Shumawa Skin Care

Shumawa Skin Care

Share

သဘာ၀ထွက်ပစ္စည်းများကိုအ‌ခြေခံထုတ်?

25/12/2022

Merry Christmas to you All 🎄🎄🎄

Christmas အချိန်ရောက်တော့ပျော်ရွှင်ခြင်းဆိုတဲ့ခံစားချက်ကို အားလုံးခံစားမိကြတဲ့အချိန်၊
ကျောင်းပိတ်ရက် ရုံးပိတ်ရက်မို့ မိသားစုတွေ၊ သူငယ်ချင်းတွေ တွေ့ဆုံကြ ခရီးတွေသွားကြနဲ့ လှပတဲ့ အားလပ်ရက်တွေပေါ့။

Christmas လက်ဆောင် အနေနဲ့
“အရာရာဟာကိုယ့်ရဲ့လက်ခံနိုင်စွမ်းပေါ်မှာဘဲ မူတည်ပါတယ်။” ဆိုတဲ့ စကားလေး လက်ဆောင်ပါးချင်ပါတယ်။
ကျွန်မဆရာပြောပြတဲ့ ဥပမာလေးအတိုင်းပြန်ပြောပြရရင်
ကိုယ့်ရှေ့မှာရှိနေတဲ့လူတစ်ယောက်က ကိုယ့်ကိုမသိမသာမေးလေးဆတ်ပြပြီး မျက်လုံးပြူးပြီးကြည့်နေတယ်။ တခါတခါလဲမျက်ခုံးပင့်ပင့်ပြတယ်။
အဲ့ဒါကို ကိုယ် က ဒီလူဘာအထာလဲ???
ငါ့လာပြီး ဂျိုကြည့် ကြည့်နေတယ်ဆိုပြီးထင်နေတယ်။ စိတ်ထဲကလဲ မေတ္တာပို့နေတယ်ပေါ့ 😁
ဆိုပါစို့
တကယ်တော့ ကိုယ့်ရဲ့အိတ်ကို ဓါးနဲ့ခွဲနေတာမို့ အသံထွက်သတိပေးလို့မရတဲ့အခြေနေမို့ အမူအရာနဲ့ပြနေတာပါ။
ဒီဥပမာလေးလိုပါဘဲ ကျွန်မတို့တွေ ကိုယ့်ဆီလာနေတဲ့ စေတနာ၊ ချစ်ခြင်းမေတ္တာ၊ ကောင်းခြင်းတွေကိုဘယ်လိုလက်ခံနေမိလဲဆိုတာပြန်လည်သုံးသပ်၊ ဆင်ခြင်ရင်း ရလာတဲ့ကောင်းခြင်းတွေကိုပျော်ရွှင်စွာလက်ခံနိုင်ကြပါစေ။
Christmas အချိန်အခါကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။
2023 မှာလဲ ပိုမိုကောင်းမွန်တဲ့ အရာတွေကို ပျော်ရွှင်စွာလက်ခံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း

ချစ်တဲ့
အိမာ

06/12/2022

[Unicode]
❝ မျက်နှာသစ်ခြင်းအနုပညာမှာ❞
======================

မျက်နှာအသားရေထိန်းသိမ်းမှုမှာ မျက်နှာသစ်ခြင်းက အရေးအကြီးဆုံးလို့တောင် ဆိုလို့ရပါတယ် .... မိတ်ကပ်မလိမ်းထားရင်တောင်မှ မျက်နှာသစ်မှ ဖုန် ၊ အညစ်အကြေးတွေ နဲ့ အဆီပိုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အကယ်၍ ပုံမှန် မျက်နှာမသစ်ရင်တော့ အဆီပျံတာတွေ ၀က်ခြံ ပေါက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။

❓အဲ့တော့ မျက်နှာပိုသန့်စင်အောင် အခေါက်ရေနဲ့ အကြိမ်ရေ အများကြီးသစ်ရင်ကော ပိုကောင်းမလားပေါ့?

✅ အဖြေကတော့ အခေါက်ရေနဲ့ အကြိမ်ရေ အများကြီးသစ်ခြင်းက မျက်နှာမသစ်သလိုပဲ အသားရေကို ဒုက္ခပေးနိုင်ပါတယ်။

🤔 တစ်ရက်ကိုဘယ်နှစ်ကြိမ် မျက်နှာသစ်သင့်သလဲ?

သင့်ရဲ့အသားရေဟာ ဘယ်လိုအသားရေမျိုး ဖြစ်နေပါစေ တစ်နေ့တာ မျက်နှာပေါ်မှာကပ်နေတဲ့ အညစ်အကြေး၊ ဖုန်၊ အဆီ နဲ့ မိတ်ကပ်တွေကို သန့်စင်ဖို့ အနည်းဆုံးတော့ တစ်နေ့ကို ညဘက် တစ်ကြိမ်တော့ သေချာသစ်ပေးသင့်ပါတယ်။

မနက်အိပ်ရာထတဲ့အခါမှာကော မျက်နှာသစ်ဆက်ပြာနဲ့ သန့်စင်ဖို့ လိုသလားဆိုတာတော့ အတွေး၂မျိုးကွဲနေပါတယ်။

✳️တချို့ပညာရှင်တွေကတော့ သန့်စင်စရာ မိတ်ကပ်တို့ sunscreen တို့ မလိမ်းထားဘူးဆိုတော့ ဆပ်ပြာနဲ့သစ်ဖို့မလိုဘူးပေါ့။ သဘာ၀အလျှောက်ထုတ်ပေးနေတဲ့ မျက်နှာပေါ်က အဆီဓာတ်က အရေပြားအတွက် အရေးပါတဲ့ ခံတပ်လည်းဖြစ်တာကြောင့် မနက်ပိုင်း ဆပ်ပြာနဲ့ထပ်သစ်စရာမလိုတော့ဘူးလို့တောင်ဆိုပါတယ်။

✳️သူနဲ့ဆန့်ကျင်ဘက်အတွေးကတော့ အိမ်ထဲကဖုန်၊ အလာဂျီဖြစ်စေတဲ့ဓာတ်တွေ(ခေါင်းအုံးပေါ်မှာ စုပုံနိုင်)၊ အဆီများနေတာတွေသန့်စင်ဖို့ မနက်ပါဆပ်ပြာနဲ့ သစ်ဖို့လိုပါတယ်။

အကယ်၍ အသားရေခြောက်တယ်လို့ခံစားနေရတာပဲဖြစ်ဖြစ် အဖတ်လေးတွေကွာနေတာတွေ့တာပဲဖြစ်ဖြစ် ဆပ်ပြာမသုံးတော့ပဲ purifying face oil ကိုသုံးသင့်ပါတယ်။

ဘယ်အချိန်မှာ ၂ကြိမ်ထက်ပိုသစ်သင့်သလဲဆိုရင် ကမ်းခြေသွား ပင်လယ်ရေဆော့ပီးတဲ့အချိန်၊ လေ့ကျင့်ခန်း လုပ်ပီးချွေးတွေတအားထွက်ထားတဲ့အချိန် နဲ့ ဖုန်တွေအရမ်းများတဲ့ နေရာ ဒေသတွေက ပြန်လာတဲ့အချိန်တွေပါ။

အဆီနဲ့ အညစ်အကြေးတွေက ၀က်ခြံထွက်စေတဲ့ အကြောင်းအရာတစ်ခုဖြစ်တာကြောင့် မျက်နှာပိုသစ်ခြင်းဟာ ပိုကောင်းလိမ့်မယ်လို့လည်း အထင်မှားနိုင်ပါတယ်။ တကယ်က အဲ့လိုမဟုတ်ပါဘူး။ အသားရေခြောက်စေတဲ့ product တွေအသုံးများတဲ့အခါ အရေပြားက အဆီထိန်းညှိဖို့အတွက် အဆီဓာတ်ကိုပိုထုတ်ပါတယ်။

အရေပြားရဲ့ အဆီဓာတ်နဲ့ ရေဓာတ် balance ဟာ မမျှတတော့ပဲ ရေဓာတ်ခန်းခြောက်လာကာ အသားရေခြောက်ပီး နောက်ဆုံး sensitive အသားရေထိဖြစ်သွားနိုင်ပါတယ်။

✅✅ အဲ့တာကြောင့် ကိုယ်ံအသားရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ skin care product တွေသေချာလေးရွေး၀ယ်ပါ။ ကိုယ့်အသားရေဟာ ဘလိုအမျိုးအစားလဲဆိုတာမသိရင် ကျွမ်းကျင်တဲ့ ဆရာ၀န်နဲ့သေချာ ဆွေးနွေးတိုင်ပင်ပါလို့ အကြံပေးချင်ပါတယ်။

📣📣📣 ကျွန်တော်ရေးတဲ့ ပိုစ့်တေမှ ကိုယ့်အတွက် တစုံတရာ အကျိုးရှိခဲ့မယ်ဆို အခြားသော သူငယ်ချင်းများ သိစေဖို့ အားလုံးတူတူ လှပ ကျန်းမာသော အသားရေ ပိုင်ဆိုင်ဖို့ share ပေးချင်းဖြင့် ကူညီနိုင်ပါတယ်နော် 📣📣📣

လှပ ကျန်းမာသော အသားရေ ပိုင်ဆိုင်စေလိုသော စေတနာဖြင့်
Dr.အောင်ကိုကို

[Zawgyi]

01/06/2020

🍁 Skin Care‌ တွေဘယ်လောက်သုံးသုံး သိပ်ပြီးမထူးခြားလာပါဘူး။ သိပ်ထိရောက်မှုမရှိပါဘူးဆိုပြီး တော်တော်များများခံစားဖူးကြမှာပါ။ ကျွန်မကိုယ်တိုင်လဲခံစားခဲဖူးပါတယ်။
Skin Care ပညာရပ်ကိုမလေ့လာခင်အချိန်ထိပါဘဲ။
ကျွန်မတို့အားလုံးခံစားနေရတာတွေရဲ့ အဓိကအ‌ဖြေကတော့ ကျွန်မတို့သတိမထားမိခဲ့တဲ့

💦 ဆပ်ပြာကြောင့်ပါဘဲ 💦

🍁 တကယ်တော့ မနက်အိပ်ယာထတာနဲ့ထိ‌‌တွေ့‌‌ နေရတဲ့ဆပ်ပြာဆိုတာ အညစ်အကြေးသန့်စင်ရုံ ဂျီးကျွတ်ယုံတင်မကဘဲကိုယ့်ရဲ့အရေပြားပေါ်က ကောင်းမွန်တဲ့ ဆဲလ်တွေ အဆီတွေ အကျိုးပြု ဘက်တီးရီယားတွေ နဲ့ ကောင်းမွန်တဲ့အရာတွေကိုပါ ဖယ်ရှာပေးနေတယ်ဆိုတာလဲမမေ့ပါနဲ့နော်။ ဒါကြောင့်ဆပ်ပြာဟာ‌အ‌ရေပြားကျန်းမာ‌ရေးအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတာပါ။

🍁 ဒီလိုအရေးကြီးတဲ့ Skin Care Basic Step ကို Shumawa Skin Care က Sulphate နှင့် Alcohol မပါဝင်ဘဲ Plants Glycerine, သဘာဝအသီးအနှံအဆီအနှစ်များစွာပါဝင်တဲ့ Natural Detox Soap အဖြစ်ဖန်တီးပုံ‌ဖော်ထားပါတယ်။

🍁 နူးညံ့‌‌ ပျော့ပြောင်းသော Natural Detox Soap အနည်းငယ်ကို Sponge ပေါ်သို့ထည့်၍ပွတ်တိုက်ထွက်ရှိလာသော အမြှုပ်များကို မျက်နှာ နှင့် ခန္ဓာကိုယ်ပေါ်သို့ ပွတ်တိုက်အသုံးပြုနိုင်ပါတယ်။

🌞🌞🌞 Natural Detox Soap လေးနဲ့ရေချိုးပြီးတိုင်း နူးညံ့ချောမွတ်တဲ့အသားရေလေးက you တို့ကိုကျေနပ်စေမှာပါနော် 😊😊😊😊

19/05/2020

Natural Detox Soap

Shumawa ရဲ့ Natural Detox Soap ဆိုတာ သဘာဝအသီးအနှံအဆီအနှစ်၊ Glycerine, Herbal powder နှင့် Vitamin E ကြွယ်ဝစွာပါဝင်‌ပြီး Sulphate နှင့် Harsh Fragance မပါဝင်ခြင်းကြောင့် အသားရေကိုထိခိုက်မှုမရှိဘဲ သန့်ရှင်းပြီး နူးညံ့စိုပြေမှုကို ပေးစွမ်းနိုင်ပါတယ်

Antioxidant ဓါတ်မြင့်မားပြီး၊ PH Level ကိုထိန်းညှိပေးနိုင်ခြင်း နှင့် ဆဲလ်သေများဖယ်ရှားပေးနိုင်ခြင်းတို့ကြောင့် အသားအရေကို နူးညံ့ချောမွေ့စေပြီး ရေ‌ဓါတ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။

Natural Detox Soap အနည်းငယ်ကို Sponge သို့မဟုတ် ရေစိုဝတ်‌ပေါ်သိုထည့်၍ ပွတ်တိုlက်ထွက်ရှိလာသော နူးညံ့သည့်အမြှုပ်လေးများကို မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်သို့ ပွတ်တ်ုက် ပြီး ၃ မိနစ်ခန့်ထားပေးပြီးမှ ရေချိုးရမှာပါ။

ဆပ်ပြာရဲ့ အိစက်နူးညံ့တဲ့ Texure ထွက်ရှိ လာတဲ့အမြှုပ်‌ လေးတွေရဲ့ နူးညံ့မှုအပြင် ရေချိုးပြီးတိုင်းအသားရေကို စိုစိုအိအိလေးနဲ့ နူးညံ့တဲ့အသားရေလေးဖြစ်နေစေတာက Natural Detox Soap ရဲ့ ထူးခြားမှုပါဘဲ။

ဝက်ခြံ နဲ့ အဆီဖုလေးတွေကိုလဲ တဖြေးဖြေးသက်သာလာစေပြီး အသားကြည်လင်လာတဲ့အတွက် Glow Skin ဖြစ်ဖို့ အလွန်အထောက်အကူဖြစ်စေပါတယ်။

Sulphate Free
Paraban Free
Preservative Free
Harsh Fragrance Oil Free ဖြစ်တာကြောင့်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်

Message box နှင့် 09 4078 66011, 09 689 74 1133 သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

🎈ကျန်းမာလှပတဲ့အသားရေပိုင်ဆိုင်နိုင်စေဖို့ Shumawa Skin Care က တာဝန်ယူပါတယ် ❤️

09/05/2020

Skin care ဖတ်တတ်ချင်လို့ပါ..
*****************************

ဆေးခန်း လာပြရင် တချို့ကပြောတယ်။
"ဆရာ သမီးကို skin care ဖတ်နည်းလေးသင်ပေးပါလား။ သမီးဘာသာ ဖတ်ပြီး ဝယ်ချင်လို့ပါပဲ"တဲ့။
"အဲလောက်ကြီးမလွယ်ဘူး။ စာတွေအများကြီး ဖတ်ရတယ်။ အချိန်အများကြီးလိုသေးတယ်"
"နည်းနည်းလောက် ဖတ်တတ်ရင် ကျေနပ်ပါပြီ ဆရာရဲ့။ နည်းနည်းလေးပဲသင်ပေးပါနော်"တဲ့။

ဒီတော့ တစ်ခုလေးပြောပါရစေ။ အောက်က မှတ်စုက skin care ပါဝင်ပစ္စည်းတွေထဲက oil ဆိုတဲ့အပိုင်းလေးတစ်ခု ဖတ်နိုင်ဖို့ မှတ်စုထုတ်ထားတာပါ။ အကုန်မဟုတ်သေးဘူး။ တဝက်လောက်ကျန်ဦးမယ်။ ဘေးမှာ shelf life ခေါ်တဲ့ အဆီတစ်ခုချင်းဆီရဲ့ ခံနိုင်ရည်တွေ လိုက်ကျက်ရတယ်။ အာနိသင်တွေပါမယ်။ ဒါက ပါဝင်ပစ္စည်းတွေထဲက တစ်မျိုးတည်းပဲရှိသေးတယ်။ skin care တခုမှာ ingredient (active+inactive ) 5မျိုးကနေ အမျိုးပေါင်း 30-40 ထိ ပေါင်းစပ်ပါဝင်နိုင်တယ်။

ဒါပြီးရင် emulsifier, fatty alcohol တွေ ဆက်ဖတ်ရတယ်။ သူတို့က ပိုရှုပ်တယ်။ ဒီအထိလည်း မခက်သေးဘူး။ active ingredient တွေ ကျက်ရရင် ချာလပတ်ရမ်းပီသာမှတ်။ ဒါ့ကြောင့် skin care တွေ ဖတ်တတ်ဖို့ ချက်ချင်း မလွယ်ဘူးပြောတာ။ ဒီနယ်ပယ်ထဲမှာ လုံးဝအခြေချဖို့ စဥ်းစားပြီးပီဆိုရငိတော့ သေချာ ၂-၃ နှစ်အချိန်ပေးရင် ပရော်ဖကိရှင်နယ် ဖြစိနိုင်ပါတယ်။ passion ရှိရင်တော့ သင်ပေးရတာကောင်းတယ်။ skin care , cosmetic သင်တန်းက အားရင်တော့ ဖွင့်ပေးမှာပါ။ လောလောဆယ်တော့ ဒါလေးအရင် အစမ်းကျက်ကြည့်ပါဦး။

Olive oil - thick oil, good humectant (hydration, blood circulation, good nail),s-3yr
Coconut oil - light oil , good conditioner, (dry, crack skin), every skin type, s-2-3yr
Cold pressed coconut oil - Saturated fatty acid (stable oil) , long shelf life - 5yr
Hazelnut oil - used very effectively with sweet almond oil (used in oily skin)s-3yr
Grape seed oil - light dry oil , astringent, anti inflammatory , s-2-3yr
Jojoba oil - elasticity, mimic sebum (breakdown the sebum, use in oily acne skin)s-5
Jojoba was -best vegetable oil occlusive (can use in sensitive), for every skin types
Castor oil - thicken barrier (lip, cleanser), s-2-5yr
H**p seed oil - used in sensitive (oil like rosehip,borage or evening primrose)s-6m
Carrot oil - Repair from sun damage (dry and sensitive skin),s-1yr
Apricot kernel oil - light oil, repair skin damage,itchy (sensitive, damaged oil), s-2-3yd
Borage oil - rejuvenate, anti-aging , scar, s-6mnth
Thistle oil - light dry oil (oily skin), fast absorption, balance skin pH, s-2yr
Wheat germ oil - very thick oil (dry chapped skin), elasticity, s-1yr
Avocado oil - anti wrinkle, thick heavy oil (useful in lip product),s-2-3yr
Calendula oil - anit-inflammatory, antiseptic (light oil), s-6mnth
Camellia japonica - astringent (used in oily skin, but not for very oily ),s-1yr
EPO oil - short, light oil (Anti-wrinkle), used in oily dry skin, s-6m (2yr in vitE)
Kiwi seed oil - eczema, psoriasis, anti-aging (thin, light oil)s-6m, but 2yr(vitE)
Kukui nut oil - sensitive , damaged skin (light oil) s-8
Macadamia oil - for scar , dry skin (thick oil) palmitic acid - slow down aging , s-3
Meadow oil - thick,heavy oil (crack,chapped lip)expensive(use dilution 5-15%) s-1
Moringa oil - thin, light oil (sensitive, dry damaged skin) s-5
Passionate seed oil - light, thin oil (oily, acne skin), s-2yr
Peach kernel oil - light, long oil (damaged dry skin)s-2-3yr
Pomegranate oil - light oil (dry sensitive skin),very expensive (5-15%)s-1yr
Raspberry oil - light dry oil (crack, damaged dry skin),s-6mnth

ဒါအလွတ်ရရင် skin care တစ်ခု ဘယ်နနှစ်ခံလည်း အကြမ်းဖျင်းပြောနိုင်ပါတယ်။ exp ကြည့်စရာ သိပ်မလိုတော့ဘူး။

(မှတ်ချက် - အချို့နေရာတွေမှာ s နောက်က ဘာမှမပါရင် နှစ်ကိုဆိုလိုတာ။ ဥပမာ s-3 ဆိုရင် shelf life ၃ နှစ် ခံတာကို ပြောတာ။ mth ဆိုတာ လကိုပြောတာ။ ကျတော်က စာမှတ်ရင် အလွယ်မှတ်တတ်လို့...ဆောရီး...)

ဒေါက်တာအေးမင်းထူး
၆.၅..၂၀

02/05/2020

Make by soul 💖💖💖

30/04/2020

70% Alcohol Hand Gel 💖💖💖

23/04/2020

ဒီ post မှာ ပါတဲ့ Shumawa ချစ်သူများ Massage Box မှာ Hi ပေးပါရှင့် 💖

22/04/2020

Shumawa ရဲ့ နှစ်သစ်လက်ဆောင်ပေးဘာ‌‌ပေးရင်ကောင်းမလဲအမေးကို စိတ်ဝင်တစားဖြေကြားသူများကို ကျေးဇူးအများကြီးတင်ပါတယ်။
ယနေ့ 6:30 ထိ comments များစားရင်းဖြစ်ပါတယ်။ ကျန်ခဲ့တဲ့သူများရှိရင် ဒီပို့စ်အောက်မှာ Comment ပေးပြီး ပြောပေးပါအုံးနော်။
ဒီနေ့ 6:30 ထိ သာပေးထားသော comment များသာ

1. Su Latt Khaing - Facial Tonic Hydrosol
2. Cherry Khaing - Sulphate Free Natural Soap Bar
3. Myo Myo Swe - Sleeping Night Mask
4. May - Natural Detox Soap
5. Daw Hnin Yuwai - Sleeping Night Mask
6. Ei Tar - Sulphate Free Natural Soap Bar

21/04/2020

ကျွန်မအတွက်အားဆေးတစ်ခွက်ပါ

20/04/2020

Shumawa ချစ်သူလေးတွေကို နှစ်သစ်လက်ဆောင်ပေးချင်တယ်
ဘာပေးရင်ကောင်းမလဲ ???

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon