Snow August collection

Snow August collection

Share

ရွှေပြည်သာမြို့နယ်တွင်းဆိုdeli free naw

Photos from Snow August collection's post 06/10/2021

ဒွတ္တဘောင် မင်းကြီးဟာ
စစ်တိုက်ပြီးပြန်လာတော့
ပန်ထွာမင်းသမီးရဲ့
တိုင်းပြည်မှာ
တစ်ည၀င် အိပ်ခဲ့တယ်။

ပန်ထွာမင်းသမီးဟာ
မင်းကြ်ီးဘုန်းကံနိမ့်အောင်
ဆိုပြီး
မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့
မျက်နှာသုတ်ပဝါကို
မျက်နှာသုတ်ဖို့ပေးခဲ့တယ်။

မင်းကြီးလည်း
အဲဒီမျက်နှာသုတ်ပဝါကိုမျက်နှာသုတ်လိုက်
တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ဟာ
ကွယ်ခဲ့တယ်။မင်းကြီးလည်းဘုန်းနိမ့်မှန်း
သိပြီးပြန်လာခဲ့တယ်။

လမ်းရောက်တော့
မိုးရွာတဲ့အတွက်
တ ရော်ပင် အောက်မှာ
မိုး၀င် ခိုခဲ့တယ်။

တ ရော်ကင်းပွန်းကစီးကျလာတဲ့မိုးရေဟာ
မင်းကြီးအ ပေါ်ကျပြီးဘုန်းကျက်သ ရေ
ရှိစေတဲ့မှဲ့ရှင် ဟာပြန်ပေါ်လာခဲ့တယ်။

မင်းကြီးလည်း
တ ရော်ဟာဘုန်းကျက်သ ရေရှိစေတယ်
ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို
မကြာခဏလုပ်ပေးတာကစပြီး

မြန်မာဘုရင် အဆက်ဆက်ဟာ
တ ရော်ကင်းပွန်းနဲ့
ဦးခေါင်းဆေးမင်္ဂလာကို
ပြုလုပ်တဲ့ အယူအဆ
ပေါ်ပေါက်ခဲ့တယ်။

ကင်းပွန်းသီးရဲ့အာနိသင် က
အပုပ်အစပ်ကို နိုင် တာပါ။
ဘယ်လောက်ပဲ့ အပုပ်နံ့ နံပါစေ
ကင်းပွန်းသီးကို မီးမြှိုက်လိုက် ရင်
အပုပ်နံ အားလုံး ပျောက်ကွယ်သွားပါတယ်။

ဒါကြောင့်
ဦးခေါင်းကအနံ့ကိုပျောက်အောင်
ကင်းပွန်းသီးကစွမ်းဆောင် နိုင်ပြီး
ဘုန်းကျက်သ ရေရှိဖို့ကို
တ ရော်က စွမ်းဆောင် ပေးပါတယ်။

အဲဒါကြောင့်
မြန်မာလူမျိုးတွေဟာ
အသုဘပို့ပြန်လာတဲ့အခါတွေ
မီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာ
တ ရော်ကင်းပွန်းကိုအသုံးပြုကြတာ
ဒီနေ့အထိပါပဲ့။

24/09/2021

Scrubလုပ်တိုင်းကောင်းသလား..❓

- အသားအရေကြည်လင်စေဖို့scrub လုပ်ကြပါတယ် ။scrubလုပ်တာက
အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ ✅

💥ဒါပေမယ့် scrubကို နည်းလမ်းမှန်မှန်လုပ်မှ အသားအရေကျန်းမာကြည်လင်ပြီး ထိရောက်မယ်ဆိုတာလဲ မမေ့ပါနဲ့။

✅ ကဲ....ဒါဆို ကြည့်လိုက်ရအောင်။

➡️➡️ Scrub လုပ်တာ အသားအရေကို
ဘယ်လိုအထောက်အကူပြုလဲ ?

🍅💦လူ့အရေပြားပေါ်က ဆဲလ်သေတွေ များလာတဲ့အခါ အသားရေ ရေဓါတ်မပြည့်ဝတာ၊ ခြောက်ကပ်ပြီးမစိုပြေတာ၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေ ဖြစ်လာနိုင်ပါတယ်။
🍅💦 ဒါကြောင့် အသားအရေကို ပုံမှန်scrub လုပ်တာက အရေပြားပေါ်ကဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်ပါတယ်။
🍅💦 အ‌ရေပြားကို scrub လုပ်တဲ့အခါ _
အသားအရေဟာ
💦ချောမွတ်မယ်၊
💦နူးညံ့မယ်
💦သက်သောင့်သက်သာရှိမယ်
💦ချွေးပေါက်ပွင့်မယ်၊
💦အဟာရစုပ်ယူမှုကောင်းမယ် (ဥပမာ lotion တွေလိမ်းတဲ့အခါ အသားထဲစိမ့်ဝင်လွယ်ပြီး အာနိသင်ပိုရနိုင်စေပါတယ်✅)
💦အစိုဓါတ် ထိန်းပေးလို့ အသားရေစိုပြေကြည်လင်ပြီး တောက်ပစေတယ် စတဲ့ အကျိုးကျေးဇူးတွေ
များစွာရရှိစေပါတယ် ✅✅

➡️➡️Scrubက နေ့တိုင်းလုပ်ရတာလား ?

💦 Scrub က နေ့တိုင်းမလုပ်ရပါ။
တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးရင် လုံလောက်ပါပြီ။ အသားရေဖြူလာတယ်၊ကြည်လာတယ်ဆိုပြီးနေ့တိုင်းလုပ်မိရင် အရေပြားပါးလာနိုင်တဲ့အတွက် နေပူဒဏ်မခံနိုင်တာတွေဖြစ်လာပြီး အသားရေကိုထိခိုက်စေနိုင်ပါတယ်။
💦 နောက်တခုသတိထားရမှာက scrub လုပ် ရေချိုးပြီးတိုင်း အစိုဓါတ် ထပ်မံဖြည့်တင်းပေးပါ။ lotionလေး မမေ့အောင်သုံးပေးလိုက်တာနဲ့ နူးညံ့တောက်ပနေတဲ့ အသားရေ‌လေး ပိုင်ဆိုင်မှာဖြစ်ပါတယ်။

➡️➡️ scrubကို ဘယ်လို သုံးသင့်လဲ?

🍅💦 Scrub မှာလဲ သဘာဝစစ်စစ် scrub‌ေတွ ရှိသလို ၊ ဓါတုဗေဒပစ္စည်းတွေပါဝင်တဲ့scrubတွေလဲရှိပါတယ် ။ ကိုယ်ကြိုက်ရာဘယ်အမျိုးအစားကိုသုံးသုံး တစ်ပတ်ကို နှစ်ကြိမ်ထက် မသုံးတာအကောင်းဆုံးပါ။ ဓါတုဗေဒပစ္စည်းပါဝင်တဲ့scrub တွေကို သုံးမယ်ဆိုရင် သူ့အညွှန်းထဲကပါတဲ့အတိုင်း သူံးစေချင်ပါတယ်။
ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိူးမလုပ်ပဲ အသာနှိပ်နယ်ပြီး အသားထဲစိမ့်ဝင်သွားပြီလို့ထင်ရင် လုံလောက်ပါပြီ ။ ✅

Photos from Snow August collection's post 16/07/2021

သဲလေးတို့ရေ မင်မင်တို့ရဲ့ HGMကနေ ထုတ်လုပ်ထားတဲ့ဂျင်းထန်းလျက်ကွမိးရွက်လေးကိုသောက်သုံးချင်ဖြင့် ဖျားနာတာ တုပ်ကွေးနဲ့ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ အမျိုးသမိီးများ ဓမ္မတာထိန်ခြင်းနဲ့ ရာသီလာစဥ်ကိုက်ခဲနာကျင်ခြင်း တို့ကို ကာကွယ်ပေးပါတယ် ရာသီလာစဥ်သောက်သုံးပေးပါက သွေးကြွင်းသွေးကျန်များကို ဆငိးစေပြီး သားအိမ်လူံးတည်တာကိုကာကွယ်ပေးပါတယ် အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်ဆေးလေးဖြစ်ပါတယ် ဂျင်းပါဝင်လို့ ကိုယ်ခံအားကိုကောင်းစေပါတယ်ရှင့်
160gတောင်ပါဝင်လို့ အကြာကြီးသောက်လို့ရပါတယ်ရှင် အလုပ်မရှုပ် အချိန်ကုန်သက်သာ HGMကဂျင်းထန်းလျက်ပါ😘😘

14/07/2021

ဂျင်းထန်းလျက်ထုတ် 2000ကျော်လေးပေးရတာကို များတယ်လို့မမြင်ပါနဲ့ကွယ် မိန်းကလေးတိုင်းရဲ့မရှိမဖြစ်
အိမ်တိုင်းရဲ့မရှိမဖြစ်လေး တခွက်ကိုဖျော်သောက်မယ်ဆိုရင် ဂျင်းကနှစ်ရာဖိုး ထန်းလျက်က နှစ်ရာဖိုး ကွမ်းရွက်က နှစ်ရာဖိူး နွယ်ချိုက နှစ်ရာဖိုးတင်ရှစ်ရာဖြစ်နေပြီနော် (တခြားဆေးဖက်ဝင်တွေ မပါသေးဖူး)ရေရယ် မိီတာခရယ်ဆို တခွက်ကို 1400/1500ဝန်းကျင်ပဲ တအိမ်လုံးသောက် ပိုရင်လွှတ်ပစ်ရအူံးမယ် HGMက ဂျင်းထန်းလျက် ကျတော့သောက်ခါနီးမှ အထုပ်လေးထဲကနေ တဇွန်းနှစ်ဇွန်းထည့် ေကြာ့ကြော့လေးသောက် တစ်ယောက်ထဲသောက်ရင် သုံးလလောက်ကအသာလေး 160gတောင်မို့လို့ တအိမ်လူံးသောက်ရင်တောင် တလခွဲနှလလောက်အေးဆေးပဲ တနေ့မှ 100တောင်မကျဖူး အလေအလွင့်လဲ မဖြစ်ဖူးအလုပ်လဲမရှုပ်ဖူး ဘယ်လောက်ကောင်းလဲ မြန်မြနိအားပေးလိုက်တော့😍😍

13/07/2021

ဆေးတွေ ဝယ်ရခက်နေရင် အဟာရပြည့်အောင် ဝါတီးနည်းနဲ့ ကာကွယ်ရမယ် ကျနော်တို့ ဒီကပ်ဆိုးကြီးကို အတူကျော်လွှားကြမယ်

ကြိုတင် ကာကွယ်ဖို့ Vitamin C, D, Zinc တွေသောက်ခိုင်းကြတော့ သူတို့ ပါတာများတဲ့ အစားအစာလေးတွေ စုပေးထားပါတယ်

Vitamin C ပြည့်ဝတဲ့ အစားအစာအများ

(၁) ငြုပ်ပွ ဈေးထဲမှာ စိမ်းစိမ်းနီနီ အသီးကြီးတွေဖြစ်ပါတယ်
(၂) ကီဝီသီး (သူကတော့ ဈေးနည်းနည်းများတယ်)
(၃) မာလကာသီး (နေရာတိုင်းလောက်မှာ ဈေးပေါပေါရပါတယ်
(၄) စတော်ဘယ်ရီ (၅) လိမ္မော်သီး (၆) သင်္ဘောသီး
(၇) ပန်းဂေါ်ဖီစိမ်း (၈) ခရမ်းချဉ်သီး (၉) ဈေးထဲ ဘိုစားပဲခေါ်လား အစုံကြော်ရင်ထည့်တဲ့ ပဲ ပြားပြားလေးတွေ
(၁၀) သရက်သီး (၁၁) နာနတ်သီး ၊ ဖရဲသီး နောက် oregano တို့ Thyme တို့လို ဟင်းခတ်အမွှေးကြိုင်တွေမှာလဲ ပါပါတယ်

Vitamin D ပြည့်ဝတဲ့ အစားအစာအများ

(၁) ဟင်းနုနွယ် (၂) ဂေါ်ဖီထုပ် (၃) ပဲအမျိုးမျိုး (တို့ဖူးတို့ ပဲနို့တို့လဲ တွယ်လို့ရတယ်) (၄) ဆာဒင်းတို့ ဆယ်လမွန် တို့လို ငါးတွေ ဆယ်လမွန်ကတော့ ဈေးနည်းနည်းကြီးတယ် ဆာဒင်းက ငါးသေတ္တာငါးခေါ်တယ်ထင်တယ်ဈေးထဲမှာ သက်သာတယ် (၅) နွားနို့ ၊ ဒိန်ခဲ ၊ ဒိန်ချဉ် (၆) အမဲ အသည်း (၇) ကြက်ဥနှစ် (၈) မနက်စာ စားတဲ့ Cereal (ဘိုဆန်တာပေါ့ နွားနို့လေးနဲ့ခေါက်သောက်) နောက် နေရောင်ကနေလဲ တစ်ပြားမှ မကုန်ပဲ Vitamin D ရနိုင်ပါတယ်

Zinc ဓာတ်ပါတဲ့ အစားအစာတွေ

(၁) မှို - သူက Vitamin D လဲရတယ် (၂) ကညွတ် (၃) ပြောင်း (၄) ပန်းဂေါ်ဖီ (၅) ကြက်သွန်ဖြူ (၆) ထမင်း (၇) ရွှေဖယုံသီး (၈) နေကြာစေ့ (9) chia seed ပင်ပွားနဲ့ ခပ်ဆင်ဆင် တူတယ် (၁၀) မြေပဲ

သင်သိရင် သင်ပဲ မျိုခွင့်ရမယ် တခြားသူသိရင် တခြားသူပါ မျိုရမယ် သင့်သဘောပါ 😁

Photos from Snow August collection's post 12/07/2021

မိုးကလဲ အဆက်မပြတ်ရွာလိုက် နေကပူလိုက် ရာသီအကူးအပြောင်းကြောင့် တုတ်ကွေးဖြစ်တတ်ပါတယ် တုတ်ကွေးဆိုတာမျိုးက တစ်ယောက်ကိုကူးရင် တစ်အိမ်လုံးကူးပြီးမှ ပျောက်ကင်းတတ်တာမျိုးလို့ ကြားဖူးပါတယ် တုတ်ကွေးဖြစ်ပြီဆိုရင် နာကျင်ကိုက်ခဲပီးတော့ နေရခက်ပါတယ် အရင်ကဆိုရင်တူတ်ကွေးဆိုပီးနေလို့ရပေမဲ့ အခုကကိုဗစ်ပါရောနှောနေလို့ သာမန်တူတ်ကွေးဖြစ်ရင်တောင် ငဗစ်လားဆိုပီး သံသယကိုယ်စီနဲ့ဝင်နေချိန်မှာ
HGMကထုတ်ထားတဲ့ ကွမ်းရွက်ပါတဲ့ ဂျင်းထန်းလျက်လေးက အလုပ်လဲမရှုပ် အချိန်ကုန်လဲ သက်သာပြီး သောက်သုံးချငိတဲ့အချိန်မှရေနွေးပူပူလေးထဲဖျော်လိုက်ရုံပါပဲရှင် တထုတ်ဝယ်ထားရင် တအိမ်လုံးသောက်နိုင်ပါတယ်ရှင် ကွမ်းရွက်ပြုတ်ရည်ပူပူလေးကိုသောက်သူံးရင် အခိုးတွေထွက်စေပါတယ် ဂျင်းမှုန့်ပါဝင်လို့ကိုယ်ခံအားကိုကောင်းမွန်စေပြီး နွယ်ချိုပါဝင်လို့ အသက်ရှု လမ်းကြောင်းနဲ့ဆိူင်တဲ့ရောဂါ ပန်းနာရင်ကြပ်ရောဂါနဲ့ အစာအိမ်နာရောဂါ အဆုပ်ရောဂါသမားတွေပါ သောက်သူံးနိုင်ပါတယ် ထန်းလျက်အမဲကိုသုံးပေးထားလို့ ဆေးဖက်ဝင်တာထက်ကို ကျန်းမာရေးအတွက်နေ့တိုင်းမှီဝဲပေးသင့်တဲ့ ပစ္စည်းကောင်းလေးဖြစ်ပါတယ်ရှင့်

27/02/2021

ကဲ...ရဲဘော်ဒို့။

၂၈.၂.၂၀၂၁ ( sunday ) milk tea alliance ပူးပေါင်း လှုပ်ရှားမှုစမယ်တဲ့။

တစ်ခုတော့ ပြောချင်တာရှိလာပါပြီ။
သတိထားမိလား..?
အရင်က သူတို့ ဖြိုခွဲချင်ရင် အရင် တပ်စွဲပြီး
သူတို့ defence ခိုင်ပြီဆိုမှ ဖြေးဖြေးချင်း တက်၊
ရေကားနဲ့ လူစုခွဲ၊ ရိုက်၊ ဖမ်း ဆိုတာလုပ်ကြတယ်။

သူတို့ကို ပြန်လုပ်မှာ ကြောက်လို့ပါ။
အခုကျတော့

ကျွန်တော်တို့က ဘာမှပြန်မလုပ်ရဘူးဆိုတဲ့ အသိနဲ့ သည်းခံမယ်ဆိုတာ သိသွားတော့ အခွင့်အရေး စယူကြပါပြီ။

ကြုံရာ ဝင်ဆွဲ၊ ရောက်တာနဲ့ ပြေးဖမ်း။
အဲ့အကွက်တွေနဲ့ မခန့်လေးစားလုပ်လာကြတာ။

အခု မိသွားရင်လဲ ပြန်မလွှတ်ဘူးဆိုပြီး ဥပဒေ ထုတ်လိုက်ပါတယ်။

အဲ့တော့ ...ကျွန်တော်ဖြစ်စေချင်တာကတော့

ကျွန်တော်တို့ အကြမ်း မဖက်ပါဘူး။
အေးဆေး ဆန္ဒပြကြပါမယ်။

ဒါပေမယ့် ကိုယ့်လူကို လာဆွဲရင် လုံးဝ အပါခံလို့ မဖြစ်တော့ပါဘူး။

ကျွန်တော်တို့ဘက်က defence ကိုတော့ စီစဉ်ဖို့၊ လေ့ကျင့်ဖို့ လိုလာပါပြီ။

လာရင်အကုန်ပြေးဟေ့ဆိုတာတော့ မဖြစ်သင့်တော့ပါ။

မိန်းကလေးတွေ အရင်ပြေးပါစေ။
ယောက်ျားလေးတွေက နောက်ချန်ပြီး ကာဖို့လိုပါမယ်။
အဲ့လို ကာတဲ့အခါ တစ်ယောက်ကို ဆွဲရင် ကျန်တဲ့လူတွေက သိသိ/မသိသိ ပြန်ကယ်ရပါမယ်။
ကိုယ့်ဘက်တော်သား အချင်းချင်း အပါမခံဘူးဆိုတဲ့ စိတ်ရှိရပါမယ်။

ကာကွယ်ရေးပိုင်းကို စပြင်ဖို့တကယ်လိုလာပါပြီ။

ကျွန်တော်ပြောတာမှားတယ်ထင်လို့ ဆက် သည်းခံဦးမယ်ဆိုလဲ သဘောပါ။

ကြာရင် အိမ်ပြင်ထွက်တာနဲ့ ဖမ်းတယ်ဆိုတဲ့အကွက် ဖြစ်တော့မယ်။

သတိထားကြည့်ပါ။

ကျွန်တော်တို့ ဆန္ဒပြစရာ နေရာတောင် မကျန်တော့ပါဘူး။

crd

10/02/2021

တကယ်ဖြစ်နေတာပါ။ အင်းစိန်မှာ။

အင်းစိန်ကြို့ကုန်းဆေးဝါးစက်ရုံ(BPI)မှ ဒုစက်ရုံမှူး ဗက ဦးသိန်းဦးက စက်ရုံမလာတဲ့ဝန်ထမ်းတွေကို အိမ်အထိကားနဲ့လိုက်ခေါ်ပါတယ်။ ခွင့်ဆိုရင် ၂ပါတ်ပေးမယ် (ခွင့်ယူတဲ့အကြောင်းလက်မှတ်ထိုးရမယ် ) CDM ဆိုတခါတည်းအလုပ်ထွက်လိုက် လို့ခြိမ်းခြောက်ပါတယ်။ နေမကောင်းလို့မလာတဲ့အကြောင်းပြောတော့လည်း ဆေးခန်းပို့ပေးဖို့ကားလွှတ်လိုက်မယ်လို့ပြောပါတယ်တဲ့။

ဝန်ထမ်းအိမ်ရာမှာနေတဲ့ တချို့ဝန်ထမ်းလေးတွေ မနေနိုင်တော့ဘဲ တခြားမှာပုန်းနေရပါတယ်။ စက်ရုံကဌာနအများစု မလည်ပတ်တော့တာကို ပုံမှန်လည်ပတ်နေတဲ့ပုံစံမျိုးနဲ့ ဖုန်းတွေလိုက်ဆက်ပြီး စက်ရုံဆင်းဖို့ခေါ်ပါတယ်။ရုံးပိုင်းလုပ်နေတဲ့ညီမလေးတယောက် viber မှာပြောပြတာပါ။ အိမ်အထိလာခေါ်ပေမယ့် သူကရှောင်နေတာမို့ ကျန်တဲ့မိသားစုဝင်တွေကိုလည်း ဟိန်းဟောက်သွားပါသေးတယ်တဲ့။

အခုဆို နေပြည်တော်က ဗက ဦးသောင်းဦး (BPI မှ နေပြည်တော်ပြောင်းသွားတဲ့ အထွေထွေမန်နေဂျာ )ကို ပြန်ခေါ်ပြီး ဝန်ထမ်းတွေကိုအချိုသပ်ဖို့ကြိုးစားနေပါတယ်။ အရင်လူကြီးအဟောင်းဆိုတော့ ခင်မင်လက်စရှိပြီး အားနာတတ်တဲ့အကြီးပိုင်းဝန်ထမ်းတွေအလုပ်ပြန်ဆင်းလာအောင် ရွှေ့တဲ့အကွက်တမျိုးပါပဲ။

(စာကိုပြန်ကူးတင်ပြီး Public shaming လုပ်ပေးကြပါ။ အာဏာကိုအလွဲသုံးစားလုပ်ချင်တဲ့ လူလိမ်လူကောက်တွေလက်အောက်မှာ ဆက်ပြီးအလုပ်လုပ်နေရင်တော့ အကြောက်တရားကို နောင်နှစ်ပေါင်းများစွာ ရင်ဝယ်ပိုက်ထားရဦးမှာပါပဲ။ )

09/02/2021

ကျွန်တော် မဲထည့်ခဲ့စဉ်က ၃နေရာလုံးမှာ NLD တံဆိပ်ပါတဲ့ အမတ်လောင်းနေရာတွင် UEC တံဆိပ်တုံးဖြင့်တိကျစွာနှိပ်ခဲ့သည်

မဲခိုးတယ်လို့စွပ်စွဲချက်အပေါ်ပြည်သူတယောက်အနေနဲ့ရှုံ့ချသည်

စစ်အစိုးရအာဏာရှင်စနစ်အလိုမရှိ
မသမာမှုဖြင့် ဖိအားပေးအကျပ်ကိုင်သော အစိုးရအလိုမရှိ

When I voted, all three seats were stamped with the NLD logo with the UEC badge

Citizens condemn allegations of vote-rigging

The junta does not want a dictatorship
We do not want a government that is corrupt

私が投票したとき、3つの議席すべてにUECバッジが付いたNLDロゴが刻印されていました

市民は不正投票の申し立てを非難します

軍事フンタは独裁を望んでいません
私たちは汚職によって強制される政府を望んでいません

Copy လုပ်သွားပေးပါ

05/02/2021

ချစ်နိုင် (စိတ်ပညာ) ဆိုတာ ကြားဖူးကြလား?
တကယ့်ဆရာကြီးနော်။ စာအုပ်တွေဘာတွေတောင် အများကြီး ထွက်ဖူးတဲ့သူ။

အခုက အဲ့လိုကောင်ကို ပြန်ကြားရေးဝန်ကြီးခန့်ထားတာ။ လူတွေရဲ့စိတ်ကို ဘယ်လိုလှည့်စားရမလဲ။ ဘယ်လိုTargetလွဲသွားအောင် ကစားရမလဲ ကောင်းကောင်းတတ်တယ်။

ဒါကြောင့် ဘယ်လိုသတင်းတွေပဲ တက်လာလာ ပြည်သူတွေအဓိက လုပ်ရမှာက Civil Disobedience ပဲ။

ဖဲကြိုးနီတပ်ပြီး အလုပ်ဆင်းတာကို မဆိုလိုပါ။ အဲ့ဒါအကျိုးမရှိဘူး။ လုံးဝအလုပ်မသွားတော့တာကိုပဲ ဆိုလိုပါတယ်။

ဒီကမ်ပိန်းကို ဒီကောင်တွေ အရမ်းကြောက်ကြပါတယ်။
(စာတွေတစ်ခုပြီးတစ်ခုထုတ်၊ ဖိအားတွေတအားပေး၊ ပျက်ကွက်စာရင်းတွေ လာကောက်နေတာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဝန်ထမ်းတွေ တစ်ယောက်မှမလာတော့ရင် သူတို့ အစိုးရယန္တယားကြီး မလည်ပတ်နိုင်တော့ပါဘူး။

ဒီကမ်ပိန်းမှာ
ဝန်ထမ်းတွေအားလုံး ပါဝင်လာအောင် ကြိုးပမ်းကြရမယ်။

တဖက်မှာ ဝန်ထမ်းတွေကို ခေါ်ကြိမ်းမောင်းတဲ့ အကြီးတွေကိုလည်း social mediaမှာ အရှက်ခွဲရမယ်။

အလုပ်မသွားတော့တဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကိုလည်း ပြည်သူတွေက ဝိုင်းဝန်းကူညီပြီး ပံ့ပိုးပေးရပါမယ်။

ကျနော်တို့လုပ်ရမှာ ဒါပဲ။

အခုဆို အချို့ဌာနတွေမှာ အထက်ကအမိန့်နှင့် ဖဲကြိုးတွေတပ် ဓာတ်ပုံစုရိုက်ခိုင်းနေတယ်လည်း ကြားနေရပါတယ်။ ပြီးရင် ပြန်ဖြုတ်ပြီး အလုပ်ဆက်လုပ်ကြပေါ့။ ပြည်သူတွေကို ဝမ်းသာပြီး သတိလွတ်သွားအောင် စိတ်ကိုလှည့်စားနေရတာပါ။

သက်သက်ခိုင်ကို ဝန်ကြီးခန့်လိုက်တာလည်း သူ့အကြံပဲထင်ပါတယ်။ CD ကမ်ပိန်းလုပ်နေတဲ့ ပြည်သူတွေ အာရုံလွဲပြီး သူ့ကိုပဲ ဝိုင်းဆဲနေရအောင် လုပ်လိုက်တယ်လို့ ယူဆရပါတယ်။

ဒီကမ်ပိန်းကြီးက ပထမတော့ အားကောင်းမလိုနှင့်
အခုတော့ ချစ်နိုင်ရဲ့ စိတ်ပညာကစားကွက်ထဲဝင်ပြီး ဖဲကြိုးနီတွေတပိတာကို ပျော်ကြ၊ သက်သက်ခိုင်ကိုဆဲပြီး အလုပ်ရှုပ်ကြနဲ့ targetလွဲမလို ဖြစ်နေလို့ စိတ်ပူနေရပါပြီ။

မshareပါနဲ့ Copyယူပြီး လူများများသိအောင် ပြန်တင်ပေးကြပါ။

05/02/2021

NLD က စာထုတ်ပြန်လိုက်ပါတယ်။
ဘဘောကတော့ ဝန်ထမ်းတွေ ဘာဖြစ်ခဲ့ဖြစ်ခဲ့
ငါတို့ အကုန်တာဝန်ယူမယ်ဆိုတဲ့ သဘောပါပဲ။

ပြည်သူတွေ ဘာဖြစ်ခဲ့ဖြစ်ခဲ့
တော်လှန်ရေးပြီးရင် တာဝန်ယူပေးမယ် ဆိုတာပါပဲ။

ဝန်ထမ်းမှမဟုတ်ဘူး ဘယ်လိုကူညီတဲ့သူမဆို
ငါတို့ တာဝန်ယူမူပေးမယ်ဆိုတာ ပါပဲ။

အလုပ်ထွက်လဲ ပြန်ခေါ်မှာပဲ - ထောင်ကြလဲ လိုက်ထုတ်ပေးမယ် - မင်းတို့ လုပ်ချင်တာလုပ်ကြ ငါတို့ရှိတယ် ။
ဆိုတဲ့ သဘောထားမျိုးပါပဲ -

တာဝန်ယူပေးမဲ့သူတွေရှိနေပြီ။

ငါတို့သမိုင်း ငါတို့ရေးဖို့လိုပြီ။

ဒီထုတ်ပြန်ချက်ကြောင့် ငါတို့ ပိုပြီရဲရင့်လာကြပြီ။

Red Ribbon မှာတင်ရပ်မနေဘဲ Civil Disobedience အရေးတော်ပုံကို တက်ကြွစွာ ပူးပေါင်းပေးကြပါ ခင်ဗျာ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon