Glow in U
Korea Direct Cosmetics/Skin care များကိုဈေးမှန် ပစ္စည်းမှန်ဖြင့် လက်လီလက်ကား ရောင်းချပေးပါတယ်ရှင့်
28/11/2023
#ကုန်
1+1 Sales ချတုန်းကဝယ်ထားတယ့်ထဲက ပစ္စည်းရှင်းရင်း နည်းနည်းထွက်လာလို့ instock ရအုံးမယ်နော် Numbuzin Calming Water sunscreen လေး
19/11/2023
ုန်
ဘာစားစားမပျက်ဘူးဆိုပြီး နာမည်ကြီးလာတဲ့ ..
🌷 Etude House Fixing Tint ကို လက်ကျန်ဖြတ်စျေးနဲ့ ဝယ်ယူလိုက်ပါ ! 🌷
🌹 Midnight Mauve & Smoky Cherry (Best seller & အလှဆုံးအရောင်လေး ၂ ရောင် Instock ရပါမယ်ရှင်)
💸 17,000 MMK for 1pc (Instock)
⏰ Preorder ပစ္စည်းတွေနဲ့ ပေါင်းပြီး ယူချင်လည်းရသလို လကုန်မှ ယူချင်လည်း ချန်ထားပေးပါတယ်ရှင်။
🌷 Etude House နှုတ်ခမ်းနီကိုလေ Admin တို့ တက္ကသိုလ် ပထမနှစ်လောက်ကတည်းက ဆိုးခဲ့ကြတာ။ အတွင်းသားလေး နီနီလေး ဖြစ်စေတဲ့ Dear Darling Tint တို့ ခေတ်ကတည်းက သူက နာမည်ကြီးခဲ့တာလေ။ Quality ကလည်း Korea Brand ဆိုတော့ အလှအပနဲ့ ပတ်သက်ရင် ယုံရပြီးသား။ အခုလည်း Matte တွေခေတ်စားလာတဲ့အချိန် သူထုတ်ချလိုက်တဲ့ နှုတ်ခမ်းနီလေးက Fixing Tint တဲ့။
🌷 အကောင်းဆုံးအချက်က Tint Quality ကိုမှ Matte Formula လေး ရောထားတာ။ အဲ့တော့ No Smudge ! လုံးဝ ဘာစားစားမပျက်ဘူး .. နှုတ်ခမ်းမှာ အရောင်စွဲနေတာ။ ပြီးတော့ တခြား Matte နှုတ်ခမ်းနီတွေလို တင်းတင်းခြောက်ခြောက်ကြီးနဲ့ နေရလည်း မခက်ဘူး။
🌷 Matte ဆိုတော့ဆိုးရခက်မှာလား မေးလည်း မခက်ဘူးနော်။ သူက စစဆိုးချင်း Glossy Type လေးမလို့ ကိုယ့်စိတ်တိုင်းကျ ဖြန့်ဆိုးလို့ရတယ်။ ပြီးမှ တဖြည်းဖြည်း matte သွားတာမျိုးလေး။ Cakey လည်း လုံးဝမဖြစ်တဲ့အပြင် Blurring effect ပါတော့ Lip Cracking ဖြစ်နေတာတွေကိုပါ ဖုံးပေးနိုင်တာနော်။
🌷 အရောင် (၂) ရောင် In stock ရှိမယ်နော်။ (၂) ရောင်လုံးကလေ Cafe date ကနေ Dinner date အထိ ပစ်ရက်စရာမရှိတဲ့အရောင်လေးတွေ။ တအားလှသောပဲ။ အသားဖြူတဲ့သူလေးတွေ Smoky Cherry လေး ယူကြပါ။ သိပ်သိပ်လှသော။ အညိုဆင်လေးတွေကတော့ Midnight Mauve လေးက အသားဆောင်တယ်။
တခြားမှာ ၁၉၀၀၀/၂၀၀၀၀ လောက် ရှိနေပါတယ် .. Admin ကတော့ ဒီ ၂ ရောင်ပဲ ကျန်တော့တာမလို့ လက်ကျန်ဖြတ်အနေနဲ့ အများကြီး လျှော့ပေးထားတယ်နော် 🫶🏻
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Beauty Blogger အစ်မ Chae Chae ရဲ့ Review လေးပါ ထည့်ပေးလိုက်ပါတယ်။ 👇🏻
https://m.facebook.com/story.php?story_fbid=561608828665784&id=100044500146702
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
16/11/2023
Exfoliating ရော Deep Cleansing ရော (၂) မျိုးလုံးပါတဲ့ ..
🌿 Innisfree Volcanic Clay Mask 🌿
💸 1,000 MMK for 1pc (Instock)
⏰ Preorder ပစ္စည်းတွေနဲ့ ပေါင်းပြီး ယူချင်လည်းရသလို လကုန်မှ ယူချင်လည်း ချန်ထားပေးပါတယ်ရှင်။
🌿 အပေါ်မှာရေးထားသလိုပဲ .. သူက Detoxing Effect ပါတော့ အသားအရည်ကို ချွေးပေါက်ထဲအထိ သန့်စင်ပေးနိုင်တဲ့အပြင် Exfoliation ပါ လုပ်ပေးသေးတာ။ AHA-BHA ကလည်း Dead Cell တွေနဲ့ Oil Bumps တွေကို ရှင်းလင်းပေးသေးတယ်။
🌿 Clay Mask ဆိုတော့ သူ့ထုံးစံအတိုင်း အဆီပြန်သက်သာတယ်၊ ချွေးပေါက်ကျဉ်းစေတယ်။ ဒါပေမယ့် တခြား Clay Mask နဲ့ မတူတာက ပုံမှန်ဟာတွေဆို သုံးပြီးရင် အသားက ခြောက်ခြောက် တင်းတင်းကြီး ကျန်ခဲ့တယ် မလား ? သူက အဲ့လို မကျန်ခဲ့စေဘူး PHA ပါလို့ အသားကို စိုစို အိအိလေးနဲ့ နူးနူးညံ့ညံ့လေး ဖြစ်စေတယ်။
🌿 ဘယ်လို သုံးရမလဲဆိုရင် မျက်နှာသစ်ပြီးရင် အဲ့ cream လေးကို လိမ်း .. ၅ မိနစ်လောက်ကြာရင် ရေပြန်ဆေးချပြီး Toner - Moisturizer ဆက်လိမ်းသွားရုံပဲ။ အချိန်လည်း အများကြီး မပေးရဘူး။ တအားသုံးရလွယ်တယ်။
✌🏻 တခြားမှာ 1 ထုပ်ကို (1200) နဲ့အထက် ရောင်းနေကြတာနော်။ Admin တို့ဆီမှာ (1000) တည်းနဲ့ ရမယ်ရှင်။✌🏻
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Myanmar Beauty Reviews Group ထဲက Review လေးပါ ထည့်ပေးလိုက်ပါတယ်။ 👇🏻
https://www.facebook.com/groups/487748755386722/permalink/1129720477856210/
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
16/11/2023
#အပြာsoldout
လကုန်မှ ယူလည်းရ / Preorder ပစ္စည်းတွေနဲ့ ပေါင်းယူလည်းရတဲ့ ..
🌸 Clean it zero cleansing balm | In stock Sales 🌸
📌 Cleansing Balm Original (Pink)
25ml - 12,000
50ml- 23,000
🔗 https://www.facebook.com/100076028093126/posts/190102723533996/
📌 Cleansing Balm Pore Clarifying (Green)
100ml -33,000
🔗 https://www.facebook.com/100076028093126/posts/196783149532620/
📌 Cleansing Balm Clarifying (Purple)
100ml -33,000
🔗 https://www.facebook.com/100076028093126/posts/199028005974801/
14/11/2023
#ကုန်
အသား ဖြူဖြူ၊ ညိုညို လိမ်းရအဆင်ပြေစေမယ့် ..
🌻 Klairs BB cream ကို လက်ကျန်ဖြတ်စျေးနဲ့ ဝယ်ယူလိုက်ပါ ! 🌻
💸 34,000 MMK (In Stock)
⏰ Preorder ပစ္စည်းတွေနဲ့ ပေါင်းပြီး ယူချင်လည်းရသလို လကုန်မှ ယူချင်လည်း ချန်ထားပေးပါတယ်ရှင်။
☁️ ဒါလေးကလေ ထွက်တာလည်း ကြာနေပြီ။ ဒါပေမယ့် သူထွက်လာတဲ့ အချိန်တုန်းက Full Make Up Look တွေ တအားခေတ်စားနေတော့ သိပ်ပြီး လူပြောမများကြသေးဘူး။ ဒါပေမယ့် နောက်ပိုင်း Clear and Glow Look ကလေးတွေ Hit ဖြစ်လာကြတော့ ဒါလေးက လိမ်းကို လိမ်းသင့်တဲ့ ပစ္စည်းလေး ဖြစ်လာပါရော။
☁️ Admin လည်း အခုရက်ပိုင်းမှ ဒါလေး စသုံးဖြစ်တာ။ Admin က အသားညိုပါတယ်။ အဝါဖောက်ညိုတာပေါ့။ Foundation တအားရွေးရတာ။ အဲ့တော့ သူကလည်း တစ်ရောင်တည်းလာတာ .. အဆင်ပြေပါ့မလားဆိုပြီး ချီတုန်ချတုန်နဲ့ ဝယ်လိုက်ရပါရော။ ရောက်လာတော့ နေ့တိုင်း မနက်တိုင်း လိမ်းချင်နေတဲ့အထိ ဖြစ်ရပါတယ်။
☁️ သူက စစလိမ်းချင်း ခဏတော့ ပြာတယ် ထင်ရလိမ့်မယ်။ ၅ မိနစ်ပဲ။ နောက်လုံးဝ အသားနဲ့ တစ်ထပ်တည်းဖြစ်သွားပြီး “My Skin But Better” ပုံစံလေး ဖြစ်သွားတာကွယ်။ သဘာဝအတိုင်းလေး လှနေတဲ့ အလှမျိုးလေးကို တခြားဟာတွေထက် Finished Look က သာကိုသာတယ်။ ချွေးထွက်လေ လှလေပဲ။ နေပူဒဏ်ခံနိုင်အောင်လည်း SPF ပါတော့ Admin ဆို Toner > Moisturizer > BB Cream > Loose Powder ပဲ သုံးတော့တယ်။ Breakout လည်း မဖြစ်ဘူးနော်။ လိမ်းရင် ပူတာ စပ်တာ လုံးဝ မရှိဘူး။ Korean Look လေးလို လှတဲ့ မြန်မာမလေး ဖြစ်ချင်ရင် တစ်ဘူးသာဆွဲထား။
☁️ ပြီးတော့ SPF 40/PA++ မလို့ နေလောင်ဒဏ်လည်း ကာကွယ်ပေးတယ်နော်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Review by Noe ရဲ့ Review လေးပါ ထည့်ပေးလိုက်ပါတယ်။ 👇🏻
https://www.facebook.com/100084055445999/posts/149013144577200/
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
14/11/2023
တစ်မျိုးတည်း သုံးရုံနဲ့ အကုန် Perfect ဖြစ်စေတယ်လို့ နာမည်ကြီးတဲ့ …
🍀 Axis Y Dark Spot Correcting Glow Serum ကို လက်ကျန်ဖြတ်စျေးနဲ့ သက်သက်သာသာ ဝယ်ကြမယ် 🍀
💸 25,000 MMK (In stock)
⏰ Preorder ပစ္စည်းတွေနဲ့ ပေါင်းပြီး ယူချင်လည်းရသလို လကုန်မှ ယူချင်လည်း ချန်ထားပေးပါတယ်ရှင်။
🍀 Niacinamide နဲ့ တည့်တဲ့သူတိုင်းအတွက် တအားကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ Serum လေး။ သူ့ Review တွေက တဟုန်ထိုး ထိုးတက်လာတာ Newsfeed ဆွဲတိုင်း သူ့ပဲ မြင်နေရလို့ မသုံးဖူးသေးရင်တောင် သုံးကြည့်ဖို့ Recommend လုပ်ပါတယ်။
🍀 အဆီဖုတွေ ချပ်သွားမယ်၊ အမာရွတ်တွေ သက်သာမယ်၊ တချို့ ဝက်ခြံထွက်တတ်တဲ့သူတွေ Whitening & brightening effect ရတဲ့ skin care products သုံးမရဘူးဟုတ် ? ဒါကတော့ သုံးလို့ ရပါတယ်တဲ့ရှင်။ Niacinamide အပြင် Hyaluronic Acid နဲ့ Sativa Rice Barn လည်း ပါသေးတော့ ရေဓါတ်ပြည့်၊ အသားကြည်၊ တင်းရင်းစေသေးတယ်။ နောက်ပြီး သူ့မှာ ပါဝင်တဲ့ Papaya Enzyme ကြောင့် နေလောင်ထားရင်တောင် သက်သာစေတယ်။ သဘာဝ အနံ့ပဲ.. Artificial အနံ့တွေ မပါတော့ အနံ့ sensitive ရှိတဲ့သူလည်း သုံးလို့ ရတယ်။
🍀 Gel Serum မလို့ ခဏလေးနဲ့ စိမ့်ဝင်လွယ်ပါတယ်။ နေ့ဘက်ဆို Toner လိမ်းပြီးသုံးလို့ရတယ်။ ညဘက်ဆို ဒါလိမ်းပြီး အိပ်ရာတန်းဝင်ရုံပဲ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Shal’s Stories ရဲ့ Review လေးပါ ထည့်ပေးလိုက်ပါတယ်။ 👇🏻
https://m.facebook.com/story.php?story_fbid=131025193016556&id=100083272272447
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
13/11/2023
🍬 Announcement 🍬
Page လေး စဖွင့်ကတည်းကနေ Glow In U ဖြစ်လာတဲ့အထိ အစဉ်တစိုက် အားပေးလာကြတဲ့ Customer တွေကို ကျေးဇူးတင်ရင်း ..
Page လေးကို ခဏ Hiatus လုပ်ရမယ့် အခြေအနေလေးကို Admin အကြောင်းကြားပါရစေ 🧁
အကြောင်းအရင်းကတော့ Admin တို့ Glow In U ရဲ့ Founder မမက သမီးဦးလေးကို လပိုင်းအတွင်းမှာ မွေးဖွားရတော့မှာပါ။ သမီးဦးလေးဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပြီး ပြင်ဆင်စရာတွေက များလာတော့ Customer တွေအပေါ် Service အပြည့်အဝ မပေးနိုင်တော့မှာစိုးတာကြောင့် Glow In U လေးကို ခေတ္တခဏ ရပ်နားထားဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။ 🍨
အခု Preorder မှာယူထားကြတဲ့ ပစ္စည်းတွေရဲ့ Shipping period ကလည်း ၂ လလောက်ဆိုတော့ ဒီတစ်သုတ်ပြီးရင် Admin တို့ Page လေး နားပါပြီရှင်။ ပြန်ပြီး Page စတဲ့အခါ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ၊ Sales and Services တွေနဲ့ အတူ ပြန်လာပါ့မယ်။ 🍡
🎈 Page လေး Hiatus အကြောင်းပြောပြီးပြီဆိုတော့ Announcement လေးနဲ့အတူ In stock Item တွေအတွက် ရနိုင်မယ့် Benefit လေး တစ်ခုကိုလည်း ပြောပြပါရစေ 🎈
🆘 Announcement : Admin တို့ Retail Preorder တွေကို ဒီလကုန် / (၁၁) လပိုင်း နောက်ဆုံးရက်အထိ ဝယ်ပေးနေမှာဖြစ်ပြီး Wholesale Preorder တွေကို (၁၂) လပိုင်း (၁၅) ရက်နေ့အထိ ဝယ်ပေးနေမှာပါ။ ဒါကြောင့် ဒီရက်တွေအတွင်း ဝယ်ယူတဲ့ Preorder အကုန် Confirm ပါ။
🌸 In stock Benefit : In stock ပစ္စည်းတွေကို ဝယ်ချင်တယ် .. ဒါပေမယ့် လစာကလည်း မထုတ်သေး/ မုန့်ဖိုးကလည်း မရသေးဆိုတဲ့ Customer လေးတွေ Admin ဆီမှာ လိုချင်တာလေးရှိတာနဲ့ လာပြောထားပေးနော်။ Admin တို့ လကုန်ကျမှ ပို့ပေးလို့ ရသလို Preorder Item တွေနဲ့လည်း ပေါင်းပြီး ပို့ပေးလို့ရပါတယ်။ In stock လိုချင်တာလေးတွေရှိပြီး သူများဦးသွားလို့ မရတော့တာမျိုးထက် Admin တို့ကို ချန်ခိုင်းထားတာ ပို သေချာတယ်လေနော်။ 😘
And again “CONGRATULATIONS” our Founder who is soon to be a mother ! 🎀🥳
11/11/2023
True Beauty ထဲက မင်းသမီးလေးလို ဟတ်ချလောင်းဆိုပြီး လှသွားစေမယ့် ..
🎀 Colorgram Eye Palette | No.5 🎀
💸 35,000 MMK (In stock)
📩 Ws စျေးသက်သက်ရှိပါတယ်.. Ws လိုချင်သူများ စုံစမ်းလို့ရပါတယ်ရှင့်။
🎀 စာတွေမှတ်ရပြီဆို အရေးကြီးတာကို Highlight လုပ်ရသလိုပဲ .. မိတ်ကပ်လှလှလေးပြင်ရင် ကိုယ့်မျက်လုံးလေးတွေကို Highlight လုပ်ရတယ်နော်။ ဒါမှ ကိုယ့်မျက်နှာလေးက 3D လို ဖူးဖူးကြွကြွလေး လှနေမှာ။
🎀 ဒါလေးက True Beauty ထဲက မင်းသမီးလေး Full Make Up Transformation လုပ်ပြတုန်းက သုံးပြသွားတဲ့ Korea Brand လေး။ တအား cute ဖြစ်တဲ့ Packaging လေးတွေရယ် Quality ကောင်းလို့ရယ်ကြောင့် နာမည်ကြီးသွားတာ။ အခု ဒီ Highlighter လေးလည်း ချစ်ဖို့ကောင်းတယ်။ သယ်ရလွယ်တဲ့ ပေါ့ပေါ့ပါးပါးလေး။ ပြီးတော့ သုံးရင်လည်း Cakey ကြီး ဖြစ်မနေဘူး။
🎀 အကောင်းဆုံးက အရောင်လေးတွေ တအားလှတာပဲ။ အခုခေတ်ဆန်တဲ့ အရောင်လှလှလေးတွေမလို့ ကိုယ်က Colors သုံးရတာ ကြိုက်တဲ့သူဆို တစ်ရောင်လောက်တော့ ယူထားသင့်တယ်။ အခု နံပါတ် (၅) လေးဆို Everyday Makeup Look အတွက် အဆင်ကိုပြေနေရော။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
YouTube Swatches -
📌 https://youtu.be/Ky1Dixsr5jg
📌 https://youtu.be/R2YYfIbqv9I
💯 Authentic
COD Available
11/11/2023
ကိုရီးယား တက္ကသိုလ် ကျောင်းသူလေးတွေရဲ့ အသည်းစွဲ ..
🌸 Colorgram Thunderbolt Tint Lacquer | No.10 🌸
💸 23,000 MMK (In stock)
📩 Ws စျေးသက်သက်ရှိပါတယ်.. Ws လိုချင်သူများ စုံစမ်းလို့ရပါတယ်ရှင့်။
🌸 True Beauty တုန်းက အင်မ်ဂျူဂယောင်း Transformation စလုပ်မယ်ဆိုပြီး အကုန် ဝယ်ခဲ့တဲ့ Makeup Beauty Brand ထဲက တစ်ခုပေါ့။ သူသုံးပြသွားတဲ့ထဲ Admin အကြိုက်ဆုံးက Eyeshadow Palette နဲ့ Tint ပဲ။ အခုတော့ Tint လေးကို ရှာကြည့်တာ စျေးကလည်း သက်သာနေလို့ တင်ပေးလိုက်ပါတယ်။
🌸 Colorgram ကလေ တောင်ကိုရီးယားမှာ ကောလိပ်ကျောင်းသူလေးတွေ တအားအသုံးများကြတယ်။ အလှလည်း မပြင်တတ်သေး ဒါပေမယ့် မျက်နှာပေါ် အရောင်လေးတွေ စပြီးတင်ချင်လာတဲ့ ကျောင်းသူလေးတွေ သုံးနေကြပေါ့။ သူ့ရဲ့ Tint က သဘာဝဆန်တယ် .. ဆိုးရတာ ပေါ့ပါးတယ် အရောင်လည်းလှတယ်။ နှုတ်ခမ်းသားလည်း မပျက်စီးဘူး။ ကွမ်းစားထားသလိုလည်း ဖြစ်မနေဘူး။ ခဏခဏ ပြန်ဆိုးနေစရာလည်း မလိုဘူး။
🌸 အခု နံပါတ် ၁၀ ကလေ ဘယ်တော့ဆိုးဆိုး မရိုးသွားမယ့်အရောင်လေး .. ပြီးတော့ အသစ်ထွက်တာဆိုတော့ သူကအလှဆုံးလေးပဲ။ အခုလေ ရောင်းနေကြတာ ၂၈၀၀၀ အောက်ထစ်ကို Admin တို့ ၂၃၀၀၀ တည်းနဲ့ ပစ္စည်းရှိသလောက် ရောင်းပေးနေတယ်နော်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
09/11/2023
တစ်မျိုးဝယ် သုံးဘူးရစေမယ့်
🍋 Goodal Vit C Cream 🍋
💸 31,000 MMK (instock)
📩 Ws စျေးသက်သက်ရှိပါတယ်.. Ws လိုချင်သူများ စုံစမ်းလို့ရပါတယ်ရှင့်။
[လစာထုတ်ချိန် လကုန်ရက်တွေမှ ယူချင်လည်း ရသလို၊ Preorder မှာထားတာတွေနဲ့ ပေါင်းယူချင်လည်း Admin တို့ စောင့်ပြီး သိမ်းထည့်ပေးမယ်နော်]📌
💫 တင်းတိပ်တောင် ပါးသွားစေသတဲ့ .. သူတို့ claim လုပ်ထားတာ။ Review တွေလည်း ကောင်းလွန်းလို့ ဒါကို အံ့ဩနေရပြီ။ ပြီးတော့ တစ် set ဝယ်ရင် Normal size တစ်ဘူး + Travel size နှစ်ဘူး အားလုံးပေါင်း သုံးဘူးတောင် ရမှာ။
💫 Vitamin C ကြွယ်ဝလို့ အသားအရည်ကို ဖြူဝင်းစေတယ်။ အသားအရောင် မညီတာတွေကိုလည်း သက်သာစေတယ်။
💫 အဆီဖုသမား သုံးလို့ရတယ်။ ဝက်ခြံသမားလည်း whitening chemical မပါတော့ သုံးလို့ရတယ်။ လုံးဝသိသာတာက အမည်းစက်ရှိတဲ့သူတွေပဲ။ သေချာသာသုံး အကုန် အဆင်ပြေသွားမယ်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
JOOHKY ရဲ့ Review လေးပါ ထည့်ပေးလိုက်ပါတယ်။ 👇🏻
https://youtu.be/xTbYkKyxFFA
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
09/11/2023
Healing & Calming အတွက် အကောင်းဆုံး ..
🫧 Scinic Calming Toner 🫧
💸 24,000 MMK for 300 ml (In stock)
📩 Ws စျေးသက်သက်ရှိပါတယ်.. Ws လိုချင်သူများ စုံစမ်းလို့ရပါတယ်ရှင့်။
[လစာထုတ်ချိန် လကုန်ရက်တွေမှ ယူချင်လည်း ရသလို၊ Preorder မှာထားတာတွေနဲ့ ပေါင်းယူချင်လည်း Admin တို့ စောင့်ပြီး သိမ်းထည့်ပေးမယ်နော်]📌
🫧 ဒီ Scinic ရဲ့ Toner လေးက Calming အတွက် တအားအထောက်အကူပြုတယ်။ ဝက်ခြံကြောင့် နီရဲ ယောင်ယမ်းနေတာတွေ အကုန် သက်သာစေတယ်။ Toner တစ်ဘူးလုံးမှာလေ သဘာဝကရတဲ့ Herb တွေ အကုန်ပါတာ .. တစ်ဘူးလုံး ၁၀၀% ပဲ။
🫧 Admin သုံးကြည့်ဖူးတုန်းက ရေဓါတ်နည်းပြီး မျက်နှာက ယားနေတဲ့အချိန် .. နီရဲနေတဲ့ နေရာတွေဆို တစ်ညလောက် Cotton pad ကို Toner များများစွတ်ပြီး ကပ်ထားလိုက်တာ အကုန် အရောင်ကျသွားရော။ အဖုအပိန့်မရှိတဲ့ Skin ဆို Toner Pad လေးနဲ့ ကပ်ထားပြီး ခွါလိုက်ရင် ကြည်တောက်ရှင်းနေရော။ မိတ်ကပ်တင်လို့ တအားလှတာ။
🫧 ရေဓါတ်ကတော့ တအားနိုင်ပါတယ် အပိုမပြောဘူး။ တစ်ဘူးပဲအရင် စမ်းသုံးကြည့် .. မကောင်းရင် ၁၀၀% ငွေပြန်အမ်းမယ်နော်။ 😇
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
08/11/2023
ုန်
SKII ရဲ့ Quality နဲ့ ပုခုံးချင်းယှဉ်လို့ရတဲ့ ..
🔗 Scinic First Treatment Essence 🔗
💸 19,500 MMK for 150ml (Instock)
💸 27,500 MMK for 215ml (Instock)
📌[လစာထုတ်ချိန် လကုန်ရက်တွေမှ ယူချင်လည်း ရသလို၊ Preorder မှာထားတာတွေနဲ့ ပေါင်းယူချင်လည်း Admin တို့ စောင့်ပြီး သိမ်းထည့်ပေးမယ်နော်]📌
🔗 Dupe ဆိုတာထက် သူက SKII Essence ရဲ့ Effect နဲ့ လုံးဝ အတူတူပဲဆိုပြီး သုံးဖူးတဲ့ သူတိုင်းက Review ပေးကြတာ။ အဲ့တော့ စျေး ၄/၅ဆ ကွာတဲ့ SKII ကို သုံးမယ့်အစား ဒါကို သုံးပြီး Budget ချွေတာလို့ ရတယ်။
🔗 သူက Toner အနေနဲ့ရော Essence အနေနဲ့ရော ၂ မျိုးသုံးလို့ရတယ်။ Brightening & Hydration Effect ရစေပြီး Niacinamide လည်းပါတော့ အမာရွတ် အမည်းစက် သက်သာစေတယ်။ Niacinamide နဲ့ တည့်ရင် သုံးကြည့်သင့်တယ်။ Anti Aging လည်း ဖြစ်စေတော့ ကိုယ် မသုံးဖြစ်သေးရင်တောင် မေမေတွေ၊ အန်တီတွေအတွက် ဝယ်ထားပေးလို့ရတယ်။
🔗 150ml တောင် 19,500MMK ပဲနော်။ တခြားမှာ အနည်းတကာ့ အနည်းဆုံးဆိုရင်တောင် 23,000 အောက်ထစ် ရောင်းကြပါတယ်။ ဒီတော့ တအားတန်နေပြီနော်။ ယူသာယူထား .. နောင်တမရစေရဘူး။ 🥰
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Paletteain ရဲ့ Review လေးပါ ထည့်ပေးလိုက်ပါတယ်။ 👇🏻
https://m.facebook.com/story.php?story_fbid=163345252815066&id=109641698185422
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
💯 Authentic
COD Available ✅
Click here to claim your Sponsored Listing.
Category
Contact the business
Address
South Okkalarpa
Yangon
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |