Win Thawdar Clinic
(2_hearts)Our patients' health is our first priority(2_hearts)
မိုးကျတော့မယ်နော်
တုတ်ကွေးကာကွယ်ဆေးထိုးပြီးကြပြီလား
မထိုးရသေးရင် booking ပေးပြီးလာထိုးလို့ရပါပြီ🙋♂️🙋♀️
30/04/2025
မင်မင်တော့ဒီနေ့ မိုးမကျခင် အမှီလေး အဖေနှင့်အမေကို မိုးရာသီတုတ်ကွေးကာကွယ်ဆေး ထိုးပေးပြီးပါပြီ
မိတ်ဆွေတို့ရော မိုးမကျခင်ကြိုတင်ကာကွယ်ဖို့ ထိုးကြပါစို့နော်
⛈️မိုးရာသီတုတ်ကွေး ကာကွယ်ဆေး မိုးမကျမီ ထိုးရတော့မယ်နော်
ကျန်းမာရေးဂရုစိုက်ဖို့
သတိမေ့နေမှာစိုးလို့ လာပြောပြရတာပါ😍
29/03/2025
၀င်းသော်တာဆေးခန်းမှ ငလျင်ဘေးသင့်ဒေသများမှ လူနာများ ကျန်းမာရေးအတွက် အခမဲ့ messenger or viber အွန်လိုင်းမှဆေးခန်းပြနိုင်ပါတယ်
viber ဖုန်း 09974771355
အားလုံးဘေးရန်ကင်းကြပါစေ
service
တုတ်ကွေးကာကွယ်ဆေးတစ်နှစ်တစ်ခါ မှန်မှန်ထိုးဖို့ ကြိုတင်စာရင်း ပေးနိုင်ပါပြီရှင့်🥰😍
09/06/2024
Myanmar FDA အသိအမှတ်ပြု လေးမျိုးစပ် ရာသီတုတ်ကွေးကာကွယ်ဆေးကို တစ်ရက်ကြိုဘိုကင်တင်ပြီးထိုးနိုင်ပါပြီ ၅၅၀၀၀ကျပ်
Myanmar FDA register Vaxigrip tetra ကို ထိုးရင် ကြိုတင်စာရင်းပေးနိုင်ပါပြီ June တတိယအပါတ်နဲ့လကုန်အတွင်းရောက်ပါမယ် ၅၂၀၀၀ကျပ်
01/06/2024
ဆေးစျေးတွေအရမ်းတက်နေလို့ တုတ်ကွေးကာကွယ်ဆေးစျေးလေးအပြောင်းအလဲရှိပါတယ်ရှင့်
၀င်းသော်တာဆေးခန်းတွင် မိုးရာသီအတွက်
ရာသီတုတ်ကွေး၄မျိုးစပ် ကာကွယ်ဆေးကို ဆေးခန်းတွင် ထိုးနိုင်ပါပြီ👩⚕️👨⚕️🧑⚕️
အိမ်တိုင်ရာရောက်ထိုးနှံလိုပါက မြို့နယ်ပေါ်မူတည်၍ ကားခစရိတ်ထည့်ပေါင်းပါသည်
၀င်းသော်တာဆေးခန်းနှင့်ဆေးဆိုင်တွင် မိုးရာသီတုပ်ကွေးကာကွယ်ဆေး cold chain စိတ်ချစွာဖြင့် ထိုးနှံနိုင်ပါပြီ (𝗩𝗮𝘅𝗶𝗴𝗿𝗶𝗽 𝘁𝗲𝘁𝗿𝗮) အတွက်ကြိုတင် စာရင်းသွင်း လို့ရပါပြီ📣
Vaxigrip Tetra 2024 💉က
✅A/Victoria/4897/2022 (H1N1)pdm09-like strain (A/Victoria/4897/2022, IVR-238)
✅A/Thailand/8/2022 (H3N2)-like strain (A/California/122/2022, SAN-022)
✅B/Austria/1359417/2021-like strain (B/Michigan/01/2021, wild type)
✅B/Phuket/3073/2013-like strain (B/Phuket/3073/2013, wild type)
စတဲ့အဖြစ်များတဲ့ ဗိုင်းရပ်စ်မျိုးစိတ်တွေကို ကာကွယ်ပေးပါတယ်။
ရာသီတုပ်ကွေးဖြစ်ရင်ဘာတွေခံစားရမလဲ
ဖျားမယ်🤒၊ ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ချောင်းဆိုးမယ်၊ နှာရည်ယို နှာစေးမယ်၊
လည်ချောင်းနာမယ်၊ ခံတွင်းပျက်မယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ကျောင်းပျက် အလုပ်ပျက်ရက် များတာမို့ မဖျားလေကောင်းလေပါ
ကာကွယ်ဆေးထိုးရင် တုတ်ကွေးလုံး၀ မဖြစ်တာတော့မဟုတ်ပါဘူး ပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်
ဖျားတော့ဖျားမယ် ခံစားရတာသက်သာမယ်ပေါ့နော်
ကိုယ်ခံအားပေါ်မူတည်ပြီး ဖျားမဖျားကကွာသွားပါမယ်
ရာသီတုပ်ကွေးမဖြစ်ဖို့၊ ရာသီတုပ်ကွေးဖြစ်ရင် နောက်ဆက်တွဲတွေမခံစားရဖို့ ရာသီတုပ်ကွေးကာကွယ်ဆေး💉ကို နှစ်စဥ် မဖြစ်မနေထိုးနှံထားရပါမယ်။
🟡နိုင်ငံတကာ အသိအမှတ်ပြုကာကွယ်ဆေးဖြစ်ပြီး Cold chain လဲ အာမခံပါတယ်။
🟠အိမ်တိုင်ရာရောက် ဆေးထိုးပေးသည့် (Home Service) လဲရှိပါတယ်။
🟢 နိုင်ငံခြားသွားမည့်သူများ ကြိုတင်ထိုးနှံသင့်ပါတယ်
🔷️စက်ရုံ၊အလုပ်ရုံများ၊Company များ၊စာသင်ကျောင်းများ အတွက် အထူးသီးသန့်စျေးနှုန်း ရှိပါတယ်ရှင်။
👉လက်လီ လက်ကားပြန်ယူချင်သော ဆေးခန်းများ အတွက်လဲ အထူးစျေး သီးသန့်ရှိပါတယ်။
➡️ Page Cb ကနေဖြစ်စေ၊ ☎️ 09974771355 ကိုဖုန်းဆက်ပြီးဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
🏥 ၀င်းသော်တာဆေးခန်းနှင့်ဆေးဆိုင် 🏥
🏥 အမှတ်၁၆(ဘီ)၊ ဘူတာရုံလမ်းမပေါ်၊ လှိုင်အထက၁ မျက်စောင်းထိုး၊ လှိုင် ၁ရပ်ကွက်၊ ဗဟိုလမ်းအနီး၊လှိုင်မြို့နယ်၊ရှမ်းရိုးမစားသောက်ဆိုင်နှင့်တစ်ဆိုင်ကျော်
☎️ 09974771355, 09791682077
#၀င်းသော်တာဆေးဆိုင်
#၀င်းသော်တာဆေးခန်း
#ရာသီတုပ်ကွေးကာကွယ်ဆေး
မိုးမကျခင်၂ပါတ်ကြိုပြီး တုတ်ကွေးကာကွယ်ဆေး ထိုးသင့်တာသိပြီးပြီလား
🧑⚕️👩⚕️
၀င်းသော်တာဆေးခန်းနှင့်ဆေးဆိုင်တွင် မိုးရာသီတုပ်ကွေးကာကွယ်ဆေး (𝗩𝗮𝘅𝗶𝗴𝗿𝗶𝗽 𝘁𝗲𝘁𝗿𝗮) အတွက် ကြိုတင် စာရင်းသွင်း လို့ရပါပြီ📣
စျေးနှုန်းလေးကတော့ သေချာသိရရင် update ပြန်တင်ပေးပါမယ်
Vaxigrip Tetra 2024 💉က
✅A/Victoria/4897/2022 (H1N1)pdm09-like strain (A/Victoria/4897/2022, IVR-238)
✅A/Thailand/8/2022 (H3N2)-like strain (A/California/122/2022, SAN-022)
✅B/Austria/1359417/2021-like strain (B/Michigan/01/2021, wild type)
✅B/Phuket/3073/2013-like strain (B/Phuket/3073/2013, wild type)
စတဲ့အဖြစ်များတဲ့ ဗိုင်းရပ်စ်မျိုးစိတ်တွေကို ကာကွယ်ပေးပါတယ်။
ရာသီတုပ်ကွေးဖြစ်ရင်ဘာတွေခံစားရမလဲ
ဖျားမယ်🤒၊ ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ချောင်းဆိုးမယ်၊ နှာရည်ယို နှာစေးမယ်၊
လည်ချောင်းနာမယ်၊ ခံတွင်းပျက်မယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ကျောင်းပျက် အလုပ်ပျက်ရက် များတာမို့ မဖျားလေကောင်းလေပါ
ကာကွယ်ဆေးထိုးရင် တုတ်ကွေးလုံး၀ မဖြစ်တာတော့မဟုတ်ပါဘူး ပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်
ဖျားတော့ဖျားမယ် ခံစားရတာသက်သာမယ်ပေါ့နော်
ကိုယ်ခံအားပေါ်မူတည်ပြီး ဖျားမဖျားကကွာသွားပါမယ်
ရာသီတုပ်ကွေးမဖြစ်ဖို့၊ ရာသီတုပ်ကွေးဖြစ်ရင် နောက်ဆက်တွဲတွေမခံစားရဖို့ ရာသီတုပ်ကွေးကာကွယ်ဆေး💉ကို နှစ်စဥ် မဖြစ်မနေထိုးနှံထားရပါမယ်။
🟡နိုင်ငံတကာ အသိအမှတ်ပြုကာကွယ်ဆေးဖြစ်ပြီး Cold chain လဲ အာမခံပါတယ်။
🟠အိမ်တိုင်ရာရောက် ဆေးထိုးပေးသည့် (Home Service) လဲရှိပါတယ်။
🟢 နိုင်ငံခြားသွားမည့်သူများ ကြိုတင်ထိုးနှံသင့်ပါတယ်
🔷️စက်ရုံ၊အလုပ်ရုံများ၊Company များ၊စာသင်ကျောင်းများ အတွက် အထူးသီးသန့်စျေးနှုန်း ရှိပါတယ်ရှင်။
🔶️လက်လီ လက်ကားပြန်ယူချင်သော ဆေးခန်းများ အတွက်လဲ အထူးစျေး သီးသန့်ရှိပါတယ်။
➡️ Page Cb ကနေဖြစ်စေ၊ ☎️ 09974771355 ကိုဖုန်းဆက်ပြီးဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
🏥 ၀င်းသော်တာဆေးခန်းနှင့်ဆေးဆိုင် 🏥
🏥 အမှတ်၁၆(ဘီ)၊ ဘူတာရုံလမ်းမပေါ်၊ လှိုင်အထက၁ မျက်စောင်းထိုး၊ ၁ရပ်ကွက်၊ ဗဟိုလမ်းအနီး၊လှိုင်မြို့နယ်၊
☎️ 09974771355
#၀င်းသော်တာဆေးဆိုင်
#၀င်းသော်တာဆေးခန်း
#ရာသီတုပ်ကွေးကာကွယ်ဆေး
ဆရာကြီးဦးစော၀င်းရဲ့ ပညာပေး ဆောင်းပါးလေးပါ
ရင်ကျပ်ထစေတဲ့အရာများ
ပန်းနာရင်ကျပ်အခံရှိတဲ့ ကလေးတွေမှာ ရင်ကျပ်ရောဂါထလာစေတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ အမြဲတမ်း လိုလို မိဘတွေပြောလေ့ရှိတာကတော့ "အချိုတွေစားပြီး ရင်ကျပ်ထတယ်" "ကျောင်းမှာ မွေးနေ့ကိတ်စားပြီး ရင်ကျပ်ထတယ်" စတဲ့အချက်တွေပါပဲ။ ဒါတွေက တကယ်မှန်ရဲ့လား။ ဘယ်အချက်အလက်တွေက သိပ္ပံနည်းကျ ရင်ကျပ် တကယ် ထစေသလဲဆိုတာ ရင်ကျပ်ဝေဒနာရှင် မိဘတွေရော၊ ကလေးတွေရော၊ ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ သိနားလည်ထားဖို့ လိုပါတယ်။ ဒါမှသာ ရင်ကျပ်ထတာကို ကာကွယ်နိုင်မှာပါ။
၁။ ဆေးလိပ်မီးခိုးနှင့် အခြားအခိုးအငွေ့များ
သေချာတဲ့ ရင်ကျပ်ထစေတဲ့ အကြောင်းပါ။ ရင်ကျပ်ဝေဒနာရှင်ရှိတဲ့ အိမ်မှာ၊ ကားထဲမှာ ဘယ်သူမှ ဆေးလိပ် မသောက်သင့်ပါဘူး။
အဲဒီလိုပဲ ထင်းမီးဖို၊ ရေနံဆီမီးဖို၊ မီးသွေးမီးဖိုစတဲ့ မီးဖိုတွေကထွက်တဲ့ အခိုးအငွေ့ တွေကလည်း ရင်ကျပ်ထစေပါတယ်။
ခြင်ဆေးခွေထွန်းရာက ထွက်တဲ့ အငွေ့ဟာလည်း ရင်ကျပ်ထစေနိုင်ပါတယ်။
၂။ အနံ့ပြင်းသော အရာများနှင့် လေထုညစ်ညမ်းမှု
အနံထွက်တဲ့ အမွှေးတိုင်တွေ၊ ပိုးမွှားသန့်စင်ရေးဖျန်းဆေးတွေ၊ လေသန့်ဖို့သုံးတဲ့ ဖျန်းဆေးတွေကလည်း ရင်ကျပ်ကိုထစေနိုင်ပါတယ်။ ဒါကြောင့်ဒါတွေကို သုံးတဲ့အခါ အနံ့မထွက်တဲ့ အမျိုးအစားကို သုံးသင့်ပါတယ်။
"ညှော်နံ့တာကို ရင်ကျပ်မှာပေါ့" ဆိုတာ မှန်ပါတယ်။ ဉပမာ - ငြုပ်သီးကြော်တာ၊ ကြက်သွန်ဆီသတ်တာ စတဲ့ အနံ့ပြင်းတဲ့ ညှော်နံ့တွေက ရင်ကျပ်ထစေနိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ အနံ့သက်သာအေါင် မီးဖိုခန်း ပြူတင်းပေါက်ဖွင့်ထါး တာ၊ လေစုတ်ပန်ကာသုံးတာတွေက အကျိုးရှိပါတယ်။
အိမ်သုတ်ဆေးနံ့ကလည်း ရင်ကျပ်ထစေပါတယ်။ ဒါကြောင့် ဆေးသုတ်ပြီးခါစ အနံ့မပျောက်သေးတဲ့ နေအိမ် တိုက်ခန်း စတာတွေမှာ နေဖို့ မသင့်တော်ပါဘူး။
လေထုညစ်ညမ်းမှု (ဉပမာ - ကားမီးခိုးငွေ့) စတာတွေကလည်း ရင်ကျပ်ထစေပါတယ်။ ဒါကြောင့် တချို့လမ်းမကြီးနံဘေးမှာ နေရတဲ့လူတွေမှာ ရင်ကျပ်ပိုထကြပါတယ်။ အဲဒီလိုပဲ အညာမှာ လှည်းလမ်းကြီးတလျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်ရင်လည်း ရင်ကျပ်ကို ထစေပါလိမ့်မယ်။
၃။ တုပ်ကွေးနှင့် နှာစေးချောင်းဆိုး
မိုးရာသီ၊ ဆောင်းရာသီမှာ အဖြစ်များတဲ့ နှာစေးချောင်းဆိုး၊ တုပ်ကွေးရောဂါတွေက ရင်ကျပ်ထစေပါတယ်။ ဒါကတော့ ကျောင်းနေအရွယ်ကလေးငယ်တွေမှာ ရင်ကျပ်ထစေတဲ့ အဓိကအကြောင်း ဖြစ်ပါတယ်။ ကျောင်းမှာ တစ်ယောက်ယောက် နှာစေးချောင်းဆိုး၊ ရာသီတုပ်ကွေးစတာတွေ ကူးပြီးရင် ရင်ကျပ်အခံရှိတဲ့ကလေးက ရင်ကျပ်ထလာပါတော့တယ်။ ကျောင်းတက်တဲ့ကလေးကတဆင့် အိမ်က ကလေးအငယ်ကို ကူးရင် လည်း အငယ်မှာရင်ကျပ်ထလါနိုင်ပါတယ်
ဒါကြောင့် ရင်ကျပ်အခံရှိတဲ့လူနာ ( ကလေး လူကြီး ) တွေက နှာစေးချောင်းဆိုးဖြစ်နေတဲ့ သူတွေနဲ့ ခပ်ဝေးဝေး နေသင့်ပါတယ်။ လက် မကြာခဏ ဆေးတာ၊ လက်သန့်ဆေးရည် သုံးတာတွေ ပြုလုပ်ရပါတယ်။
တစ်အိမ်သားလုံး ရာသီတုပ်ကွေး ကာကွယ်ဆေး နှစ်စဉ် မှန်မှန် ထိုးသင့်ပါတယ်။
၄။ ကိုယ်လက်လှုပ်ရှားမှ
ရင်ကျပ်အခံရှိတဲ့ကလေးတွေက ပြေးလွှား ကစားလိုက်ရင် ရင်ကျပ်ထလာတတ်ပါ တယ်။ ချောင်းဆိုးလါတါ |ရွှီရွှီမြည်လာတာ၊ မောလာတာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရင်ကျပ်အခံရှိတဲ့ ကလေးတွေကိုလည်း အခြားကလေးများနည်းတူ ကိုယ်လက်လှုပ်ရှား အားကစား လုပ်နိုင်စေသင့်ပါတယ်။ ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်အထိ လုပ်ပေးလို့ ရပါတယ်။
ဒါကတော့ လိုအပ်တဲ့ ကလေးတွေမှာ ရင်ကျပ်ထိန်းဆေး (ရှူဆေး၊ သောက်ဆေး) တွေ ပုံမှန် ပေးထားတာပါပဲ။ နောက်တစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင် ၁၅ မိနစ် အလိုမှာ ရင်ကျပ်ကုဆေး ရှူဆေး (ဉပမာ - Salbutamol) ရှူဆေး ပေးထားပြီးမှ သွားကစား ခိုင်းလို့ ရပါတယ်။ ဒါဆိုရင် တခြားကလေးတွေနဲ့ အပြိုင် ကစားလို့ ရပါပြီ။
နောက်ပြီး အသုံးဝင်တာကတော့ ဘယ်အားကစားမဆို လုံလောက်တဲ့ သွေးပူ လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ တဖြည်းဖြည်း အရှိန်လျှော့ချခြင်း (Cool down) တို့ လုပ်ဖို့ပါပဲ။
၅။ ရာသီဉတု
အေးမြတဲ့ရာသီက ရင်ကျပ်ထစေပါတယ်။ ဒါကြောင့် အအေးဒဏ်ကို ကာကွယ်ဖို့ နွေးနွေးထွေးထွေး ဝတ်ဖို့ လိုပါတယ်။ အအေးထဲ ထွက်ရမယ်ဆိုရင် ပါးစပ်၊ နှာခေါင်း စတဲ့နေရာတွေကို ကာကွယ်ပေးနိုင်တဲ့ မာဖလာ၊ လည်စည်းလိုမျိုး ဝတ်ထားရပါမယ်။
ရာသီဉတု ရုတ်တရက်ပြောင်းဖို့ရှိတာ၊ မုန်တိုင်းကျရောက်နိုင်တာ စတာတွေကို ကြိုတင်သတင်းရရှိထားဖို့ လိုပါတယ်။ ရင်ကျပ်ထစေနိုင်ပါတယ်။
၆။ စိတ်လှုပ်ရှားမှု
အားရပါးရ ရယ်တာ၊ အော်တာ၊ ငိုတာတွေကလည်း ချောင်းဆိုးရင်ကျပ်ကို ထစေနိုင် ပါတယ်။ စိတ်ပူပန်တတ်တာ (ဉပမာ - စာမေးပွဲဖြေရမှာ၊ အင်တာဗျူးသွားရမှာ) စတာတွေ ကလည်း ရင်ကျပ်ထစေတဲ့ အကြောင်းများပါ။ တတ်နိုင်သလောက် စိတ်အေးအေး ထားနိုင်ဖို့ ကြိုးစားပေးရမှာပါ။
၇။ ပိုးဟပ်
မီးဖိုချောင်မှာ ပိုးဟပ်တွေ ရှိတာကလည်း ရင်ကျပ်ထစေပါတယ်။ ဒါကြောင့် မီးဖိုချောင် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ စားပြီးပန်းကန်များကို မြန်မြန်ဆေးခြင်း၊ လုံခြုံစွာ ဖုံးအုပ်ထားခြင်း၊ အမှိုက် မကြာခဏ သွန်ပစ်ခြင်းတွေ လုပ်ရမှာပါ။ ပိုးဟပ်တွေ ရှိရင်လည်း ပိုးဟတ်ထေါင်ချောက်သုံးတာ ဖမ်းပြီးရှင်းပြစ်တာ စတာတွေလုပ်ရမှာပါ
၈။ ဖုန်၊ အမှုံ
အမွှေးပွစောင်၊ အမွှေးပွအရုပ်၊ ကော်ဇောစတာတွေထဲမှာ ရှိနေတဲ့ မှက် (Home dust mites) တွေက ရင်ကျပ်ထစေနိုင်ပါတယ်။ ဒါတွေကို မကြာခဏသန့်ရှင်းရေးလုပ်တာ သို့မဟုတ်မသုံးပဲထားတာ လုပ် ရမှာပါ ။
ခန်းဆီးလိုက်ကာတွေကိုလည်း လျှော်လို့ ဖွတ်လို့ လွယ်တာတွေကိုပဲ သုံးသင့်ပါတယ်။ ခေါင်းအုံး၊ စောင်၊ ခွခေါင်းအုံး၊ အိမ်ယာခင်း စတာတွေရဲ့ အဖုံးတွေကိုလည်း အမွှေးပွမဟုတ်တဲ့ ပြောင်တွေပဲ သုံးဖို့ကောင်းပါတယ်။ မကြာခဏ လျှော်ပေးသင့်ပါတယ်။
ရေငွေ့လွှတ်စက် (Humidifier) တွေလည်း မသုံးသင့်ပါဘူး။
ရာသီဉတုနဲ့ ကိုက်ညီတဲ့ လေအေးစက်၊ ပန်ကာ စတာတွေ သုံးလို့ရပါတယ်။ သိပ်မအေးလွန်းအောင်တော့ ဂရုစိုက် ရမှာပါ။
၉။ တိရစ္ဆာန်များ
အိမ်မွေးတိရစ္ဆာန်တွေရဲ့ အနံ့အသက်၊ အမွှေးအမျှင်၊ မစင်၊ သူတို့ကိုယ်မှာကပ်ငြိနေတဲ့ အင်းဆက်ပိုးမွှားတွေကလည်း ရင်ကျပ်ထစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အိမ်ထဲမှာ မထားသင့်ပါဘူး။ မဖြစ်နိုင်လို့ အိမ်ထဲမှာ ထားတယ်ဆိုရင်လည်း အိပ်ခန်း၊ အိပ်ယာ၊ ဆက်တီထိုင်ခုံ စတာတွေပေါ်မတက်စေ သင့်ပါဘူး။
အိမ်မွေးတိရစ္ဆာန်ရှိတဲ့ အိမ်တွေကို သွားလည်ရင်လည်း ရင်ကျပ်ထတတ်ပါတယ်။ တိရစ္ဆာန်တွေရှိတဲ့နေရာ (တခြားအိမ်၊ တိရစ္ဆာန်ရုံ ) စတာတွေကို သွားတယ်ဆိုရင် ရင်ကျပ်ကုဆေး (ရှူဆေး) တွေ အဆင်သင့် ဆောင်သွားဖို့ လိုပါတယ်။
တိရစ္ဆာန် အမွှေးအမျှင်နဲ့ လုပ်ထားတဲ့ ခေါင်းအုံး၊ ခွခေါင်းအုံး၊ အသုံးအဆောင်တွေ (ဉပမာ - ငှက်မွှေးနဲ့လုပ်တာ) စတာတွေကို ရှောင်ရပါမယ်။
၁၀။ အစားအသောက်
တကယ်တော့ အစားအသောက်တွေက ပန်းနာရင်ကျပ်ကို ထစေတဲ့ အဓိက အကြောင်းအရာတွေ မဟုတ်ပါဘူး။ အစားအစာကြောင့် ပန်းနာရင်ကျပ်ခဲပါတယ်။ ဒါပေမဲ့ ပန်းနာရင်ကျပ်ဟာ Allergy (သွေးမတည့်ခြင်း) တစ်မျိုးဖြစ်တဲ့အတွက် တချို့အစားအသောက် တွေကြောင့်လည်း ရင်ကျပ်ထစေနိုင်ပါတယ်။
မိမိ ဘယ်အစားအစာကို စားရင် ရင်ကျပ်ထတတ်တယ်ဆိုတာ မှတ်ထားဖို့ လိုပါတယ်။ အဲ့ဒါကို ရှောင်ရှားဖို့ လိုပါတယ်။ တတ်နိုင်ရင်လည်း အစားအသောက်၊ အနံ့အသက် ဘာမတည့်သလဲဆိုတာ သွေးစစ်ဆေး စမ်းသပ်လို့ ရပါတယ် ကုန်ကျစရိတ်တော့ များပါတယ်။
မတည့်တတ်တာကတော့ ၂ မျိုးရှိပါတယ်။
(၁) ပရိုတင်း (အသားဓာတ်) များတဲ့ အစားအစာများ၊
(၂) အစားအစာတွင် အသုံးပြုသော ဓာတုပစ္စည်းများတို့ ဖြစ်ပါတယ်။
ပရိုတင်း (အသားဓာတ်) များတဲ့ အစားအစာတွေကတော့ အသါး ဉ၊ နို့၊ ငါး နှင့် ရေထွက်ပစ္စည်း စတာတွေပါ။ အသီးအနှံတွေထဲက မြေပဲ၊ ပဲပိစပ်၊ အစေ့အဆံတချို့ကိုလည်း မတည့်တာ ဖြစ်နိုင်ပါတယ်။ အစားအသောက်ကို တာရှည်ခံအောင်၊ အရောင်ကောင်းအောင် ပြင်ဆင်ထား ခဲ့ရင်လည်း ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို မတည့်တာကြောင့် ရင်ကျပ်ထတတ်ပါတယ်။ အဲဒီပြင်ဆင်ထားတဲ့ အထဲမှာ - အချိုရည်တွေ၊ သနပ်တွေ၊ အသားခြောက်၊ အသီးအနှံခြောက်၊ သကြားလုံး၊ ဝိုင်နဲ့ ဘီယာစတာတွေ ပါပါတယ်။ ဒါကြောင့် အစားအသောက် တွေကို တာရှည်ခံအောင်လုပ်တဲ့ ဓာတုပစ္စည်း၊ အရောင်လှအောင်လုပ်တဲ့ ဆိုးဆေးတွေကြောင့်လည်း ရင်ကျပ်ထတာ ဖြစ်နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ရင်ကျပ်အခံရှိတဲ့ လူနာ (ကလေး၊ လူကြီး) တွေမှာ ဘယ်အချက် အလက်တွေကို ရင်ကျပ်ထစေသလဲဆိုတာ သိလောက်ပါပြီ။ ရင်ကျပ်ထိန်းဆေး (အဓိကက ရှူဆေး) နဲ့ သောက်ဆေးတွေကို မှန်မှန်သုံးစွဲထားခြင်းဖြင့် ရင်ကျပ်အခံရှိပေမဲ့ သာမာန်လူလို နေနိုင်အောင်၊ ရင်ကျပ်မထအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ ရင်ကျပ်ထစေတဲ့ အကြောင်း အရာတွေကိုပါ ရှောင်ရှားနိုင်ရင်တော့ ပိုကောင်းပါတယ်။ ရင်ကျပ်ထခြင်းဘေးမှ ကင်းဝေးကြ ပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
No. 16/B, Bu Dar Yone Street, Hlaing Township
Yangon
10400