Phyu Sin
သားချောမေမေ
13/12/2022
'အသက်အရွယ်တခုရောက်လာတဲ့အခါ'
ဟိုအရင်လို အချစ်ကို မကိုးကွယ်ချင်တော့သလို့
ငြိမ်ချမ်းဖို့ဘဲ တွေးမိတော့တယ်။
ရှေ့လျောက် ကိုယ်ဟာ ငယ်ရွယ်ခြင်းတွေ တဖြည်းဖြည်းပိုပြီးပျောက်ကွယ်သွားမှာမို့ စိတ်ရဲ့ ငယ်ရွယ်နူနုယ်ခြင်း စိတ်ရဲ့ ပျော်ရွှင်ငြိမ်းချမ်းခြင်းတွေကို ပဲ ကိုယ်ပိုပြီး မက်မော တတ်လာခဲ့တယ်။
ကိုယ်က ကျူးရင် ကိုယ့်ဒူးတောင် မယုံရတော့တဲ့ ခေတ်ကြီးထဲ့မှာ ဘယ်သူပေါ်ကိုမှလည်း အကြီးကြီး မျော့်လင်နေတာမျိုးတွေလည်း ကိုယ့် နားလည်သင့်သလောက်တော့ နားလည်လာပြီလေ😊
ဖြတ်သန်းနေတဲ့ ဘဝတစ်လျောက် ကိုယ်ကြောင့် ဘယ်သူကိုမှ မပူလောင်စေချင်သလို ကိုယ်လည်းပဲ ဘယ်သူတစ်ဦးတယောက်ကြောင့်မှ စိတ်ပင်ပန်း မခံချင်တော့ဘူးလေ။
ဒါ့ကြောင့်ပဲ့ တခုခုဆိုကောင်းတဲ့ ဘက်ကပဲ ကိုယ်ကြည့်ဖြစ်တော့တယ်
ကိုယ့်ကို နာကျင်စေတာမှန်သမျှ လွတ်ချပစ်ဖို့ပဲ့ ဆုံးဖြတ်မိတော့တယ်
ကိုယ့်ရင်ထဲက နာကျင်စရာ အမှတ်တရတွေ တော်တော် များများကိုလည်း မေ့ပစ်နိုင်ခဲ့ပြီ အားလုံးပဲ့ အေးချမ်းပါစေပေါ။
တကယ်ဆို ကိုယ်က ဒေါသ သိပ်ကြီးသလို အငြိုးလည်ကြီး တယ် ကိုယ့်ခံစားရသလို ကိုယ့်ပေါ် လုပ်ခဲ့တဲ့သူတွေကို အရင်ကဆို ပြန်ပြီးနာကျင်စေချင်ခဲ့တယ်။
အခု တော့ အဲ့လို စိတ်တွေမတွေးတော့ပါဘူး။ သူတို့ကို သတိရတိုင်း စိတ်ထဲ့ပေါ်လာတိုင်း မေတ္တာတွေ့ပဲ့ ပိုမိတော့တယ်ကိုယ့်လည်း စိတ်ချမ်းသာ သူတို့လည်း အေးချမ်းပါစေပေါ့။
ချစ်ခြင်းများစွာဖြင့် .phyu
3.1.2022 THU
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon