Nature Neem Product
Nature Neem Product neem products
မုန်တိုင်းသတင်း လိုတိုရှင်း
-------------------------
မနက်ဖြန်မှာ လေဖိအားနည်းရပ်ဝန်း( Low Pressure Area) ဖြစ်မည်။
သဘက်ခါမှာ မုန်တိုင်းငယ် ( Depression ) ဖြစ်မည်။
၁၀ ရက်နေ့မှာ ဆိုက်ကလုန်းမုန်တိုင်း ( Cyclonic Storm) ဖြစ်မည်။
မုန်တိုင်းလမ်းကြောင်းကို လေဖိအားနည်းရပ်ဝန်းဖြစ်မှ တိတိကျကျ ခန့်မှန်းနိုင်မည်။
မြန်မာနိုင်ငံကို မေလ ၁၃ နဲ့ ၁၄ တွင် ဝင်မည်ဟု ခန့်မှန်း။
ဖြစ်နိုင်ချေ လမ်းကြောင်း ၂ ခုအဖြစ် ရန်ကုန်တိုင်း ဖျာပုံနှင့် ကွမ်းခြံကုန်းကြား သို့မဟုတ် ရခိုင်ပြည် စစ်တွေနှင့် ကျောက်ဖြူကြားမှ ဝင်နိုင်သည်ဟု မိုးလေဝသမှ ခန့်မှန်းထားပါသည်။
12/07/2022
"ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"
~~~~~~~~~~~~~~~~~~~~~~~~
မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -
၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။
* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ
❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။
"ဓမ္မစင်္ကြာဟောကြားခြင်း"
သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။
ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။
ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။
ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။
ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။
မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။
အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။
အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။
လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။
ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။
အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။
အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။
သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။
မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။
ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။
ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။
တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။
သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။
မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏
ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။
"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )
ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။
ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -
အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။
ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။
ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
"ဝါဆိုလပြည့် ထူးခြားချက်များ"
( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။
( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။
( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။
( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။
( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။
( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။
( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။
"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~
သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )
သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________
တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )
ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________
ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )
ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________
အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် Credit ပေးပါသည်
July 10
Breaking news
👇👇👇👇👇
ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5
မအား တာ နဲ့ လက် ရှိ ရေး လက်စ စာလေး တောင် ရပ် ထား ရ ပါတယ်
ခု တော့ ကြားဖြတ် အရေး တကြီး ကိုးဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ
အား လုံး သိ ကြတဲ့ အတိုင်း ကိုးဗစ် ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့် ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ အသက် ဆုံး ခဲ့ ကြ ရ ပါတယ်
ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး လှိုင်း တခု ထပ် အ လာ မှာ တော့ ပိုး က အဆ ပေါင်း များစွာ ပိုမို ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို လူ မသေ ခဲ့ ပါ ဘူး
ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့ နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ်
အခု အိုမီခရွန် ပိုးသစ် တွေ နဲ့ လှိုင်း အ သစ် တခု လာ ပြန် ပါပြီ
* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို့ နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ
* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ်
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး အကူး မြန် ပြီး ပို ဆိုး ပါ တယ်
ခု တော့ ဘီအေ ၁ နဲ့ ၂ က ညိမ် သွား သ လောက် ဖြစ် ပါ ပြီ
* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ သလောက် ရှား ပါ တယ်
* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့ သတိ ပေး တဲ့ အ နေ နဲ့ အ မြန် ရေး သား လိုက် ရ ပါ တယ်
ဘီအေ ၄ နဲ့ ၅ က ပေါ် တာ သိပ် မ ကြာ သေး ပါ
ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ့ WHO က ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ
ဘီအေ ၄ ပိုး ကို တောင်အာဖရိက ဘော့စဝါးနား ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ ဖြစ် နေ တာ တွေ့ ခဲ့ တယ်
ဘီအေ၅ ကို တော့ မေလ ထဲ မှာ ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ တော့ ဘီအေ၄ ရော ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့ ဂျာမဏီ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ ဘီအေ ၅ ပိုး တွေ တွေ့ တယ်
ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ ရောက် နေ ပါ ပြီ
ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ
ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်
အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ်
အာရှ မှာ လဲ ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ
မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅ မကြာမှိ လာ ပါ တော့ မယ်
ကာကွယ် ဆေး ၂ လုံး ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ ကူး နိုင် ပါသည်
ဘယ် လို ကာ ကွယ် မ လဲ ဆို တာ ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်
ကာကွယ် ဆေး တတိယ တ လုံး အပြင် စတ္တုထ တလုံး ထိုး ရင် ရ မ လား?
သေခြာ တာ က တော့
မတ် mask ပြန်တတ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ
လက်ဆေး ပါ
အရက် ပျံ ပွတ်
ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့ ရောဂါ လက္ခဏာ အသစ် တွေ ခု ထိ တော့ မတွေ့ ပါ
ဖြစ် တာ လဲ မကြာ သေး တော့ သိပ် မသိ ကြ သေး ပါ
နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း
လူ အသေအပျောက် ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ပါ
အားလုံး ကိုးဗစ် သတိ ရှိ ကြ ပါစေ
မေတ္တာဖြင့်
Dr William Aye MD
USA
25/06/2022
ကျမ်းမာရေး အတွက်အထောက်အကူ ဖြစ်စေပါတယ် မြန်မာပြည်က ပုဂ္ဂလိက
ဆေးရုံတွေကဆရာ၀န်စမ်းသပ်ခ
နေ့စဉ်ကြည့်ရှုခဆေးဖိုး
ICUအခန်းက ခွဲစိတ်ခ အခန်းခ
အရာအားလုံး အားလုံး
လှုပ်လိုက်တာမှန်သမျှ
အရမ်းရမ်း စျေးကြီးတယ်
မြန်မာပြည်မှာက
ဆရာဝန်တစ်ယောက်
နာမည်ကြီးရင်
ဘွဲ့ခြင်းတူလဲ
နောက်ဆရာဝန်ကို
မပြမကုသကြဘူး
ထုံစံလိုဖြစ်နေတယ်
တိုကင်ယူရတယ်
သူတို့လာချင်တဲ့
အချိန်လာတယ်
သူတို့ကို
မျက်နှာငယ်နဲ့
စောင့်ရတယ်
ဆရာဝန်တွေကလဲ
ဘဝင်ကခပ်မြင့်မြင့်
ခပ်ချေချေ
ဟောက်ငေါက်ပြီး
ခြောက်စားလုပ်နေကြတော့
ဆေးရုံပိုင်ရှင်နဲ့
ဆရာဝန်တွေ
ပူးပေါင်းပြီး
ထင်တိုင်းကျဲ
ချမ်းသာပြီချမ်းသာ
ဆေးရုံတွေပဲ
ထပ်ချဲ့ပြီးချဲ့
တိုးပြီးရင်တိုးပြီး
ဆေးရုံးအခန်းက
နာမည်ကြီးရင်ကြီးသလို
နေ့တိုင်းပြည့်နေပြီး
စျေးကလည်းကြီးသည်
ဘာservicမှ
အခမဲ့မရသလို
ဟိုတယ်လုပ်ငန်းထက်
အခန်းငှားခကပို၍
အမြတ်စွန်းများပြီး
တွက်ချေလည်း
အလွန်ကိုက်သည်
လူနာရှင်တို့ငွေလဲကုန်
သူတို့ကိုလဲကြောက်ပြီး
ကုသနေရတယ်
# # # # # # # # # #
မြန်မာပြည်က
ပုဂ္ဂလိကဆေးရုံလို့တော့
ပြောတာပဲ
မြန်မာပြည်က
သမားတော်လို့တော့
ပြောတာပဲ
မြန်မာပြည်က
အကောင်းဆုံး
ဆေးရုံလို့တော့
ပြောကြတာပဲ
အဲဒီဆေးရုံက
ဆရာဝႏၠ
အရမ်းတော်ကြတယ်လို့
ပြောကြတာပဲ
ကျတော်အစက
အဖေရဲ့ရောဂါကို
မြန်မာပြည်မှာကုသဖို့
စဉ်းစားဖူးတယ်
ကုလဲကုခဲ့ဖူးတယ်
အကြိမ်ပေါင်းမရေတွက်အောင်
ဆေးရုံမှာသွားကုခိုင်းဖူးတယ်
အဖေကတီဘီဆေး
ကိုးလသောက်ဖူးတယ်
လည်ပင်းမှာ
အကျိတ်ကထွက်တယ်
ကျောက်ကပ်မှာ
ကျောက်တည်တယ်
အစိုးရဆေးရုံလဲပြသတယ်
လည်ပင်းကအကျိတ်ကိုခွဲတယ်
မကြာဘူး
နောက်တစ်နေရာထပ်ထွက်တယ်
ကိုယ်ကလဲစိုးရိမ်လို့
ရန်ကုန်လာစေပြီး
အကောင်းဆုံး
ပုဂ္ဂလိကဆေးရုံပြတယ်
အဲဒီပြတဲ့နေ့မှာ
ဆရာဝန်နဲ့တွေ့ရဖို့
အချိန်နှစ်နာရီမကစောင့်ရတယ်
မနေနိင်လို့ information က
သူနာပြုကိုမေးတယ်
မကြည်မသာမျက်နာနဲ့
နံပါတ်မရောက်သေးတဲ့
အကြောင်းပြောတယ်
ကိုယ့်အလှည့်ရောက်တော့
အဲဒီဆရာဝန်အခန်းထဲ
အဖေနဲ့လိုက်ဝင်တယ်
သမားတော်ကြီးဆိုတဲ့ဆရာဝန်
အဖေအခြေနေဖိုင်ကိုစစ်
ဟိုမေးဒီမေးနဲ့
နောက်တစ်ပါတ်ချိန်းတယ်
(စကားပြောတာ
၅ မိနစ်တောင်ကြာမယ်မထင်ဘူး)
ကိုယ်ကအဖေနဲ့
နယ်ကလာတဲ့အကြောင်း
ကျတော်ကိုယ်တိုင်လဲ
အလုပ်ကိစ္စရှိလို့
မနက်ဖြန်ချိန်းဖို့တောင်းဆိုတယ်
မရဘူးဆိုတော့ မတတ်နိင်ဘူး
အလုပ်ခွင့်ထပ်ယူလိုက်ရတယ်
နောက်ပတ်ရက်ချိန်းမှာ
အဖေကိုဓာတ်မှန်တွေရိုက် သွေးစစ်နဲ့ အဖေလည်ပင်းက
အကျိတ်ကို မနက်ဖြန်ခွဲမယ်ဆိုပြီး နောက်နေ့ချိန်းပါတယ်
အကျိတ်ခွဲပြီးလို့
အဖေကျောက်ကပ်
အခြေနေကိုစစ်တယ်
ကျောက်ကပ်မကောင်းဘူး
လဲရင်လဲ မလဲရင် ခွဲဖို့ပြောတယ်
အဆိုးဆုံးက
ခန့်မှန်းသလောက်
အဖေဆီးအိမ်ကင်ဆာ
ဖြစ်နိင်တယ်လို့ဆိုတယ်
ကျတော်ကလဲ
အဖေအကျိတ်ခွဲထားတာ
ရက်ပိုင်းပဲမို့
တစ်ပါတ်လောက်အနားယူပြီးမှ
အူလမ်းကျောင်းမခွဲလိုသေးတဲ့အကြောင်းပြောတော့
"မင်းကဆရာဝန်လား
ငါကဆရာဝန်လား" ဆိုပြီး
ပြောလေရော
US ကကျတော့်သူငယ်ချင်း
ဆရာဝန်က အဖေရဲ့ ct
အဖြေလွှာကိုကြည့်ချင်လို့
ပြောထားတော့
ကျတော်အဲဒီဆရာဝန်ဝန်ကို
အဖေရဲ့ ct တောင်းတော့ပိုဆိုး
မျက်ထောင့်နီနဲ့
မဟောက်ရုံတမယ်
ထားလိုက် သည်းခံလိုက်တယ်
ကုန်ကျမူ့တော့
စုစုပေါင်း ၈ သိန်းကျော်
ကျောက်ကပ်မကုရသေးဘူး
ခွဲထားတဲ့အကျိတ်
သန့်ရှင်းရေးလုပ်ဖို့
အဖေကိုလာပို့တယ်
သူနာပြုအခန်းရှေ့မှာ
ဝါဂွင်းအသစ်သွင်းနေတာ
မြင်ရပေမယ့်
ဦးလေးနာလား မနာဘူးလား
တချက်မှမမေး
တာဝန္တခုလို
ဂွမ်းတွေသွင်းနေတာ
သက်မဲ့ကျောက်ရုပ်အတိုင်း
ပြီးလဲပီးရော
သူနာပြုမလေးက
ထွက်လို့ရပြီဆိုတဲ့
စကားတခွန်းပဲပြောတယ်
ကိုယ်တိုင်မြင်နေရတော့
စိတ်ထဲမကောင်း
တပတ်လောက်ကြာတော့
အေဖကို
ကျောက်ကပ်ကိစ္စ
ဖုန်းဆက်လာတယ်
အဖေလည်ပင်းက
အကျိတ်ကလဲရောင်နေတုန်း
ကျတော်စဉ်းစားရပြီ
အဲဒါနဲ့
ရှမ်းပြည်တချက်
ပြန်လာတဲ့အကြောင်းပဲ
ပြောလိုက်တယ်
ကျတော်
အဖေနဲ့အတူ
ဘန်ကောက်လေယာဉ်
လက်မှတ်ဖြတ်လိုက်တယ်
Silon မှာနေတဲ့မိတ်ဆွေအကူညီနဲ့
အနီးနားဆုံး
ဆေးရုံး Chulalongkorn hospital (အစိုးရဆေးရုံ )အဖေကိုခေါ်သွားတယ်
Passport ပြပြီး
ဆေးရုံကဒ်လုပ်တယ်
ကဒ်ရဖို့စောင့်ယူနေတဲ့ချိန်
သူနာပြုတွေကဝှီးချဲနဲ့အဖေကို
သွေးစစ်ဖို့ ဆီးစစ်ဖို့
လေးထပ်မှာရှိနေမယ့်အကြောင်း
ကျတော်ကဒ်ရလို့
လိုက်သွားတော့
အဖေကဆေးရုံဝတ်စုံနဲ့
ဝှီးချဲပေါ်ကနေ သွေးနဲ့ ဆီးတောင်
စစ်ပြီးလို့ စောင့်နေပြီ
၃၀ မိနစ်လောက်ကြာတော့
ကျတော့်နာမည်နဲ့
အဖေနာမည်ခေါ်ပြီး
ဆရာဝန်အခန်းဝင်ရတယ်
ဝင်ဝင်ချင်း
ဆဝဒ်ဒီခပ် (မင်္ဂလာပါ) ဆိုပြီး
အရိုသေဆုံးရှိခိုးပြီးပြုံးပြုံးလေးနှုတ်ဆက်တယ်
ခုနကစစၴားတဲ့
သွေးနဲ့ဆီးအဖြေက
ဆရာဝန် computer ထဲ
online system နဲ့အသင့်ရှိနေပြီ
ကျတော်ကလဲ
အဖေလည်ပင်းကအကျိတ်အခြေနေပြောတယ် ပထမအကျိတ်နေရာက အသားမာ နဲ့ အမာရွက်ဖြစ်နေသလို
ရန်ကုန်က
ခွဲထားတဲ့အကျိတ်နေရာမှာလဲ
တစ်လက်မဝန်းကျင် မကျက်တကျက်
ဆရာဝန်ကစစ်ကြည့်ဖို့
သူနာပြုခေါ်လိုက်ပြီး
(၁၄) ထပ်ပို့ပေးတယ်
အဲဒီမှာ
နောက်တယောက်ဆရာဝန်က
ရန်ကုန်ကဆေးစာရွက်တောင်းတော့
ရန်ကုန်ကဆရာဝန်က
မပေးလာတဲ့အကြောင်း
ကိုယ့်ဖာသာလာကုတဲ့
အကြောင်းပြောတော့ ရပါတယ်တဲ့
အဲဒါနဲ့
အဖေလည်မင်းကို scan ရိုက် သေသေချာချာပြန်စစ်ပြီး
အကျိတ်ထပ်ခွဲဖို့ပြင်ဆင်တယ်
ရန်ကုန်ကခွဲလာတဲ့နေရာနဲ့
နောက်အဖုထွက်လာဆဲနေရာ
၂ နေရာခွဲတယ်
အသစ်ခွဲပေးတဲ့နေရာက
4cm လောက်ပါပဲ
အဟောင်းနေရာမှာတော့ ခွဲထားတာအမြစ်မကုန်သေးတဲ့အကြောင်း
ပြောတယ် ကြာချိန်
တစ်နာရီ မပြည့်ပါဘူး
ကျောက်ကပ်ဆရာဝန်ဆီ
သူနာပြုပြန်လာပို့တယ်
အေဖကို
ဒီညဒီမှာထားပေးလို့ရလားမေးတယ်
ဘာလို့လဲဆိုတော့
မနက်ဖြန် ၉ နာရီမှာ
အဖေကျောက်ကပ်နဲ့အူလမ်းကြောင်းအတွက် 😷
အစားစာ ၁၂ နာရီ
ထိန်းချုပ်ရမယ်ဆိုတော့
အဖေကိုဆေးရုံမှာပဲ
အခန်းတစ်ခန်းစီစဉ်ပေးလိုက်တယ်
နောက်နေ့
ကျတော် ဆယ်နာရီခွဲ
ဆေးရုံရောက်တော့
အဖေက xray တောင်ပြီးနေပြီ
သူတို့ဆရာဝန်
သုံးလေးယောက်ထင်တယ်
အချင်းချင်းတိုင်ပင်ပြီး
ကျောက်ကို လေဆာနဲ့ပစ်ဖို့
ကျတော့်ကိုပြောတယ်
စောင့်ချင်ရင်ရသလို
ကိစ္စရှိမယ်ဆိုရင်လဲ
ညနေ ၅ နာရီအဖေကို
လာကြိုပေးနိုင်တဲ့ပြောတယ်
ကျတော်လဲ
စောင့်နိင်တဲ့အကြောင်း ပြောပြီး
အဖေအတွက်ယူထားတဲ့အခန်းမှာအနားယူနေလိုက်တယ်
၅ နာရီထိုးတော့
သူနာပြုလာခေါ်ပြီး
ကုန်ကျမူ့အတွက်
အဖေအတွက်လိုအပ်မယ့်
သောက်ဆေးအတွက်စီစဉ်ပြီး
ဆရာဝန်ကိုနှုတ်ဆက်တယ်
မနက်ဖြန်
အဖေလည်ပင်းတချက်
သန့်ရှင်းရေးလာလုပ်ပေးပြီးရင်
မြန်မာပြည်ပြန်လို့ရပြီဆိုပြီး
ဆရာဝႏၠ
ပြုံးပြုံးချိုချိုနဲ့နှုတ်ဆက်တယ်
နောက်နေ့
အဖေလည်ပင်းက
ခွဲထားတဲ့အနာကို
သန့်ရှင်းရေးလုပ်ဖို့သွားပို့တယ်
သူနာပြုတစ်ယောက်က
ချက်ချင်းကြိုဆိုတယ်
အနွေးထွေးဆုံးနဲ့
ဂရုတစိုက်ပြုံးပြပြီး
သန့်ရှင်းရေးလုပ်ပေးနေတာ
သမီးတေယာက္က
ကိုယ့်အဖေကို
ပြုစုနေတဲ့အတိုင်းပါ
ကုန်ကျမူ့စုစုပေါင်း
အဖေအတွက်လူနာကဒ် 50 baht
သွေးစစ် ဆီးစစ် 350 baht
အကျိတ်ခွဲ 300×2=700 baht
အကျိတ်သန့်ရှင်းရေး 2 time 100 baht
ကိုယ်တိုင်သန့်ရှင်းဖို့
ဂွမ်းအရက်ပြန် ပါတ်တီး 150 baht
ဆေးရုံမှာအဖေအိပ်ခ
VIP room 1,500 baht
အမ်ထရာဆောင်းရိုက်ခ 1300 baht
ကျောက်လေဆာပစ် 3,200 baht
တစ်လစာသောက်ဆေး 850 baht
Service 300 baht
Total 8,200
မြန်မာကျပ်ငွေနဲ့
သုံးသိန်းခွဲတောင်မကုန်
လေယာဉ်ခနဲ့အပါ ၅ သိန်းထားလိုက်
အပြန်လေဆိပ်မှာ
အတူပြန်တဲ့သူကိုသတိထားတော့
ထက်ဝက်လောက်က
သက်လက်ပိုင်းအရွယ်
ထက်ဝက်လောက်က
ဆေးလာကုကြတဲ့သူတွေ
စကားကြုံလို့
ဘေးနားကအန်တီနဲ့
စကားပြောကြည့်တယ်
ရန်ကုန်ပုဂ္ဂလိဂဆေးရုံမှာ
နှလုံးကုတာ တစ်နစ်ကျော်ကြာခဲ့ပြီ
သိန်းရာနဲ့ချီကုန်ခဲ့ပြီ မထူးလို့ဆိုပြီး
ထိုင်းမှာလာကုတာ
baht 40000 ကျော်ပဲ
ကုန်တယ်ပြောတယ်
မြန်မာငွေနဲ့တွက်နဲ့
ဆယ်သိန်းနဲနဲပဲကျော်တယ်
မြန်မာပြည်က
ဆရာဝန်တွေကအကျိတ် သိုမဟုတ် တစ်ခုခုခွဲရင်
အမာရွတ်ကျန်နေအောင်
ရုပ်ဆိုးအကျည်းတန်အောင်
ဖြစ်သလိုခွဲတယ်
ထိုင်းကဆရာဝန်က
တစ်ခုခုခွဲစိတ်ရင်
အတတ်နိင်ဆုံးအမာရွက်
မကျန်အောင် ခွဲတယ်
မြန်မာပြည်က
ကျောက်ကပ်အတွက်ခွဲဖို့ပြောတယ်
(အဲဒါတစ်လလောက်သောင်တင်နေရအုံးမယ်)
ထိုင်းကဆရာဝန်က
ကျောက်ကိုလေဆာနဲ့ပစ်တယ်
သုံးနာရီကြာတယ်
မြန်မာပြည်က
အတော်ဆုံးလို့
သူ့ကိုယ်သူမှတ်ယူထားတဲ့
သမားတော်ဆိုသူက
ကျတော့်အဖေကို
ကင်ဆာဖြစ်နိင်တဲ့အလားလာ
တွေ့နေတယ်ဆိုပြီး
ထွက်ချက်ဆိုတယ်
ထိုင်းကဆရာဝန်က
ကျတော့်အဖေကို
အကုန်စစ်ကြည့်လို့
သူတို့ lab မှာသုံးနာရီထဲနဲ့
ကျတော့်အဖေမှာကင်ဆာ
မဖြစ်ဘူးဆိုတာ
အာမခံချက်နဲ့ ပြောတယ်
မြန်မာပြည်ကဆရာဝန်က
ရောဂါကိုဘယ်လိုကုရမယ်ဆိုတာ
သူတယောက်တည်းဆုံးဖြတ်တယ်
လူနာရှင်ဖက်က
သိချင်လို့မေးခဲ့ရင်
ဟောက်တယ်
ထိုင်းကဆရာဝန်တွေက
ချက်ချင်းရောဂါကို
အမြန်ဆုံးရနိင်သလောက်
ရအောင်ရှာတယ်
သူတို့အချင်းချင်းတိုင်ပင်တယ်
သူတို့ကိုယ်တိုင်သေချာ
အဖြေမရှာနိင်ရင်
တစ်ခြားဆေးရုံက
ဆရာဝန်ဖြစ်ဖြစ်
အကြံညဏ်ချက်ချင်းယူတယ်
လူနာရှင်ကို
ရိုသေလေးစားစွာနဲ့
အားပေးတယ်
ဖော်ဖော်ရွေရွေပြုံး ပြတယ်
မြန်မာပြည်က
သူနာပြုက လူနာကို
မျက်နာတည်တည်နဲ့
မေးထူးခေါ်ပြောလောက်ပဲ
ဆက်ဆံတယ်
ထိုင်းကသူနာပြုက
လူနာကိုကိုယ့်ကျေးဇူးရှင်လို
စေတနာပါပါ
ပြုံးပြီးလေးလေးစားစား
ဆက်ဆံတယ် ဂရုစိုက်တယ်
မြန်မာပြည်က
ဆရာဝႏၠ
တကြိမ်ပြပြီးရင်
တစ်ပတ်ဖြစ်ဖြစ်
တစ်လဖြစ်ဖြစ်ရက်ချိန်းတယ်
ထိုင်းကဆရာဝန်က
ဖြစ်နိင်ရင်ရောဂါကို
ရက်အတိုဆုံးဖြစ်အောင်
ကုသပေးတယ်
မြန်မာပြည်ကဆရာဝန်က
လူနာရှင်ကို မင်း, ငါ,ခင်ဗျား,ကျုပ်
ဆိုပြီး ရိုင်းပျပျဆက်ဆံတယ်
ထိုင်းကဆရာဝန်က
လူနာရှင်ကို ''ခွန်း,ခပ်,ခါ ''
မြန်မာလို ''လူကြီးမင်း ခင်ဗျား,ဗျာ,ရှင့် ''
ဆိုပြီး ရိုရိုသေသေဆက်ဆံတယ်
မြန်မာပြည်ကဆရာဝန်က
ရောဂါအခြေနေကို
လူနာရှင်ကို
တိတိကျကျမပြောပဲ
ငါသာအတော်ဆုံး
ငါအသိဆုံးဆိုပြီး
ရမ်းသမ်းပြီးဖြစ်သလိုကုပြီး
ကုန်ကျမူ့ကို
အဆမတန်တောင်းတယ်
ထိုင်းကဆရာဝန်က
ရောဂါကိုနာရီပိုင်းနဲ့ရအောင်စစ်ပြီး
လူနာရှင်ကို ဘယ်လိုကုသင့်တယ်
ကုန်ကျမူ့က
ဘယ်လောက်ရှိမယ်ဆိုတာကို
သူတို့နိင်ငံကသတ်မှတ်တဲ့
နှုန်းထားအတိုင်း
အရင်နားလည်အောင်ရှင်းပြတယ်
ကုန်ကျမူ့လား
မြန်မာပြည်
ပုဂ္ဂလိကဆေးရုံမှာကုတာထက်
ထိုင်းမှာကုတာ
ကုန်ကျမူ့နည်းတယ်
ကုသမူ့အချိန်လား
မြန်မာပြည်မှာ
နာတာရှည်လို
ရက်ချိန်းနဲ့ကုတာထက်
ထိုင်းမှာရက်တိုတိုလေးနဲ့
ကုပေးတယ်
မြန်မာပြည်ကဆေးရုံမှာ
မမြင်ရတဲ့အပြုံး နဲ့ နွေးထွေးမူ့ကို
ထိုင်းကဆေးရုံးမှာ
အမြဲလိုတွေ့နေရတော့
ကိုယ်တောင်လူနာရှင်ကို
စိတ်ပူနေတဲ့ကြား
သူတို့ကိုပြန်ပြုံးပြဖို့
ဟန်ဆောင်ပြုံးလုပ်ယူရတဲ့အထိ
သူနာပြုတွေ ဆရာဝန်တွေ
ကိုယ့်ကိုယ်ရှိခိုးတိုင်း
သူတို့ကိုအားနာနေရတဲ့အထိ
ဆေးရုံသန့်ပြန့်မူ့လား
ကျတော်တည်းတဲ့ Lilon မှာ
အနီးဆုံးဖြစ်တဲ့ Chulalongkorn hospital ထိုင်းအစိုးရဆေးရုံဆိုပေမယ့်
နေရာတိုင်း အထပ်တိုင်း
လေအေးပေးစက် ဓာတ်လှေကား
ထိုင်ခုံအစ toilet အဆုံး
မြန်မာပြည်က five star hotel ထက်
ပိုသန့်ရှင်းတယ်
ရောဂါပျောက်နှုန်းလား
ကိုယ့်ဟာကိုယ်တွေးကြတော့
(စာလုံးပေါင်းအမှားပါရင်ပြင်ဖတ်ပါ)
အဲဒီဆေးရုံကိုပြဖို့ မခက်ပါဘူး
တခြားထိုင်းကပုဂ္ဂလိကဆေးရုံလိုဆရာဝန်ခေါ်စာလဲမလိုပါဘူး
ထိုင်းတော်ဝင်ပိုင်ဆေးရုံ
ထိုင်းအစိုးရပိုင်ဆေးရုံတိုင်း
မည်သည့်နိင်ငံသားမဆို
ဆေးကုသခွင့်ရှိပါတယ်
ထိုင်းပုဂ္ဂလိကဆေးရုံထက်
ဆေးကုသခ ကုန်ကျမူ့နှုန်း
အလွန်သက်သာပေမယ့်
ကုသခြင်းစံချိန်စံညွန်းကတော့
အတူတူပါပဲ
ဘာလို့လဲဆိုတော့
ပုဂ္ဂလိကဆေးရုံမှာကုသတဲ့ဆရာဝန်အများစုကလဲ chulalongkorn ဆေးတက္ကသိုလ်ကျောင်းဆင်းတွေများပါတယ်
=====
ကိုယ့်ဟာကိုယ်အသက်သာဆုံးနဲ့ ဘယ်လိုသွားမလဲဆိုတော့
1. ရန်ကုန်နေ
ဘန်ကောက်ကို passport နဲ့အလည်ဗီဇာ လေယာဉ်လက်မှတ်ဖြတ်လိုက်ပါ
အခုဆို
passport လုပ်တာ
အင်မတန်လွယ်သလို
ကုန်ကျမူ့လဲဘာမှမကုန်တော့ပါဘူး
ခန့်မှန်းခြေ သုံးသောင်းကျပ်နဲ့ ၂ ရက်လောက်ဆိုရပါပြီ
Nok air,Thai lion,AirAsia လေယာဉ်လက်မှတ်ကလဲ
Ygn > Bkk > Ygn အသွားပြန်မှ 80$ to 100$ ပဲကျပါတယ် ( အသွားပြန်ကျပ်ငွေတစ်သိန်းဝန်းကျင်)
မြန်မာပြည်က
ပြည်တွင်းလေယာဉ်လက်မှတ်ထက်
ထက်ဝက်ကျော်လဲသက်သာပါသေးတယ်
မယုံရင်
ရန်ကုန် မြစ်ကြီးနားခရီးစဉ် နဲ့
ရန်ကုန် ဘန်ကောက် ခရီးစဉ်လေယာဉ်ခကို နိုင်းယှဉ်ကြည့်ပါ
2.. Bkk Dongmoung airport ရောက်ရင် ဒုတိယထပ်က A1 or A2 airport bus စီးပါ မစီးတတ်ရင် airport information မေးပါ (မရှက်ပါနဲ့) Jathujak ပန်းခြံမှာဆင်းပါ
ကားခက baht 30 ပဲပေးရပါတယ်
3..Jakthujak ရောက်ရင် Underground train or BTS sky train စီးပါ မြေအောက်ရထားရောမိုးပျံရထားရောစီးလို့ရပါတယ်
ရထားလက်မှတ်မဝယ်တတ်ရင်
ticket counter မှာ silon station သွားမယ်လို့ပြောပါ
မိုးပျံရထားဆိုရင် SaLaDang (ဆာလားဒယ်) ဘူတာသွားမယ်လို့ပြောပါ
ရထားခက baht 40 ဝန်းကျင်လောက်ပဲကျပါလိမ့်မယ်
4.. ရောက်ရင်
မြေအောက်ရထားကနေအပေါ်တတ်ပါ
တတ်တတ်ချင်း အထပ်သုံးဆယ်ကျော် king chulalongkong ဆေးရုံတွေ့ပါပြီ မသေချာရင် security တွေလမ်းသွားလမ်းလာမေးပါ
ချုလာလွန်ကွမ်ဘယ်နားလဲဆိုတာ
5..တည်းဖို့နေရာမရှာသေးပဲ
ဆေးရုံထဲအရင်ဝင်လိုက်ပါ
G floor မှာ information ရှိပါတယ်
မြန်မာပြည်ကလာတဲ့အကြောင်း ဆေးကုသဖို့အကြောင်း
passport ပြလိုက်ပါ
သူတို့ဟာသူတို့
ချက်ချင်းဆောင်ရွက်ပေးပါလိမ့်မယ်
အကယ်၍ ကိုယ်ကတော်ရုံ English lanquage အခြေခံလောက်ပဲရရင်
ပြောလိုက်ပါ
မြန်မာစကားပြန်
သူတို့စီစဉ်ပေးပါလိမ့်မယ်
အများအားဖြင့်တော့
အစိုးရဆေးရုံမှာ စကားပြန်
တစ်ရက်ငှါးခကို
baht600 ပဲသတ်မှတ်ထားပါတယ်
နေ့တိုင်းလဲငှါးစရာလဲမလိုပါ
နောက်အကြံတစ်ခုကတော့
ကိုယ့်ဖုန်းမှာ Thai, Myanmar app ကိုဒေါင်းထားရင်လဲအဆင်ပြေပါတယ်
ကိုယ်ကလူနာကို
ဆရာဝန်တွေစစ်နေတဲ့ချိန် ကိုယ်ကဆေးရုံမှာမအိပ်ချင်ဘူးဆိုရင်
ဆေးရုံနားက silon road တစ်လျှောက်လမ်းလျှောက်ထွက်လေ့လာပါ
Hotel တွေ
guest house တွေအရမ်းပေါပါတယ်
တစ်ညတည်းခိုခ baht 300 ကနေ 1500 အစားစားရှိပါတယ်
1 baht=42 kyats ဝန်းကျင်
ဆေးရုံလိပ်စာကတော့
1873 rama 4 road,Pathunwan, Bangkok 10330
Hot line ph no 022564000
http://www.chulalongkornhospital.go.th/
ဘန်ကောက်လေဆိပ်ရောက်တာနဲ့ ချက်ချင်းထိုင်းငွေသုံးနိင်ဖို့
ရန်ကုန်ကနေမသွားခင် kbz or cb bank မှာထိုင်းငွေအနဲကျည်း
ကြိုလဲသွားပါ
ကိုယ်ပါသွားတဲ့ USD ကို ဖြစ်နိင်ရင်လေဆိပ်မှာမလဲတာအကောင်းဆုံးပါ လေဆိပ်မှာငွေလဲရင်
လေဆိပ်ခွန်နဲ့ပိုပေးရတော့
အပြင်ဘဏ်မှာထက်
ပိုရနည်းပါတယ်
ဘန်ဘောက်မှာ
နေရာတိုင်း လမ်းတိုင်း ဆေးရုံတိုင်း
ကုန်တိုက်တိုင်းမှာ ပုဂ္ဂလိကဘဏ်ဖြစ်ဖြစ် အစိုးရဘဏ်ဖြစ်ဖြစ် USD ငွေလဲလို့
ရသလို ငွေစျေးလဲအတူတူကန့်သတ်ထားပါတယ်
အကယ်၍ ကိုယ့်ရောဂါက ကင်ဆာလို လနဲ့ချီကုရမယ်ဆိုရင်
ကုန်ကျမူ့ကိုလဲအတတ်နိင်ဆုံး save လိုတယ်ဆိုရင် ထိုင်းကပုဂ္ဂလိကဆေးရုံမရွေးချယ်တာအကောင်းဆုံးပါ ထိုင်းမှာ အစိုးရဆေးရုံကော ဘုရင့်တော်ဝင်ဆေးရုံကော ပုဂ္ဂလိကဆေးရုံကော ကုသနည်းအတူတူပါပဲ ဆရာဝန်တွေလဲအတူတူပါပဲ ထိုင်းမှာဘုရင်ကိုယ်တိုင်တောင် ပုဂ္ဂလိကဆေးရုံမတတ်ဖူးပါဘူး စီရီလဒ်ဆေးရုံမှာပဲ တော်ဝင်တိုင်းကုကြပါတယ်
ဘုရင့်သမီးတော် ချုလာဖေါင်းဆေးရုံဆိုရင် အာရှမှာသာမက ကမ္ဘာပေါ်မှာ အသိမှတ်အပြုဆုံးခံရတဲ့ ကင်ဆာဆေးရုံတစ်ခုဖြစ်ပါတယ်
ဖြစ်နိင်ရင် ကင်ဆာရောဂါနဲ့ကုလိုရင် ချုလာဖေါင်းဆေးရုံ
Chulabhorn hospital ရွေးချယ်ပါ ကင်ဆာရောဂါကိုပဲသီးသန့်ကုတဲ့ ဘုရင့်သမီးတော် ချုလာဖောင်းကိုယ်တိုင်ဖွင့်ထားတဲ့ဆေးရုံပါ
အကယ်၍ လူနာရှင်နဲ့မိသားစုဝင် ဘန်ကောက်မှာ ရက်ရှည်ကုသရမယ်ဆိုရင် ဆေးရုံနဲ့မနီးမဝေးမှာ apartment ကို ကိုယ့်ဖာသာငှါးနေပါ ရန်ကုန်ကလို ၆ လကြိုတင်နဲ့ပေးတဲ့ဥပဒေမရှိပါဘူး ၂ လကြိုတင်ပေးတာနဲ့ passport ရှိတာနဲ့မည်သည့်နိင်ငံသားမဆိုငှါးနေခွင့်ရှိပါတယ်
ထိုင်နိင်ငံရဲ့
apartment တည်ဆဲဥပဒေအရ ပေ ၂၅ ပါတ်လည် aircon toilet ပါ apartment တစ်လ 4000 baht ဆိုရင် အတော့်ကိုအဆင်ပြေပါပြီ ( မြန်မာငွေနဲ့တွက်ရင် တစ်သိန်းခွဲဝန်းကျင်ပါပဲ)
လွန်ခဲ့သော ၂ နစ်ကကျတော့်မြို့ကနေရန်ကုန်စျေးလာကုတဲ့မိတ်ဆွေ ရနိကုန်မှာ condo ငှါးတာ တစ်လ ၈ သိန်းအထက်ပေးရတဲ့ အခန်းထက် ပိုမိုသန့်ရှင်းမူ့ရှိပါသေးတယ်
အများသုံးဓာတ်လှေကား security service ခ free ပါ
ရေခမီးခတော့ ကိုယ်သုံးသလောက်အစိုးရသတ်မှတ်နှုန်းထားတိုင်းပေးရပါ့မယ်
တစ်ကယ်တော့
ဒီ status ကိုကျတော်ရေးဖို့ အချိန်တစ်ခုထိ စဉ်းစားရပါသေးတယ် နောက်ဆုံး ကျတော်နဲ့ကျတော့်အဖေလို
အဖြစ်ဆိုးမကြုံရလေအောင်
ကြုံခဲ့ရင်ရှိလာခဲ့မယ်ဆိုရင်တောင် ရွေးချယ်စရာလမ်းရှိစေချင်လို့ ကျတော်ရေးဖို့ဆုံးဖြတ်လိုက်ခဲ့ရတယ်
မသိတဲ့သူတစ်ချို့ကတော့ ကျတော့်ကိုအမြင်တမျိုးနဲ့ဆဲချင်ဆဲပါလိမ့်မယ့် ကျတော့်ကိုမကျေနပ်တဲ့သူလဲရှိပါလိမ့်မယ် သဘောထားသေးသိမ်တဲ့သူတချို့ကတော့ ကျတော့်ကိုအေးဂျင့်လိုလို အခကြေးငွေယူပြီးဆေးရုံကြော်ငှါပေးတယ်လို့မြင်ချင်မြင်လိမ့်မယ်
တစ်ခုတော့ကြိုပြောပါရစေ
ကျတော့်မှာသေချာရေရာတဲ့ဝင်ငွေနဲ့ခိုင်မာတဲ့အလုပ်ကိုင်ရှိနေပြီးသားပါ
နောက်တစ်ချက်
ထိုင်းကအစိုးရပိုင်ဆေးရုံနဲ့ တောင်ဝင်ဆေးရုံတိုင်းမှာ အေးဂျင့်နဲ့ချိတ်ဆက်ပြီးကုသခွင့်မရှိပါဘူး စီးပွားရေးဆန်ဆန်
နိင်ငံတကာနဲ့လဲမချိတ်ဆက်ထားပါဘူး
ဒါပေမယ့် ဘယ်နိင်ငံသားမဆို passport ကိုင်ဆောင်ထားသူတိုင်း ထိုင်းအစိုးရဆေးရုံနဲ့ထိုင်းတော်ဝင်ဆေးရုံတိုင်းမှာ ကိုယ်တိုင်ကုသခွင့် ရှိကြပါတယ်
Credit. Tun Zaw FB မှ
ကူးယူဖော်ပြပါသည်
08/11/2021
💚 မလေးရှားနိုင်ငံ Pharmaniaga ကာကွယ်ဆေးစက်ရုံမှထုတ်လုပ်သည့် Sinovac Vaccine (ကိုဗစ်၁၉ ကာကွယ်ဆေး)ထိုးနှံလိုသောမိဘပြည်သူများအတွက် 💚
👉ဝိတိုရိယဆေးရုံတွင် နိုဝင်ဘာလ (၁၃) ရက်မှ စတင်ပြီး ထိုးနှံနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
🔖ကာကွယ်ဆေးတစ်ယောက်လျှင် ( နှစ်ကြိမ်စာ) ကို ၉၅ဝဝဝ ကျပ် ဖြစ်ပါသည်။
🔖Sinovac ကာကွယ်ဆေးကို စင်္ကာပူ၊ မလေးရှားနှင့် သြစတေးလျနိုင်ငံတို့တွင် အသိအမှတ်ပြုထားပြီး အသက် (၁၂ )နှစ်အထက်ကလေးများ ထိုးနှံဖို့အတွက် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားသော ကိုဗစ်ကာကွယ်ဆေးအမျိုးအစား ဖြစ်ပါသည်။
🔖 ယခင်စာရင်းဖြည့်သွင်းထားသူများအားလုံးထံ မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။
🔖 ယခုမှ ကာကွယ်ဆေးထိုးနှံရန် စိတ်ဝင်စားသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှအုပ်စုလိုက်ဖြစ်စေ ဖော်ပြထားသည့်ဖောင်မှာ ပြည့်စုံစွာ ဖြည့်သွင်းခဲ့ရန် လိုအပ်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSc0EChEkfMqf1KM9B8T7ZQBqNEZBWMByzJm0yNsgcAhlS5qwQ/viewform?usp=pp_url
🔖 ဝိတိုရိယဆေးရုံက (မိမိ) ဆေးထိုးနှံရမည့်နေ့ရက်နှင့်ငွေပေးချေမှုပုံစံများအတွက် ပြန်လည် အကြောင်းကြားပေးသွားပါမည်။
25/08/2021
ဘယ်ကာကွယ်ဆေးထိုးရမလဲ
————————————
ရွေးချယ်စရာရှိလာပြီဆိုရင် ဘယ်ဟာထိုးရင်ကောင်းမလဲလို့ ဝေခွဲမရဖြစ်ကြမှာပဲ။
အကြံပေးချင်တာကတော့ ဘာပဲရရထိုးလိုက်ပါ။
အခုရတဲ့ဆေး 2 doses ထိုးပြီးသွားပြီး နောက် ၃ လကြာတဲ့အချိန်မှာ Pfizer တို့၊ Moderna တို့ရနိုင်ပြီဆိုပါစို့၊ အဲဒီအချိန်ကျရင် booster အနေနဲ့ one dose ထပ်ထိုးလို့ရနိုင်ပါတယ်။
ဒီတော့အခုဘာဆေးထိုးထားထိုးထား ပြဿနာမရှိပါဘူး။
နောက်တစ်ခုက အခု first dose ထိုးလိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် second dose မထိုးဖြစ်မှာကိုလည်း တွေးပြီးပူစရာမလိုပါဘူး။
second dose မထိုးဖြစ်ခဲ့ဘူးဆိုရင်လည်း first dose ထိုးပြီး ၃ လအကြာမှာ တခြားပိုကောင်းတဲ့ဆေးကိုထပ်ထိုးနိုင်ပါတယ်။
crd
14/08/2021
မြန်မာနိုင်ငံမှာ အသင်းအဖွဲ့တွေရဲ့ကိုယ်ထူကိုယ်ထအစီအစဉ်နဲ့ Covishield vaccine တွေ မှာယူထိုးပေးဖို့ စီစဉ်နေပြီး၊ 1st dose နဲ့ 2nd dose ကို တစ်လ (၄ ပါတ်) ခြားပြီး ထိုးပေးဖို့ စီစဉ်နေတာတွေ ကြားရပါတယ်။
Covishield vaccine ရဲ့ shelf-life က ၆ လ ကနေ ၉ လ (နဂိုမူလ ၆ လ သက်တမ်းကနေ အခု ၉ လ အထိ သက်တမ်းတိုးထား) အထိရှိတဲ့အတွက် စက်ရုံကထုတ်တဲ့ရက်ကနေ ၆ လ ကနေ ၉ လ အတွင်း expired မဖြစ်ခင်ထိုးရမှ အာနိသင်ပြည့်ပြည့်ဝဝရမယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ စက်ရုံကထုတ်တာမကြာသေးတဲ့ vaccine တွေ မှာယူလို့ရတယ်ဆိုရင် ပြဿနာမရှိပေမယ့် စက်ရုံကထုတ်တာ လအနည်းငယ်ကြာနေတဲ့ vaccine တွေဆိုရင်တော့ 2nd dose ထိုးရမယ့်အချိန်မှာ expiry date မကျော်သေးမယ့် vaccine တွေကိုပဲ မှာယူသင့်ပါတယ်။
+2 to +8 °C (ရေခဲသေတ္တာအောက်ထပ်အပူချိန်) အတွင်းမှာထိန်းသိမ်းထားမှ ဆေးအာနိသင်မပျက်ပြယ်မှာဖြစ်လို့ သယ်ဆောင်လာတဲ့အချိန်နဲ့ သိမ်းထားတဲ့အချိန်မှာ cold chain မပျက်ပြယ်ဖို့ကလည်း အလွန်အရေးပါပါတယ်။ သိမ်းထားတဲ့အချိန်မှာ မီးပျက်သွားရင် မီးစက်နှိုးဖို့ဆိုတာတွေပါ ထည့်စဉ်းစားထားရမှာပါ။
Covishield vaccine ပုလင်းကိုဖွင့်သုံးပြီးတဲ့အခါ အခန်းအပူချိန်မှာ ၆ နာရီအထိပဲထားလို့ရပြီး၊ ရေခဲသေတ္တာအောက်ထပ်မှာ ၄၈ နာရီအထိပဲ သိမ်းထားလို့ရပါတယ်။ ပုလင်းကိုဖွင့်သုံးပြီးတာနဲ့ အခန်းအပူချိန်မှာ ၆ နာရီ၊ ရေခဲသေတ္တာအောက်ထပ်အပူချိန် (2 to 8 °C) မှာ ၄၈ နာရီကျော်သွားရင် vaccine ရဲ့အာနိသင် ပျက်ပြယ်သွားနိုင်ပါတယ်။ Covishield vaccine တစ်လုံးဟာ လူ ၁၀ ယောက်စာ ဖြစ်တဲ့အတွက် vaccine တစ်လုံးကိုဖွင့်ပြီးထိုးတော့မယ်ဆိုတာနဲ့ အထိုးခံမယ့် လူ ၁၀ ယောက်ကို စုစည်းထားဖို့လိုပါတယ်။
တစ်ပုလင်းကို လူ ၁၀ ယောက်စာ ဖြစ်တဲ့အတွက် တစ်ယောက်ချင်းစိတ်ကြိုက်ထိုးလို့မရတာဖြစ်လို့ 1st dose နဲ့ 2nd dose ကို ဘယ်လောက်ခြားပြီးထိုးပေးမလဲဆိုတဲ့အစီအစဉ်ကိုရေးဆွဲတဲ့သူရဲ့ဆုံးဖြတ်ချက်ကလည်း အရေးပါပါတယ်။ dose နှစ်ခုကြားခြားမယ့် interval နဲ့ vaccine ရဲ့ expiry date ကိုလည်း ချိန်ဆရပါမယ်။
Covishield vaccine စပေါ်ကာစက 1st dose နဲ့ 2nd dose ကို တစ်လခွဲ (၆ ပါတ်) ကနေ.. နှစ်လ (၈ ပါတ်) ခြားပြီး ထိုးပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တချို့ဆို ၄ ပါတ်ပဲခြားပြီး ထိုးပေးခဲ့ပါတယ်။
လတ်တလောမှာ အသစ်အသစ်ထပ်တွေ့လာတဲ့ သုတေသနရလာဒ်တွေအရ Oxford-AstraZeneca/Covishield vaccine ကို 1st dose ထိုးပြီးတဲ့အချိန် ထွက်လာတဲ့ ကိုယ်ခံအား antibody ဟာ ရက်ပေါင်း ၉၀ အထိ အစွမ်းထက်ပြီး၊ 1st dose နဲ့ 2nd dose ကို အနည်းဆုံးသုံးလ (၁၂ ပါတ်) ကနေ လေးလ (၁၆ ပါတ်) ခြားပြီးထိုးရင် efficacy အာနိသင်ပိုထက်မြက်ပြီး ကိုယ်ခံအား antibody response ပိုအားကောင်းတယ်လို့ တွေ့ရှိထားပါတယ်။ လက်ရှိမှာလည်း အိန္ဒိယမှာ Covishield vaccine ကို 1st dose နဲ့ 2nd dose ကို ၁၂ ပါတ် - ၁၆ ပါတ် ခြားပြီး ထိုးပေးနေတယ်လို့ ဆိုပါတယ်။
2 doses ထိုးပြီးသားသူတွေ 3rd dose ထပ်ထိုးချင်ရင်တော့ 1st dose နဲ့ ၁၀ လခြားပြီး ဒါမှမဟုတ် 2nd dose နဲ့ အနည်းဆုံး ၆ လခြားပြီးထိုးပေးရင် ကိုယ်ခံအားပိုထွက်တယ်လို့ ဆိုပါတယ်။
ဆေးပညာဟာ သုတေသနရလာဒ်အသစ်တွေအပေါ်မူတည်ပြီး အမြဲပြောင်းလဲနေတဲ့အတွက် နောင်တချိန်မှာ ခုလက်ရှိ recommendation တွေလည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။
Crd.
Photo: https://www.thelancet.com/journals/lancet/article/PIIS0140-6736(21)00432-3/fulltext
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Anawyahtar Street, Hlaingtharyar Tsp
Yangon
11401