H.Sue Beauty Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from H.Sue Beauty Collection, Yangon.
27/03/2025
ဟန်ဆောင်ခြင်းက ပို၍ ခက်ခဲရပါတယ်
ဟန်ေဆာင်ခြင်းဆိုတာ စကားလုံးက ရိုးရှင်းပေမယ့် မုသား စကား နဲ့ ခပ်ဆင်ဆင် စကားစုပါပဲ
ငါမင်းကို မချစ်တော့ဘူးလို့ ဟန်ဆောင်ပြောတဲ့စကား
ငါမင်းကို မလွမ်းတော့ဘူးလို့ ဟန်ဆောင် ပြောတဲ့စကား
ငါမင်းကို သတိမရ တော့ဘူးလို့ဟန်ဆောင် ပြောတဲ့စကား
ငါမင်းကို မတွေ့ချင်တော့ဘူးလို့ ဟန်ဆောင်ပြောတဲ့ စကား
ဒီစကားတွေက လိမ်ရတာ ထပ် ဟန်ဆောင်ပြီး နေရတာက ပို ခက်ခဲ ပင်ပန်းစေပါတယ်
ဘ၀မှာ ချစ်ရက်နဲ့ မချစ်တော့ဘူးလို့ ဟန်ဆောင်ပြီးစွန့်လွှတ်လိုက်ရတာ
သတိရလျက် နဲ့ မလွမ်းချင်ယောင် ဆောင်လိုက်တာ ဒါတွေကလေ အခက်အခဲဆုံးသော အရာတွေပါပဲ
တခြားသူတွေပေါ် ဟန်ဆောင်ပြီး ညာလို့ရခဲ့ပေမယ့် ကိုယ်ကိုယ့်တိုင်တော့ ဟန်ဆောင် ပြီး ညာလို့ မရခဲ့ဘူးမလား ?
လွမ်းတဲ့ စိတ်တွေကို မျို သိပ် ဟန်ဆောင်ရင်းနဲ့
သတိရလျက် နဲ့ ဖုန်း မဆက်မိအောင် ထိန်းချုပ် ဟန်ဆောင်ရင်းနဲ့
ချစ်ရက် နဲ့ မချစ်တော့ဘူးလို့ ညာပြော ဟန်ဆောင်ရင်းနဲ့ ပဲ ...
တစ်ဖက်သူရဲ့ပျော်ရွှင် မှု/အဆင်ပြေမှုတွေကို ကျွန်မ တို့က ကျေနပ်စွာ လက်ခံ ပေးလိုက်ရပါတယ်
အချစ်ဆိုတာ မပိုင်ဆိုင်ရရင်တောင် သူပျော်နေတာ သူအဆင်ပြေတာလေး မြင်ရရင် တောင် ကျေနပ်စွာ ပြုံးမိနေခဲ့တာ ပါ
အချစ်က ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်း သပ်သပ်ပါပဲ
27.3.2025
20/03/2025
ဘ၀မှာ တစ်ယောက်တည်း ရှင်သန်ရပ်တည် နေ နိုင်တတ်ခြင်း 🍁
ဒီစကားက တကယ်တမ်းတော့ အရာအားလုံးကို မျှော်လင့် ချက် ထားမိတဲ့အခါ အကြိမ်ကြိမ် အခါခါ ပြန် တွေးသင့်တဲ့ စကားပါပဲ...
လူအများစုက ဘ၀မှာ ကိုယ့်အတ္တ တွေကို ရှေ့တန်းတင်ပြီး
ဒီလူ ရှိမှ ဘ၀ မှာ ရမှာ !
ဒီလူ ရှိမှ အသက်ရှင်နိုင်မှာ!
ဒီလူ မရှိရင် သေ သွားလိမ့်မယ်!
ဒီလူ ကြောင့်ဆိုတဲ့ ခေါင်းစဉ်များစွာနဲ့ ကိုယ့် အတ္တတွေကို ရှေ့တန်း တင်မိတဲ့အခါ တစ်ဖက်သူက မွန်းကြပ် မှု တွေ ဖြစ်လာပါတော့တယ်...
တကယ်တမ်းတော့ အရာအားလုံးက ပုံမှန်ပါပဲ
နေသားတကျ ရှိနေပြီးသား ကို စိတ်ထားတတ်ဖို့ပဲ လိုအပ်တာပါ...
ဘယ်အရာမှ မတည်မြဲဘူး ဆိုတာ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတွေ ထဲမှာလည်း ကြားဖူး ကြမယ်ထင်ပါတယ် ဘယ်အရာ ကိုမှ ကိုယ့် အနား ရှိနေမယ်လို့ ယုံကြည်လို့ မရသလို ဘယ်အရာ ကမှ ကိုယ့် အပိုင် ဆိုတဲ့ အရာက ပျက်စီး မဆုံးရှုံးသွားပါဘူးလို့ တွေးလို့ မရပါဘူး...
လူတစ်ယောက်က ကိုယ့်အနားက ထွက်ခွာသွားတဲ့အခါ ခံနိုင်ရည် ရှိရမယ် /နားလည် ရမယ်/ ခွင့်လွှတ် တတ်ရပါ့မယ်
တစ်ယောက်တည်း ရှင်သန် ရပ်တည် နေ နိုင်အောင် ကြိုးစားကြည့်ပါ ...
စိတ်တွေက အကောင်းဆုံး ထားတတ်အောင် ပြင်ဆင်ကြည့်ပါ
ဘယ်အရာ မဆို ကိုယ့်အတ္တ တွေကို ရှေ့တန်း မတင် မိအောင် နေထိုင်ကြည့်ပါ
ဒီလို တွေ ပြင်ဆင်ပြီးသွားတဲ့အခါ ဘယ်အရာမဆို ကြုံတွေ့ လာရင် အကောင်းဆုံး စိတ်သက်သာရာ ရစေမှာပါ...🍁
21.3.2025
19/03/2025
အိမ်မက် ✨
အိမ်မက်ဆိုတာ စိတ်ကူးယဉ်လို့ ကောင်းတဲ့ နေရာ
အိမ်မက်ဆိုတာက လက်တွေ့ဘ၀မှာ ဖြစ်မလာသေးတဲ့အရာ တွေကို စိတ်ကူးယဉ် တွေးတော နိုင်တဲ့အရာ တစ်ခု ပါ ✨
လူတိုင်းမှာ အိမ်မက် ကိုယ်စီ ရှိခဲ့ကြပါတယ်
အိမ်မက် ကိုယ်စီလည်း ရှိခဲ့ဖူးပါတယ်
တချို့က အိမ်မက် တွေ ကို ဆက်မက်ရင်း အကောင်ထည် ဖော်သွား နိုင်သလို /
တချို့ က အိမ်မက်တွေကို ဆက်မက်ခွင့် မရှိခဲ့တော့သလို/
တချို့က အိမ်မက် တွေနောက် လိုက်ရင်း လမ်းပျောက်သွားသလို/
တချို့တွေက အိမ်မက်တွေကို စွန့်လွှတ်ခဲ့ကြရတယ်
ငယ်စဉ်အခါ ကလေး ဘ၀ ရဲ့ တချို့သော အိမ်မက်တွေက ရိုးရှင်းပါတယ်...
ဖြူစင် သန့်ရှင်းတဲ့ အိမ်မက် တွေ ကိုပဲ ကလေး ငယ်တချို့က စိတ်ကူးယဉ် ခဲ့ကြပါတယ်
(ဥပမာ- သကြားလုံး တွေ အများကြီး၀ယ်စားချင်တာ/ ကိုယ့်နှစ်သက်တဲ့ ကစား စရာ တွေကို အများကြီး လိုချင်တာ/ ဆရာ၀န်ဖြစ်ချင်တာ /အင်ဂျင်နီယာ ဖြစ်ချင်တာ/ ဆရာမ ဖြစ်ချင်တာ / စသည်ဖြင့် ရိုးရိုးရှင်းရှင်း နဲ့ ဘာ အတ္တ ဘာ လောဘ မှ မပါ ခဲ့ကြပါဘူး)
အသက်အရွယ်တစ်ခု တစ်ခု ရောက်လာတော့ စဉ်းစား တွေးခေါ်တတ်တဲ့ အသိကြောင့် တချို့သောသူတွေ ရဲ့ အိမ်မက်တွေက အရောင် ပြောင်းလာခဲ့ ကြတယ်
အိမ်မက် တွေက စိတ်ကူးယဉ် ဖို့ မခက်ခဲပါဘူး
လက်တွေ့မှာ အကောင်ထည် ဖော်ဖို့ သာ ခက်ခဲ ခဲ့ကြတာပါ ဒါကြောင့် လူတချို့ကတော့ အိမ်မက်တွေကို စွန့်လွှတ်ပြီး အိမ်မက်နဲ့ ထပ်တူ မကျ ခြင်း များစွာ ဖြင့် ရှင်သန် နေ ထိုင် ကြပါတယ်
စကားလုံး က ၂လုံး ထဲ "အိမ်မက်"တဲ့
တကယ်တမ်းတော့ စိတ်ကူးယဉ် ဆန်ဆန် ဖြင့် အနက်အဓိပ္ပာယ် များစွာ နဲ့ လက်တွေ့ ကျ ခက်ခဲလွန်းလှတဲ့ အိမ်မက်တွေပါပဲ...
19.3.2025
အချစ်ဆိုတာ နာကျင်ရမှန်း သိရက်နဲ့ ဖက်တွယ်နေမိတာ ကို အချစ်လို့ ခေါ်နိုင်မလား?
တစ်ဖက် သတ်ဆန်ဆန် ချစ်ပြီး တစ်ဖက်သတ်ဆန်ဆန် ကြေကွဲ ခဲ့ရပါတယ် 💔
18/03/2025
အတွေးပုံရိပ် အပိုင်းအစ များနှင့် အကိုဆီသို့ရေးစာ
အပိုင်း-၁၀
မနက် ၃:၂၀ မိနစ်
အိမ်မက်က လန့်နိုးမိတဲ့အခိုက်အတန့်...
အပြင်မှာဆို ရူးသွားမလား ? ဆိုတဲ့ အခိုက်အတန့်
သိစိတ်ထဲရော မသိစိတ်ထဲရော စွဲလမ်းနေမိတဲ့ အရာမှာ အကို ပဲပေါ့
ဒီရက်ပိုင်းအတွင်းအရမ်းသတိရနေပေမယ့် တင်းခံနေတဲ့ မာန ကြား မဆက်သွယ် ခဲ့ကြတော့ပါ
အခုရက်ပိုင်း အိမ်မက်တွေ မက်နေတယ်အကိုရယ်
မက်ခဲ့တဲ့ အိမ်မက်တွေထဲ အကိုက ညီမ ကို ထားသွားတာ ချည်းပါပဲ ...
ဒီစာ ကို ရေးမိတဲ့အချိန်ဆို မနက် ၃နာရီကျော်ပါ
အိမ်မက်က လန့်နိုးနိုးချင်း ရေတောင် မသောက်နိုင်ဘဲ ဖုန်းကိုင်ပြီး အကို ့acc အရင် ပြေးကြည့် မိတဲ့အထိ ပေါ့
အကို့က ရန်ကုန်ရောက်နေပါတယ် ဒါလည်း အကို ရဲ့ Acc မှာ တင်ထားလို့ သိရခြင်းပါ စိတ်ထဲလေ တွေ့ချင် စိတ်တွေက တဖွဖွ ပါပဲ သို့သော် We don't talk anymore ပါ
အိပ်မပျော်တဲ့ ညဉ့်နက် တစ်ခုမှ အကို့အကြောင်း တွေးရင်း ဖြင့်သာ အချိန်ကုန်စေခဲ့တယ်အကို
အကိုအကြောင်း တွေး ရင်း မှေးစက်လာတဲ့ မျက်၀န်း ငယ်များဟာ အိပ်မော ကျသွား တဲ့အချိန် -
အကို ရန်ကုန် ရောက်နေတဲ့ အကြောင်း ပေါ့ အိမ်မက်ထဲ မှာ အကို ့ကို မြင်နေရပေမယ့် အကို့က ညီမ ကို လာမခေါ် ခဲ့သလို /လာ လည်း စကား မပြောခဲ့ ပါဘူး ဒီလို နဲ့ အဆိုးဆုံးက အိမ်မက် ထဲမှာ အကို အရင် ကောင်မလေးက ပြန်လာခေါ်လို့ အကို့က ညီမ ရှေ့က နေ ပြေးပြီး ထွက်သွားခဲ့တယ် ( အကို့က အကို့ အရင် ကောင်မလေးကို ပြတ်သွားခဲ့ပေမယ့် မေ့မရသေးတဲ့သူပါ)
အာ့အချိန် အိမ်မက် ထဲမှာ ရှိုက်ကြီးတငင် ငိုပြီး ကျန်ရစ်ခဲ့သူက ညီမ ပါပဲ...
အိမ်မက်က လန့်နိုးလာ ချင်း လူက အာ့အရာ ကြီး မဖြစ်ပါစေနဲ့ အာ့လိုကြီး မဟုတ်ပါစေနဲ့လို့ စိတ်ထဲ တွေးရင်း သာ ဖြေသိမ့် နေရသူပါ
အကို နဲ့သာ အဆက်သွယ် ရှိနေခဲ့ရင် တော့ အကို့ ဖုန်းကို ကောက်ခေါ်မိမှာ အသေချာ ပင်...
အကယ်၍ သာ အကို့ ကသာ သူ့ အရင်ကောင်မလေး နဲ့ ပြန်တွဲသွားခဲ့ရင် ဘယ်လို ေတွ ဆက်ပြီး နေရမလဲ မတွေးတတ်ခဲ့ဘူး အကို
အကို့ ညီမ ကို ရော ဒီထပ် ပိုပြီး သူစိမ်းဆန်သွားကြမလား?
အကို ညီမ ပေါ် ဒီထပ် ပိုပြီး ဆိုတဲ့ ရှုပ်ထွေး နေတဲ့ အတွေး တစ်ခု ကလွဲ လို့ ကျန်တာ တွေးမရခဲ့ဘူးအကို...
ရူးနေပါပြီ အကို
အကိုနဲ့ ပတ်သတ်ပြီး ကို ရူးနေခဲ့တာပါ
အကို ဆီက ဘာမျှော်လင့် ထားလဲ မေး တဲ့အခါ အဖြေ ဆိုတာ မရှိလောက်တဲ့အ ထိ ရူးတယ် အကို
အိမ်မက်ဆိုတာလည်း ဆက်မက်ခွင့် ရှိနေသေးရင်
အကိုနဲ့ ပတ်သတ်ပြီး ကောင်းတဲ့ အိမ်မက်မျိုးသာ မက်ခွင့် ရချင်မိပါတယ် အကို...
For My Mind 🤍✨
19.3.2025
"သူတို့ ကျွန်မ အဖေကို သတ်လိုက်ကြတယ် "
ဒီစာအုပ်က ဖတ်ဖူးသမျှ ထဲ အကြိုက်ဆုံး နှင့် ခေါင်းထဲ စွဲမြဲနေတဲ့ စာအုပ် တစ်အုပ်ပေါ့
ဒီစာအုပ် ကို မှတ်မှတ်ရရ ၂၀၂၂ ခုနှစ် မှာ ဖတ်ခဲ့ဖူးတာ ဒါမဲ့ လေ ခေါင်းထဲ အခု ထိ စွဲစွဲ မြဲမြဲ မှတ်မိနေတဲ့ စာအုပ် ပါ
စာအုပ်ရဲ့ အကျဉ်းချုပ်-
" First They Killed My Father "
ဒီစာအုပ်ကို ရေးခဲ့တဲ့ စာရေးသူက - LOUNG UNG
ဒီစာအုပ်က စာရေးသူရဲ့ တကယ် ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရေးထားတဲ့ စာအုပ် တစ်အုပ်ပါ
-ကမ္ဘောဒီယား နိုင်ငံရဲ့ စစ်ဖြစ်တဲ့ အကြောင်း အခြေခံပြီး ရေးထားခဲ့တာ
-စာရေးဆရာမ ရဲ့ ဖခင်ဖြစ်သူက ကမ္ဘောဒီယား နိုင်ငံရဲ့ နိုင်ငံတာ၀န် ကို ထမ်းဆောင်နေတဲ့ အထက်တန်းအရာရှိ တစ်ဦး ပါ ၊ စာရေးဆရာမ အပါအ၀င် သားသမီး (၆)ယောက် ထွန်းကား ခဲ့ပြီး မထင်မှတ်ထားတဲ့ အချိန်မှာ စစ် ပွဲ တွေ ဖြစ်လို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရတဲ့ အကြောင်း
-ခမာနီ တွေက မြို့ကို သိမ်းပိုက်လိုက် ချိန်မှာ ပိုင်ဆိုင်သမျှ စည်းစိမ်နဲ့ နေထိုင်ရာ မြို့ကို စွန့်ခွာ ခဲ့ရတဲ့ အကြောင်း
-အသက် ၆နှစ် အရွယ်က နေ စလို့ ဒီ စစ်ဘေး ထဲမှာ ပြေးလွှား ရုန်းကန် ရင်းနဲ့ အသက်ကြီး တဲ့အထိ ဖြစ်ခဲ့ရတဲ့အကြောင်း
-စစ်ဘေးထဲ မှာ စားစရာ မရှိလို့ ဒုက္ခပေါင်း များစွာ ရောက်ခဲ့ ရပြီး လူသန်းပေါင်း များစွာ သေဆုံးခဲ့ရတဲ့ အကြောင်း
-စာရေးဆရာမ လောင် က အကို အကြီးဆုံးဖြစ်သူ တို့နဲ့ ကမ္ဘောဒီယား နိုင်ငံက နေ ထွက် ခွာ သွားပြီး အစ်မ ဖြစ်သူ ချောင်က တော့ ကျန်ရစ်ခဲ့ရတဲ့အကြောင်း
-စာရေးဆရာမ လောင်နဲ့ အစ်မ ဖြစ်သူ ချောင်က နောင်(၅)နှစ်နေရင် ပြန်လည် ဆုံတွေ့မယ် ဆိုပြီး (၁၅)နှစ်ကြာမှ ပြန်တွေ့ခဲ့ရတဲ့ အကြောင်း
- တကယ် ကို စစ်ဘေး ထဲမှာ ဖြတ်သန်း ခဲ့တဲ့အရာတွေကို မျက်မြင်ကိုယ့်တွေ့ ရေးသား ခဲ့တဲ့ စာရေးဆရာမ လောင် ရဲ့ ဖြစ်ရပ်မှန်တွေကို ခံစားဖတ်ရူရမှာပါ
အာ့ဒီ စာအုပ်ရဲ့ အဆက်က တော့ Lucky child ဆိုတဲ့ စာအုပ်ပါပဲ အာ့စာအုပ်ကို ဖတ်ဖို့ တော့ တွေးထားပါတယ်
တကယ် ကို အကြိုက်ဆုံးသော စာအုပ် ကို ပြောပြ ဆိုလျှင် - စာရေးဆရာ ၀င်း ငြိမ်း ဘာသာ ပြန်ရေးသားထားတဲ့ -
"သူတို့ ကျွန်မ အဖေ ကို သတ်လိုက်ကြတယ်"
18.3.2025
9:57PM
အတွေးပုံရိပ် အပိုင်းအစ များနှင့် အကိုဆီသို့ရေးစာ ✨
အပိုင်း -၉
အကိုနဲ့ စကားမပြောဖြစ်တာ ၁၀ရက်မြောက်နေ့ပါ
သိပ်လွမ်းတယ် အကို...
မာနဆိုတဲ့ အရာတွေက အကိုနဲ့ညီမ ကြား တားဆီးနေသရွေ့ ညီမတို့ ပြန်ဆုံနိုင်မှာမဟုတ်ဘူး
အကို ကို ချစ်တဲ့ စိတ်နဲ့ ဆက်သွယ်ချင်ပေမယ့် သိ စိတ်က မာနဆိုတဲ့ အရာလေးက တားဆီးနေခဲ့တယ်အကို
လွန်ခဲ့တဲ့ တစ်ပတ်ကျော်က အကိုနဲ့စကားများခဲ့တယ် စိတ်ထဲ လေ နာကျင်ရလို့ မုန်းပစ်ချင်လောက်တဲ့ထိ အကို့ ကို စိတ်နာခဲ့တယ် ဒါမဲ့ မရခဲ့ပါဘူး ညီမ က အကို့ကို ချစ်တယ်အကိုရဲ့ ညီမ မှ အကို့ကို မပြတ်သားနိုင်ခဲ့တာ ...
အကို့ကို မလွမ်းမိအောင်နေထိုင်ကြည့်တယ်
အကို့ကို မတွေးမိအောင် နေထိုင်ကြည့်တယ်
အကို့ကို မချစ်မိအောင် နေထိုင်ကြည့်တယ်
အကို့ ကို နားမလည်ပေးမိအောင် နေထိုင်ကြည့်တယ်
ထို့အရာများက အကုန် အချည်းအနှီးသာ...
အရာမထင် ခဲ့ပါဘူးအကိုရယ် ထိုစိတ်တွေကို ချစ်တဲ့ စိတ်က အကုန် အနိုင်ယူခဲ့တာ ...
အိမ်မက်တွေမက်တယ်အကို
(၂)ရက်ဆက်တိုက်ပေါ့
"လူတစ်ယောက်အကြောင်း အိမ်မက် မက်ရင် အာ့လူက ကိုယ့်ကို သတိရနေလို့ပါတဲ့"
အာ့လို ကြောင့်များလား?
အကိုမသိပါဘူး
အကို့ကို ဘယ်လောက်ထိ ချစ်ပြီး မေ့မရလဲဆိုတာပေါ့ !
အကို မေးခဲ့ဖူးတယ်
အကိုရဲ့ ကားနံပါတ် မှတ်မိလားတဲ့?
အခုထိ 1P-**** က ခေါင်းထဲ စွဲနေတုံး
မေ့ဖျောက်လို့ မရတဲ့ အရာတစ်ခုဆိုလည်း မမှားနိုင်ဘူးအကို
ရန်ကုန်မြို့ရဲ့ ကားပေါင်းများစွာ ကြားထဲ အကိုရဲ့ ကား အမျိုးအစား တူရင် အသည်း အသန် ကားနံပါတ်ကို ပြေးကြည့် မိနေတုံး...
သိပ်လွမ်းနေပြီလေ အကိုရဲ့ မတွေ့ရတာ 2လ ရှိတော့မယ် အကို
အကို ကို့ပြောပြချင်တာတွေက ထောင်သောင်း မက ရှိနေပါတယ် သို့သော် အကို နဲ့စကား မပြောဖြစ်တော့ပါ...
မနေ့က ဆို မျက်ရည်များနဲ့ အိမ်ပြန်ခဲ့ရတဲ့ နေ့ပါ
Taxi ကားသမား က အကို နဲ့ အတူ အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ လမ်း ကို မောင်း တော့ စိတ်ထဲ သိပ်လွမ်းလိုက်တာ အကိုရယ် လွမ်းတဲ့စိတ်နဲ့ အတူ မျက်ရည်က ကျ မိလာသေးတယ်...
စိတ်ထဲ မနေ နိုင်လို့ အကို ဆီ ဖုန်းခေါ် ခဲ့ပါသေးတယ် စာလည်း ပို့ခဲ့ပါသေးတယ် ဒါမဲ့ အကိုဆီက Rpလေးက ယနေ့ အချိန်ထိ ရောက်မလာခဲ့ပါဘူးအကို ...
အကိုနေကောင်းရဲ့လား?
အကိုဆေးလိပ်တွေ ပြန်သောက်နေမလား?
အကို ဆေးရော ပုံမှန်သောက်ရဲ့လား?
အကို အလုပ်များနေမလား?
အကို ကားကိုရော ဂရုတစိုက် မောင်းရဲ့လား?
(အကို က ကားမောင်းတာ တအားကြမ်းတဲ့သူပါ)
အကို ညီမ ကို သတိများရနေမလား?
အကို အကို အကို ...
မေးခွန်းမြောက်များစွာ နဲ့ ဒ္ီကလေးမ ရင်ထဲ အလွမ်းတွေ ပြည့်နက်နေခဲ့တယ် !
အချစ်ဆိုတာက နာကျင်စေတတ်တဲ့အရာ
အချစ်ဆိုတာက ပေးဆပ်ရတဲ့အရာ
အချစ်ဆိုတာ က ခွင့်လွှတ်ပေးတတ်ရတဲ့အရာ
အချစ်ဆိုတာ ပူလောင်ရတဲ့အရာ
အကို့ ကို ချစ်မိလို့ ဘယ်လို အရာ မျိုး ဖြစ်ပါစေ လက်မလွှတ် ဘဲ ဆက်ချစ်ချင်ပါတယ်
မျှော်လင့်ချက်များစွာ နဲ့ စောင့်စားနေလျက်ပါအကို
အကို ့ကိုသိပ်ချစ်ခဲ့တာ ဒီကလေးမ အသိဆုံးပါပဲ
အကို ဆိုတာ ဒီရင်ထဲ အမြဲ ရှိနေမယ့်သူ ပါပဲ
အကို အတွက်ဆို ဒီ ရင်ခွင်က အမြဲ အသင့်ဖွင့်ထားလျက်....
For My Mind 🤍✨
အမှတ်တရ များနဲ့ ဒီနွေ 🍂
နွေဦး ရာသီရဲ့အစ က အလွမ်းအဆွေးများနဲ့ ပြည့်နက်နေခဲ့တယ်...
နွေ လို့ ပြောလိုက်တာနဲ့ ကလေး ဘ၀ ရဲ့ ပျော်ရွှင် စရာ ရာသီတစ်ခု ဆိုလည်း မမှားနိုင်ဘူး မဟုတ်လား?
ဒီနွေရာသီ ဟာ ပျော်ရွှင် စရာတွေနဲ့ ပြည့်နှက် နေခဲ့တဲ့ အချိန် က ကလေး ဘ၀ မှာ ပဲ ရရှိ နိုင်မယ့် အခွင့် အရေးတွေပေါ့ ....
တိတ်ဆိတ် ငြိမ်သက်နေတဲ့ ပတ်၀န်းကျင် မှာ ဥဩသံတွေရဲ့ တွန်ကြူးသံက သာယာနာပျော်ဖွယ် တေးသွား တစ်ပုဒ် ဖြစ်နေမလား?
ရွက်ဟောင်း တွေ ကြွေ ကျ တဲ့ ဒီလို ရာသီဟာ အလွမ်း ဓာတ်ခံ ရှိတဲ့ သူတွေ အတွက် လွမ်းမောတမ်းတ ဖွယ်ရာ များကို သတိ ရနေခဲ့မလား?
ဒီနွေမှာ လွမ်းဆွတ်တမ်းတ ရတယ်
ဒီနွေမှာ ခွဲခွာ ခဲ့ရတယ်
ဒီနွေမှာ စိတ်ကူးတွေ သိပ်လှခဲ့တယ် (ဒါက သင်္ကြန် အတွက် ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ ရတဲ့ အတွေး ပုံရိပ်များသာ)
တစ်စုံတစ်ဦး ကို အလွမ်း များနဲ့ ပြည့်နက်စွာ လွမ်းလို့ ကောင်းတဲ့ ရာသီဥတု တစ်ခု ပေါ့
ဆရာ သန်းတင့် ရေးခဲ့ဖူးတဲ့ စာတစ်ခုလို ပေါ့
"ဒီရာသီရောက်ရင် ဒီပန်းများဟာ ပြန်ပွင့်ဦးမှာပဲ
သို့သော် ကျွန်တော်တို့ ပြန်မဆုံတော့မှာ မဟုတ်ဘူး "
ဟုတ်ပါတယ်...
နွေရာသီက ရာသီဥတု တင် ပူပြင်းတာ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ရင်ခွင် တွေပါ ပူပြင်း စေခဲ့တာပါ
ပြန်မဆုံနိုင်တော့တဲ့ တစ်စုံတစ်ယောက် ရယ်
ပြန်မရနိုင်တော့တဲ့ အခိုက်အတန့်ရယ်
ပြန်မသွား နိုင်တော့တဲ့ အတိတ် ရယ်
ပြန်မလာတော့တဲ့ တစ်စုံတစ်ယောက်ရယ်ပေါ့
ဒီနွေဟာ အလွမ်းများနဲ့ ပြည့်နှက် နေပါတော့တယ်
ကံကော်ပန်း တွေလည်း ဒီအလွမ်းဒဏ် တွေကြောင့် ပို၍ လှပ နိုင်ပါ့မလား?
တန်ခူး လရဲ့ ပိတောက် ပန်း များဟာလည်း ပို၍ ပွင့်နိုင့်ပါ့မလား ?
ဂိမာန် နွေဦးက တစ်ဖန် ပြန်၍ ရောက်ရှိလာပြန်ပါပြီ ...
(ဒီစာက မည်သည့် အကြောင်းအရာ များ ကို မှ ကိုးကား ထားခြင်း မရှိဘဲ ကိုယ်တိုင် ခံစားချက်တချို့ ဖြင့် ရေးဖွဲ့ ထားခြင်းသာ)
16.3.2025
ဖေဖေ့ဆီသို့ရေးစာ 💞
အပိုင်း-၃
ဖေဖေက ဒီသမီးငယ်တို့နဲ့ ခွဲခွာ ထားတာ ၁နှစ်နဲ့ ၇လ ရှိသွားပြီ...
ဒီသမီးငယ်က ဖေဖေ နဲ့ ပတ်သတ်ပြီး နေသား ကျမယ်လို့ ထင်ခဲ့ပေမယ့် အခုထိ အသားမကျသေးတဲ့ အခြေ အနေ တစ်ခုပါပဲ ဖေဖေ...
ဖေဖေသိလား ?
ဖေဖေ့သမီးက ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း မှာ ပိုပြီး သန်မာလာတယ် ဆိုတာကိုပေါ့
ဖေဖေက ဖေဖေ့သမီးငယ်ကို သိပ်သန်မာစေ ချင်ခဲ့တာလေ
(တစ်ခုခုဆို ၀မ်းနည်းပြီး ချောင်မှာ သွားကြိတ်ငိုတတ်တာ က ဖေဖေ့ပဲသိတာ)
ဒါမဲ့ ဖေဖေ နဲ့ပတ်သတ်လာရင်တော့ သန်မာ မှုတွေက အမြဲ အားလျော့ စေခဲ့တယ် ဖေဖေ...
ဖေဖေ ဘယ်ဆီရောက်နေမလဲ?
ဖေဖေ အတွက် အထောက်အပံ့ ရစေမယ့် အရာတွေကို ဒီသမီးငယ်က သတိရတိုင်း သတိတရ နဲ့ လုပ်ပေးနေတုံးပါ ဖေဖေ...
ဖေဖေ လို့ ခေါ်ခွင့် မရတဲ့ ၁နှစ်ကျော်က လွမ်းဆွတ်မှု တွေနဲ့ ပြည့်နှက် နေခဲ့တာပါ ...
ပဲ့တင် သံတွေနဲ့ ထပ်နေခဲ့တဲ့ ဖေဖေရဲ့ ခေါ်သံတွေကို ကြားယောင်နေတုံးပါပဲ
My dad collectionဆိုတဲ့ Album ထဲက ဖေဖေနဲ့ ပတ်သတ်တာတွေက အမှတ်တရ နဲ့ပဲ ကျန်ရှိနေခဲ့တာ ဖေဖေရဲ့
ဖေဖေ...
ဖေဖေ့ ရဲ့ ဒီသမီးငယ်က ဖေဖေ့ အတွက် ရတနာ ဖြစ်ခဲ့တယ်မလား?
ဘယ်သူမှ မရှိခဲ့ရင်တော့ ငါ့သမီး အနား ဖေဖေ တစ်ယောက်လုံး ရှိတယ် သမီးငယ် တဲ့
ဖေဖေကစိတ်ချ လက်ချ နဲ့ ထားခဲ့လိုက်တာ ဒီသမီးငယ် ကိုပေါ့
ဒီနေ့ ဖေဖေ့ သူငယ်ချင်း ထူးအိမ်သင် ဆိုထားတဲ့
"တုနှိုင်းမဲ့ရတနာ" ကို နားထောင် ဖြစ်တယ်ဖေဖေ
မျက်ရည် မကျရုံတမယ် သတိရစိတ်တွေ ကို ထိန်းချုပ်ပြီး ပေါ့ ဖေဖေရာ...
ဖေဖေသာ အခု ချိန်ထိ ရှိနေခဲ့ရင်
ဒီသမီးငယ်က အရာအားလုံးကို သတ္တိ ရှိရှိ ရင်ဆိုင် ကျော်ဖြတ်တဲ့ အခါ ပိုပြီး ခွန်အား ရမှာပါ
ဖေဖေသာ အခု ချိန်ထိ ရှိနေခဲ့ရင်
ဒီသမီးငယ်က အလုပ်တွေပိုကြိုးစားပြီး ဖေဖေ အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဖေ့ရဲ့လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖြစ်မှာပါ
ဖေဖေသာ အခု ချိန်ထိ ရှိနေခဲ့ရင်ကပ်ချွဲနေဦးမှာ
ဘယ်တော့မဆို နေ့စဉ်ဒူ၀ တိုက်ဆိုင်မှုတွေ ရှိလာတိုင်း သတိရလျက်ပါ ဖေဖေ
ဒီသမီးငယ်ရဲ့ သတိရစိတ် /တောင်းတ စိတ်တွေ ကို ဖေဖေ့ကြား မသိနိုင်တော့ပါ
ဒီသမီးငယ် ကို မေ့ပြီး ဘ၀သစ်မှာ ပျော်ရွင်နေမယ်လို့ ယုံကြည်နေလျက်ပါ ဖေဖေ
05/03/2025
အတွေးပုံရိပ် အပိုင်းအစ များနှင့် အကို့ဆီသို့ ရေးစာ ✨
အပိုင်း-၈
အကို့နဲ့ တွေ့ရဖို့ ၄ရက်အလို ...
ဟုတ်ပါတယ် အကို့ ရှိတဲ့ မြို့ဆီ သွားပြီး အကို နဲ့ တွေ့မှာပါ အကို က အလုပ်မအားတာကြောင့် အကို ဆီသွားပြီး တွေ့မှာပါ
အကို့က ရန်ကုန်မြို့ တစ်ဖက်ကမ်းမှာ နေပါတယ် အကို့ဆီ သွားဖို့ ဆို ၂နာရီ ၀န်းကျင်လောက် ကားစီးရမှာပါ ဒါမဲ့လေ ချစ်တဲ့ စိတ် တွေ့ချင်တဲ့ စိတ်နဲ့မို့ အကိုဆီ သွားမှာပါ အမှန်တိုင်းပြောရရင် ညီမ ကြောက် မိသေးတယ်အကို... ဘာလို့ဆို ညီမ တစ်ခါမှ မရောက်ဖူးတဲ့ နေရာကို တစ်ယောက်တည်း လာရမှာမို့ ပေါ့ ဒါမဲ့ လည်း ကြောက်တဲ့စိတ်ထပ် ချစ်တဲ့ စိတ် က ပိုများ နေတာ မို့ သတ္တိရှိရှိနဲ့ အကိုဆီ လာဖို့ ဆုံးဖြတ်သားပြီးသားပါ အကို ...
အကိုရယ် ...
တွေ့တဲ့အခါ အကို ကို ဘယ်လောက်ထိ လွမ်းနေရကြောင်း အကို့လက်လေး ဆုပ်ကိုင်ရင်းပြောပြ ဦးမယ်
အကို့နဲ့မတွေ့ရတဲ့ တစ်လ အတွင်း နေ့ရက် တိုင်းက ညိုးနွမ်းနေတဲ့ ပန်းပွင့်လေး တစ်ပွင့်အဖြစ် ဖြတ်သန်းခဲ့ရကြောင်း လည်း ပြောပြဦးမယ်
အကို ရဲ့ အနား မရှိတဲ့ အချိန် နာရီတွေကလည်း သိပ်ကြာခဲ့ ကြောင်း ပြောပြဦးမယ်
အကို ရဲ့ ရင်ခွင် လောက် ဘယ်အရာကမှ နွေးထွေးမှု မရှိခဲ့ကြောင်းလည်း ပြောပြဉီးမယ်
အကိုရဲ့ နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကား သံလေးတွေ ကိုလည်း လွမ်းမိကြောင်း ပြောပြဦးမယ်
အိမ်မက်ဆိုတဲ့ အရာထဲ အကိုနဲ့ အတူ တည်ဆောက်ထားတဲ့ အရာတွေက အပြင်မှာ ဖြစ်လာရင် သိပ်ကောင်းမှာပဲနော် အကို
အကို နဲ့ အတူ ရှင်သန်ခွင့် သာရခဲ့ရင် ဒီကလေးမ လေးက အရာအားလုံး ကို စွန့်လွှတ် ဖို့ အသင့်ပါပဲ
ဒီ မိန်းကလေးက အကို့ကို ဖွင့်ဟ ပြောဆိုခဲ့တဲ့ ချစ်ခြင်း မေတ္တာ များက စစ်မှန်ခဲ့ရင် အကို ပြန် ချစ် မယ်လို့ မျှော်လင့် စောင့်စားရင်းသာ...
For My Mind 🤍✨
04/03/2025
အတွေးပုံရိပ် အပိုင်းအစ များနှင့် အကို့ဆီသို့ရေးစာ ✨
အပိုင်း -၇
ဒီနေ့က နေသာတယ် အကို
ရာသီဥတု လည်း သာယာတယ် ...
မိုးလင်းတော့ ပထမဦးဆုံး အကို ့ကို သတိရမိတာပဲ...
Ph ဆက်ပေမယ့် ph မကိုင်ခဲ့တာ အကိုပါ...
စိတ်ထဲ လေ အကိုနဲ့အရမ်းတွေ့ချင်နေတာ ဒါမဲ့ အကိုဆီလာဖို့ က မဖြစ်နိုင်သေးတာ ကြောင့် လွမ်းတဲ့ စိတ်တွေကို မျိုသိပ် ရင်းနဲ့ပေါ့...
ဒီရက်ပိုင်း ညီမ စိတ်တွေ အကို့ဆီ ပိုရောက်နေခဲ့တယ် အကို ...
အကိုသိလား?
အခုရက်ပိုင်း ညီမ မှ ညီမ ဖြစ်နေတဲ့ သူတွေ ကို အကုန် blk ခဲ့တယ် အကို ကလွဲပြီး သူတို့ပေါ် ဘာခံစားချက်မှ ထည့်မရခဲ့လို့
သူတို့ကလည်း အကို့ကို မနာလို ဖြစ်တဲ့ ပုံပါပဲ
အကို အကြောင်း Note ဖြစ်ဖြစ် / My day ဖြစ်ဖြစ် ရေးတင်တဲ့အခါ ဆို ပိုပြီး အပြစ်ပြောဆိုကြတယ်အကို ...
အကိုနဲ့ ပတ်သတ်ရင် ညီမ က သိပ်အရူးအမူး ဖြစ်နေခဲ့တာ အကိုရဲ့
ဝိုင်းစုခိုင်သိန်း (အပြစ်မမြင်ပါဘူး) သီချင်း ထဲကလို ပေါ့
"အားလုံးကစိုးရိမ် စိတ်နဲ့ သတိပေးကြပေမယ့် ကြားစကားလို ရင်မှာ ယုံထားတယ်🎶
အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက်...
ဖြစ်သမျှဟာ အကောင်းပဲပေါ့ မင်းရင်ခွင်နဲ့ ခွဲခွာ နေဖို့မရဲပါဘူး 🎶 အနားနားမှာ အမြဲရှိပါရစေ"
ဟုတ်ပါတယ် ဘယ်သူတွေက ဘယ်လို တွေပြောပြော ဒီကလေးမက အကို့မှ အကို ဖြစ်နေဆဲ အကို့ကို ဆို အပြစ်မမြင်ဘဲ ချစ်တာ တစ်ခု တည်း နဲ့ အရာ အားလုံး နားလည်ပေးထား ခဲ့တာမို့ပါ အကို့အနား နေရ ရင် ကို ကျေနပ်နေတာတဲ့သူပါ
"ခွင့်လွှတ် ချစ်တတ်အောင် တို့ကြိုးစားကြည့်တယ် 🎶 လျှို့ဝှက် ချက်များစွာ ထဲမှာ အမြဲတမ်း တစ်ဝဲလည်လည် မှားလည်း ကွယ် မှားပါစေတော့ကွယ်"
အမြဲ အကို့နဲ့ ပတ်သတ်ရင် အကို ဖုန်း မဆက်တာ အစ စာ မပို့တာအဆုံး ထိ အမြဲ အလုပ်မအားလို့ ဆိုတဲ့ ခေါင်းစဉ် တပ်ပြီး ခွင့်လွှတ် တတ်သူက ညီမ ဖြစ်နေခဲ့တယ်အကို ...
ညီမ မမြင်နိုင်တဲ့ အကို့ရဲ့လျှို့ဝှက်ချက် များစွာ ထဲ မှာ ပိတ်မိနေခဲ့သူ ဆိုလည်း မမှားနိုင်ပါဘူး
ဘယ်အတွက်နဲ့ များ အကို ပဲ သိပ်သဘော ကျမိနေလည်း တွေးမရခဲ့ဘူး အကို့
အကိုရဲ့ ဖြစ်တည်မှု အရာ အားလုံးကို လက်ခံ သဘော ကျမိတဲ့နောက် ရူးသွပ် စွဲလမ်းနေခဲ့ရသူပါ အကို....
သိပ်ချစ်တယ်
သိပ်လွမ်းတယ်
မနက်ဖြန်ဆိုတာ ရှိနေသေးသရွေ့ ချစ်နေဦးမယ်
For My Mind 🤍✨
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |