Parrot Natural Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Parrot Natural Myanmar, Health/Beauty, No. 4(B), Tawin Street, Mayangone Twonship, Yangon.
28/07/2026
မိုးအုံ့ပြီး စိုစွတ်ထိုင်းမှိုင်းနေတဲ့ ရာသီမှာ တစ်နေ့တာလုံး နေရထိုင်ရတာ မရွှင်မလန်း ဖြစ်နေရပြီလား🌧️
အပြင်ကပြန်လာရင်လည်း မိုးရေကြောင့် အသားအရေ ယားယံတာမျိုး မဖြစ်ရအောင် အမြဲ Fresh ဖြစ်ပြီး မွှေးပျံ့နေစေမယ့် နည်းလမ်း (၃) ခု ကို မျှဝေပေးချင်ပါတယ်နော်
🧼 နေ့စဉ် ပုံမှန်ရေချိုးပါ
မိုးမိလို့ပဲဖြစ်ဖြစ်၊ အပြင်ကပြန်လာလို့ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပေါ်က အညစ်အကြေးနဲ့ ချွေးတွေကို အချိန်မဆွဲဘဲ ချက်ချင်း စင်ကြယ်အောင် ရေချိုးသန့်စင်ပေးဖို့ လိုအပ်ပါတယ်။
🧼 သန့်ရှင်းမှုကို ဂရုစိုက်ပါ
စိုစွတ်တဲ့ရာသီဥတုကြောင့် အဝတ်အစားတွေ သေချာမခြောက်ရင် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ ဒါကြောင့် အဝတ်အစားတွေကို သေချာခြောက်အောင် လှန်းပြီးမှ ဝတ်ဆင်ပါ။
🧼 စွဲမက်စရာ မွှေးရနံ့ကို ရွေးချယ်ပါ
စိတ်ကြည်လင်လန်းဆန်းဖို့ဆိုရင် အနံ့အာရုံက အရေးကြီးဆုံးပါပဲ။ ရေချိုးတဲ့အခါ တစ်ကိုယ်လုံးကို သင်းပျံ့တဲ့ ပန်းရနံ့တွေနဲ့ လွှမ်းခြုံထားနိုင်ဖို့ လိုပါတယ်။
မိုးရာသီရဲ့ ထိုင်းမှိုင်းမှုတွေကို ချက်ချင်းမောင်းထုတ်ဖို့ဆိုရင်တော့ Parrot ဆပ်ပြာလေးနဲ့ ရေချိုးလိုက်ရုံပါပဲနော်။ Parrot ထူးခြားဆန်းသစ်ပြီး နက်ရှိုင်းတဲ့ ပန်းရနံ့တွေက ရေချိုးပြီးတာတောင် အသားအရေပေါ်မှာ ရေမွှေးဆွတ်ထားသလို ရနံ့စွဲကျန်ရစ်စေမှာပါ။
အသားအရေကို အညစ်အကြေးကင်းစင်စေပြီး တစ်နေ့လုံး စေးကပ်မှုမရှိဘဲ ပေါ့ပါးလန်းဆန်းတဲ့ Feeling ကို အပြည့်အဝ ပေးစွမ်းနိုင်လို့ မိုးရာသီရဲ့ မရှိမဖြစ် Skin Companion လေးပဲပေါ့ 🥰🦜
#ဆပ်ပြာ
ဒီနေ့အတွက် ကိုယ့်ရဲ့ ရနံ့လေးက ဘာဖြစ်မလဲ? 🦜✨
မနက်ခင်း ရေချိုးခန်းဝင်တဲ့အခါ ဘယ် Parrot လေးကို ကိုင်ရမလဲ ဇဝေဇဝါ ဖြစ်နေရင်... အခု Video လေးကို Pause လုပ်ပြီး ကျရာရနံ့လေးနဲ့ပဲ ဒီနေ့တစ်နေ့တာကို စတင်လိုက်ရအောင် 😉
သဘာဝပန်းရနံ့တွေနဲ့ တစ်ကိုယ်လုံး မွှေးပျံ့အေးမြသွားစေမယ့် Parrot Soap က တစ်နေ့တာလုံး စိတ်အမောပြေပြီး Fresh ဖြစ်နေစေမှာ အသေအချာပါပဲ။
#ဆပ်ပြာ
24/07/2026
တစ်နေကုန် ပင်ပန်းသမျှတွေ၊ စိတ်ရှုပ်စရာတွေကို Parrot ဆပ်ပြာမွှေးမွှေးလေးနဲ့ အမြှုပ်တဖွားဖွား တိုက်ချပစ်လိုက်ရတာ တကယ့် Relaxation ပဲ မဟုတ်လား..?
ရေချိုးပြီးရင်လည်း အသားအရေလေးက အိအိညက်ညက်လေးနဲ့ မွှေးကြိုင်နေတော့ အရမ်းကိုသဘောကျစရာပေါ့ 🥰
ဒီနေ့တော့ လက်တို့ပြီး မေးကြည့်ချင်လို့... 👀
Parrot ရဲ့ ရနံ့စုံထဲမှာ အကြိုက်ဆုံးနဲ့ အမြဲတမ်း ဆောင်ထားဖြစ်တဲ့ အရောင်လေးက ဘာအရောင်လဲ...?
💚 အမြဲ Fresh ဖြစ်ပြီး ဂန္ထဝင်ဆန်တဲ့ အစိမ်းရောင်လား..?
💗 စိတ်ကူးယဉ်ဆန်ဆန် မွှေးမွှေးအိအိ ပန်းရောင်လေးလား..?
💜 ဒါမှမဟုတ် တခြားအကြိုက်ဆုံး အရောင်လေးတွေ ရှိလား...?
Comment မှာ ကိုယ်အကြိုက်ဆုံး Parrot အရောင်လေးကို မျှဝေပေးခဲ့ဦးနော်👇
#ဆပ်ပြာ
23/07/2026
မနက်ခင်းအိပ်ရာထတဲ့အခါ ဒါမှမဟုတ် တစ်နေ့တာလုံး အလုပ်တွေပြီးတဲ့အခါ ရေချိုးခန်းထဲဝင်လိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့ Feeling ချင်း မတူကြဘူးမလား😉
ဒီနေ့ စိတ်အခြေအနေအလိုက် ကိုယ့်ကို Fresh ဖြစ်သွားစေဖို့ လိုအပ်တဲ့ Parrot ရဲ့ ရနံ့လေးတွေကို ရွေးချယ်လိုက်ရအောင်👇
⚡️ Productive ဖြစ်နေတယ် - အလုပ်တွေအများကြီး ပြီးမြောက်ဖို့ Energy အပြည့်နဲ့ တက်ကြွနေတဲ့နေ့မျိုးဆိုရင်တော့ သဘာဝအတိုင်း အေးမြလန်းဆန်းစေမယ့် Parrot Botanicals လေးနဲ့ ရေချိုးပြီး စိတ်ရောလူပါ ပေါ့ပါးလန်းဆန်းအောင် ပြင်ဆင်လိုက်ပါ။
🛋 Comfort Mood ဖြစ်နေတယ် - အိမ်မှာပဲ အေးအေးဆေးဆေး နားနားနေနေနဲ့ Relax ဖြစ်ချင်တယ်ဆိုရင်တော့ စိတ်ကို တည်ငြိမ်ပြီး သက်သောင့်သက်သာဖြစ်စေမယ့် Parrot Jasmine လေးက အကောင်းဆုံး အဖော်မွန်ပေါ့။
🔥 Energetic ဖြစ်နေတယ် - Gym ဆော့မယ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်၊ Active ဖြစ်ဖြစ် လှုပ်ရှားချင်တယ်ဆိုရင်တော့ တစ်နေ့တာလုံး အနံ့မွှေးမွှေးလေးနဲ့ ယုံကြည်မှု တိုးစေမယ့် Parrot Wild Orchids ရနံ့လေးကို ရွေးချယ်ပါနော်
🌹 Romantic Feeling လေးဖြစ်နေတယ် - Date night ရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် ပိုပြီး ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေချင်တဲ့နေ့မျိုးဆိုရင်တော့ Sweet & Elegant ဖြစ်တဲ့ Parrot Rose နဲ့ ရေချိုးလိုက်ရုံပဲနော်
ကဲ... ဒီနေ့ စိတ်အခြေအနေလေးက ဘယ်လိုဖြစ်နေလဲ? Comments မှာ ကိုယ့် Mood လေးတွေကို ချန်ခဲ့ပေးဦးနော်💬
#ဆပ်ပြာ
17/07/2026
တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်လာသမျှကို အချိန်ခဏပေးပြီး Parrot နဲ့အတူ Relax လုပ်လိုက်ပါနော် 💆♀️🫧
Parrot ဆပ်ပြာက သာမန်သန့်စင်ပေးတဲ့ ဆပ်ပြာတစ်တုံးထက် ပိုပါတယ်။
🧼အသားအရေကို နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးရုံတင်မကဘဲ စိတ်အပန်းပြေစေမယ့် ရနံ့သင်းသင်းလေးနဲ့
🧼 နူးညံ့တဲ့ အမြှုပ်လေးတွေကြောင့် ရေချိုးရတဲ့အချိန်တိုင်းက Spatime လေးတစ်ခုလို ဖြစ်နေမှာပါ။
ဒီနေ့ကစပြီး Parrot လေးနဲ့အတူ ကိုယ့်ရဲ့ ခန္ဓာနဲ့ စိတ်အမောတွေကို သေချာအနားပေးလိုက်ရအောင် 🕊️💚
#ဆပ်ပြာ
15/07/2026
🌸 မောပန်းနေတဲ့အခါ... လန်းဆန်းမှုတွေကို အပြည့်အဝ ပြန်ရဖို့ Parrot ရှိတယ်နော်
Parrot ရဲ့ သဘာဝပန်းရနံ့ သင်းသင်းလေးတွေနဲ့ ရေချိုးလိုက်တာနဲ့ စိတ်ကို ချက်ချင်း ကြည်လင်လန်းဆန်းသွားစေမှာပါ✨
တစ်နေ့တာလုံး ကပ်ငြိလာတဲ့ အညစ်အကြေးတွေကို စင်ကြယ်စေပြီး တကယ့်ကို "Fresh Feeling" အပြည့်အဝနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ပေးစွမ်းနိုင်ပါတယ်။
သန့်ရှင်းကျန်းမာပြီး မွှေးပျံ့လန်းဆန်းတဲ့ နေ့ရက်တိုင်းအတွက် Parrot နဲ့ အတူတူ ရေချိုးလိုက်ရအောင်နော်🛁🍃
#ဆပ်ပြာ
13/07/2026
နေ့တိုင်း ရေချိုးနေပေမယ့် နည်းစနစ်မှန်မှန် ရေချိုးဖြစ်ရဲ့လား...?
အသားအရေ ကျန်းမာစိုပြေဖို့အတွက် ရေချိုးတဲ့အခါ ဒါလေးတွေကို သတိပြုရအောင်နော် 🚿
🧼 ရေချိုးချိန်ကို ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်းပဲ ထားပါ။ ရေထဲမှာ အကြာကြီး စိမ်နေတာက အသားအရေမှာရှိတဲ့ သဘာဝအစိုဓာတ်တွေကို ခမ်းခြောက်စေလို့ (၅) မိနစ်ကနေ (၁၀) မိနစ်ဆို လုံလောက်ပါပြီ။
🧼 အသားခြောက်စေမယ့် ဆပ်ပြာအပြင်းစားတွေ ရှောင်ပါ။ အယ်လ်ကာလီဓာတ် အရမ်းများတဲ့ ဆပ်ပြာတွေက အသားအရေကို ကြမ်းတမ်းစေလို့ အသားအရေအတွက် နူးညံ့ပြီး စိတ်ချရတဲ့ ဆပ်ပြာမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။
🧼 ရေချိုးပြီးပြီးချင်း ခန္ဓာကိုယ်ပေါ်မှာ ရေစက်တွေ ဒီအတိုင်း အငွေ့ပျံသွားတာက အသားခြောက်နိုင်ခြေကို ပိုများစေပါတယ်။ ဒါကြောင့် နူးညံ့တဲ့ တဘက်လေးနဲ့ ခပ်ဖွဖွ ခြောက်အောင် သုတ်ပေးဖို့ မမေ့နဲ့နော်။
နည်းလမ်းကောင်းလေးတွေ သိပြီဆိုတော့ ဒီနေ့ကစပြီး အသားအရေလေး လှပဖို့ နည်းစနစ်မှန်မှန် ရေချိုးကြစို့ 💦♥️
#ဆပ်ပြာ
09/07/2026
July လထဲမှာ ကိုယ့်ရဲ့အချစ်ရေးက ဘာတွေဖြစ်လာမလဲ 🫣✨
ဒီလထဲမှာ ကြုံတွေ့ရမယ့် အချစ်ရေးအခြေအနေကို သိရအောင် Parrot ကနေ "Pick a Pile" လေး လုပ်ပေးထားတယ်နော်။
ပုံထဲက ဆပ်ပြာတုံးလေးတွေထဲက ကိုယ်အကြိုက်ဆုံး တစ်တုံးကို ရွေးပြီးအဖြေကို အောက်မှာ ကြည့်လို့ရတယ်နော် 👇
🌸 Pile 1
ဒီလထဲမှာ Crush နဲ့ ပိုပြီး ရင်းနှီးခွင့်ရမယ့် လလေးပါ။ ကိုယ်က အရင်စကားမပြောရဲရင်တောင် သူက ကိုယ့်ကို လာစကားပြောတာမျိုး ကြုံရတတ်လို့ ရင်ခုန်ဖို့သာ ပြင်ထားတော့နော်။
🍃Pile 2
In a Relationship သမားတွေအတွက် တစ်ယောက်ကိုတစ်ယောက် ပိုနားလည်ပြီး ချိုမြိန်မယ့် လလေးပါ။ အထင်လွဲစရာလေးတွေ ရှိခဲ့ရင်တောင် အေးအေးဆေးဆေး ဖြေရှင်းနိုင်သွားပါလိမ့်မယ်။
🪵Pile 3
Single လေးတွေဆိုရင် ဒီလက ကိုယ့်ကိုယ်ကို ပိုချစ်ရမယ့်လပါ။ Crush ရှိတဲ့သူနဲ့ Relationship သမားလေးတွေကတော့ ပုံမှန်အတိုင်းလေး ဆက်ရှိနေပါဦးမယ်။
ဆပ်ပြာတုံးလေးတွေ ရွေးပြီးပြီဆိုရင် ကိုယ်ရွေးထားတဲ့ Pile လေးကို comment မှာ မန့်ခဲ့ကြဦးနော်🥰♥️
#အချစ်ရေး #ဆပ်ပြာ
29/06/2026
ရေမွှေးတွေ အထပ်ထပ် ဆွတ်စရာမလိုဘဲ ရေချိုးရုံရုံနဲ့ တစ်နေ့တာလုံး အမွှေးနံ့သာ သင်းပျံ့နေဖို့ လျှို့ဝှက်ချက်ကို သိကြလား🤫
🫧အဲဒါကတော့ Parrot ဆပ်ပြာတွေရဲ့ ပြိုင်ဘက်ကင်းတဲ့ ပြင်သစ်ရေမွှေးရနံ့အစွမ်းပဲ ဖြစ်ပါတယ်။
မိုးရာသီရဲ့ အနံ့အသက်မကောင်းမှုတွေကို တိုက်ဖျက်ပေးပြီး ခန္ဓာကိုယ်ကို ဇိမ်ခံ Spaမှာ ရေချိုးလိုက်ရသလို လန်းဆန်းမွှေးကြိုင် စိုပြေစေပါတယ်။
ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတိုင်းမှာ မွှေးပျံ့နေဖို့ Parrot ကို သတိရလိုက်ပါနော်💚
29/06/2026
မင်္ဂလာပါရှင့်
🌕 ပျော်ရွှင်စရာ ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။ 🙏
မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ မိသားစုအားလုံးနှင့်အတူ အေးချမ်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Parrot Natural Myanmar မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
#ပထမဝါဆိုလပြည့်နေ့ #ဆပ်ပြာ #ဆုတောင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 4(B), Tawin Street, Mayangone Twonship
Yangon
11061
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |