Just For you - Online mart

Just For you - Online mart

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Just For you - Online mart, Beauty, cosmetic & personal care, Hlaing, Yangon.

Photos from Just For you - Online mart's post 04/10/2024

ခြင်ရန်ကိုကာကွယ်ဖို့ Qualityကောင်းပြီး ခြင်လုံဖို့ကိုအဓိကထား ထုတ်လုပ်ထားတဲ့ ခြင်ထောင်တစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်👈

ခေါက်ရသိမ်းရလွယ်တာမို့Travellerတွေအတွက် အထူးသင့်တော်ပါတယ်

ခြင်ထောင်ထဲ ထိုင်ရင်လည်းခေါင်းလွတ်တာမို့ တရားထိုင် စာကျက်မယ့်သူတွေတွက်လည်း အရမ်းအဆင်ပြေပါတယ်ရှင့်


✅ချုပ်ရိုးချုပ်သားခိုင်ခံ့ခြင်း
✅သံချေးမတက်ခြင်း
✅လွယ်တကူမကျိုးနိုင်ခြင်း
✅ရာသီဥတုမရွေး အသုံးပြုနိုင်ခြင်း
စတဲ့ အားသားချက်တွေအများကြီးပါဝင်တာကြောင့် စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်

နို့စိမ်းရောင် / ကြက်ပေါက်ရောင်/ ပန်းရောင်/ ခရမ်းရောင် / သခွားရောင်/အဖြူရောင် အရောင်6မျိုးရပါတယ်ရှင့်

4ပေ 7ပေ-50000ks

3ပေခွဲ 6ပေခွဲ -48000ks

Photos from Just For you - Online mart's post 01/06/2024

ထုတ်ပိုးမှု အသစ်နဲ့ 4S foldable mosquito net

23/05/2024

တချို့က လခ ၂သိန်းလောက်အတွက်လုပ်နေချိန်
တချို့က ၆သိန်းလောက်ရနေပြီ
တချို့က ၆သိန်းလောက်နဲ့ပျော်နေချိန်
တချို့က ၁၀သိန်းဝန်းကျင်ရှာနေနိုင်ပြီ
တချို့က ၁၀သိန်းဝန်ကျင်ရှာနိုင်ချိန်မှာ
တချို့က ၁၅သိန်း၊ သိန်း၂၀ရှာနေနိုင်ပြီ
တချို့က လစဉ်ဝင်ငွေ သိန်း၃၀ ၄၀. ၅၀ /၆၀........
လ၁လ ကုန်တာခြင်းတူပေမယ့် လုပ်နိုင်စွမ်းနဲ့ ရပိုင်ခွင့်တွေ ဝင်ငွေတွေ ကွာကုန်ပြီ။

အသက်တွေကြီးလာတာချင်းအတူတူ စုဆောင်းမှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေ ကွာလာကြပြီ........
လုပ်နိုင်စွမ်းရှိတဲ့ ငယ်ရွယ်ချိန်မှာ
ပိုရုန်းကန်ပါ စွန့်စားပါ....စိတ်ကူးအိမ်မက်တွေအကောင်ထည်ဖေါ်ပါ။

သတိ
သင့်အသက်ကြီးလာနေပါပြီ။သက်တောင့်သက်သာရှိတဲ့နယ်ပယ်)မှာပဲမပျော်ပါနဲ့။ ရုန်းထွက်ပါ။ စွန့်စားပါ။
သင်လိုချင်တဲ့ဘဝကိုသင်ကိုယ်တိုင်ဖန်တီးပါ။

ဝန်ထမ်းလုပ်မယ်ဆိုလည်း အရာရောက်ပြီး
အရေးပါတဲ့သူဖြစ်ပါစေ။
ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုလဲ
ဝီရိယနှင့်အမျှော်အမြင်ရှိပါစေ။

ကြိုးစားချင်စိတ်နဲ့ လေ့လာသင်ယူစိတ်ရှိဖို့က
အဓိကကျပါတယ်။

Oo Hein Koko Hein Geol

စာရေးသူ
Photo

22/02/2024

ကိုယ့်အပေါ် မေတ္တာ အစစ်အမှန် ပေးတဲ့သူကို မပြစ်မှားပါနဲ့

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ် ခံယူလို့ကောင်းတယ်
သိမ်မွေ့တယ် နူးညံ့တယ်လို့ ခံစားရတယ်
ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်း လိုလည်းဖြစ်​နေတတ်တယ်။

စစ်စစ် မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်
သူနောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှင် မှဂရုဏာတရား ပါတယ်
ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ
သနားကြင်နာမှု တွေကျန်သေးတယ်
ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ်အတွက် ခွန်အားတချို့ကိုပါ ဖြစ်တည်စေတယ်။

ဒါကြောင့်
ရှေ့ပညာရှိတွေက ပြောကြတယ်
မေတ္တာ မစူး စေနဲ့ တဲ့
မေတ္တာတရား ကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ ခံစားရတတ်တယ်။

လောကမှာ တစ်ချို့ သောလူတွေ
မေတ္တာတရား နားမလည်ကြဘူး
သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရား နည်းပါးကြတယ်
သူတို့ မာနအတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြဘူး
အဲ့ဒီလို လူတွေဟာ မေတ္တာစူးတတ်တယ်။

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာ တရားထားပေးတဲ့သူ
ဝေမျှပေးတဲ့ သူတွေကို
မနာကျင်စေနဲ့၊မထိခိုက်စေနဲ့
မလိုချင်ရင်တောင် ၊မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကိုပြန်မပေးမိစေနဲ့။

အဲဒီလူတွေမရှိတော့တဲ့အချိန်ကာလ တစ်ခုမှ
ကိုယ်ပြုသမျှတွေကဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ်။

ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက်ပြန်လည်ပြီး ပေးဆပ်ရမယ်
ဝဋ်ကျွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲလို့သတိပြုကြရမယ်။

ပါမောက္ခချုပ်ဆရာတော်

Photos from Just For you - Online mart's post 21/10/2023

Spider တရားထိုင် ဇစ်ခြင်ထောင်

ဘုရားရှိခိုး ၊ တရားထိုင် ရင် သက်တောင့်သက်သာ စိတ်ကြည်ကြည် ပူဇော်နိုင်ဖို့ တရားထိုင်ခြင်ထောင်လေး ရှိထားတော့ ပိုအဆင်ပြေပါတယ်နော်။

လူတစ်ယောက် နဲ့ စားပွဲတစ်လုံး လွယ်လွယ်ကူကူ ဆန့်ပါတယ်။

18000ks

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Hlaing
Yangon