KanKaw Specialist Clinic & Home Service

KanKaw Specialist Clinic & Home Service

Share

လူမျိုးမရွေး ဘာသာမရွေး ကံကော်ဆေးခန်း၌ဆေးကုသမှုခံယူနိုင်ရမည်။

15/07/2026

❌ အယူအဆလွဲ ❌

နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။

✅ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်နဲ့ လေပြွန်ထဲကို စီးဝင်သွားပါတယ်။

​သွေးတွေ အစာအိမ်ထဲ ရောက်သွားရင် အစာအိမ်ကို လှုံ့ဆော်စေပြီး ပျို့အန်တာ၊ ရင်ပူတာတွေ ဖြစ်စေတဲ့အပြင် ပိုဆိုးတာက လေပြွန်ထဲ ရောက်သွားရင် အသက်ရှူကျပ်ပြီး သီးတာ၊ ချောင်းဆိုးတာမျိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။

​ဆေးပညာအရ နှာခေါင်းသွေးလျှံရင် အမှန်လုပ်ရမယ့် ပုံစံကတော့ ခေါင်းကို အရှေ့ဘက်ကို အနည်းငယ် ငုံ့ထားရမှာ ဖြစ်ပါတယ်။

​ပြီးရင် နှာခေါင်းရိုးအောက်က ပျော့တဲ့ အသားနေရာလေးကို လက်မနဲ့ လက်ညှိုးသုံးပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် ခပ်တင်းတင်း ညှစ်ထားပေးရပါမယ်။ ပါးစပ်ကနေပဲ အသက်ရှူပြီး ခေါင်းကို အရှေ့ငုံ့ထားခြင်းက သွေးတွေကို အစာအိမ်ထဲ မဝင်စေဘဲ သွေးတိတ်အောင် ကူညီပေးတဲ့ အမှန်ကန်ဆုံး ရှေးဦးသူနာပြုနည်း ဖြစ်ပါတယ်....။

#တယ်လီကျန်းမာ

04/07/2026
Photos from KanKaw Specialist Clinic & Home Service 's post 04/07/2026

ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော အီဘိုလာရောဂါ (BVD) သတင်းအချက်အလက်များကို လေ့လာမှတ်သားကြပါစို့❗

အီဘိုလာ ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားမှုသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့ရှိ ဒေသများကို ထိခိုက်သက်ရောက်လျက်ရှိသည်။

လက်ရှိအခြေအနေတွင် ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော အီဘိုလာရောဂါ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ပြည်သူလူထုကို အန္တရာယ်ရှိနိုင်‌‌ခြေ နည်းပါးသော်လည်း ရောဂါဖြစ်ပွားနေသောနိုင်ငံများသို့ သွားရောက်မည်ဆိုပါက အတည်ပြုထားသော ခရီးသွားအကြံပြုချက်နှင့် ကျန်းမာရေးအကြံပြုချက်များကို လိုက်နာရန် အရေးကြီးပါသည်။

ထို့ကြောင့်ရောဂါနှင့်ပတ်သတ်သည့် ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးအကြံပြုချက်များအား လေ့လာထားသင့်ပါသည်။

အောက်ပါပုံများတွင် ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော
▪ အီဘိုလာရောဂါ ဆိုတာဘာလဲ၊
▪ ရောဂါဘယ်လိုကူးစက်လဲ၊
▪ ရောဂါလက္ခဏာများ ၊
▪ ကာကွယ်ရေးနည်းလမ်းများ နှင့် ကျန်းမာရေးအကြံပြုချက်များကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် အသေးစိတ်ဖော်ပြထားပါသည်။

Photos from KanKaw Specialist Clinic & Home Service 's post 25/06/2026

⚠️ သွေးလွန်တုပ်ကွေးရောဂါ၏ သတိပေးလက္ခဏာများကို သိပါသလား။

သွေးလွန်တုပ်ကွေးရောဂါသည် ပြင်းထန်လာနိုင်ပြီး အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်ပါသည်။ ရောဂါပြင်းထန်လာမှုကို ကြိုတင်သိရှိနိုင်ရန် အောက်ပါသတိပေးလက္ခဏာများကို သတိထားပါ။

🟡 သတိပေးလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-
1️⃣ ဗိုက်နာခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း (အထူးသဖြင့် ညာဘက်အပေါ်ပိုင်း အသည်းနေရာ)
2️⃣ မကြာခဏအန်ခြင်း (အစာမစားနိုင်ဘဲ အန်နေခြင်း၊ ရေသောက်လည်း အန်ထွက်ခြင်း)
3️⃣ သွေးယိုခြင်း/သွေးကျခြင်း (သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အန်လျှင်သွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း)
4️⃣ အလွန်ပင်ပန်းနွမ်းနယ်ခြင်း (အားမရှိခြင်း၊ အိပ်ငိုက်လွန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း)
5️⃣ ရေဓာတ်ခမ်းခြောက်ခြင်း (ပါးစပ်ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း)
6️⃣ အသက်ရှူရခက်ခဲခြင်း (ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်ခြင်း)
7️⃣ အဖျားကျပြီးနောက် အခြေအနေပိုဆိုးလာခြင်း (အထူးသဖြင့် ဖျားကျသည့်နေ့ (Day 3–7) သည် အန္တရာယ်အများဆုံးကာလဖြစ်သည်)

🚨 အောက်ပါလက္ခဏာများတွေ့ရှိပါက အရေးပေါ်ဆေးရုံသို့ ချက်ချင်းသွားရောက်ပါ-
• လက်ခြေများ အေးစက်လာခြင်း
• သွေးပေါင်ကျခြင်း
• မူးဝေခြင်း၊ သတိလစ်ခြင်း
• ဆီးမထွက်ခြင်း
• အသက်ရှူခက်ခဲခြင်း

💡 ဤလက္ခဏာများတွေ့ရှိပါက နှောင့်နှေးမနေဘဲ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပါ။ အချိန်မီကုသခြင်းသည် အသက်ကယ်နိုင်ပါသည်။

📊 သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ အင်ဖိုဂရပ်ဖစ်များကို ဖတ်ရှုပြီး လေ့လာပါ။

⚠️ Do you know the warning signs of severe dengue?

Dengue can become severe and even life-threatening. Recognizing the early warning signs can help you seek timely care and save lives.

🟡 Warning signs of severe dengue include:

1️⃣ Abdominal pain or stomach pain (especially pain in the upper right side – the liver area)
2️⃣ Frequent vomiting (unable to eat, vomiting even after drinking water)
3️⃣ Bleeding (gum bleeding, nosebleeds, blood in vomit, black/tarry stools)
4️⃣ Extreme fatigue or weakness (lack of energy, excessive drowsiness, restlessness)
5️⃣ Dehydration (dry mouth, reduced urine output, sunken eyes)
6️⃣ Difficulty breathing (chest pain, rapid breathing)
7️⃣ Worsening condition after fever subsides (Days 3–7 after fever breaks are the most critical period – risk of shock is highest)

🚨 Seek emergency hospital care immediately if you or a loved one experience:
• Cold hands or feet
• Low blood pressure
• Dizziness or loss of consciousness
• No urine output
• Difficulty breathing

💡 If you notice any of these signs, don't wait — go to the nearest hospital or health facility immediately. Timely medical care can save lives.

📊 Check out our infographics to learn more about dengue prevention and care.

Let's stay informed and protect our communities.

Photos from KanKaw Specialist Clinic & Home Service 's post 25/06/2026

⚠️ သွေးလွန်တုပ်ကွေးရာသီ ရောက်လာပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှတားဆီးကာကွယ်နိုင်ရန် အောက်ပါစာစောင်များကို ယခုပင် ဖတ်ရှုလေ့လာကြပါစို့။

ခြင်များသည် လျှင်မြန်စွာ ပေါက်ဖွားတတ်သော်လည်း ကာကွယ်ခြင်းသည် ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ထံမှ စတင်သည်ဖြစ်သည်။ သင့်နှင့် သင့်မိသားစုအား ကာကွယ်ပါ၊ ခြင်ကိုက်ခြင်းကို ရှောင်ရှားပါ၊ သွေးလွန်တုပ်ကွေးရောဂါ၏ ကနဦးလက္ခဏာများကို မည်သို့စီမံခန့်ခွဲရမည်ကို သိရှိရန် အောက်ပါ အင်ဖိုဂရပ်ဖစ်များကို ဖတ်ရှုပြီး လေ့လာပါ -

🦟 ခြင်ပေါက်ဖွားမှုကို တားဆီးခြင်း

💧 အိမ်တွင် သွေးလွန်တုပ်ကွေးရောဂါကို စီမံခြင်း

🛡️ မိမိနှင့် မိသားစုကို အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း

အတူတကွ ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကို လျှော့ချနိုင်ပြီး အသက်များကို ကယ်တင်နိုင်ပါသည်။

⚠️ Dengue season is here—don’t wait to act!

Mosquitoes breed fast, but prevention starts with us. Protect your home, avoid bites, and know how to manage dengue symptoms early.

📊 Check out the infographics to learn:

🦟 How to stop mosquito breeding

💧 How to manage dengue at home

🛡️ How to protect and care for yourself and your loved ones at home

Together, we can reduce the risk and save lives.

Photos from KanKaw Specialist Clinic & Home Service 's post 14/06/2026

⛈️ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့်အခါ သတိပြုရမည့်အချက်များ 🌧️

🌧️ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်တတ်ပြီး၊ ရေကြီးပြီးနောက်ပိုင်းတွင် ကြိုတင်ကာကွယ်ရေးသည် အလွန်အရေးကြီးလာပါသည်။ ရေကြီးရေလျှံမှုများကြောင့် ရေနစ်ခြင်း၊ ဒဏ်ရာရခြင်း၊ လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်ရှိဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းနှင့် အခြားမမြင်ရသော အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါသည်။

🌧️ ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် အစားအစာ၊ ရေ မသန့်ရှင်းမှုမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ခြင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများလည်း ပိုမိုဖြစ်ပွားနိုင်ပါသည်။ သန့်ရှင်းသောရေရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအစာဘေးကင်းရေးနှင့် အခြားကာကွယ်ရေးနည်းလမ်းများကို ကြိုတင်ပြုလုပ်ခြင်းဖြင့် အသက်များကို ကယ်တင်နိုင်ပါသည်။

🌧️ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့်အခါ သတိပြုရမည့်အချက်များ၊ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အစားအစာ ဘေးကင်းရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက် (၅) ချက် စသည်တို့ကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် အသေးစိတ် ဖော်ပြထားပါသည်။ 📣

Photos from KanKaw Specialist Clinic & Home Service 's post 04/06/2026

#မုတ်သုံအခါကြိုတင်ပြင်ဆင်စရာ ⛈️

မိုးရာသီတွင် ရေလွှမ်းမိုးမှု အန္တရာယ်များအပြင် အစားအစာ၊ ရေ မသန့်ရှင်းမှုမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ခြင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ အသက်ရှူလမ်း‌ကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများလည်း ပိုမိုဖြစ်ပွားနိုင်ပါတယ်။

ကာကွယ်နည်းများ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်သလို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အန္တရာယ်များကို လျော့ချနိုင်ပါတယ်။

ဖျားနာပါက အချိန်မီ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသခြင်းဖြင့် အသက်ကယ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် -

✨ မုတ်သုံရာသီအတွက် ရေလွှမ်းမှုအန္တရာယ်မှ ဘေးလွတ်ရာရွှေ့ပြောင်းတဲ့အခါ ဘာတွေ သတိထားရမလဲ။
✨ ဘေးအန္တရာယ်ရွှေ့ပြောင်းရေး အရေးပေါ်အိတ်ထဲ ဘာတွေ ကြိုတင်ပြင်ဆင်သင့်သလဲ။
✨ သိထားသင့်တဲ့ မိုးရာသီတွင်အဖြစ်များသောရောဂါများ၊ ကာကွယ်ရေးနည်းလမ်းများနဲ့ အချိန်မီကုသခြင်းရဲ့ အရေးပါပုံ စသည့် ကျန်းမာရေးအကြံပြုချက်များကို ပြည်သူများလေ့လာသိရှိနိုင်စေရန် အသေးစိတ် ဖော်ပြပေးထားပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


No 55, Kan Tharyar Street, 24 Quarter, South Dagon
Yangon
11431