PHYO Beauty Product Collections

PHYO  Beauty Product Collections

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PHYO Beauty Product Collections, Health/Beauty, Yangon.

25/03/2022

18kကြိုးလှလှလေးတွေ
ဒီဇိုင်းဆန်းတွေရဖို့လက်သွက်ဖို့လိုမယ်နော်သဲလေးတို့🥰
https://www.facebook.com/phyogoldjewelry/

07/03/2022

ဝက်ခြံမထွက်အောင် Moisturizer ရွေးနည်း

Moisturizer လိမ်းပြီး ဝက်ခြံပိုထွက်လာသူအတွက် အရေးပါတဲ့အချက်တစ်ခုကို နည်းနည်းရှင်းပြပါမယ်။ အစိုဓာတ်ထိန်းဆေးထဲမှာ serum, essence, ampoule, emulsion, day cream, night cream ဆိုပြီး အမျိုးမျိုး ရှိတယ်။ တချို့ နေလောင်ကာတွေမှာလည်း အစိုဓာတ်ထိန်းဆေးပါတယ်။ Shea butter, cocoa butter လိုမျိုး ပါနေလို့ပဲ။ ဝက်ခြံထွက်တတ်သူတစ်ယောက်ဟာ အစိုဓာတ်ထိန်းဆေး သုံးရင် သတိပြုရမယ်။ အဆီပြန်တဲ့အသားအရည်တွက် oil အဆီ သီးသန့် လိမ်းတာ လုံးဝရှောင်သင့်တယ်။ ဘာ့ကြောင့်လဲ။ အဆီတွေက sebaceous gland ရဲ့ pore အပေါက်တွေကိုသွားရောက်ပိတ်ဆို့ပြီး ဝက်ခြံကပိုဆိုးလာတတ်လို့။ အစိုဓာတ်လိမ်းဆေးသုံးတဲ့အခါ ကိုရီးယားတွေ အတိုင်း အကုန်လိုက်သုံးလို့ကတော့ ပိုဆိုးပြီသာမှတ်။ နဂိုကမရှိတဲ့ ဝက်ခြံတွေ (အထူးသဖြင့် အဆီဖု)တွေက မျက်နှာတစ်ပြင်လုံး စုံစိပြီး ထွက်လာတော့တာ။ ရာသီဥတု၊အနေအထိုင်၊အစားအသောက် မတူတဲ့အခါ ကိုယ်နဲ့ကိုက်မယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုတတ်ဖို့လိုပါတယ်။

စနစ်တကျဘယ်လိုသုံးမလဲ

(၁) အသားခြောက်တဲ့အခါ ပထမအဆင့် serum သို့ essence ကို အရင်သုံးကြည့်ပါ။ သူက ရေထက်နည်းနည်းပိုပြစ်တယ်။ ချွေးပေါက်၊အဆီအိတ်ပိတ်နိုင်ချေနည်းတယ်။

(၂) မရသေးရင် emulsifier ပိုများတဲ့ emulsion (နို့ရည်)ကို ဆက်သုံးပါ။

(၃) အဲဒါမှ မသက်သာသေးရင် cream type တွေ စသုံးလို့ရတယ်။ သတိပြုရမှာက cream ထဲမှာ oil, bee wax နဲ့ Shea butter တမျိုးမျိုး သေချာပေါက်ပါတယ်။ ဒါတွေမပါပဲ cream type moisturizer တွေထုတ်လို့မရဘူး။ သူတို့က comedogenic ဝက်ခြံအဖုတွေ ထွက်တတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် ဆောင်းရာသီက လွဲရင် ကျန်တဲ့ကာလတွေမှာ cream type ကို သတိထားသုံးစွဲရမယ်။

(၄) oil အဆီကတော့ ကိုရီးယား၊တရုတ်၊ဂျပန်လို အေးခဲတဲ့ဒေသတွေမှာ နေရင် အသုံးဝင်တယ်။ လေထုစိုထိုင်းစအရမ်းနည်းပြီး ခြောက်သွေ့လွန်းတဲ့ အသားအရည်ဖြစ်လို့ protective layer အနေနဲ့ကာကွယ်ပေးချင်တဲ့အခါoil ကို သုံးရတာဖြစ်တယ်။ မြန်မာပြည် အအေးပိုင်းမှာ နေတဲ့သူတွေလည်း cream သို့်မဟုတ် oil တခုခု လိုကောင်းလိုနိုင်ပါတယ်။ မြေပြန့်ဒေသမှာ နေတဲ့သူတွေကတော့ ပက်ကြားအက်တဲ့အဆင့်ထိမရောက်သေးရင် ဒီနှစ်မျိုးကို ရှောင်သင့်တယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့ကာလတွေမှာ..။

အနှစ်ချုပ်ရရင် ဝက်ခြံထွက်တဲ့အသားအရေမှာ အစိုဓာတ်ထိန်းချင်တဲ့အခါ serum သို့ essence အရင် စမ်းလိမ်းကြည့်ပါ။ မရသေးရင် ဒုတိယအဆင့်အနေနဲ့ Emulsion သုံးပါ။ အဲဒါမှမရသေးရင် cream တမျိုးမျိုးသုံးပါ။ နောက်ဆုံးအဆင့် အသားအရေ ပက်ကြားအက်တဲ့အဆင့်ရောက်မှ oil တမျိုးမျိုးကို အသုံးပြုရမယ်။ ဒီအတိုင်း စနစ်တကျသုံးရင် moisturizer လိမ်းပြီး ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မယ်
အရေပြားဆရာဝန်

06/03/2022

အဆီဖု (White head)

အဆီဖုသည် အများအားဖြင့် Oily Skin သမားများ ဖြစ်တတ်ပါတယ်

အဆီဖု လက်ခဏာ❓

•တချို့အဆီဖုတွေက ကြည့်ရင်မသိသာပေမယ့် ထိလိုက်ရင် အဖုလေးတွေခံစားမိပါတယ်
•ညှစ်လိုက်ရင် အဖြူစံ လေးထွက်လာတတ်ပါတယ်

ဘယ်လိုနေရာတွေမှာ အဆီဖုထွက်တတ်လဲ❓

•မျက်နှာ T-zone အဆီပြန်တတ်တဲ့နေရာတွေဖြစ်တဲ့ နဖူး,နှာခေါင်း, မေးစေ့ တွေမှာ ထွက်ပါတယ်။ တချို့က မျက်လုံးအောက်နား တွေ ပါးတွေများလည်း ထွက်ကြပါတယ်.......

အဆီဖုတွေ ဘာကြောင့်ထွက်လဲ❓

•မျက်နှာပေါ်ထွက်တဲ့ အဆီတွေကို သေချာ Care မလုပ်ပေးတဲ့အတွက် သူဟာဖုန်မှုန့်အညစ်ကြေး ဆဲလ်သေ တွေနဲ့ ပေါင်းစပ်ပီး ချွေးပေါက်တွေပိတ်မိပီး အဆီဖုအလုံးတွေ ဖြစ်လာကြတာပါ

▫️SkinCare/ Cleansing သေချာ မလုပ်တာ
▫️ညအိပ်ချိန်မမှန်တာ
▫️အချိုဓာတ်အလွန်ကဲ စားသောက်သူ
▫️ဟော်မုန်းဓာတ်များသူ
▫️ဆီကြော်စာ/အပူအစပ်အငံ အစားလွန်းသူ များဖြစ်လိမ့်ရှိပါတယ်

အဆီဖုတွေကို ပျောက်ကင်းအောင် လုပ်နည်း👇🏻

1️⃣ပထမ အချက်
CLEANSER သေချာလုပ်ပေးရမယ်။ Gel type ဖြစ်ပီး dead cell တွေ ဖယ်ရှားပေးနိုင်တဲ့ Face wash မျိုးကိုသာ သုံးရပါမယ်

2️⃣ဒုတိယ အချက်
ချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်တဲ့ Treatment Toner ကိုသုံးပါ

3️⃣တတိယ အချက်
ချွေးပေါက်တွေကို ကျဉ်းစေပီး အဆီဖု အဆီပြန်ခြင်း control လုပ်ပေးနိုင်တဲ့ Serum မျိုးကိုယ် skin နဲ့အဆင်ပြေစေမဲ့ဟာ စွဲသုံးပေးပါ

ဒီလို step လေးတွေ ပုံမှန်လုပ်ပေးမယ်ဆိုရင် 2 လ အတွင်း အကောင်းဆုံး results ကိုသိသာပါမယ်။

အားလုံးဘဲ ကျန်းမာလှပကြပါစေ😊

Adminနောက်လည်းအများရီး Vlog တွေshareပေးပါမယ်




https://www.facebook.com/profile.php?id=100078402981174

06/03/2022

"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာ
ရှိနေတဲ့အညစ်အကြေးတွေကို
စတင်Cleaningလုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့
ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံအသားရေ
ကြည်ဝင်းခြင်းမဟုတ်ပါ။
Skincare လုပ်ခြင်းက အသားအရေရဲ့
အတွင်းပိုင်းကို သန့်စင်ပေးခြင်းသာ
ဖြစ်ပါတယ်🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်။

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင် ရိုးရိုးအပေါ်ယံ
သန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ။

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်

credit
https://www.facebook.com/profile.php?id=100078402981174

06/03/2022

Tonerအကြောင်း သိကောင်းစရာ

မျက်နှာလေး ပိုလှသွားဖို့ Toner အသုံးပြုပါ
မနက်ပိုင်းနဲ့ညပိုင်းတွေမှာ တစ်ကြိမ်စီသုံးပေးရုံနဲ့ လုံလောက်ပါပြီ။

ဈေးကွက်ထဲမှာတော့ အလှအပအတွက် အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အလှကုန်ပစ္စည်းမျိုးစုံဟာ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပဲ မြင်နေရပါတယ်။ ဝက်ခြံပျောက်စေတဲ့လိုးရှင်း၊ အမဲစက်ပျောက်ခရင်မ် စသဖြင့် အမျိုးမျိုးပါပဲ။ အသစ်ထွက်ပေါ်လာတဲ့ အလှကုန်တွေထက် တိုနာ (toner) အကြောင်းကိုပဲ ပြောကြရအောင်။

၁။ တိုနာဆိုတာ?

Toner (တိုနာ) ဆိုတာက ရေကိုအခြေခံထားတဲ့ အရည်တစ်မျိုးဖြစ်ပြီး မျက်နှာအသားအရေကောင်းစေဖို့ အားဖြည့်ပေးတဲ့အရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ မိတ်ကပ်အကြွင်းအကျန်၊ ဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့ကြည်လင်စေပါတယ်။ မျက်နှာပေါ်က နီရဲရောင်ရမ်းမှုလို အနီပြင်တွေကိုလည်း လျော့ပါးစေပါတယ်။

၂။ အသားအရေအားလုံးနဲ့အဆင်ပြေပါ့မလား?

တိုနာရဲ့ သဘောသဘာဝကိုက ချွေးပေါက်လေးတွေထဲက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးတာမို့ အဆီပြန်တတ်သူတွေနဲ့သာ သင့်လျော်တယ်လို့ထင်ရင် မှားပါတယ်။ မိတ်ကပ်လိမ်းတာ၊ ချွေးပေါက်ထဲကို ဖုန်နဲ့အညစ်အကြေးတွေ ကပ်ငြိတာက ဘယ်အသားအရေပိုင်ရှင်မျိုးမှာမဆို ကြုံရတာပဲလေ။

၃။ ဘယ်လိုသုံးမလဲ?

မျက်နှာသန့်စင်ဆေးကြောပြီးသွားရင် ဂွမ်းစလေးပေါ်ကို တိုနာအရည် ၃ စက်လောက်ဆွတ်ပေးလိုက်ပါ။ ဂွမ်းစဟာ တိုနာတွေရွှဲနေတာမျိုးလည်း မဖြစ်သင့်သလို ခြောက်ကပ်နေတာမျိုးလည်း မဖြစ်ရပါဘူး။ မျက်နှာပေါ်ကို ခပ်ပါးပါးလေး သုတ်လိမ်းပေးလိုက်ရုံပါပဲ။ တချို့တိုနာတွေက စပရေးပုံစံတွေဆိုတော့ အဆင်သင့်ဖြန်းရုံပါပဲ။

၄။ ဘယ်လိုအချိန်တွေမှာသုံးရမလဲ?

မကြာခဏ သုံးစရာမလိုပါဘူး။ တိုနာကို လိုတာထက်ပိုသုံးရင် ချွေးပေါက်ကျယ်လာပါလိမ့်မယ်။ မနက်ပိုင်းနဲ့ညပိုင်းတွေမှာ တစ်ကြိမ်စီသုံးပေးရုံနဲ့ လုံလောက်ပါပြီ။ မျက်နှာသစ်ပြီးပြီးချင်း တိုနာကို အရင်ဆုံးလိမ်းရမှာ ဖြစ်ပါတယ်။ ပြီးတော့မှသာ အခြား skincare နဲ့ မိတ်ကပ်တွေကို ဆက်လက်လိမ်းရပါတယ်။

04/03/2022

✅ ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာရသလဲ ဆိုရင်

1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elasticity တွေ အားနည်လာတဲ့ အခါ

2. အညစ်အကြေး , make up , အဆီ , ချွေး တွေ ချွေးပေါက်ကိုပိတ်လာတဲ့ အခါ

3. အသားရေ အရမ်းခြောက်သွေ့သောအခါ
တွေဆိုရင်လည်းကျယ်လာပါတယ် ။

✅ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့

(1) အသက်ရွယ်ရလာတဲ့ သူတွေ
(2) နေရောင်ခြည် အရမ်းထိတွေ့တဲ့ သူတွေ
(3) မျက်နှာပုံမှန်မသစ်တဲ့သူတွေ
(4) သစ်တဲ့ခါ ကြမ်းကြမ်းတမ်းတမ်း scrub တွေ အရမ်းသုံးတဲ့ သူတွေ
(5) make up သုံးပြီး သေချာသန့်စင်အောင် မလုပ်တဲ့ သူတွေ
(6) အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေ
(7) ဆေးလိပ်သောက်တဲ့ သူတွေ
( 8) ဆီကြော်အစားစားများ အစားများတဲ့ သူတွေ
မှာ အဖြစ်များပါတယ် ။
(9)SunCream မလိမ်းတဲ့သူ

🚫 ချွေးပေါက်မကျယ်အောင် ဘာတွေရှောင်သင့်သလဲ ဆိုရင်

(1) အဆီဖု , ဆားဝက်ခြံ , ဝက်ခြံ အဖုတွေခနခန မညစ်ရဘူး ။
(2) ကြမ်းတမ်းသောscrub တွေမသုံးရဘူး ။
(3) မတည့်တဲ့ skincare တွေကိုရှောင်ရပါမယ် နော်။
(4)SunCream မလိမ်းဘဲမနေရဘူး


ချွေးပေါက်တွေကျယ်လို့ ဘာskin careလေးတွေရွေးချယ်ရမလဲသိချင်ရင် commentမှာhiခဲ့ပေးနော်

❤️SkinCare ပိုင်းနဲ့ပတ်သက်တဲ့ဗဟုသုတ‌ေလး‌ေတွအမြဲနေ့တိုင်းမပျက်လာမျှဝေပေးမှာဖြစ်တဲ့အတွက်
Page လေးlikeလုပ်ထားလို့ရပါတယ်​နော် ချစ်​တို့ 😘

04/03/2022

ကိုယ့် Skin type က ဘာမှန်းမသိဘူး ဆိုတဲ့ ညမလေးတွေ အတွက် ပါ ..

Skin Type -4 မျိုး

1-Dry skin
2-Normal skin
3-combination skin
4-oily skin

အာ့ လေးမျိုး ကိုသိချင်ရင် Facial Foam နဲ့ အရင်မျက်နှာသစ်ပါ ပြီးရင် အနဲ ဆုံး ၁ နာရီ / ၁ နာရီ ခွဲ လောက်ဘာမှ မလိမ်းပဲ ထားလိုက်ပါ

No-1 Dry skin

Dry skin သမားတွေ က မျက်နှာ အသားရည် ကခြောက်ကပ်ပြီး အစိုဓါတ်လုံးဝ မရှိတဲ့ မျက်နှာ မျိုးပါ တချို့ဆို အရေ ခွံတွေ အဖြူဖတ်တွေတောင်လန်နေတက်ပါတယ်

No-2 Normal skin

Normal skin သမားတွေ ကြတော့ မျက်နှာ က အဆီလည်းမပြန်သလိာ ခြောက်လည်း မခြောက်ပါ ဘူး
ပုံမှန် အသားအတိုင်း ဖြစ်နေတာမျိုးပါ

No-3 Oily skin

Oily skin သမားတွေကြ မျက်နှာ ပြင်တစ်ခုလုံး အဆီ ပြန်နေတာ မျိုးပါ တချို့ဆိုအဆီစုပ် စက္ကူလေး တွေပါ ဆောင်ရပါတယ် မျက်နှာ တစ်ပြင်လုံး အဆီ ထွက်မှသာ oily skin ပါ (ဖြစ်နိုင်ရင် အဆီစုပ်စက္ကူမသုံးပေးပါနဲ့)

No-4 Combination skin

Combination သမားတွေ ကြ T zone လို့ ခေါ်တဲ့ နှာခေါင်း နှ ဖူးပြင် နှာခေါင်းကြား အာ့နေရာ တွေ ပဲ ကွက်ပြီး အဆီ ထွက်တာပါ တပြင်လုံး မထွက်ရင် combination ပါ

Skincare step ရွေးပြီဆိုရင် ကိုယ် က ဘာ skin Type အမျိုး အစားလဲ ဆိုတာ သိမှသာ အဆင်ပြေမှာပါ 💫

03/03/2022

မနက် /ည Skincare နည်းအဆင့်ဆင့်
Share ပီးသိမ်းထားလိုက်ပါဦးနော်

မနက်ပိုင်း skin careနည်း
(1)Facial foamကောင်းကောင်းသုံးပေးရမယ်

(2)Toner မဖြစ်မနေသုံးပေးရမယ်။ ဒါမှ မျက်နှာသစ်ပြီးတဲ့အချိန် ချွေးပေါက်လေးတွေထဲ ကျန်ခဲ့တဲ့ အညစ်အကြေး တွေ ပြောင်မှာနော်။

(3)Essence/serumတစ်ခုသုံးပေးရမယ်( 2 မျိုးလုံးသုံးမယ်ဆိုရင် Essence အရင်သုံးပြီးမှ Serum သုံးပါနော်)

(4)Emulsion (ဆောင်းရာသီအတွက် မရှိမဖြစ်ဆိုပေမယ့် အဆီပြန်တဲ့သူဆိုရင် မသုံးသင့်ပါဘူးနော်)

(5)အစိုဓာတ်ထိန်းပေးတဲ့ Moisture or hydration creamသုံးပေးရမယ်

(6)နေကာသုံးပေးရမယ်
နေရောင်ကာဝယ်မယ်ဆိုရင်လည်း
SPF50 PA+++ပါတဲ့နေကာတွေကိုသုံးပေးရင်အဆင်ပြေတယ်
နေရောင်ကာကတော့မဖြစ်မနေသုံးပေးပါ
ကျန်းမာရေးနဲ့လည်းဆိုင်ပါတယ်။ sun cream မသုံးရင် နောက်ဖြစ်လာမယ့် တင်းတိပ်တွေ။ အမဲစက်တွေ တင်းတိတ်တွေ အရေးကြောင်းတွေ က ကုရခက်ပဲနော်။ ကာကွယ်ထားမှ တော်ကာကျမှာ

ညပိုင်းSkin careမှာတော့
Cleansing Stepကိုနှစ်ဆင့်လောက်လုပ်ပေးရမယ်။
ဘာဖြစ်လို့နှစ်ဆင့်လောက်လုပ်ပေးသင့်လည်းဆိုတော့
ကိုယ်ကတစ်နေကုန်နေပူထဲမှာပဲနေနေ
အိမ်ထဲမှာပဲနေနေ
ရုံးမှာaircon ခန်းထဲမှာပဲနေနေ
လေထုထဲမှာကဖုန်မှုန့်နဲ့အညစ်ကြေးတွေရှိတယ်

ကိုယ်ထိုင်နေလည်းအညစ်ကြေးတွေကကိုယ့်မျက်နှာပေါ်တက်နေမှာပဲ
အဲ့တာကြောင့်ညပိုင်းမှာတော့ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်
Double cleansing ခေါ်တာပေါ့
(1)Make-up removerကိုသုံးပေးရမယ်။
Make-upလိမ်းမှသုံးလို့ရတာမဟုတ်ဘူးနော်
သူကမျက်နှာပေါ်မှာရှိတဲ့ဖုန်မူန့်နဲ့အညစ်ကြေးတွေကို
သန့်စင်ပေးတာ။
ပြီးရင်

(2)Facial foam သုံး။

(3) Toner

အသက်25 ကျော်ရင်တော့
(4)eye cream လေးလိမ်းပေးနော်။ မျက်ကွင်းညိုတာ မျက်အိတ်တွေ ဖောင်းနေတာ။ မျက်လုံးဘေးက အရေးကြောင်း တွေအများကြီး မဖြစ်အောင်ပါ။

(5) Essence /Serum

(5) cream or moisturizer လေးလိမ်း။

(6) sleeping'mask လေးတွေ ကို တပတ် ၃ ရက် သုံးပေးနော်။

ဒီပုံစံလေးအတိုင်း မနက်/ ည သေချာပုံမှန် သုံးပေးရင် ရေဓာတ် ပြည့်ဝပြီး ကြည်လင်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပီ။

Deep cleansing !!!
(Scrub /clay'mask/ peeling mask)
တပတ်တာလုံး မျက်နှာမှာ စုနေတဲ့ အညစ်အကြေးတွေ ဖုန်မှုန့်တွေ ကို သေချာ ဖယ်ရှားဖို့က Scrub ကို ရုံးတွေ ပိတ်တဲ့ သောကြာနေ့ညနေ လောက်မှာ သုံးပေးနော်။

Scrub ကသုံးပီး ၈နာရီအကြာနေပူထဲထွက်တာရှောင်ရတယ်ဆိုတော့ ညနေပိုင်းနဲ့ ညပိုင်းတွေသုံးတာ အသင့်လျော်ဆုံးပါ

ပြီးရင် mask လေး ကပ်ပေး လို့ကတော့ ဘလင်း ဘလင်းတောက်နေတဲ့ မျက်နှာလေး ရနေမှာ။

ဒါကတော့ skincare နည်းအအဆင့်ဆင့်လေးပါ
ဒီလိုလေးသာ လိုက်လုပ်မယ်ဆိုရင်
ယူတို့မျက်နှာလေး Glow နေတော့မှာ စိတ်သာချ ❣️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon