Akyinnar Medical Service
Hello. Warmly welcome from Akyinnar Medical Service. May I help you please..
မဂ်လာပါ...
သူငယ်ချင်း မိတ်ဆွေ တို့ရဲ့ ကျန်းမာရေး ဆိုင်ရာ ကိစ္စ များအတွက် ကျွန်တော်တို့ "အကြင်နာ" ရွေ့လျား ကျန်းမာရေး ဝန်ဆောင်မှု (Akyinnar Medical Service) မှ တာဝန်ယူ ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် မိတ်ဆက် ပေးပါရစေ...
"အကြင်နာ" ရွေ့လျား ကျန်းမာရေးဝန်ဆောင်မှု မှ နေ့စဥ် ပိတ်ရက် မရှိ ရုံးချိန် နံနက် (၇:၀၀) နာရီ မှ ည (၇:၀၀) နာရီ အတွင်း သင့်တင့်မျှတ သက်သာ သော စျေးနှုန်းထားများဖြင့် ***(အမှန်တကယ်ဆင်းရဲချို့တဲ့ သော လူနာများ အတွက် ပရဟိတ/ စရိတ်မျှပေးအစီအစဥ်လဲရှိပါသည်)*** ရရှိနိုင်သော ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...
(၁) ။ ကျွမ်းကျင်ဆရာဝန်များဖြင့် လူမှုကွန်ယက်အွန်လိုင်းပေါ်မှ ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှု (Telemedicine Consultation)
(၂) ။ ကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဖက်အကူများ နှင့်ဖွဲ့စည်းထားသော Medical Team ဖြင့် ရွေ့လျားဆေးကုခန်း ဝန်ဆောင်မှု (Mobile Medical Service / Home Medical Service)
(၃) ။ ရွေ့လျားဓါတ်ခွဲခန်း ဝန်ဆောင်မှု (Mobile Laboratory Service)
(၄) ။ ရွေ့လျား အာထရာဆောင်း (Ultrasound) နှင့် ECG စက်ဝန်ဆောင်မှု (Mobile Ultrasound & ECG Service)
(၅) ။ သူနာပြုဝန်ဆောင်မှု (Special Nurse Service)
(၆) ။ ဆေးရုံကားဝန်ဆောင်မှု (Ambulance Service)
(၇) ။ အနီးကပ်လိုက်ပါ ကျန်းမာရေးဝန်ဆောင်မှု (Medical Cover Service)
(၈) ။ အရေးပေါ်ရှေးဦးသူနာပြု နှင့် အသက်ကယ်ပညာသင်တန်း ဝန်ဆောင်မှု (Emergency Basic & Advanced First Aid Training Service)
(၉) ။ ရွေ့လျားဆေးဆိုင်ဝန်ဆောင်မှု (Mobile Pharmacy Service)
(၁၀) ။ လုပ်ငန်းခွင်ကျန်းမာရေး ဝန်ဆောင်မှု (Occupational Medical Service)
(၁၁) ။ ရွေ့လျားဇီဝကမ္မဗေဒ လေ့ကျင့်ခန်း ဝန်ဆောင်မှု (Mobile Physiotherapy Exercise Service)
(၁၂) ။ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု နှင့် သင်ကြားရေး စက်ပစ္စည်းများ ငှားရမ်းခြင်းဝန်ဆောင်မှု (Medical Equipment Rental Service)
(၁၃) ။ လစဥ်/နှစ်စဥ် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှု (Annual Medical Check Up Service)
(၁၄) ။ ရွေ့လျား ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှု (Mobile Vaccination Service)
ကျွန်တော် တို့ "အကြင်နာ" ရွေ့လျား ကျန်းမာရေး ဝန်ဆောင်မှု နှင့် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက် လိုသော အခြားပြင်ပကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ ဆေးကုမ္ပဏီများ၊ ဓါတ်ခွဲခန်းများ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့များ အားလုံးကို နွေးထွေးပျူငှာလှိုက်လှဲစွာ ဖိတ်ခေါ်ကြိုဆိုပါရစေ...
အချိန်မကုန်စေပဲ ကျန်းမာရေးကိစ္စများ အတွက် ကျွန်တော်တို့ရဲ့ "အကြင်နာ" ရွေ့လျားကျန်းမာရေး ဝန်ဆောင်မှု ကို ဖုန်းလေးတစ်ချက် ဖြင့် "Hello" လေးသာ လုပ်လိုက်ပါ...
ဖုန်း - 09445635633 ၊ 09268272610 ၊ 09429113653 ၊ 09889885670 ၊ 09969855979
Viber - 09445635633
Email - [email protected]
Facebook - www.facebook.com/AkyinnarMedicalService
မှတ်ချက် - လတ်တလောအခြေအနေများအရ နေ့စဥ် ပိတ်ရက် မရှိ ရုံးချိန် နံနက် (၇:၀၀) နာရီ မှ ည (၇:၀၀) နာရီ အတွင်း ဆက်သွယ်လို့ရပါတယ်...
မှတ်ချက် - လတ်တလော ဝန်ဆောင်မှုများ အား ရန်ကုန်မြို့တော်ဧရိယာနယ်နိမိတ် အတွင်း ၊ လှည်းကူးမြို့နယ် ၊ သန်လျင်မြို့နယ် နှင့် အင်းတကော်မြို့နယ် အနီးတစ်ဝိုက်သာ ရရှိနိုင်ပါသေး ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေး ကြေငြာပါရစေ...
မှတ်ချက် - အမှန်တကယ် ဆင်းရဲချို့တဲ့သူ လူနာများအတွက် ပရဟိတ / စရိတ်မျှပေးအစီအစဥ်များလဲ ရှိပါတယ်...
အားလုံးကို ကျေးဇူးတင်ပါတယ်...
🌻 အားလုံးပဲ မဂ်လာပါရှင်...🙏🙏🙏
ကိုဗစ် ကာလ Stay at home နေစဉ် အပြင်ထွက်ဖို့
စိုးရိမ်ထိတ်လန့်နေရုံ မျှမက. ဆေးရုံ ဆေးခန်း တို့ကို
လဲ လူကိုယ်တိုင် မလာရောက်ချင်သေးတဲ့ ပြည်တွင်း ပြည်ပ အနယ်နယ် အရပ်ရပ် မှ လူကြီးမင်း တို့ရဲ့
အထွေထွေကျန်းမာရေးကိစ္စရပ် အဝဝ ကို
အိမ်မှာနေရင်းနဲ့ပင် တိုင်ပင်ဆွေးနွေးကုသမှု ခံယူလိုပါသလား??? 🤔🤔🤔
အဆိုပါ 👉 " လေလှိုင်းကြားက ဆေးကုမယ် " 👈
အစီအစဉ်လေး ကို စိတ်ပါဝင်စားတယ် ဆိုရင်တော့
ဖြင့် ဒီက 💕"အကြင်နာ ဆေးကုခန်း နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း" 💞 မှ
ဆေးကုသမှု သက်တမ်း (5) နှစ်ကျော် ရှိပြီးတော့
နယ်လှည့် ဆေးကုသမှု နှင့် အရေးပေါ်ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းများ မှာ အတွေ့အကြုံများစွာ ရှိ
ထားတဲ့ ကျွမ်းကျင် ဆရာဝန် မှ လူကြီးမင်း တို့ရဲ့
အထွေထွေကျန်းမာရေး ဆိုင်ရာ ကိစ္စ အဝဝ ကို
အပြင်မှာ လူချင်းတွေ့နေရသလို Online လေလှိုင်း
ပေါ်ကနေ Video Call ဖြင့် ချိတ်ဆက်ခေါ်ဆိုကာ
ဆွေးနွေးတိုင်ပင် ကုသမှု ပေးသွားမှာပဲ ဖြစ်ပါတယ်.✌️
စိတ်ပါဝင်စား၍ လူကြီးမင်းတို့ရဲ့ အထွေထွေကျန်းမာရေး
ကိစ္စများ ကို တိုင်ပင် ဆွေးနွေးလိုပါက. ,
👉 နေ့စဉ် နံနက် (9:00) နာရီ မှ ည (9:00) နာရီ အတွင်း👈
ကြိုတင် အမည်စာရင်းပေးသွင်း ကာ ဆေးကုသမှု
ဝန်ဆောင်ခ ( Medical Consultation Charges )
အဖြစ် တစ်ကြိမ်လျှင် (3000)ကျပ် နှုန်းဖြင့်
Wave Account အောက်ပါ ဖုန်းနံပါတ်
09429113653 သို့ ဆက်သွယ် စုံစမ်းမေးမြန်း
စာရင်းပေးသွင်း Appointment ယူ ကာ ဆွေးနွေး
တိုင်ပင် နိုင်ပါသည်...👍👍👍
ကုသမှုပေးမည့် ဆရာဝန် 🧑⚕️
--------------------------------------
Dr. Shinn Thant
M.B;B.S (Ygn.) , DBM
Cert. First Aid Trainer
Medical Director (Akyinnar Medical Service)
Medical Consultant (Myanmar Rescue Organization - Yangon Region)
မှတ်ချက် - လိုအပ်သောဆေးဝါးများ ၊ ဓါတ်ခွဲသွေးစစ်ဆေးမှုများ၊ ဓါတ်မှန်ရိုက်ခြင်း များ လိုအပ်ပါက ဆရာဝန်၏ လမ်းညွှန်မှု ဖြင့် မိမိတို့ နီးစပ်ရာ ဆေးရုံများတွင် ပြုလုပ်ရမည် ဖြစ်သည်။
ကျေးဇူးတင်ပါတယ် ရှင် 🥰
မဂ်လာ ရှိသော ည ချမ်းလေး ဖြစ်ပါစေ ရှင် 🙏🙏🙏
Akyinnar Medical Service Send a message to learn more
30/10/2020
သီတင်း ကျွတ် အခါ သမယ လေး မှာ ၇ရက် သား/သမီး များ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ခြင်းများ နဲ့ ပြည့်စုံပြီး စီးပွားရေးများ အမြန်ဆုံး ပြန်လည် အဆင်ပြေ တိုးတက် အောင်မြင်ပြီး နှလုံး စိတ်ဝမ်းအေးချမ်းကာ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ ရှင် 🙏🙏🙏
ကပ်ရောဂါဆိုးကြီး မှ အားလုံးကင်ဆင်ပီး ပြုံးပျော်ကြည်နူး ဝမ်းသာ ကြပါစေ 🙏🙏🙏🕯️🕯️🕯️
credit
🇷🇺 #ရုရှားကိုဗစ်ကာကွယ်ဆေး (Gam-COVID-Vac)
▪️ရုရှားဂြိုလ်တု Sputnik V ရဲ့အမည်ကို romanized လုပ်ပြီးပေးထားတဲ့ ဆေးနာမည်ဖြစ်တယ်။
▪️ဩဂတ်စ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ပထမဆုံး Covid ကာကွယ်ဆေးအနေနဲ့ ရုရှားမှာ သူ့ဘာသာသူ လက်ဦးမှုယူပြီးအတင်းမှတ်ပုံတင်ချလိုက်တယ်။
ပြဿနာက Covid-19 ကို #တကယ်စိတ်ချရလောက်အောင်ကာကွယ်ပေးမယ့်ဆေးဟုတ်သလား ဆိုတာပါပဲ။⁉️
▪️ဩဂတ်စ်လ ၈ ရက်နေ့အထိ လောက်လောက်လားလား သိပ္ပံနည်းကျသုသေသနပြုထားတဲ့ report ထွက်လာမှုမရှိသေးတာပဲ။
👉 ပထမရတယ်ကြေညာပြီးတော့ ရီပို့ကဒ်တောင်းကြည့်တော့ မပြနိုင်ဘူးဖြစ်နေတယ်။
ကမ္ဘာ့သိပ္ပံပညာရှင်တွေက ဒီရုရှားကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယုံကြည်ဖို့ခက်ခဲကြောင်း ပြောကြတော့...
ရုရှားကျန်းမာရေးဝန်ကြီးက ဒီနေ့ပဲ အဲ့လိုပြောတာတွေက အခြေအမြစ်မရှိပါဘူးတဲ့။
ရုရှားသမ္မတ ပူတင်က ဒီကာကွယ်ဆေးက လိုအပ်တာတွေပြည်စုံပါတယ်တဲ့။ သူ့သမီးတောင် အဲ့ဆေးထိုးထားပြီးပြီတဲ့။
အဲ့ဒီဆေးကို လိုချင်လို့ကမ်းလှမ်းနေတဲ့ နိုင်ငံတွေရှိနေပါတယ်တဲ့။
WHO ကတော့ ရုရှားတာဝန်ရှိသူတွေနဲ့ ဒီဆေးကို လေ့လာကြည့်ဖို့ ပြောဆိုနေပါတယ်တဲ့။
#ပညာရှင်တွေကဘာလို့အယုံအကြည်မရှိတာလဲ⁉️
အခုထိ နောက်ဆုံး phase 3 ကို #လူများများနဲ့စမ်းသပ်နေတဲ့ ကာကွယ်ဆေး ၆ မျိုးမှာမပါဝင်ခဲ့ဘူး။
🇩🇪 ဂျာမန်ကျန်းမာရေးဝန်ကြီးက အပြတ်ပြောလိုက်တယ်။ အဲ့ဒီ ရုရှားကာကွယ်ဆေးက သေသေချာချာစမ်းသပ်မှုကို မလုပ်ရသေးဘူးတဲ့။
👉 သေသေချာချာမစမ်းသပ်ရသေးတဲ့ကာကွယ်ဆေးကို လူသန်းနဲ့ချီထိုးပေးမှာ #အလွန်အန္တရာယ်များပါသတဲ့။
👉 ဆေးက ပြဿနာရှိရင်လည်း လူတွေဒုက္ခရောက်သွားနိုင်သလို၊
👉 လုံးဝမစွမ်းတဲ့ မိုးရေသာသာဆေးကို ယုံကြည်စိတ်ချစွာထိုးထားပြီး Covid လူနာတွေနဲ့ စိတ်ချစွာထိတွေ့ဆက်ဆံမိခဲ့ရင်လည်း အလွန်အန္တရာယ်ကြီးနိုင်ပါတယ်။
🇩🇪 ဂျာမန်ကျန်းမာရေးဝန်ကြီးပြောတာ ရှင်းပါတယ်။
ပထမဆုံးဆိုတာတွေက အဓိကမဟုတ်ပါဘူး တကယ်အန္တရာယ်ကင်းမကင်းကသာ အဓိကဖြစ်ပါတယ်တဲ့။
"It is not about being first somehow... it is about having a safe vaccine." တဲ့။
ထို့အတူပဲ အထင်ကရပုဂ္ဂိုလ်အတော်များများက ယုံကြည်ရခက်ကြောင်းထုတ်ပြောလာကြတယ်။
ဖိလစ်ပိုင်က ဒူတာတေးလိုလူမျိုးကတော့ သူကိုယ်တိုင်စမ်းကြည့်ချင်ပါတယ်တဲ့။
#ရုရှားကာကွယ်ဆေးကဘာနဲ့လုပ်ထားသလဲ⁉️
ရိုးရိုးတုပ်ကွေးဗိုင်းရပ်စ်ကို Covid ဗိုင်းရပ်စ်ရဲ့ Spike ပရိုတိန်းတွေထည့်ပေးထားပြီး လူရဲ့ ကိုယ်ခံအားကိုနှိုးဆွယူတာဖြစ်ပါတယ်။
နိုင်ငံတကာဆေးကုမ္ပဏီကြီးတွေက ရုရှားအစိုးရကို မှတ်ပုံတင်မှုမပြုခင်မှာ #အောင်မြင်တဲ့ phase 3 စမ်းသပ်မှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
#ဘာဖြစ်လို့လဲ⁉️
ဘယ်လောက်ပဲအစပိုင်းစမ်းသပ်မှုမှာအခြေအနေကောင်းနေတဲ့ဆေးဖြစ်ဖြစ် phase 3 ကိုအောင်မြင်ဖို့ အခွင့်အရေး ၄၀ ရာနှုန်းပဲရှိလို့ ဖြစ်ပါတယ်။
#တကယ်စိတ်ချရတဲ့ Covid ကာကွယ်ဆေးတစ်မျိုးမျိုး ထွက်ပေါ်ပါ့မလားဆိုတာ အားလုံးကစိုးရိမ်နေဆဲဖြစ်ပါတယ်။
Phase 3 ကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခံရဲမှသာလျှင် တကယ်စိတ်ချရပြီး အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
တကယ်စွမ်းမစွမ်း စောင့်ကြည့်ကြဖို့လိုပါကြောင်း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
(ကျနော်ရေးခဲ့သမျှ အားလုံးဖတ်ရစေရန် copy ကူးသူများ profile link ပါထည့်ကူးပေးရန် မေတ္တာရပ်ခံပါတယ်။)
Richard Myo Thant
12-Aug-2020
Richard Myo Thant Third Eye for Third Door
Credit
03/08/2020
Night view of Akyinnar Clinic
03/08/2020
(02-08-2020) (တနဂ်နွေနေ့) နံနက် 8:00 နာရီ မှာ "အကြင်နာ" ဆေးကုခန်း နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ရဲ့ ဝါဆိုသက်န်းကပ်လှူပူဇော်ပွဲ နှင့် ဆေးခန်းအသစ် မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း အမှတ်တရ ပုံရိပ်များ...
02/08/2020
အကြင်နာ ဆေးကုခန်း နှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း မှ လှိုက်လှဲစွာကြိုဆိုပါတယ် ရှင်..
31/07/2020
မဂ်လာပါ...
"အကြင်နာ" ဆေးကုခန်း နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ၏ ဝါဆိုသက်န်း ကပ်လှူပူဇော်ပွဲ နှင့် ဆေးခန်းသစ် မိတ်ဆက်ပွဲ ကို အောက်ပါ အစီအစဥ် အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အစီအစဥ်။
-----------------
နေ့ရက် - 02/08/2020 (တနဂ်နွေနေ့)။
အချိန် - နံနက် 7:00 နာရီ မှ နံနက် 11:00 နာရီ အထိ။
နေရာ - "အကြင်နာ" ဆေးကုခန်း
{အမှတ် (ခ/10) ၊ မြေညီထပ်၊ သမိုင်းမြို့သစ် (2) လမ်း၊ ဗဟိုလမ်းအနီး၊ (1) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။}
နံနက်စာ အုန်းနို့ခေါက်ဆွဲ ၊ မုန့် နှင့် ကော်ဖီ တို့ဖြင့် တည်ခင်းဧည့်ခံပါမည်။
30/07/2020
နေထိုင်မှု ပုံစံ အသစ်..
New Normal..
ဒါတွေ လုပ်လို့ ပါးစပ်ကပဲ ပြောပြ မနေပါနဲ့..
သင်ကိုယ်တိုင် လုပ်ပြပါ..
COVID-19 ရောဂါ မိမိ ကစ ကာကွယ်ပါ..
Credit: WHO Myanmar
28/07/2020
ယနေ့ "အကြင်နာ" ဆေးခန်း ဆိုင်းဘုတ် တင်အပြီး..
မကြာခင် ဆေးခန်း တရားဝင် ဖွင့်လှစ်မည့် နေ့ရက်အား အသိပေး ကြေငြာသွားမှာ ဖြစ်ပါတယ်..
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (B/10), Ground Floor, Thamine Myo Thit 2nd Street, Near Baho Road, 1st Quarter, Mayangone Township
Yangon
11061
Opening Hours
| Monday | 18:00 - 23:00 |
| Tuesday | 18:00 - 23:00 |
| Wednesday | 18:00 - 23:00 |
| Thursday | 18:00 - 23:00 |
| Friday | 18:00 - 23:00 |
| Saturday | 16:00 - 23:00 |
| Sunday | 09:00 - 12:00 |
| 15:00 - 23:00 |