Ko Htut OS

Ko Htut OS

Share

ပစ္စည်းမှန်
စျေးနှုန်းချိုသာ
ဝန်ဆေ

18/12/2024

Pushpa 2

အကြည်ဗားရှင်း မဟုတ်သေးပေမယ့် တော်တော်ကြည်ပြီး ကြည့်လို့ အဆင်ပြေတဲ့ Resolution နဲ့

https://t.me/blmdkchannel/54

08/06/2023

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

08/06/2023

Star လေးတွေ ပေးလို့ရပါတယ်

ရာမာယဏ ထွေလာ 03/06/2023

Adipurush (2023)
မြန်မာစာတန်းထိုး ထွေလာ

ဘာဟူဘလီ မင်းသားရိုက်တဲ့
ရာမ လက္ခဏ ကျောရိုး ဇာတ်ကား Adipurush မြန်မာလို ထွေလာလေးပါ...

အားပေးကြပါဦး...

https://youtu.be/WPrp9brjHlI

အပန်းမကြီးရင် Youtube Channel လေးကို Like and Subscribe လေး လုပ်ပေးပါဦး....

ရာမာယဏ ထွေလာ

01/06/2023

Adipurush (ရာမယဏ)

ဇွန်လ ၁၆ ရက်နေ့ ထွက်မည်။

https://t.me/blmdkchannel/25

Photos from Ko Htut OS's post 07/12/2022

Ram Setu (2022)

https://fb.watch/hgws9L2rA7/

https://t.me/blmdk/7855

ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား
ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့
ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို
အယုံအကြည်မရှိတဲ့
ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့
သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့
အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ်

အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို
အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး
ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း
အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ်

အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက
ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ
ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ်

ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ
လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို
အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ်

ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ
ပြည်သူလူထုက လူအင်အားများပြီး
အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ

အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့
နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက
တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ
နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်

Credit မူရင်းအားလုံး

17/10/2022

Laal Singh Chaddha (2022)

https://t.me/blmdk/7714

အညွှန်းက ပြောစရာမလိုတော့ဘူး မို့...
ကြည့်ဖို့ပဲ တိုက်တွန်းတယ်...

20/08/2022

Yaanai (2022)
==========

bit.ly/yaa2022blmdk
IMDb 6.7
Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့
ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ
ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါ

လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့
သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်
မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ

မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့်
ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး
တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့
အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့
ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက
မိသားစုကိုဘယ်လိုကယ်တင်မလဲ

ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့
ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်
စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်

Credit Original

16/08/2022

Vikram Vedha (2017)
================
လူကောင်းတွေ ခိုးခိုးမိုက်နေချိန်
လူဆိုးတွေက တိုးတိုးလေး လိမ္မာ

bit.ly/vived2017blmdk

ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ

ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ

ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ ဒေါင်းရကျိုးနပ်စေရမည်ဗျာဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ

ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး

လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာမိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ

အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ?

နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ” ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား “ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင်Vikram – ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား

ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်ကVedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစားကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစားတခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? )အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်

ဘာကြောင့်ပါလဲ့Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ
ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့” ကျူးလွန်တဲ့သူကို အပစ်ပေးမလားစေခိုင်းတဲ့သူကို အပစ်ပေးမလား ...

မူရင်း ခရက်ဒစ်

စာကြွင်း ဒီကားကို လက်ပွားမင်းသား နဲ့ ဆပ်ဖ်အလီခန်းတို့က ဒီနှစ်ထဲ remake ထွက်မယ်နော်

05/07/2022

Samrat Prithviraj (2022)
ကြောက်ရွံ့ မှု အလျဥ်းမရှိ

bit.ly/askm2022blmdk

IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကား ကြည်တောက်ရှင်းထွက်ရှိလာပါပြီ...
ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီး Samrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ...

IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့
ဒီရာဇဝင်ကားသစ်ဟာဆိုရင်..
ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာ အခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်က ပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ်...

အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamrat ဘယ်လိုဘယ်ပုံဖြေရှင်းရမလဲ
ဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်...

Miss World ၂၀၁၇ အလှ မယ်လေး နဲ့ တွဲဖက်ထားတာရော သူမက ရုပ်ရှင်ကားကြီး ပထမဆုံးကို ဘယ်လို ပိုင်နိုင်စွာ သရုပ်ဆောင်ထားလဲကိုပါ မြင်တွေ့ရမှာပါ...

File size…1.2GB
Quality…720p WEB DL
Format…mp4
Duration….2h 15m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Taylor & Yunni & Honeyey & Guu Guu
Reviewed by : Yunni

fb link

https://m.facebook.com/events/1060431584582224?view=permalink&id=1061104581181591

မူရင်းခရက်ဒစ်တွေပါ

02/07/2022

Dhaakhad (2022)
အကြင်နာမဲ့ ကလဲ့စား

bit.ly/2022nmblmdk

ရုပ်ရှင် စ စ ချင်း ကြည့်လိုက်တာ ရိုက်ချက်နဲ့ အပြင်အဆင်ကြောင့် ကြည့်နေတာ ဘောလီးဝုဒ် ဟုတ်ရဲ့လား တွေးနေရတယ်...

ဘောလီးဝုဒ်ကားတွေက ဟောလီးဝုဒ်ထက် ညံ့တယ် ပြောချင်တာ မဟုတ်ဘူး... ကြည့်လိုက်ရင် သိမှာပါ...

အမျိုးသမီး သူရဲကောင်း ကားဆို အကီရာပဲ ကြည့်တဲ့ ကျွန်တော် ဒီကားဆုံးသွားတယ်... လုံးဝကျော်မကြည့်ဘူး...

ဇာတ်လမ်းက မှန်းမရဘူး... သေမယ် ရှင်မယ် ကယ်မယ် မသေချာဘူး... ဆက်ကြည့်မှ သိရတာကိုက မိုက်နေတာ...

အသတ်အပုတ် အပစ်အခတ်က တော်တော်ကျွမ်းကျက်ကိုမှ ရက်စက်တယ် သတ်တာ... ဂျွန်ဝှစ်လို့ ပြောရင် ဖန်တွေ လာရန်တွေ့မလားပဲ... သပ်ရပ်တယ် အထိုးအကြိတ်တွေ... Super Natural မဟုတ်ဘဲ ပကတိ အက်ရှင်မို့ ပိုကြိုက်တာ...

မကြိုက်တာ တခုပဲ အရောင် filter များတယ်...
နေရောင် အရိပ်တွေ တအားထတယ်...
မှန်ဘီလူး သုံးတာ တချို့ အဆင်မပြေဘူး...
(ကျွမ်းကျင်လို့ မဟုတ်ဘူး ကြည့်ရတာ အစပိုင်း ထောက်နေလို့)
ဖြစ်နိုင်တာ တခြားနိုင်ငံမှာ သွားရိုက်တာ ကင်မရာပိုကောင်းပြီး အလင်းအမှောင်ချိန်တာ လူ အခက်အခဲကြောင့်ပဲလား)

အားလုံး အနှစ်ချုပ်ရင် ကြည့်သင့်တယ်ပေါ့...
အညွှန်းတချို့မှာ ရေးထားသလိုဆိုရင်တော့ IMDB rate က အိန္ဒိယ ယဥ်ကျေးမှု နည်းနည်းကျော်လို့ ထင်တယ် သိပ်မရဘူး...

ဒီလောက်ပါပဲ 😁

အချိန်ရရင် ကြည့်ကြည့်ပေါ့
ကုန်ရကျိုးနပ်မှာပါ...

လေးစားစွာဖြင့်
ကိုထွဋ်

စာကြွင်း ပုံကတော့ မိုက်တဲ့ ပိုစတာ မတွေ့လို့
အာဂျွန် အထာကျတဲ့ ပုံသုံးထားတာ...
အဓိက ဇာတ်ဆောင်က ခင်ဗျားတို့ မစိမ်းတဲ့ မင်းသမီးကြီးပါ...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon