DM Boutique Online Shop

DM Boutique Online Shop

Share

လက်လီလက်ကားမှာယူလိုပါက Page CBသို့လာပေ?

Photos from DM Boutique Online Shop's post 31/03/2023

BKK ခါးမြင့်short pants လေး 😍
နှစ်ထပ်ချုပ်လေးမို့ လုံး၀ မပါး ☺️

နွေရာသီမှာ ပေါ့ပေါ့ပါးပါး ၀တ်ဖို့ ၀ယ်ချင်ရင်
မြန်မြန်cbနော်

Size_free
Price _12000ks(for 1pcs)

Photos from DM Boutique Online Shop's post 31/03/2023

Two Tone Shirt အသားကောင်းလေး
DM Boutique မှာ ရပါပြီရှင့်🙆🏼‍♀️

နွေရာသီနဲ့မှာ အထာကျကျနဲ့အအိုက်သက်သာပြီး
ဂေါ်ချင်ရင် မြန်မြန် CB နော် 🙆🏼‍♀️

Size _Free
Price _ 9000ks(for 1pcs)

26/01/2022

ဆံပင်တွေ ကျွတ်နေတုန်းလား???

ရှားစောင်းလက်ပပ်၊ ထောလပတ်ရွက်၊ လက်ဖက်ရွက်၊ အုန်းဆီ၊ ပျားရည် အစရှိတဲ့ ဆံကေသာကိုအကျိုးပြုစေမယ့် ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဆယ်ဆယ်ဆူးခေါင်းလျှော်ရည်ရှိတယ်နော်။

ဆယ်ဆယ်ဆူးဆံသားအားဖြည့်ဆီလေးကို ခေါင်းမလျှော်ခင် ဦးရေပြားထဲဝင်အောင်လိမ်း၊ ပြီးရင် ခေါင်း​လျှော်ချ၊ တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်လျှော်ပေးရင် ဆံပင်ကျွတ်တာ သိသိသာသာလေး သက်သာလာပါလိမ့်မယ်။

အပူအစပ်ရှောင်ပြီး ရေများများသောက်ပေးဖို့လည်း မမေ့နဲ့နော်။

သိလိုတာတွေရှိရင်လည်း Page မှာ အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်။

Photos from DM Boutique Online Shop's post 24/01/2022

ကဲ ဆောင်းတွင်းမှာ ရာသီဥတုက အေး😬
ခေါင်းကလည်းလျှော်ထားတာ မကြာသေးဖူး အနံ့ကထွက်ချင်နေပြီ 🥺
အဲ့လိုတွေ စိတ်ညစ်နေရင် SalSal Sue Shampooသုံးကြည့်ပါရှင် 😍
ဗောက်သက်သာ ဆံပင်ကျွတ်သက်သာ ဦးရေပြားနံတာသက်သာပြီး ဆံပင်ဆံသားဦးရေကျန်းမာစေတဲ့
Productရှာနေရင် DM Boutiqueမှာ hello လိုက်တော့နော်💜
အသေးစိပ်သိရှိလိုပါက Page CBလာပေးပါရှင်။
Sal Sal Sue Hair Product-15000MMK (1set)
Shampoo-8000MMK
Serum -7000MMK

Admin 💜
ိုယ်စားလှယ်

14/01/2022

Toner sharing Post ✨

တိုနာဆိုပြီး လိမ်းလိမ်းနေကြတာပေ့ါနော်

တိုနာဆိုတာ ဘာလဲကော သေချာသိကြရဲ့လား????🧐🧐

မင်မင် တိုနာနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ရှင်းပြပေးသွားပါ့မယ်

တိုနာဆိုတာ ရေအခြေခံပစ္စည်းတစ်မျိုးပါ
အဲ့တော့ တိုနာနဲ့ ပတ်သက်ပြီး ချွေးပေါက်ပိတ်မှာတော့ မပူရပါဘူး

သူတို့ကို မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အဆီပိုတွေကို ဖယ်ရှားတဲ့နေရာမှာသုံးကြပါတယ်

တိုနာအများစုက အယ်ကိုဟောပါတဲ့အတွက်ကြောင့် အသားတော့ခြောက်စေပါတယ်

နောက်ပိုင်းနည်းပညာတွေ တိုးတက်လာတဲ့အခါမှာတော့ တိုနာတွေကို အယ်ကိုဟောတွေဖြုတ်ပြီး သူရဲ့ အသားခြောက်စေတဲ့ဆိုးကျိုးကို ပြင်ဆင်ဖို့ ရေဓာတ်ဖြည့်ဒြပ်ပေါင်းတွေနဲ့ အရေပြားအတွက် အကျိုးရှိမယ့် အခြားဒြပ်ပေါင်းတွေထည့်လာကြပါတယ်

အရင်ခေတ်တုန်းက တိုနာတွေဟာ မျက်နှာအဆီပိုတွေဖယ်ရှားပေးတာ တစ်ခုတည်းသာ ပေးစွမ်းနိုင်ပေမယ့် နောက်ပိုင်းခေတ်သစ်တိုနာတွေကတော့ မျက်နှာကို အာဟာရဓာတ်ပါဖြည့်ပေးနိုင်ပြီး Ph ထိန်းညှိပေးကာ နောက်ထပ်လိမ်းမယ့် Skin Care ပစ္စည်းတွေအဆင်ပြေအောင် အရေပြားကို ပြင်ဆင်ပေးပါတယ်

အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကလည်း မပျောက်သွားပါဘူး

အဲ့တော့ နောက်ပိုင်းတိုနာတွေဟာ အသားရေထိန်းသိမ်းသူတို့ရဲ့ မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာပါတယ်

တိုနာသုံးရင် ဘာအကျိုးကျေးဇူးတွေရရှိမှာလဲ????🧐🧐

အများစုသိထားတာကတော့ မျက်နှာသစ်ပြီးနောက်ဖြစ်ပေါ်လာတဲ့ Ph ဓာတ်မညီမျှမှုတွေကို ဖြေရှင်းနိုင်ဖို့ တိုနာကို သုံးတာလို့ပါ

ဒါပေမယ့်လို့ တိုနာပေးစွမ်းနိုင်တာ အဲ့ဒါတစ်ခုတည်းထက်ပိုပါတယ်

၁ - ချွေး၊အညစ်အကြေးနဲ့အဆီပိုတွေဖယ်ရှားပေးခြင်း

မျက်နှာဘယ်လောက်သစ်သစ် အဆီတွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေကျန်နေသေးတာပါပဲ
တိုနာကသူတို့ကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်စေနိုင်တဲ့အပြင် အထဲက ဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်
မျက်နှာသစ်ပြီး တိုနာသုံးမှသာ တကယ့်မျက်နှာသန့်စင်မှုကို ရနိုင်မှာပါ

၂ - မျက်နှာအရေပြားကို ကာကွယ်ပေးခြင်း

အရေပြားမှာ ရှိတဲ့အပေါက်မှန်သမျှကို လိုက်ပိတ်ပေးတာကြောင့် အညစ်အကြေးတွေ ဝင်ဖို့လမ်းမရှိစေတော့ပါဘူး
အဲဒါကြောင့် မျက်နှာသစ်ပြီးသာ တိုနာသုံးရတာပါ
မသစ်ဘဲသွားသုံးလို့ကတော့ အညစ်အကြေးတွေအထဲမှာပိတ်ထားလိုက်သလိုပါပဲ
တိုနာကို စွဲစွဲမြဲမြဲသုံးရင် ချွေးပေါက်တွေကျဉ်းလာစေနိုင်ပါတယ်

၃ - နောက်ထပ်လိမ်းမယ့် Skin Care တွေရဲ့အာနိသင်ကို မြှင့်တင်ပေးခြင်း

တိုနာက အပေါ်ယံဆဲလ်အသေလွှာကို ဖယ်ရှားပြီး Ph ဓာတ်ကို ထိန်းညှိပေးတာကြောင့် နောက်ထပ်လိမ်းမယ့် Skin Care တွေဟာ အရေပြားကို အလွယ်တကူဖောက်နိုင်ပြီး Ph မညီမျှမှုကြောင့် ဓာတ်ပြယ်တာမျိုးတွေ မရှိတော့ပါဘူး

တိုနာဟာ မရှိမဖြစ်လား???? မသုံးဘဲချန်ထားခဲ့လိုရလား???? 🧐🧐🧐

အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေဆိုရင်တော့ ချန်ထားလို့မရပါဘူး
အထူးသဖြင့် မနက်မှာ တစ်ညလုံးအဆီတွေပြန်ပြီး ချွေးပေါက်တွေပိတ်နေမှာဖြစ်တာကြောင့် မနက်ဘက်မှာ တိုနာလုံးဝသုံးပေးသင့်ပါတယ်
ဗီတာမင်တွေပါဝင်နေတဲ့တိုနာဆိုရင် ပိုကောင်းပါတယ်

တိုနာကိုဘယ်လိုသုံးကြမလဲ?????🧐🧐🧐

ဂွမ်းဖတ်ကို ရွှဲနေအောင်စွတ်ပြီး မျက်နှာကိုဖိပေးပါ
နည်းနည်းလောက်ပဲပွတ်ပါ
အရမ်းကြီးမပွတ်ပါနဲ့
တိုနာဖြန်းဆေးတွေလည်းရှိပါတယ်
သူတို့ဆိုရင် တိုနာတွေ ဂွမ်းဖတ်ထဲမှာ အလေအလွင့်မရှိတော့ဘူးပေါ့
ဒါပေမယ့်လည်း ဂွမ်းဖတ်ကိုယ်တိုင်က အဆီစုတ်နိုင်တာကြောင့် သူမပါရင် သန့်စင်တဲ့ဂုဏ်သတ္တိနည်းသွားမှာပါ
Serum တွေမသုံးခင်မှာ တိုနာသုံးပေးရင်လည်း Serum တွေအလေအလွင့်မရှိ အရေပြားကို အပြည့်အ၀ ဝင်ရောက်သွားနိုင်ပါတယ်

တိုနာက Skin Type အားလုံးအတွက် သင့်တော်လား?????

အခုနောက်ပိုင်းမှာ တိုနာတွေကို ဖော်မျူအမျိုးမျိုးနဲ့ ထုတ်လာနိုင်တာကြောင့် သုံးလိုမရတဲ့သူဆိုတာ မရှိသလောက်ပါပဲ

Normal Skin, Oily Skin, Combination Skin တို့ဆိုရင် ကြိုက်တဲ့တိုနာသုံးလို့ရပါတယ်

Oily တို့ Combination တို့က Anti-bacterial ပါတာသုံးနိုင်ရင် ပိုကောင်းပါတယ်

Dry Skin ဆိုရင် ရေဓာတ်ဖြည့်တာများများပါပြီး အယ်ကိုဟောမပါတဲ့တိုနာတွေရှိပြီး Sensitive တွေဆိုရင် အရောင်၊အနံ့ ဖယ်ထားတဲ့ Sensitive Skin Toner တွေရှိပါတယ်

အယ်ကိုဟောနဲ့ ပတ်သက်ပြီးပြောရရင် အယ်ကိုဟောပါတဲ့ တိုနာကိုရှောင်နိုင်ရင်အကောင်းဆုံးပေါ့နော်

ဒါပေမယ့်လည်း စိတ်မပူပါနဲ့ အခုခေတ်ရှားပါးလာတာက အယ်ကိုဟောပါတဲ့ တိုနာတွေဖြစ်ပြီး အများစုက အယ်ကိုဟောကိုဖြုတ်လာကာ အပင်ထွက်ပစ္စည်းတွေနဲ့ အစားထိုးလာကြပါတယ်

တိုနာနဲ့ပတ်သက်ပြီးတော့ ဒီလောက်ပါပဲနော်

လှပပြီး ဂလိုးနိုင်ကြပါစေဟယ် 🤭🤭🤭

Credit #

Photos from DM Boutique Online Shop's post 08/01/2022

Hello 👋 Sal Sal Sue Shampooလေးတွေရောက်လာပြန်ပါပြီနော် 😍 အရောင်းသွက်လွန်းလို့
Instockရှိတုန်း အမြန် Hello လိုက်နော် 🙆🏼‍♀️

1bot-8000MMK 💸

ဆောင်းတွင်းမှာ ဦးရေပြားခြောက်ပြီး ဗောက်ပြသနာဖြစ်နေတဲ့သူရှိရင် Sal Sal Sue Shampooသုံးကြည့်ပါရှင်။

ဆောင်းတွင်းမို့လို့ရေတောင်မနည်းချိုးရတယ် 😅
ခေါင်းခဏခဏ မလျှော်ချင်ဖူး🥺 ဦးရေအနံ့လည်းမထွက်ချင်ဖူးဆို Sal Sal Sue Shampoo သုံးကြည့်ပါရှင်။

ပေးရတဲ့ဈေးနဲ့ တန်လွန်းတဲ့ Qualityဖြစ်လို့
မသုံးရသေးရင် သုံးကြည့်ပါရှင် 💜

💜
ြို့နယ်တဦးထဲကိုယ်စားလှယ်💜

04/01/2022

ပစ္စည်းပျက်လောက်အောင် အားပေးကြမ်းတဲ့
Sal Sal Sue Product Fan တွေကြောင့် အံ့ဩ😬
Promotionပေးလို့ Date ကုန်ခါနီး မထင်ပါနဲ့နော်။
နှစ်သစ်မှာ ကာကာတွေကို ကျေးဇူးတုံ့ပြန်တဲ့စေတနာနဲ့ပါရှင်။
🚨Promotion က မနက်ဖြန် နောက်ဆုံးနော်🚨
🚨Promotion ရက်အတွင်း Shampoo ၂ဘူး မှာယူတဲ့ကာကာတိုင်း Serum 1ဘူး ရမှာပါနော်။
🚨ပစ္စည်းလေး တော့ ရက်အနည်းငယ် စောင့်ပေးပါနော်🥺

ကဲ အမြန် မှာတော့နော် 💜

Admin 💜

02/01/2022

မြန် မြန် မှာ ကြနော် 🙆🏼‍♀️

ဆယ်ဆယ်ဆူးချစ်သူလေးတွေအတွက် နှစ်သစ်အထူးလက်ဆောင်လာပြီနော်။

ဆယ်ဆယ်ဆူး ခေါင်းလျှော်ရည်နှစ်ဘူး ဝယ်ယူသူတိုင်းအတွက် ဆံသားအားဖြည့်ဆီတစ်ဘူးလက်ဆောင် ပေးထားပါတယ်။ Promotion ကာလက ၂.၁.၂၀၂၂ ကနေ ၅.၁.၂၀၂၂ အထိပဲမလို့ မြန်မြန်လေး ဝယ်ထားမှ စိတ်ချရမှာနော်။

ဒီ Promotion အစီအစဉ်က Page မှာပဲ ဝယ်ဝယ် ကိုယ်စားလှယ်ကြီးတွေဆီမှာပဲ ဝယ်ဝယ် အကျုံးဝင်ပါတယ်။

နှစ်သစ််မှာ ပိုပြီးလှတဲ့ ဆံကေသာတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေ။ 🤗🤗🤗

01/01/2022

Skincare လိမ်းနည်း အဆင့်ဆင့်
———————————————-
☀️(မနက်ပိုင်းအတွက်)☀️

(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) Moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup

🌝(ညပိုင်း အတွက်)🌟

(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) Moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask

မှတ်ချက် - (Skincareများကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)

Skincare ဥပဒေသအရ

#မနက်ပိုင်းကို

Prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။

#ညပိုင်းကို

Repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ...

တစ်ကြိမ်မှာ Skincareအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ Skincareတစ်မျိုးနဲ့တစ်မျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့

Skincare တစ်ခုနဲ့တစ်ခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပဒေသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါလို့ ပြောရပါမယ်။

hydrator = moisturizer (sensitive )မှာ hydrator ကို သုံးတယ်။

finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။

sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။



ှင့်အလှအပရေးရာ

31/12/2021

BKK Brand Productလေးတွေ
မှာယူလိုပါက DM Boutique မှာ ရရှိနေပါပြီနော်။

Direct from BKKဖြစ်တာကြောင့် Qualityအာမခံပြီးရောင်းပေးပါတယ်နော်။

✔️BKK Lip
✔️Arty Cake Powder C2
✔️Wet and wild foundation
✔️Bone Scrub
✔️BSC Sun Cream စတဲ့ Productအစုံလည်းရရှိနိုင်ပါတယ်။

Local Brand ပဲသုံးချင်သော သူများအတွက်✔️
ကျား မ မရွေး အသုံးပြုလို့ရပါသော
ဆံသားအတွက်ဆို စိတ်ချရပြီး reviewကောင်းများစွာရရှိထားတဲ့ Sal Sal Sue Hair Productလည်းမှာယူနိုင်ပါတယ်ရှင်။

နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့
လိုအင်ဆန္ဒပြည့်၀ကြပါစေလို့ DM Boutique Online Shopမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

Admin 💜

30/12/2021

နှစ်သစ်ဆုမွန် ✨

28/12/2021

#ဆံပင်ကျွတ်နေသူများအတွက် နည်းလမ်းကောင်း

အခုတလော လူတော်တော်များများကကိုဗစ်ဖြစ်အပြီး ဆံပင်ကျွတ်တဲ့ဒဏ်ကိုခံစားနေကြရပါတယ် ကိုယ်တိုင်လဲ ဆံပင်ကျွတ်ပြီး အခုသက်သာသွားတာမို့ ဝေမျှချင်ပါတယ် 😍


နည်းလမ်းကတော့အဓိကက ဆန်ဆေးရည်ပါပဲ
ကိုယ်သုံးမယ့်ဆန်ကိုတဗူးယူလိုက်ပါတယ် ရေနဲ့
မသန့်တာလေးတွေပါသွားအောင်အရင် ၃ခါလောက်ဆေးလိုက်ပါတယ်✔️
ပြီးမှ ရေထပ်ထည့်ပြီး ပွတ်ဆေးပါတယ် ။
ဆန်ထဲမှာပါတဲ့ဓာတ်တွေရအောင် ခပ်ကြာကြာလေးပွတ်ဆေးပါတယ်။
နာရီဝက်လောက်အဲ့ရေနဲ့စိမ်ထားလိုက်ပါတယ်။
ပြီးမှရလာတဲ့ဆန်ဆေးရည်ကိုစစ်ပြီး အချဉ်သီးရဲ့အခွံနဲ့ရောပြုတ်ပါတယ် (အချဉ်သီးဆိုတာ သံပုရာသီး၊ လိမ္မော်သီး၊ ကျွဲကောသီးအစရှိသဖြင့်ပါ Chemical ဆေးတွေမဖျန်းထားတဲ့အသီးဖြစ်ရပါမယ် ) ပြုတ်တဲ့အခါ ၅မိနစ်မီးပြင်းပြင်းနဲ့ဆူအောင်ပြုတ်ပြီး ၁၀မိနစ် မီးအေးအေး နဲ့ပြုတ်ပါတယ်။
ရလာပြီဆိုအအေးခံထားပါတယ် ✔️
အနံ့လေးကမွှေးမွှေးလေးပါ ✔️
ပြီးမှဖန်ပုလင်းနဲ့ထည့်ပြီး တရက်အပြင်မှာထားပါတယ် ✔️နောက်ရက်မှ ရေခဲသေတ္တာထဲထည့်လိုက်ပါတယ် (အပြင်မှာထားရင်လဲရမှာပါ အချဉ်နံတော့ပေါက်လာမလားမသိဘူး ကိုယ်တော့မစမ်းရသေးပါဘူး)

