The Fantastic Female

The Fantastic Female

Share

This is a space for knowing anything about Happy Women lives. And this place is the reminder of "You

Photos from The Fantastic Female's post 04/02/2022

တစ်နေ့တစ်ခြားပိုလှလာသော Moe Pwint Phyu Han

27/01/2021

Laser female Rejuvenation _workshop day
ဒီနေ့လုပ်ဖြစ်တဲ့ workshop အသေးစိတ်လေးကို Wednesday Live လေးမှာပြောပြထားပေးပါတယ်

Lutronic Korea မှပေးအပ်ထားတဲ့
Centre of Excellent ရရှိထားတဲ့ SkinDerella Aesthetic & Laser Clinic မှဒေါတ်တာသိမ့်ဟန်ထွေး မှ သင်တန်းပို့ချနေပုံဖြစ်ပြီး
လေဆာလုပ်တာကြောက်ဖို့ကောင်းလား ဆိုတဲ့သူတွေအတွက် ဒီဗီဒီယိုလေးသာကြည့်ကြည့်ပါလို့

Photos from The Fantastic Female's post 19/01/2021

နှုတ်ခမ်းလေဆာပစ် တဲ့ဟာလေးကို
Live လေးနဲ့ပြရင်း ဒေါက်တာသိမ့်က အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်းအတွက် ဗဟုသုတရစရာလေးတွေ
ပြောပြသွားမှာတဲ့နော် 💋

21st January (1:30PM) Live နော်

သင့်နှုတ်ခမ်းလေးတွေအတွက် မလွတ်တန်းစောင့်ကြည့်သင့်တယ်

11/01/2021

ဒီတပတ်တော့... ရန်ကုန်မြို့မှာရှိတဲ့
အမျိုးသမီးလေဆာကုထုံးအတွက် ကမ္ဘာ့အကောင်းဆုံး Erbium YAG(အာဘီယမ်ရခ်) လေဆာကို အသုံးပြုပြီး ကုသ​ပေး​​နေတဲ့ SkinDerella Aesthetic & Laser Clinic မှ ဒေါက်တာသိမ့် နဲ့စကားဝိုင်းလေးပါ..

ဇန်နဝါရီလရဲ့ ၁၃ရက်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီ မှာ ဒေါက်တာ့ရဲ့ အမျိုးသမီးလေဆာကုထုံးနဲ့ ကုသပေးရာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ နဲ့ ကျွန်မဆီကိုလာရောက်ဆွေးနွေးကြတဲ့ အမျိုးသမီးတွေဆီက စကားသံတွေကို ဖလှယ်ရင်း အမျိုးသမီးတွေနားထောင်ထားသင့်တဲ့ အတွေ့အကြုံတွေ ပြောသွားမှာပါ..။

စိတ်ဝင်စားစရာအစီအစဉ်အနေနဲ့ကတော့
✅ ဒီ Live လေးကို Share ပေးပြီး
✅ comments လာပေးတဲ့သူ၊
✅ သိလိုတဲ့အချက်တွေရှိရင် လာမေးပေး
သူတွေထဲက ၃ ဦးကို ကံစမ်းရွေးချယ်ပြီး
၆ သောင်းကျပ်တန်ဖိုးရှိတဲ့ Pink Lips treatment လုပ်ပေးမှာဖြစ်ပါတယ်.. Pink Lips treatment ကဘာကောင်းလဲမေးရင် ....
သူများတွေဆေးထိုးထားသလို
ဖူးဖူးအိအိတင်းတင်းစိုစို ငယ်ငယ်ကလို အရောင်အသွေးနဲ့ နှုတ်ခမ်းလေးတစုံ ကိုပြန်ရပါမယ်

လေဆာဆိုပြီးမကြောက်နဲ့ နွေးတယ်ဆိုရုံလေး ၅ မိနစ်လောက်နဲ့ ပြီးသွားမယ့် treatment ပါရှင့်.
ပထမဆုံးတခေါက်နဲ့ တင် ဘယ်လိုပြောင်းလဲသွားလဲကြည့်လိုက်နော် 💋

Wednesday Live လေးမှာတွေ့မယ် 👋🏻

09/01/2021

ခွင့်လွှတ်ပေးလိုက်တာလား ?
အခွင့်အရေးပေးလိုက်တာလား?

အခုတလောတိုက်တိုက်ဆိုင်ဆိုင် ကြုံနေကြားနေရတာတစ်ခုက
သမီးရည်းစားကြား၊ လင်မယားကြား၊ လုပ်ငန်းပါတနာ၂ဦးကြား ၊ မိသားစုကြား စသည်ဖြင့် မှာ
တဦးဦးက မှားလိုက်တယ် ပြီးတော့ခွင့်လွှတ်ဖို့တောင်းပန်တဲ့အခါ တဖက်ကနေ ခွင့်လွှတ်ပါတယ် ဆိုတဲ့ကိစ္စ

အကြောင်းအမျိုးမျိုးကြောင့် ခွင့်လွှတ်လိုက်ပါတယ်ပေါ့
ဒါပေမယ့် သေချာလေ့လာကြည့်
ဖြစ်လာတဲ့ပြဿနာတွေကို နားထောင်ကြည့်လိုက်တော့ ...တကယ်က တဖက်ကလည်း အမှားသိလို့ တောင်းပန်တာမဟုတ်သလို
တဖက်ကလည်း တကယ်ခွင့်လွှတ်လိုက်တာမဟုတ်ဘူးဖြစ်နေတယ်

နင်မှားတယ် သိတယ်နော်
အေး ငါလက်ခံလိုက်မယ် ဒီကိစ္စကိုတော့၊
ဒါပေမယ့် ငါစောင့်ကြည့်နေမယ်
ထပ်ဖြစ်လို့ကတော့ အသေပဲ၊
ငါမယုံတော့ဘူး ငါမကျေနပ်ဘူး ငါခံစားရတယ်
ဒါတွေအတွက်နင့်မှာတာဝန်ရှိတယ်
အဲလိုဖြစ်နေပြီဆိုရင် ဒါဟာဘာနဲ့တူလဲဆိုတော့..
ငယ်ငယ်ကခလေးတွေ မုန့်ပူဆာတယ်
ဒါစားချင်တယ်! ဒါစားချင်တယ်ဆိုတော့
လူကြီးဖြစ်သူက မကျွေးဘူးမပြောဘူး အေး!စား စား ... ဒါမယ့်ကုန်အောင်စားနော်!
လက်ထဲမှာဒုတ်မြင်လား မကုန်ရင်တော့ နင်နာပြီမှတ် ဆိုပြီးကျွေးတာမျိုး နဲ့အလားသဏ္ဌန်တူနေတယ်
ဒါဆိုရင် ဒါကခွင့်လွှတ်တာမဟုတ်တော့ဘူး
ဒီတကြိမ်တခါအတွက် အသက်ရှုချောင်ရုံ အခွင့်အရေးပေးလိုက်တာ ဖြစ်သွားပြီ

တကယ်ခွင့်လွှတ်တယ် ဆိုတာက နှစ်ဖက်လုံးငြိမ်းချမ်းဖို့ နည်းလမ်းကိုရွေးချယ်တာပါ
အနိုင်လိုချင်လို့သက်သက်၊ လက်တလောပြဿနာရပ်သွားရုံသက်သက်၊ အဆုံးရှုံးမခံချင်ရုံသက်သက် နဲ့ အလွယ်တကူ ခွင့်လွှတ်ပါတယ် ဆိုတာမျိုးက
ပြဿနာကို မီးစာထည့်လိုက်သလိုမျိုး ၊ အနာကိုပိုဆွနေသလိုမျိုးပါပဲ...

တကယ်မှားမှန်းသိလို့ တောင်းပန်သူဆိုတာကလည်း ဒီခွင့်လွှတ်ခြင်းဆိုတာကို မတောင်းဆိုမှီ
သူ တကယ်မှားခဲ့ပြီဆိုတာ သေချာသိပြီး၊ ငါတော့နောက်တခါထပ်မလုပ်ချင်တော့ဘူး ငါ့အမှားအတွက်နဲ့ ဒီ relationship ကိုအဆုံးရှုံးမခံနိုင်ဘူး ဆိုတဲ့စိတ်နဲ့ တောင်းပန်တာ တောင်းဆိုတာမျိုးဖြစ်မှ
ထိုက်တန်တဲ့ ခွင့်လွှတ်ခြင်းနဲ့အတူ တန်ဖိုးရှိတဲ့နားလည်မှု ယုံကြည်မှုတွေရကြမှာပါ...

တဖက်ကခွင့်လွှတ်သူဆိုတာကလည်း တကယ်
နားလည်ခွင့်လွှတ်ပေးတော့မှာ သေချာရင်
ပထမဆုံးစဉ်းစားရမှာက တကယ်ပဲ
ငါ့ရဲ့ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်ရဲ့လား...
ငါ ဘယ်လောက်ထိခွင့်လွှတ်နိုင်လဲ..
ငါ ဘာလို့ခွင့်လွှတ်မှာလဲ..
ခွင့်လွှတ်ခြင်းရဲ့ အကျိုးဆက်ကဘာတွေလဲ..
ဒီလိုခွင့်လွှတ်ပေးဖို့ မိမိဘာသာခွင့်လွှတ်နိုင်ရဲ့လား..
မိမိကိုယ်ကိုအရင်သေချာမေးရပါမယ်
ဒါမှလည်းအနှစ်သာရရှိတဲ့ ခွင့်လွှတ်ခြင်းဖြစ်မှာဖြစ်ပြီး၊ တချိန်ချိန် ကိုယ့်ရဲ့ ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်သူဟာ အပြစ်ထပ်ကျူးလွန်မယ်ဆိုရင်တောင်
မိမိပယောဂမပါတော့သလို မိမိမှာဆုံးဖြတ်နိုင်ဖို့ ပြတ်သားနိုင်ဖို့ လွယ်ကူသွားပါပြီ..
မိမိနဲ့မထိုက်တန်တဲ့ နေရာတစ်ခုကနေ ရုန်းထွက်နိုင်သွားပါလိမ့်မယ်..

သင်တကယ်ခွင့်လွှတ်နိုင်ရဲ့လား..?

29/12/2020

မနက်ဖြန် မနက် ၁၁ နာရီမှာ ဒေါက်တာမေဖြူသော်(The Clinic De Novo Aesthetic & Plastic Surgery Center) နဲ့ Wednesday Live လေးလုပ်မယ်ရှင့်!

အဓိကပြောမှာကတော့ အမျိုးသမီးတွေအတွက် လေဆာနဲ့ မိန်းမကိုယ်ကျဉ်းအောင်လုပ်တဲ့နေရာမှာ သူကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေကို ပြောပြမယ် ...
ပြီးတော့ ကျွန်မဆီကအတွေ့အကြုံတွေနဲ့ ဖလှယ်ကြမယ်

မနက်ဖြန်နော် !

25/12/2020

စကားလေးတစ်ခွန်း

ကျွန်မတို့တတွေပြောလိုက်တဲ့
“စကားလေးတစ်ခွန်း” က
လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါသလဲ?
လူဘယ်နှယောက်ရဲ့ ဘဝတွေအပြောင်းအလဲဖြစ်သွားသလဲ?
လူဘယ်နှစ်ယောက်ရဲ့ ဘဝတွေရှင်သန်သွားသလဲ?
လူဘယ်နှယောက်ဘဝတွေ သေဆုံးသွားသလဲ?

လူတစ်ယောက်ရဲ့ အားပေးစကားလေးတစ်ခွန်းနဲ့ အောင်မြင်သွားတဲ့သူတွေ...
အမှုမဲ့အမှတ်မဲ့ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် လူတဖက်သားမှာ ဘဝပါပျက်သွားရတာတွေ ...
ချစ်သူနှစ်ဦးကြား ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းကြောင့် နှစ်ပေါင်းများစွာအက်ကြောင်းထပ်သွားရတဲ့ relationship တွေ
မိသားစုအကြား ပြောမိတဲ့ စကားလေးတစ်ခွန်းကြောင့် ပြိုကွဲသွားရတဲ့ ယုံကြည်မှုတွေ
သာဓကတွေအများကြီးပဲ ။ ဒါပေမယ့်လည်း ကျွန်မတို့ ဆင်ခြင်တုံတရား မဲ့နေကြတုန်းပဲ..

ကျွန်မသိခဲ့ရတဲ့ ဥပမာလေးတစ်ခုပြောပြမယ်
ချစ်သူသတ်တမ်း ၇နှစ်ကြိုက်ခဲ့ကြတဲ့ သူနှစ်ယောက်မှာ အဖုအထစ်သေးသေးလေးကနေ စခဲ့တဲ့ အက်ကြောင်းကြီးက ကြေကွဲစရာဇာတ်သိမ်း....

ကောင်လေးကရည်းစားဖြစ်ခါစမှာ အဲ့ဒီမိန်းခလေးကို အတည်ကြီးရယ်လို့မဟုတ်ခဲ့ဘူးတဲ့
ကောင်မလေးကတော့ သူ့ကိုချစ်မိသွားပြီပေါ့လေအဲ့အချိန်.. အဲ့မှာဘာရယ်မဟုတ်မေးလိုက်တာကို ဖြေလိုက်မိခဲ့တဲ့စကားတခွန်းက အကြောင်းတိုက်ဆိုင်တိုင်း အဲဒီမိန်းခလေးကို သတ်နေခဲ့တယ်
သူ့ကိုယ်သူယုံကြည်မှု မဲ့စေခဲ့တယ်
ကောင်မလေးကမေးလိုက်တာ ရှင့်ဘဝမှာဘယ်သူတွေကို အချစ်ဆုံးလဲလို့မေးတော့
ကောင်လေးကဖြေလိုက်တဲ့ “စကားတခွန်း “
ငါ့အဖေအမေ ပြီးရင် ငါ့အရင်ကောင်မလေးကို အချစ်ဆုံးပဲလို့ ဖြေလိုက်မိတယ်တဲ့
အဲ့ဒီအရွယ်အဲ့ဒီအချိန် သူဖြစ်နေတဲ့စိတ်ကို ရိုးရိုးသားသား ပြောလိုက်မိတာပဲ
ဒါပေမယ့် တဖက်မိန်းခလေးမှာ စိတ်အနာတရဖြစ်ခဲ့ရတယ် .. တဖြည်းဖြည်းနဲ့ ကောင်လေးဘက်ကတကယ်ချစ်လာပြီး လိုတာဖြည့်ဆည်းပေးခဲ့တာတောင် အကြောင်းတိုက်ဆိုင်တိုင်း ဆူးစူးသလိုအဖြစ်မျိုး ဖြစ်ခဲ့ရတယ်လို့ ပြောပြလို့သိခွင့်ရခဲ့တယ်...

အဲ့တော့ ကျွန်မတို့တွေ တတ်နိုင်သလောက် သူတပါးကိုပြောမယ့် စကားလေးတစ်ခွန်း ကိုလျော့ကြည့်ရအောင်.
သူတပါးဘဝကို ဝေဖန်လိုက်တဲ့ စကားလေးတခွန်းလျော့ပြောကြည့်ရအောင်
ပြီးတော့... ...
ချစ်တယ် ဆိုတဲ့စကားလေးတခွန်း
ခွင့်လွှတ်ပါတယ် ဆိုတဲ့စကားလေးတခွန်း
ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလေးတခွန်း
သူဟာတကယ်တော်တဲ့သူပါ ဆိုတဲ့စကားလေးတခွန်း
ဘာကူညီပေးရမလဲ ဆိုတဲ့စကားလေးတခွန်း
တွေကို ပိုပြောတတ်ဖို့ သတိထားကြည့်ကြရအောင်

ကျွန်မဘဝမှာလည်း လူတစ်ယောက်စီက ...
“စကားလေးတခွန်း” ကိုပဲအထပ်ထပ်ကြားယောင်ရင်း နေ့စဉ်အားတင်းရင်း ရှင်သန်နေတယ်
ပြောခဲ့ဖူးသူ မေ့၍ပျောက်သွားတဲ့အခါ...

ကျွန်မမှာပြောချင်တဲ့ “စကားလေးတခွန်း” တော့ရှိတယ်..

11/12/2020

နှလုံးသားနဲ့ရေးတဲ့စာ..

ဟုတ်ပါတယ် ကျွန်မအကြောင်းအမျိုးမျိုးနဲ့ Article Friday မှာစာမရေးဖြစ်နေတာ ကြာပါပြီ..
မနေ့က မထင်မှတ်ဘဲညီမလေးတစ်ယောက်ရဲ့ အားပေးမှုနဲ့ ကျွန်မကိုယ့်ကိုကိုယ်ပြန်ထိုင်ကြည့်ဖြစ်ပါတယ်။
ကျွန်မရဲ့ I was a victim ဆိုတဲ့ Live video လေးမှာပြောပြခဲ့တဲ့အတိုင်း ကျွန်မကအချိန်အတော်ကြာတဲ့ထိ စိတ်ဝေဒနာတွေနဲ့နေနေခဲ့ပြီးတော့ ကျွန်မအတွက်အဖော်မွန်ကောင်းမရရှိခဲ့ပါဘူး..
အဲ့ဒီနောက် ကျွန်မတဖြည်းဖြည်းချင်းပြင်ဆင်တယ်၊ ခံစားချက်တွေနဲ့လဲကျနေရင်း အဆင်ပြေသလောက်ရှိပြီ ထင်တဲ့အခါ ထပ်ပြီးအပြင်းအထန်ထိုးနှက်ခံရပါတယ်..။

ဒါဆိုဘာကြောင့်လဲ? ကျွန်မပြောပြခဲ့သလိုပဲ ကျွန်မရင်ထဲကဒဏ်ရာတွေကို ကုစားပြီး ကိုယ့်ဖက်ကအကောင်းဆုံးပေးလိုက်တဲ့အခါ အဆင်ပြေသွားမှာပဲလို့ ထင်ခဲ့တယ် ၊ သူများကိုပြောခဲ့သလို ကိုယ််တိုင်လိုက်နာကြည့်ခဲ့တယ်။
အဲ့တော့ အဆင်ပြေသွားလားဆိုတော့

ဟင့်အင်း! ဘယ်အဆင်ပြေပါ့မလဲ

ဟုတ်တယ်လေ! အနှစ်၂၀လောက်စွဲကပ်လာတဲ့ psycho တွေ trauma တွေက ချက်ချင်းယူပစ်သလိုပျောက်သွားပါ့မလား ဘယ်ဖြစ်နိုင်မလဲ
တဖက်မှာလည်း ကိုယ်ကြိုးစားနေတယ် ပြုပြင်ပြောင်းလဲနေတယ်ဆိုတာတွေကို သိနေမှ၊
ကိုယ့်ရဲ့တကယ့်စိတ်အခြေအနေကို နားလည်နေမှလည်းရပါမယ်..။ ကိုယ်ချစ်တဲ့သူကနားလည်မှုမရှိဘူးလို့ ထင်ရတဲ့အခါမှာလည်း သူ့ကိုပြန်နားလည်ပေးရပါမယ်..
သာမာန်ချစ်ခြင်းမေတ္တာတွေထက်တော့ ခက်ခဲမယ်
တခါတရံလည်း အလဲလဲအကွဲကွဲ ဖြစ်သွားနိုင်ပါသေးတယ်
အဲ့မှာမှ တဖက်ကလုံးဝနားမလည်နိုင်တဲ့အခါ လွှတ်ချသွားပြီဆိုပါစို့
အခြေအနေကတကယ်ကို လွန်ဆွဲရပါပြီ...
ငါအရင်လိုပဲ ကြိုကန်ထားရင်ကောင်းသား
အရင်လို စိတ်ထဲမထည့်တာက ခံစားရသက်သာတယ် အရင်လို ... အရင်လို ဆိုတာတွေ ပြန်ပေါ်လာလိမ့်မယ်။
လုံးဝ! ကိုယ့်ကိုကိုယ် လက်မလျော့လိုက်ပါနဲ့
သူများကနားမလည်လို့ လက်လျော့လိုက်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ မစွန့်လွှတ်လိုက်ပါနဲ့..
ပေးပြီးရှုံးလိုက်ပါ။
ငါထပ်ကြိုးစားရဦးမယ်လို့ တွေးထားပါ။
ကုစားဖို့ မစွမ်းသာသေးရင် ခဏလက်လျော့ထားပါ
အရေးကြီးဆုံးက ကိုးကွယ်ရာဘာသာရဲ့အဆုံးအမနဲ့ ဘုရားကိုလည်းအားကိုးရပါတယ်
တခါတလေ ကျွန်မတို့ကံမကောင်းတာလား ဉာဏ်မကောင်းတာလား မသိနိုင်တဲ့အခါအားကိုးရာက ဒါပဲရှိတတ်ပါတယ်..
ပြီးတော့ လက်တွေ့ကျကျ အလုပ်တွေနဲ့လည်းထိန်းရပါသေးတယ်
ကျွန်မရဲ့ကိုယ်တွေ့ကတော့ ကိုယ်ကူကယ်ရာမဲ့နေချိန်မှာ သူများကိုပြန်ကူနေရင် စိတ်သက်သာရာရပါတယ်.
နောက်ပြီး လက်တွေ့အကျဆုံးလုပ်ရပ်က ကိုယ်တိုင်မစွမ်းနိုင်သေးရင် သူများကိုထူခိုင်းလို့ရတယ်
ဒါပေမယ့် လွှတ်ချခဲ့သူကိုယ်တိုင် ပြန်ထူပေးဖို့ မျှော်လင့်ချက်လုံးဝ လုံးဝမထားပါနဲ့
အဲဒီမျှော်လင့်ချက်က ခဏခဏသတ်နေလိမ့်မယ်ဆိုတာပါပဲ..

ဒီစာဟာ ကျွန်မကိုယ်တိုင်နှလုံးသွေးနဲ့ရေးထားတာ..

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when The Fantastic Female posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.