Cute & Glow

Cute & Glow

Share

Cosmetic ( for cute & glow)

04/01/2021

"အစာလဲဆေး ဆေးလဲအစာ" ဟုဆိုတဲ့အတိုင်း
အလှအပ နှင့် ကျန်းမာရေး အတွက် အလွန်အသုံးဝင်တဲ့
"Aloe Vera " လေးရဲ့ ကောင်းကျိုးအချို့ကို ဒီနေ့ အတွက် ဝေမျှပေးချင်ပါတယ်ရှင်။
အသားအရည် နဲ့ ခန္ဒာကိုယ် အတွက် Vitamin C ,Vitamin E တို့များစွာပါဝင်တဲ့ complex carbohydrates ဖြစ်တဲ့ Aloe Vera ပင်လေးဆို လူတိုင်းလိုလို သိကြပြီး အိမ်တော်တော်များများမှာလဲ စိုက်ထားကြမယ် ထင်ပါတယ်နော်။
ဒီနေ့လေးမှာတော့ ဆံပင် နှင့် မျက်နှာအပြင် weight loss ဖြစ်ချင်တဲ့စစ်တို့အတွက်အသုံးဝင်ပုံအချို့ဖော်ပြပေးလိုက်ပါတယ်ရှင်။
1. For acne skin (ဝက်ခြံထွက်သော အသားအရည်)
အဆီပြန်ပြီး ဝက်ခြံတွေ ထွက်နေတယ် ဆိုတဲ့ အသားအရည် ပိုင်ရှင် တွေကတော့ Aloe vera + Honey သာ လိုအပ်ပါတယ်ရှင်။

ပြုလုပ်ပုံ ..
Aloe vera အနှစ် အနည်းငယ် ကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ထည့်မွှေပြီး မျက်နှာပြင်အနှံ့ သေချာလိမ်းပေးပြီး မိနစ် ၂၀ ခန့်ကြာလျှင် ရေပြန်ဆေးချပေးလိုက်ခြင်းဖြင့် အဆီပြန်တာကို သက်သာစေပြီး အသားအရည် ကို ကြည်လင်စေပါတယ်။

2.For sensitive skin (ထိခိုက်လွယ်သော အသားအရည်)
မျက်နှာကိုဘာသုံးသုံးသိပ်မတည့်ဘူးအဆင်မပြေဖြစ်နေတဲ့သူများအတွက်ကတော့ အခြားproduct များထက် သဘာဝ ပစ္စည်းလေးတွေနဲ့ပဲ အသားအရည် ကြံ့ခိုင်လာအောင် ထိန်းသိမ်းသင့်ပါတယ်နော်။

လိုအပ်သောပစ္စည်းများနှင့် ပြုလုပ်ပုံ

Aloe +cucumber juice + yogurt
Aloe အနှစ် အနည်းငယ်နှင့်
သခွားသီးကို စတီးဇွန်း ၁ ဇွန်းခန့် အရည်ရအောင် ကျိတ်ပြီး ဒိန်ချဉ် အနည်းငယ်နှင့်အတူသမအောင် ရောမွေပြီး မျက်နှာအနှံ့ မိနစ် ၂၀ ခန့် လိမ်းပြီး ရေပြန်ဆေးချပါ။

Anti-oxident ကြွယ်ဝသော aloe vera နှင့် ရေဓာတ် ကြွယ်ဝသော သခွားသီး တို့ကြောင့် မျက်နှာကို အစိုဓာတ် ကြာရှည်စွာ တည်ရှိစေပြီး အသားအရည် နီမြန်းမှု မှသက်သာစေပြီး ကြည်လင်စေပါတယ်။ နို့မှရသော ဒိန်ချဉ် သည်လဲ မျက်နှာ ပေါ်မှ ဆဲလ် အသေ များကို ဖယ်ရှားနိုင်ပြီး ဆဲလ် အသစ်ဖြစ်နူန်းပိုမိုမြန်ဆန်စေတာကြောင့် အသားအရည် ကြံ့ခိုင်စေမှုအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon