ အိမ်ထဲမှာနေရင်လိမ်းဖို့ မေ့နေတတ်ကြလို့ပါ။ suncream ကို UVA နဲ့ UVB ကာကွယ်နိုင်တဲ့ SPFများတာလေးရွေးပေးပါနော်။
3. Exfoliation 🎭
တစ်ပတ်တစ်ခါ scrubလုပ်ပေးဖို့လဲမမေ့နဲ့နော်။ အရေးပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီးမှ skin careရင်ပိုထိရောက်ပါတယ်နော်။
4. Skin Care 👧
ကိုယ်အသားအရည်နဲ့သင့်တော်တဲ့ skin care အမျိူးအစားကိုရွေးချယ်ပြီး အသားအရည်ထိန်းသိမ်းသင့်ပါတယ်။ သဘာ၀နည်းလမ်းလေးတွေနဲ့ အိမ်မှာပဲ ထိန်းသိမ်းလဲရပါတယ်နော်။
5. Good Bye Ance 👋
၀က်ခြံလေးတွေကို မညစ်မိပါစေနဲ့နော်။🙅♀️
၀က်ခြံထွက်တာသက်သာဖို့ ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးပါနော်။
6. What you eat 🍋🍊
အစားအသောက်ကလည်း ကောင်းမွန်တဲ့ skinရဖို့အရေးကြီးတဲ့တစ်ချက်ပါနော်။ တတ်နိုင်သမျှ အစပ်၊ ဆား၊ သကြားများတာတွေရှောင်သင့်ပါတယ်။အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေများများစားပေးရင် ကြည်လင်တဲ့ အသားအရည်လေးရရှိမှာပါနော်။
7. Sweat it out 🏃♀️
ခန္ဓာကိုယ်ထဲက မကောင်းတဲ့အညစ်အကြေးတွေ ချွေးအဖြစ်ထွက်သွားအောင် တစ်နေ့ကို နာရီ၀က်လောက်ဖြစ်ဖြစ် exercisesလေးတွေ လုပ်ပေးဖို့လိုပါတယ်။ exerciseဆိုပြီး အရမ်း heavyကြီးမဖြစ်ပါနဲ့နော်။ လမ်းကိုခပ်သွက်သွက်လေးလျှောက်ပေးတာ၊ ကြိုးခုန်တာ၊ ခပ်နှေးနှေးလေးပြေးတာတို့ လုပ်ပေးလို့ရပါတယ်နော်။
8.Beauty Sleep 🛌
အိပ်စက်ခြင်းကတော့ အသားအရည်အတွက်သာမက ကိုယ့်တစ်နေ့တာလုံး စိတ်ကြည်ကြည်လင်လင်နဲ့ဖြတ်သန်းဖို့အတွက် အလိုအပ်ဆုံးပါပဲနော်။တစ်နေ့ကို ၈နာရီပြည့်အောင် အိပ်ဖို့မမေ့ပါနဲ့နော်။
9. Hydrate Yourself 💦
ရေကို အနည်းဆုံး တစ်နေ့နှစ်လီတာ သောက်ပေးသင့်ပါတယ်နော်။ တစ်ကိုယ်လုံးက အသားအရည်လေး ကြည်လင်နေရုံသာမက ခန္ဓာကိုယ်တွင်းက ကလီစာတွေအတွက်ပါ ကောင်းမွန်ပါတယ်နော်။
10. Healthy Habits 🧘♀️
Stress တွေ ဖြေဖျောက်ဖို့ ကြိုးစားရပါမယ်နော်။ အလုပ်ကရတဲ့ stressပဲဖြစ်ဖြစ် အိမ်ကရတဲ့ stressပဲဖြစ်ဖြစ် အကြာကြီး မသိမ်းထားဘဲ ဖြေဖျောက်ပေးသင့်ပါတယ်နော်။
လှပတဲ့အသားအရည်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်😘😘
Warmly welcome to our page 🙋♀️ 🙋♀️
We want to share skin care tips & give reviews about some beauty products we love 💗
So, please support us and stay tuned 😍
Click here to claim your Sponsored Listing.
Category
Website
Address
Aung Zeya Street
Yangon