ခေါင်းလျှော်မယ့်နေ့မှာမနက်အိပ်ရာနိုးတာနဲ့ ရေခဲသေတ္တာထဲက ဆန်ဆေးရည်ပုလင်းကို အပြင်ကြိုထုတ်ထားပါတယ် ။
ခေါင်းကိုပွတ်ရင်အရမ်းအေးနေမှာစိုးလို့ပါ 🥺
ပြီးတော့ခေါင်းမလျှော်ခင် သံလွင်ဆီ ဦးရေပြားနဲ့
ဆံသားကိုထည့်ထားလိုက်ပါတယ်။
အချိန်တနာရီလောက်ထားပါတယ် ✔️
ပြီးမှ ပြုလုပ်ထားတဲ့ဆန်ဆေးရည်နဲ့ဇလုံထဲထည့်လျှော်ပါတယ်။ ဦးရေပြားတွေသေချာပွတ်ပေးပါတယ်😍 ဆန်ဆေးရည်ကိုဦးရေပြားထဲဝင်အောင်ထပ်ခါထပ်ခါလောင်းပါတယ် ပြီးတော့ဆံပင်ကိုသဘက်နဲ့ပေါင်းထားလိုက်ပြီးနာရီဝက်လောက်ခဏနေလိုက်ပါတယ် ( အေးတဲ့အချိန်တွေ ကိုယ်ခံအားမကောင်းဘူးဆိုဆံပင်အစိုနဲ့ ကြာကြာမနေပါနဲ့နော် ဖျားမှာစိုးလို့ပါ) ပြီးမှ ဆန်ဆေးရည်နဲ့ပြန်ပွတ်ပြီး ရေလောင်းချပြိးလျှော်ပါတယ် Shampoo နဲ့ပျော့ဆေးလုံးဝမသုံးပါဘူး Chemical လုံးဝဖြတ်လိုက်တာပါ အချဉ်ဓာတ်ပါလို့လားမသိဦးရေပြား လည်း ဂျီးမရှိပါဘူး ဆံသားလေးလဲပျော့ပြောင်းလာပါတယ် အရင်ကဖွာတဲ့ဆံပင်ကအရမ်းမဖွာတော့ပါဘူး Shampoo မသုံးရမနေနိုင်ဘူးဆိုရင်တော့ Baby Shampoo လိုပျော့တာသုံးပါ ဒါမှမဟုတ် သုံးနေကြကိုပဲ ရေထဲ အနည်းငယ်ထည့် ဖျော်ပြီးမှဆံသားလေးပဲနည်းနည်းပွတ်ပါ ဦးရေပြားမထိပါနဲ့ ဆံပင်အခြောက်ခံတော့လည်း Dryerမသုံးပါဘူး တဘက်နဲ့ရေစုပ်အောင်အရင်သုတ်ပီး ချည်သားအဝတ်စလေးနဲ့ခြောက်အောင်ထပ်သုတ်လိုက်ပါတယ်
နောက်ပြီးတော့ ဆန်ဆေးရည် (အချဉ်မပါ) ကို ဖြန်းတဲ့ဗူးလေးနဲ့ထည့်ထားလိုက်ပါတယ် မနက်တခါ ညတခါ ဦးရေပြားကို Hair Tonic လိုသဘောမျိုးဖြန်းပေးပါတယ် ပီးရင် လက်ထိပ်လေးတွေနဲ့ခပ်ဖွဖွပုတ်ပြီးနှိပ်နယ်ပေးပါတယ် အဲ့လိုလုပ်ပြီးတဲ့နောက်မှာတော့ ၂ပတ်အတွင်းကိုသိသိသာသာကိုအကျွတ်သက်သာသွားတာပါ
ဆံပင်ကျွတ်တာကို တလခွဲလောက်ခံလိုက်ရလို့မူလဆံပင်အုံအထူကြီးက ပါးပါးလေးပဲကျန်တော့တာပါ အဲ့လိုနည်းနဲ့ကျွတ်နေတော့ ငါတော့ပြောင်တော့မှာပဲလို့တွေးမိတဲ့အထိပါပဲရှင်။
ကရိကထများတယ်ထင်ရပေမယ့် တကယ်မခံစားနိုင်တဲ့အခါ လုပ်ရတော့တာပါပဲ အခုတော့ပြန်ကောင်းလာပြီမို့အရမ်းစိတ်ချမ်းသာနေပါပြီရှင်! ကိုယ့်လိုမခံစားနိုင် တော့တဲ့သူတွေ အဆင်ပြေမယ်ဆိုလုပ်ကြည့်ကြပါနော်!

အခုလိုနည်းလမ်းအတွက်သင်ဆရာ မြင်ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ် 🙏🏻
ကိုယ်စိတ်ချမ်းသာသလို လူတိုင်းဆံပင်ကျွတ်သက်သာပြီး စိတ်ချမ်းသာကြပါစေ ☺️☺️

✍️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon