Pandora Yarn
Beauty, Handmade craft & Services
22/11/2025
#နှင်းဆီ
05/03/2025
အေးဆေးဖြစ်သွားပါပြီရှင်
31/12/2024
Happy New Year to you all 🎆🎆🎆
01/12/2024
Hello all,
Have a New Month, New Day, New Date, New Chapter, New Page, New Wishes!
Welcome December ❄️☃️❄️
17/11/2024
Have a nice day
20/09/2024
ရွာတွေက ရေဘေးသင့်တယ်
ငါတို့မြို့လည်ကောင်က မိုက်ဘေးသင့်တယ်
လိုက်ထရပ်ပေါ်ကနေ
လော် စပီကာကြီးတင်ပြီး ဟဲတာ ဟဲတာ ဆိုတာ..
ရေဇလာ မြစ်ကမ်းနဘေး
ဝေဒနာ ချစ်အလွမ်းတေးကို
သီကျူး...ညဥ်းကာဆို...ရင်ထဲက လိူက်ကာငို
အေးးးးးး.အဲ့ဒါက တဖွဲ့
ရွာကိုလာလည် အညာကိုလာလည်
ခင်ဗျားလေးက လူလည်
ကျုန်ပ်နှလုံးသားလေး အဖြူထည်
အေးးးးးး.အဲ့ဒါက တဖွဲ့
နဲနဲ Rock ဆန်တယ်လို့ထင်ရတဲ့ အဖွဲ့ကြတော့
သွေးချင်းညီအစ်ကိုများ စည်းလုံးချင်းရဲ့အင်အား
သီချင်းလေးအတိုင်း စီးဆင်းကြမယ်
အေးးးးးအဲ့ဒါက တဖွဲ့..
တိမ်ညိုတွေ အုံ့မိူင်းတဲ့ ရာသီ
ဒီကမ္ဘာ ဟာ လွမ်းဖျား လွမ်းနာ ကြီး
အနောက်မြောက် ဒေါင့်က မိုးသားလေးတွေ
မိုးသားလေးတွေ အငြိုး ကြီးတဲ့ ရာသီ
အေးးးးးဇွတ် ဝိုင်းစုက တဖွဲ့
စုစု ပေါင်း လေး ဖွဲ့ ပေါင်းပြီး နှိပ်ကွပ်တာ
ငါ့.... ကို
အ ဘ ထ ပေး ကြ စမ်း ဘာ🥴🥴🥴
🤧🤧🤧
Credit min min soe
02/05/2024
1982ခုနှစ် မှာ မွေးတယ်😍
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင်၀ယ်မရသေးဘူး။
ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။
ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။
အိပ်ယာဝင်ချိန်တွေ စောတယ်။
လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။
တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကိုသွေးထွက်အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅
ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။
သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။
TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။
TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။
လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။
ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။
ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။
ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။
မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ
ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။
မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁
ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။
မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။
ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။
သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။
အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။
ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း
သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ
တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။
ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။
အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါ့ရဲ့
ငယ်ငယ် က ဘဝလေးက်ို
ပြန်သတိရ မိပါတယ်
မူရင်းရေးသားသူ
08/03/2024
Happy Women day ပါ အမျိုးသမီးလေးများရှင် 😍
31/12/2023
Happy New Year to all 🥳🥳🥳
🎇🎆🌠🌇
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11421