Fairy products by Hla ya min

Fairy products by Hla ya min

Share

Fairy products by Hla ya min

04/06/2022

Fairy ဆိုတာ shampoo ကနေဖြစ်လာတာမို့

quality ပိုင်းတော့စိတ်ချ မင်မင်ကိုယ်တိုင်လည်း

shampoo သုံးရင်းကြိုက်လွန်းလို့ fairy product တွေ

ကိုရောင်းဖြစ်တာပါရှင့် ဆံပင်ကျွတ်တာရပ်သွားတယ်

ဗောက်ပျောက်တယ် လျှော်ပြီးရင်ဆံသားအိအိလေးဖြစ်

တာကိုအကြိုက်ဆုံး အနံ့လေးကလည်းသင်းသင်းလေးနဲ့

မွှေးနေတာ ကဲဘာလိုသေးလဲ လုံးဝပြီးပြည့်စုံတဲ့

ခေါင်းလျှော်ရည်မို့အသဲစွဲပါရှင်review ကလည်းအလန်းကြီးနော်

1 ဘူးဝယ်ပြီးတိုင်းကားတစ်စီးအလကားရမယ့်အခွင့်ရေးကြီးပါရမှာနော့

Price 15000


😘

#ေတာင်ဒဂုံကိုယ်စားလှယ်ကြီး

31/05/2022

Skin Care အကြောင်း သိကောင်းစရာ☘☘☘

✨ Skin care က အရမ်းအရေးပါပါတယ် တချို့က skin care အကြောင်း ကို သေချာမသိကြသေးဘူးSkin care ကို တခါတလေ မှ လုပ်လဲ ရတယ်လို့ ထင်နေကြတယ်...

✨ တချို့ကအပြင်သွားခါနီးမှ skincare လိမ်းလိုက် mask ကပ်လိုက် လုပ်တက်ကြတယ် အဲ့တာကို care တယ်လို့ထင်နေကြတယ်

✨ တကယ်တော့ Skin care ကိုအမြဲလိမ်းပေးရပါမယ် နေ့ဘက် မိက်ကပ်လိမ်းတယ် အလုပ်သွားတယ် ပြန်ရောက်လို့ ညဘက်ရောက်ရင် cleansing သေချာလုပ်ပီး skin care လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှ အမြဲ Glow ဖြစ်မှာပါ

mask ကပ်တယ် ဆိုတာကလည်း ၁ပတ် ၂ခါ အနည်းဆုံး ကပ်ပေးမှ skin ကောင်းပီး Glow တာပါ ပွဲရှိမှ mask ကပ် ရမယ် ဆိုတာ မဟုတ်ပါဘူး

တချို့က🌞 skin care အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ် ဆက်လိမ်းကြည့်လို့ရပါတယ် တပတ်လောက်ထိ လိမ်းကြည့်လို့ ဆက်ပီးပေါက်နေတယ် ပိုများလာတယ် ဆို အဲ့ skincare ကို မသုံးပါနဲ့

တချို့က စစချင်းလိမ်းတုန်းကတော့ အဖုလေးတွေပေါက်ပီး တပတ်လောက်ကျ ပျောက်သွားတယ် ဆို ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်

တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့ Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်... တချို့ကလည်း ၁ပတ်မှ ၁ရက်သာ
skin care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး မကောင်းဘူး ပြော ကြ ပြန်တယ်...

ပီးရင် တချို့ရှိတယ် makeup မလိမ်းဘဲ skincare လိမ်းရတာ အသားမဲသလို ခံစားရတယ်တို့ အဆီပြန်တယ် တို့ပြောတတ်ကြတယ်
ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့ make up တွေသုံးသုံး Skin မကောင်းရင် လှချင်သလောက်မလှဘူးနော်

ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် skincare ကိုသာ သေချာ စွဲသုံးပေး မျက်နှာက skin tone ညီလာမယ်။ အသားအရေ ကြည်လင် လာပီး တဖြည်းဖြည်း skin tone တက်ပီး glow လာပါလိမ့်မယ်

အဓိက ကတော့ သုံးပုံသုံးနည်း မှန်ဖို့နဲ့ စိတ်ရှည်ဖို့ ပါ
သိသာတဲ့ result ကို ရဖို့ အတွက် အချိန် တခု စောင့်ရပါတယ် နေ့ချင်းညချင်း အသားအရေ ကြည်လင်ပီး glow လာဖို့ မဖြစ်နိုင်ပါဘူးနော်

မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်၊
Skin care ကို မနက်၊ည လိမ်းပေးရပါတယ်
Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ် ကပ်ပေးရပါမယ်
နေ့ခင်းပိုင်းကို နေလောင်ခံ ခရင်မ် လိမ်းပေးပါ
ရေများများသောက်ပေးရမယ် အိပ်ရေးမှန်ရမယ်
အစပ်နဲ့ အငံ လျှော့စားရမယ် အစားအသောက်ကြောင့်လဲ ဝက်ခြံ နဲ့ အဆီဖုလေးတွေ ထွက်လာနိုင်ပါတယ်

အပေါ်က အချက်လေးတွေ အတိုင်းဘဲ ကိုယ်နဲ့ ကိုက်ညီမယ့် skincare ကို သေချာ ရွေးဝယ်ပီး ပုံမှန်နေ့တိုင်းလုပ်သွားရင် မျက်နှာလေး ကြည်လင်ပီး Glow လာပါလိမ့်မယ်....
🙆❤
❤❤❤❤

30/05/2022
29/05/2022

မျက်နှာအသားအရေအတွက် အသင့်တော်ဆုံး mask တွေထဲက တစ်ခုကတော့ မီးသွေးနဲ့ ပြုလုပ်တဲ့ mask ပါပဲ။ မီးသွေးနဲ့ ပြုလုပ်တဲ့ mask က ချွေးပေါက်တွေပွင့်အောင် ကူညီပေးပြီး တစ်ချိန်တည်းမှာပဲ ချွေးပေါက်ထဲက အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါသေးတယ်။

ဝက်ခြံတွေ မဖြစ်မလာအောင် ကာကွယ်ပေးတာကတော့ မီးသွေး mask ရဲ့အစွမ်းပါပဲ။ အဲဒါကြောင့် အိမ်မှာတင် မီးသွေး mask ကို ဘယ်လိုပြုလုပ်နိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

နည်းလမ်း၁
လိုအပ်သောပစ္စည်းများ

- မီးသွေးခဲ ၆ ပြား
- အနံ့မပါတဲ့ဂျယ်လီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေနွေးလက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ပြီး ပျစ်လာတဲ့အထိ မွှေပါ။ မွှေပြီးနောက် မိနစ်အနည်းငယ်ကြာအောင် အအေးခံထားပါ။ မိတ်ကပ်ဘရက်ရှ်တစ်ခုနဲ့ မွှေထားတာတွေကို ကော်ယူပြီး မျက်နှာအနှံ့ လိမ်းပေးပါ။
ဒါပေမယ့် မျက်လုံးနားရောက်ရင်တော့ မျက်လုံးနဲ့ အနည်းငယ်ခွာပြီးမှ လိမ်းပါ။ ၁၀ မိနစ်လောက်ကြာပြီးရင်တော့ ညင်ညင်သာသာ ခွာလိုက်လို့ရပါပြီ။

နည်းလမ်း၂
လိုအပ်သောပစ္စည်းများ
- မီးသွေးခဲ ၁၅ ပြား
- ရေနွေးလက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ရွှံ့အဖြူ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
မီးသွေးခဲလေးတွေကို အမှုန့်ကြိတ်ပြီး ရေနွေးလောင်းလိုက်ပါ။ အဲဒီနောက် ရွှံ့ထည့်ပါ။ အခဲတွေ မကျန်တော့တဲ့အထိ သေသေချာချာ မွှေပေးပါ။ မွှေထားတာကို ရလာရင် ဘူးတစ်ခုထဲမှာ ပြောင်းထည့်ပြီး မျက်နှာမှာ လိမ်းလို့ရပါပြီ။ ၁၀ မိနစ်ခန့်ကြာပြီးရင်တော့ mask ကို ခွာလိုက်လို့ ရပါပြီ။

- ဘယ် mask ကိုမဆို အသုံးပြုခါနီးတိုင်းမှာ မိတ်ကပ်တွေ မကျန်အောင် မျက်နှာကို စင်အောင်သစ်ဖို့ လိုအပ်ပါတယ်။

- မီးသွေးနဲ့ ပြုလုပ်တဲ့ mask ကို သုံးပြီးတိုင်းမှာ မျက်နှာကို ရေနွေးနဲ့ သစ်ပါ။ မျက်နှာကို ခြောက်သွေ့အောင်ထားပြီးရင် ရေဓာတ်ဖြည့်ခရင်မ်လိမ်းပါ။

- အညစ်အကြေးတွေ ပိုပြီးပြောင်စင်စေဖို့ mask သုံးပြီးနောက်မှာ မျက်နှာကို ကြေးချွတ်လို့ရပါတယ်။

- သင်က အဆီပြန်တဲ့ အသားအရေရှိတယ်ဆိုရင် တစ်ပတ်ကို နှစ်ကြိမ်ခန့် မီးသွေးနဲ့ ပြုလုပ်တဲ့ mask ကို အသုံးပြုလို့ရပါတယ်။ ခြောက်သွေ့တဲ့ အသားအရေရှိရင်တော့ နှစ်ပတ်ကို တစ်ကြိမ်ပဲ အသုံးပြုပါ။

- မီးသွေးက မျက်နှာက အမာရွတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

- မျက်နှာအသားအရေအတွက် skin care ရွေးချယ်တော့မယ်ဆိုရင် အရေပြားဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Crd
Love Media မှ ဖော်ပြပါသည်

29/05/2022
26/05/2022

စာအုပ်ထဲ မပါတဲ့ ယဉ်ကျေးမှုလေးတွေပါ ။

- #ဖုန်းခေါ်ရင်
အားရဲ့လား စကားပြောလို့ရရဲ့လားမေးပါ ...

- #ဖုန်းချခါနီး
ဖုန်းချတော့မယ်လို့ အသိပေးပါ ...

- #သူများအခန်းထဲဝင်လာမယ်ဆိုရင်
ခွင့်တောင်းပြီးမှဝင်ပါ ...

- #သီချင်းနားထောင်ရင်
ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံးပါ ...

- #တစ်ဖက်လူစကားပြောနေရင်
ဆုံးတဲ့ထိ အရင် နားထောင်ပါ
ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...

- ိုနေရာမျိုးမှာ
ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေပါ ...

- #ကျေးဇူးတင်စရာရှိရင်
မတုံ့မဆိုင်း ချက်ချင်းတင်ပါ ...

- #အမှားလုပ်ထားရင်
ချက်ချင်း ပြန်တောင်းပန်ပါ ...

- #ရုပ်ရှင်ရုံမှာ
ခြေထောက်ကို ငြိမ်ငြိမ်ထားပါ ...
ရှေ့ခုံကို မကန်ပါနဲ့ ...

- #ခုံတန်းရှည်မှာဘေးလူနဲ့ထိုင်ရင်
ဒူးမလှုပ်ပါနဲ့ ...

- #လူကြားထဲ
စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..
ကိုယ်မလုပ်ပဲရောဂါခံရအောင်..
ဖြစ်သင့်မဖြစ်သင့်တွေးပါ..

- #စားသောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှ
တဝေါ့ ဝေါ့ တထွီထွီ သလိပ်မဟပ်ပါနှင့်..
နှပ်မညှစ်ပါနှင့်..နီတိထဲမှာ ဒါတွေပါပါတယ်..

#အထာကျတယ်ဆိုတာ
သူများကို စိတ်အနှောက်အယှက်
မပေးဘဲ နေထိုင်တတ်တာကို ခေါ်ပါတယ် ...

#ဗရမ်းဗတာနေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရပါမယ် ...

#သင်ပြုမူနေသမျှအပြုအမူအားလုံးဟာ
#သင့်ရဲ့ယဉ်ကျေးမှုအဆင့်အတန်းပါပဲ ...

26/05/2022

အသက်တစ်ခါ ရှူတိုင်း ဝက်ခြံတစ်လုံးထွက်တတ်တဲ့သူတွေ ရှိလား🤧🌚
ဝက်ခြံဘာကြောင့် ထွက်တာလဲ ဘာတွေသတိထားရမလဲ လိုရင်းတိုရှင်း အချက် (4)ချက်-

(1) လက်နဲ့ မျက်နှာကို မကြာခဏကိုင်ခြင်း🖐️

လက်မှာ မမြင်နိုင်တဲ့ bacteria 🦠 တွေများစွာ ရှိနေနိုင်လို့ ဝက်ခြံပေါက်စေ ယုံသာမက ပေါက်နေတဲ့ ဝက်ခြံတွေပါ ပိုးဝင်ပီး အရွယ်အစား ပိုကြီးလာနိုင်ပါတယ်။ လက်နဲ့ကုတ်တာ၊ ဆိတ်တာ တို့လုပ်ရင်လဲ အမာရွတ်ကျန်ပီး ကုသရတာအချိန်ကြာပါတယ်။💢

(2) မျက်နှာကို ခဏခဏ သန့်စင်ခြင်း 🧖

ဝက်ခြံဆိုတာ သန့်ရှင်းမှုအားနဲလို့ ပေါက်တာချည်း မဟုတ်ပဲ မကြာခဏ face scrubလုပ်ခြင်း၊ မကြာခဏ မျက်နှာသစ်ခြင်း တို့ကြောင့်လဲ အပေါ်ယံအဆီလွှာပါးလာပီး အစိုဓါတ်ခမ်းခြောက်၍ ဝက်ခြံပေါက်စေပါတယ်။🙊

(3) Products ပေါင်းစုံ သုံးခြင်း 🙄

ဝက်ခြံ ပျောက်ချင်ဇောနဲ့ ထွက်သမျှ ညွှန်းသမျှ alcohol based products၊ alkaline soup၊ အပြင်းစား facial cleanser တွေပေါင်းစုံ ကို သေချာနားမလည်ပဲ ဝယ်လိမ်းရင်လဲ ဝက်ခြံကိုပိုဆိုးစေပါတယ်။🤦🏻‍♀️
သုံးနေတဲ့ productsတွေထဲမှာ isopropyl palmitate၊ isopropyl myristate၊ butyl stearate၊ isopropyl isostearate၊ decyl oleate၊ isostearyl neopentanoate၊ isocetyl stearate၊ myristle myristate၊ cocoa butter၊ acetylated landline၊ ဆိုးဆေး D&C Red dyes စတဲ့အရာတွေပါရင်လဲ ဝက်ခြံထွက်စေလို့ မသုံးသင့်ဘူးနော်။🙅🙅

(4) ဝက်ခြံကို အချိန်ယူ ကုသမှုမရှိခြင်း 🙍

ဝက်ခြံထွက်နေတဲ့ အရေပြားဟာ သုံးလိုက်တဲ့ဆေးတွေကို တုံ့ပြန်ဖို့ အချိန်ပိုယူရပါတယ်။ ဝက်ခြံတွေ အရှင်းပျောက်ဖို့ (2)လလောက် အချိန်ယူကုသမှသာ ပျောက်ကင်းမှာပါ။🗣️

💩အခုလိမ်း အခုပျောက်ချင်ရင်တော့ ရဲရင့်အောင်သီချင်းလို "ဆုတောင်း"😛မှရမယ်နော်။
#ဒီလို ဗဟုသုတလေးတွေ ဖတ်ချင်ရင်တော့ pageကို like & followလေးလုပ်ဖို့ မေ့နဲ့နော်။🥰🤗/

21/05/2022

#ဝက်ခြံဘာလို့ခဏခဏပြန်ထွက်တာလဲ???

၁။ အိပ်ရေးဝအောင်မအိပ်ခြင်း

၂။ လေ့ကျင့်ခန်းမလုပ်ခြင်း

၃။ နို့ထွက်ပစ္စည်းစားသုံးမှုများခြင်း

၄။ အရက်၊ ဘီယာ ကြိုက်နှစ်သက်ခြင်း

၅။ ရေသောက်နည်းခြင်း

၆။ စိတ်ဖိစီးမှုများခြင်း

၇။ မျက်နှာကို ခဏခဏ ကိုင်ခြင်း

၈။ ဝက်ခြံညှစ်သော အကျင့်ရှိခြင်း

9။မသန့်စင်သောလက်ဖြင့်ခဏခဏကိုင်ခြင်း

၁၀။တာရှည်ခံအစားအစာများစားသုံးခြင်း...

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Crd to ...

Photos from Fairy products by Hla ya min's post 20/05/2022

💦💦 မျက်နှာသစ်တော့မယ်ဆိုရင်
ဘယ်လိုမျိုးမျက်နှာသစ်ဆေးကို ရွေးချယ်ရမလဲဆိုတာ ကိုယ်ကိုကိုယ်တိုင်ရွေးချယ်ရမယ်နော်😘

✅ ကိုယ်က မျက်နှာအသားအရေ နူးညံ့ချောမွေ့ချင်တယ် ၊ ဖြူချင်တယ် ၊ အမဲစက်ကင်းချင်တယ်ဆိုရင်တော့ မျက်နှာသစ်ရင်း ပေါင်းတင်လို့ရတဲ့
နို့အနံ့မွှေးမွှေးလေးနဲ့ လေးကိုရွေးပေးပါ။

✅ ကိုယ့်ရဲ့မျက်နှာအသားအရေကတော့ ဝက်ခြံတွေ၊ အဆီဖုတွေရှိတယ်
မျက်နှာအသားအရေကလည်းအဆီပြန်တယ်ဆိုတဲ့ ဝက်ခြံသမားတွေအတွက်ဆိုရင်တော့ ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ &Oil control Facial Foam လေးကိုသုံးပေးပါ။

✅ ကိုယ့်မျက်နှာအသားအရေက အမြဲတမ်းတော့ဝက်ခြံထွက်နေတာမဟုတ်ဘူးးး
အစားအသောက်အဆင်မသင့်လို့ ဝက်ခြံထွက်တာ ၊ အပူဖု ၊ မိတ်ဖု အစရှိတဲ့ တစ်ခါတစ်ခါထွက်လာတတ်တဲ့အဖုတွေရှိတဲ့မျက်နှာအသားအရေမျိုးဆိုရင်တော့ စံပယ်ရနံ့သင်းသင်းလေး နဲ့ ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့
လေးကို ဆောင်ထားပေးပါ။ ကလေး၊လူကြီး၊ကျား၊မ
မရွေးအသုံးပြုလို့ရတဲ့ Soap လေးပါ👨‍👩‍👧‍👦

(နို့မျက်နှာသစ် 100ml )~14000 ကျပ်

&Oil control (100ml)~14000 ကျပ်

(50g အကိတ်ဆပ်ပြာ ) ~ 7500 ကျပ်



😘

Photos from Fairy products by Hla ya min's post 19/05/2022

အမြှပ်လေးတွေနဲ့ မျက်နှာသစ်ရတာ ကြိုက်တယ်

အမြှပ်တွေများကြီးနဲ့ ရေချိုးရတာ ကြိုက်တယ်

ဆိုရင်တော့ Fairy Handmade Soap ကိုရွေးပါ

Face & Body သုံးလို့ရတာမို့ အလုပ်မရှုပ်တော့နော်

စံပယ်ပန်းရနံ့သင်းသင်းလေးနဲ့ Organic မို့ Baby
လေးတွေပါ သုံးလို့ရပါတယ်

ဝက်ခြံ〽 အဆီဖု〽 မိတ်ဖုနဲ့ အနီစက်လေးတွေရှိရင်〽fairy Soap သာ သုံး သက်သာ ပျောက်ကင်း
စေပါတယ်

Fairy Soap...7500 ks
5000တန်မျက်နှာသစ်ဘရက်ရှ်လက်ေဆာင်
😘

Photos from Fairy products by Hla ya min's post 17/05/2022

2️⃣in 1️⃣Moisturiser မလိုတဲ့ဲ့ Suncream

🇰🇷Korea madeစစ်စစ်သုံးချင်သူလာထား

90gmဘူးကြီး2️⃣6️⃣0️⃣0️⃣0️⃣

🌞နေလောင်ဒဏ်ကိုကာကွယ်ပေးနိုင်တဲ့အပြင်
Skin အစိုဓါတ်ကို 24Hrs ထိန်းပေးထားနိုင်မှာဖြစ်လို့

✔️အသားခြောက်တဲ့ သူတွေရော

✔️Fresh ဖြစ်စေတဲ့ Sun Cream အေးအေးလေးကြိုက်တဲ့သူတွေအတွက်ရော သင့်တော်သောပါ..

Essence Type ဖြစ်လို့ လိမ်းထားရင် စေးကပ်ကပ်ဖြစ်နေတာမျိုးမရှိဘဲ Hyaluronic Essence လိမ်းရသလို အသားထဲစိမ့်ဝင်လွယ်ပြီး အသားစိုအိအိလေးဖြစ်နေစေတယ်။

SPF 50+ အပြင် PA++++ အထိပါဝင်တာကြောင့်
နေလောင်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး

All Skin Types အတွက် Daily သုံးလို့ရပြီး Niacinamide , Madecassoside စတဲ့ Anti-acne Ingredients တွေပါဝင်လို့ ဝက်ခြံသမားတွေလဲ စိတ်ချသုံးလို့ ရပါတယ် 🙆🏻‍♀️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Shwe YinMar(3)
Yangon