The Glitzes Garden

The Glitzes Garden

Share

🇲🇲 The GG Cultured Wear 🇲🇲

Photos from The Glitzes Garden's post 20/07/2026

July 18/19 - ၂ ရက်တာ Bold event နဲ့ အတူ Sedona မှာရှိခဲ့တဲ့ ပုံရိပ်တချို့ပါ -
Product အကြောင်းအရာလေးတွေကို Caption လေးတွေရေးပြီးပြောပြထားပါတယ်၊

The Glitzes Garden 🪴 The GG Cultured Wear မှ
ရနိုင်သော Cotton Based - Product များကတော့

သဘာဝအရောင်ခံ Botanical print ပုဝါ size မျိုးစုံနဲ့
ပိတ်စများ ( ပုံမှန်အနံ - အနံကြီး )

အရောင်ထပ် အရောင်ခံ Botanical print ပုဝါ size မျိုးစုံနဲ့
ပိတ်စများ ( ပုံမှန်အနံ - အနံကြီး )

Valentino Silk Botanical Print Textile များ၊

Botanical Dyed နဲ့ Print များကို Designer made ဖန်တီးချုပ်လုပ်ထားတဲ့ နေ့စဉ် အသင့်ဝတ် အမျိုးသမီး အင်္ကျီများနဲ့ အမျိုးသား shirt များ၊

ဒါ့ပြင်
အမရပူရ နေ့စဉ်ဝတ် ဗမာချည်ချိတ်များနဲ့
တန်ဘိုးသင့် စပန့်၊ တမူးထည်နဲ့ ပါတိတ်တချို့တို့ပဲဖြစ်ပါတယ်၊

လုပ်ငန်းခွင်တွင်း ပေါ့ပါးလန်းဆန်းစေမယ့် သဘာဝနဲ့ အနီးစပ်ဆုံး နေ့စဉ်ဝတ် Daily wear များအတွက်ရည်ရွယ်
ထုတ်လုပ်နေတာဖြစ်လို့ “ပွဲတက် လင်းလက် စျေးမြင့်”တာတွေ မရှိပေမယ့် Botanical Product တွေကတော့ အနုပညာဆန်သော Handmade ဖြစ်ပြီး Limited ဖြစ်တာမို့ စျေးသိပ် မနည်းလှပါဘူး၊

သို့ပေမယ့် နေ့စဉ် ဝတ်ဆင်ရာမှာ လွန်စွာ သက်တောင့်သက်သာနဲ့ အေးမြ လှပတာမို့ ပျိုမဒီ မမတို့ ကြိုက်နှစ်သက်ပြီူ ဝတ်ပြီးရင်း ဝတ်ချင်နေမှာ အမှန်ပင် ဖြစ်ပါတယ်၊

လက်ငင်ချည်နဲ့ ထုတ်တဲ့ ခြုံစောင်များလည်းမှယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်၊

သဘာဝနဲ့ ချည်ချစ်-ပရိတ်သတ်အားလုံးကို အစဉ်ကျေးဇူးတင်စွာဖြင့် 🫶😍🫶

Glitzes Garden 🪴
GG Cultured Wear 👗

Contact to CB or
Call & Viber 09798177927 / 095124017

Photos from Paparazzi Myanmar's post 19/07/2026

📋လှိုက်လှဲစွာ ကျေးဇူးတင်လွှာ 📋

The Glitzes Garden 🪴 The GG Cultured Wear မှ ပါဝင်တင်ဆက်ခဲ့တဲ့-
Bold Event ရဲ့ ၂ ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သော Bazaar & Runway Culture-Vol(3) ကတော့ ယနေ့ ဇူလိုင် (၁၉) ရက်နေ့ ညမှ အောင်မြင်စွာပြီးမြောက်သွားခဲ့ပါပြီ-

ဒီပွဲမှာ Society & Branding တစ်ခုအနေနဲ့ သေသေသပ်သပ် ပါဝင်ပြသနိုင်အောင် အပြုံးတွေနဲ့ အဖက်ဖက်က ပြည့်စုံစွာ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ The GG ရဲ့ ချစ်စွာသော Team Member များဖြစ်တဲ့
Ma Gyi-Soe Thida, Ma Yu Yu Mon, Yi Yi Cho နဲ့ အမြဲ အတူရှိပေးရုံမက Brand model @ ambassador အဖြစ် ရပ်တည်သော ညီမ Thel Nge@Ei Ei Khine-

Fashion brand တစ်ခုရဲ့ အဓိက အကျဆုံး RTW များကို ပွဲတိုင်းမှာ unique ဖြစ်စွာ စိတ်တိုင်းအကျဆုံးဖန်တီးပေးတဲ့ Designer Ma Thet(Impact- North Dagon)နဲ့ ပါဝင်အားဖြည့်ကူညီပေးပါသော ညီမငယ် Designer Thin Thin Su (Arzu Ko Fasion)-

Textile များကို စိတ်တိုင်းကျ ဖန်တီးပေးရုံမက Export outlet blouse အထည် ၅၀ ကို ပွဲ အမှီ Botanical Print ပေးပါသော Ma Aye Thida / Ma Min Min Soe-

အရေးကြီးသော Media ကဏ္ဍအတွက် မေတ္တာထား ဆောင်ရွက်ပေးသော Paparazzi Myanmar နဲ့ စွဲမက် Media-

ပွဲအတွင်းထည်ဝါခြင်းများနဲ့ ဧည့်ပရိတ်သတ်များအတွက် တာဝန်ကျေစွာ ဆောင်ရွက်ပေးသော Bold Event အဖွဲ့သားများနဲ့

အထူးသဖြင့် Myanmar Cotton Based-Eco Dyed & Print များအား ချစ်ခင်နှစ်သက်စွာ ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ် Customer များအား 😍

The Glitzes Garden 🪴 The GG Cultured Wear မှ
လှိုက်လှဲစွာ မှတ်တမ်းထား ကျေးဇူးတင်ရှိပါကြောင်း-

ပြည်တွင်းပြည်ချည်ချစ်သူများအတွက် အမြဲ ထူးခြားဆန်းသစ်မှုများနဲ့ အတူ ရှိနေမယ့်-
Glitzes Garden
GG Cultured Wear

09798177927 / 095124017

Photos from The Glitzes Garden's post 18/07/2026

Bold Event ရဲ့ Bazaar & Runway Culture ပွဲတိုင်းမှာ အစဉ်တစ်စိုက်ပါဝင်ပြသခဲ့တဲ့ မြန်မာ့ချည်ထည် ထုတ်ကုန် များရဲ့ ဂုဏ်ဆောင် “The Glitzes Garden” ဟာ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သဘာဝဆိုးဆေး (Eco Dyed) နဲ့ သဘာဝပွင့်ရိုက် (Eco Print) ချည်ထည်အမျိုးမျိုးကို... နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဝတ်ဆင်နိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထုတ်လုပ်ပေးနေတဲ့ Cultured Local Wear Brand တစ်ခု ဖြစ်ပါတယ်။ 🌿

ဒါကြောင့်မို့ သဘာဝချည်ထည်စစ်စစ်ကို ဝတ်ဆင်ရတာ မြတ်နိုးတဲ့ အရွယ် မျိုးစုံ ချစ်သဲတုန်အားလုံးအ...
𝐁𝐚𝐳𝐚𝐚𝐫 & 𝐑𝐮𝐧𝐰𝐚𝐲 𝐂𝐮𝐥𝐭𝐮𝐫𝐞 𝐕𝐨𝐥. 𝟑 ပွဲကြီးမှာ ဒီနေ့ / နက်ဖြန် ၂ ရက်တာ ရှိနေမယ့် -
“The Glitzes Garden - The GG Cultured Wear” ရဲ့ Vendor Booth No-B12 ဆီသို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🛍️👗🛍️

ချစ်မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်🙏

☎️ 09798177927 / 095124017

𝐃𝐚𝐭𝐞 : 𝟏𝟖𝐭𝐡-𝟏𝟗𝐭𝐡 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟔
𝐓𝐢𝐦𝐞 : 𝟏𝟏 𝐀𝐌 𝐭𝐨 𝟕 𝐏𝐌
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : 𝐒𝐞𝐝𝐨𝐧𝐚 𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦)

𝐏𝐫𝐞𝐬𝐞𝐧𝐭𝐞𝐝 𝐛𝐲 𝐁𝐎𝐋𝐃 𝐄𝐯𝐞𝐧𝐭𝐬.

Photos from The Glitzes Garden's post 14/07/2026

“The GG Cultured Wear ရဲ့ခင့်သက်တာ”

ဒီအင်္ကျီလေးဟာ အအေးကြောက်သည့်အတွက် အပေါ်ထပ်ကြိုက်သူ တစ်ယောက်ဖြစ်တဲ့ Admin က ဒေါ်မေရှင်ရဲ့ “မေ့တွက်တာ” over layer ကို inspired ယူကာ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်၊

ဒေါ်မေရှင်ရဲ့ “မေ့တွက်တာ” ဟာဖြင့် ဗမာဆန်ပြီး
ခုနောက်ပိုင်း ပုံစံလေးတွေဟာ ဗမာနဲ့ အနောက်တိုင်း ရောနှောထားတဲ့အတွက် ပုံသွက်ပါကာ RTW ထုတ်လုပ်သူတော်တော်များများ ပုံကွဲကွဲလေးတွေနဲ့ အတော်ကို ထုတ်လာကြတာတွေ့ရပါတယ်၊

“မေ့တွက်တာ”ဆိုတာကတော့-
၁၉၅၀ ပြည့်လွန် ခေတ်များဆီက နာမည်ကြီးလှတဲ့ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင် ပါဝင်ခဲ့သော
“မေ့တွက်တာ” ဇာတ်ကားအမည်ဖြစ်ပြီး ယင်းဇာတ်ကားမှာ ဒေါ်မေရှင် သီဆိုခဲ့သည့် သီချင်းအမည်သည်လည်း
“မေ့တွက်တာ” ပင်ဖြစ်သည့်အပြင်-
စာရေးဆရာမကြီး”ဒေါ်စောမုံညင်း” ရေးသားသည့် မြန်မာ📕အမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု သမိုင်း-စာအုပ်📕အရ-
ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ကောင် character ဒေါ်မေရှင်
ဝတ်ဆင်ခဲ့သော အပေါ်ထပ် အင်္ကျီဒီဇိုင်းကိုလည်း
“မေ့တွက်တာ” ဟုပင် အမည်ပေး ခေါ်ဆိုကာ ခေတ်စားခဲ့တယ်လို့ ဆိုထားပါတယ်၊

ဒေါ်မေရှင် ဝတ်ဆင်ခဲ့ရာမှ ကိုလိုနီခေတ်နှောင်းပိုင်း - လွတ်လပ်ရေးခေတ်ဦးကာလ ရေပန်းအစားဆုံး ဖြစ်ကာ အမျိုးသမီးတိုင်းလိုလို ဝတ်ဆင်ကြတဲ့ အပေါ်ထပ် အင်္ကျီ အမျိုးအစားဖြစ်ခဲ့ပါတယ်၊
Admin တို့ ၄/၅ နှစ်သမီး ဆောင်းတွင်းရောက်ရင်ဖြင့်လဲ အဖွား၊ ကြီးတော်၊ ဒေါ်လေး၊ အမေတို့ထံမှ ငါ့ မေ့တွက်တာ အင်္ကျီ လေးပေးပါဦးဆိုတဲ့ အသံတွေကြားဖူးနေကျ ဖြစ်သလို ကိုယ်လဲ မတော်သေးပဲ ခဏ ခဏ ယူငင်ဝတ်ဆင်လေ့ရှိပါတယ်၊
အဲ့ဒီ မေ့တွက်တာရဲ့ အားသာချက်ကတော့ တီရှပ် လည်ပေါက်နဲ့ လျှာပြားနဲ့ ကြယ်သီးမပါ ရင်ကွဲ အပေါ်ထပ် လေးဖြစ်ပြီး ကြိုက်နှစ်သက်တာတာကြောင့် personal များစွာ ဝတ်ခဲ့သလို ၂၀၂၄ မှာ ပွတတလေး ထုတ်လုပ်ခဲ့ရာက ၂၀၂၆ 1st edition မှာ မှီငြမ်းကာ နာမည်ကိုလဲ ထပ်တူမဟုတ်ပဲ ဆင်တင်တင်လေး ဖြစ်အောင် မေ့အစား ခင်၊ တွက်တာ အစား သက်တာ - တစ်သက်တာ အမြဲ ဝတ်နေမယ်ရယ်လို့ “ခင့်သက်တာ” နာမည်လေးနဲ့ ခင့်အကြိုက် - ခင့်ချစ်သူ စတဲ့ ပုဝါ blouse လေးတွေနဲ့ အတူ ထုတ်လုပ်ကာ Bangkok မှာ launching လုပ်ခဲ့တာဖြစ်ပါတယ်၊
Eco print နဲ့ Lace တွေကို ပြောင်နဲ့ ရောစပ်ထားတဲ့ Design လေးဖြစ်ပြီး ချည်ပြောင်လေးတွေလဲ ထုတ်လုပ်ကာ Popular item လေးလဲ ဖြစ်ပါတယ်၊

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင်ကြီးဖြစ်တဲ့ 🌹ဝဏ္ဏကျော်ထင် ဘွားဘွား ဒေါ်မေရှင်🌹ကို သတိတရနဲ့ လေးစားဂုဏ်ပြုလိုတယ်ဆိုရင်ဖြင့်-

July 18/19 တွေမှာ ကျွန်မတို့
The Glitzes Garden 🪴 The GG Cultured Wear ဟာ Bazeer & Runway Culture နဲ့ အတူ
Sedona Hotel 🏨 Ballroom တွင်းမှာ ရှိနေမှာဖြစ်လို့ ကြွရောက်ကာ ချီးမြှောက်အားပေးနိုင်ကြပါကြောင်းသတင်းကောင်းပါးရပါတယ်ရှင် 💐

လှပစွာဝတ်ဆင်ခြင်းကို အလေးထားသူ အားလုံးကို အထူးကျေးဇူးတင်စွာဖြင့်
Glitzes Garden 🪴
GG Cultured Wear

Contact to Page CB or
Call & Viber No. 09798177927 / 095124017

Photos from Paparazzi Myanmar's post 13/07/2026

Paparazzi Myanmar 🇲🇲 ရဲ့ ကူညီပံ့ပိုးမှုလေးပါ-

အသစ် အသစ်တွေသော အေးမြမှုတွေနဲ့ အတူ
၁၈ နဲ့ ၁၉ ဇူလိုင်မှာ Bold Entertainment ရဲ့ Bazaar & Runway Culture နဲ့ အတူ Sedona Hotel 🏨 Ballroom အတွင်း ရှိနေမှာမို့ ကြွရောက်ကြပါလို့ ခင်မင်ရင်းနှီးလေးစားစွာဖိတ်ခေါ်ရပါတယ် 🫶💐🫶

ကျေးဇူးတင်ပါတယ်ရှင် 🙏

Photos from The Glitzes Garden's post 11/07/2026

📣ထည်ဝါခြင်းနှင့် ပြပွဲ သတင်း📣
🫶🫶🫶🫶🫶🫶🫶🫶🫶🫶

🪧Bold Entertainment ရဲ့ Bazaar & Runway Culture ပွဲတိုင်းမှာ အစဉ်တစ်စိုက်ပါဝင်ပြသခဲ့တဲ့-

🇲🇲 မြန်မာ့ချည်ထည် ထုတ်ကုန်များရဲ့ ဂုဏ်ဆောင် 🇲🇲

ကျွန်မတို့ရဲ့-
“The Glitzes Garden 🪴 The GG Cultured Wear”ဟာ

မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အကိုက်ညီဆုံး -
သဘာဝဆိုးဆေး (Eco Dyed) နဲ့
သဘာဝပွင့်ရိုက် (Eco Print) ချည်ထည်အမျိုးမျိုးကို...
နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်ထဲမှာ သက်တောင့်သက်သာ ပေါ့ပါးစွာ ဝတ်ဆင်ပြီး လုပ်ငန်းခွင်တွင်း ကြည်လင်အောင်မြင်ခြင်း ရလာဒ်တွေ ရရှိစေဖို့ ရည်ရွယ်ကာ ဖန်တီးထုတ်လုပ်နေတဲ့ “Cultured Local Wear-Brand တစ်ခု”ဖြစ်ပါတယ် 🌿

ဒါကြောင့် စိတ်ရင်း စေတနာဖြင့်-စိတ်ရောကိုယ်ပါ
နှစ်မြှုပ်ကာ သဘာဝကျကျ ထုတ်လုပ်ဖန်တီးထားတဲ့

unique, selected,limited-pure cotton based textile & RTW များကို ထိတွေ့ ရှုမြင် ဆင်မြန်းလိုကြသော ကြီး၊ရွယ်၊ငယ်၊လတ် ပျိုမဒီများအတွက် ကျွန်မတို့ရဲ့
“The Glitzes Garden 🪴 The GG Cultured Wear”ဟာဖြင့် 🛍️ 👗 🛍️

𝐁𝐚𝐳𝐚𝐚𝐫 & 𝐑𝐮𝐧𝐰𝐚𝐲 𝐂𝐮𝐥𝐭𝐮𝐫𝐞 𝐕𝐨𝐥. 𝟑 ပွဲကြီးရဲ့ Booth-B12 မှာရှိနေမှာဖြစ်လို့ အရောက်လှမ်းကာ ကြွခဲ့ကြပါလို့ လေးစားချစ်ခင် ဖိတ်ခေါ်ပါရစေရှင် 💐🙏💐

🫶 အထူး-ကျေးဇူးတင်ပါတယ် 🫶

☎️ 09798177927 / 095124017

𝐃𝐚𝐭𝐞 : 𝟏𝟖𝐭𝐡 / 𝟏𝟗𝐭𝐡 - 𝐉𝐮𝐥𝐲, @𝟐𝟎𝟐𝟔
𝐓𝐢𝐦𝐞 : 𝟏𝟏 𝐀𝐌 𝐭𝐨 𝟕 𝐏𝐌
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : 𝐒𝐞𝐝𝐨𝐧𝐚 𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧
(𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦)

𝐏𝐫𝐞𝐬𝐞𝐧𝐭𝐞𝐝 𝐛𝐲 𝐁𝐎𝐋𝐃 𝐄𝐯𝐞𝐧𝐭𝐬

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
951