De De
https://www.tiktok.com/@dede48160?_t=8p0PsYKebuZ&_r=1
https://m.me/DDlay1357
မြန်မာ ထိုင်း အိမ်ရောက်ငွေချေရ😍
ချောင်ချိနံစော်နေတဲ့လယ်ကွက်ဆို ကျန်ရစ်ဖြစ်မှာပဲ
ယောကျာ်းကို လက်စွမ်းပြ😹💛
26/04/2026
မိန်းကလေးတိုင်းက အလှ ကြိုက်ကြတာ သဘာဝမလား 💛
ကျွန်မတွေးမိသွားတယ်
နေ့စဉ်နဲ့အမျှ အိမ်မှုကိစ္စလုပ်နေရတဲ့အိမ်ရှင်မတွေရော
ကလေးမေမေတွေလည်းပဲ
သူတို့ လက်သည်းလေးတွေကို ဒီလိုလေး
လှချင်ကြမှာပဲနော်
26/04/2026
သူတို့စိတ်တိုင်းကျမဖြစ်ရင် အပြစ်ပြောကြတဲ့
လူ့အသိုင်းအဝိုင်းကို ဂရုမစိုက်ခြင်းဖြင့် နေထိုင်တာက
အကောင်းဆုံးပါ ။
သူတို့ထက်နိမ့်ကျရင် အထင်သေး
သူတို့ထက်သာရင် မနာလိုဖြစ် ။
ဘယ်လောက်ပဲ ကောင်းအောင်နေနေ လူတွေရဲ့
အပြောကနေ မလွတ်တဲ့အတွက်
ကိုယ်လုပ်စရာရှိတာတွေကိုပဲ အာရုံစိုက်ထားပါ ။
ဒါကြောင့်
လူတိုင်းကြိုက်အောင်နေပြစရာမလိုဘူး
လူတိုင်းက ငါတို့ဘဝအတွက် အရေးမပါဘူးလေ ။
#ဖားစည်ရည်ကျော်
26/04/2026
အောင်မြင်မှုရဲ့ နောက်ကွယ်မှာ
နေ့စဉ်နဲ့အမျှ ပြုလုပ်နေတဲ့ ကိုယ်ပိုင်စည်းကမ်းတွေရှိတယ်။
ကိုယ်ပိုင်စည်းကမ်းရှိသူကို
ကိုယ်တို့ အားကျရတာက
သူတို့က ကိုယ်တို့ထက် အရည်အချင်းရှိလို့၊
ဉာဏ်ကောင်းလို့ မဟုတ်ဘဲ
ကိုယ်တို့လည်း လုပ်နိုင်တဲ့အရာကို
ဇွဲလုံ့လနဲ့ ပြီးမြောက်အောင် သူတို့လုပ်နိုင်လို့ပါပဲ။
💌
#နိုင်းနိုင်းစနေ
26/04/2026
ဒီနွေပူပူမှာ ဒီပန်းလေးတွေကိုကြည့်ပြီး စိတ်လေးအေးချမ်းကြပါစေ🥰🍀
25/04/2026
ပြောတော့ ငါ့မှ မရရင် တသက်လုံးလူပျိုကြီးလုပ်မှာဆို
ခုတော့ ကလေး၅ယောက်အဖေ ဖြစ်နေပြီတဲ့လား😂
25/04/2026
ဒီလိုနွေပူပူမှာ သရက်သီးအမှည့်ကို ရေခဲသေတ္တာထဲထည့်ပြီး အေးအေးချိုချိုလေး စားလိုက်ရရင် 🤤
25/04/2026
"ဆတ်ဆတ်ထိမခံ" ကို ဆူးပါတယ်လို့
အရင်က ထင်ခဲ့ဖူးပါတယ်။
နောက်မှသိတာက တကယ့် ဆတ်ဆတ်ထိမခံတဲ့ စရိုက်လက္ခဏာဆိုတာ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပုံ ပေါက်ပြီး ငြင်းခုံတာ၊ ပြဿနာရှာတာမျိုး မလုပ်ကြဘူး။
ဘာလို့လဲဆိုတော့ အဲဒီလို လူမျိုးတွေမှာ အောက်ကဖော်ပြထားတဲ့ ထိပ်တန်းအတွေးအခေါ် ၆ ခု ရှိလို့ပါပဲ။
ဘယ်သူကြောင့်မှ သူတို့ဟာ ကိုယ့်စွမ်းအင်ကို ယုတ်လျော့ မခံဘူး။
🔹 မိမိကိုယ်ကို ယုံကြည်မှုနဲ့ ပတ်သက်ပြီး
ကိုယ့်အား ကိုယ်ကိုးတယ်၊
အခြားသူကို မမှီခိုဘူး၊
ဘဏ်အကောင့်ထဲက ငွေနဲ့
ဦးနှောက်ထဲရှိတဲ့ အရည်အချင်းက
ဘယ်တော့မှ ကိုယ့်အပေါ် သစ္စာမဖောက်တဲ့ စိတ်လုံခြုံမှုဖြစ်တယ်။
🔹စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး
အားကစားလုပ်ပြီး ကုစားတယ်၊
ဆိုရှယ်မီဒီယာပေါ် တင်ပြီး မပေါက်ကွဲဘူး၊
တခြားသူကို ထပ်ခါတလဲလဲ ရင်မဖွင့်ဘူး။
စိတ်ညစ်ရင် ချွေးထွက်အောင်လုပ်တယ်။
ပြေးလိုက်တာနဲ့ စိုးရိမ်စိတ်က အလိုလို ပျောက်သွားတယ်။
🔹လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး
ဆက်သွယ်မှု လျှော့ချတယ်၊
အရည်အသွေးနိမ့်တဲ့ ပေါင်းသင်းမှုကို ငြင်းပယ်တယ်၊
ကောလာဟလ အတင်းအဖျင်းထဲ အချိန်ဖြုန်းမယ့်အစား အရည်အသွေးမြင့် တစ်ကိုယ်တည်းနေခြင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်တယ်။
🔹ဆက်ဆံရေးနဲ့ ပတ်သက်ပြီး
ဆုံးရှုံးမှုတွေကို အချိန်မီ တားဆီးတယ်၊
ပေးဆပ်ပေမယ့် မသိမ်ငယ်ဘူး။
ကိုယ့်အပေါ်ကောင်းရင် ဆတိုးပြန်ပေးဆပ်တယ်၊
ကိုယ့်ကို အသုံးချရင် ချက်ချင်း လှည့်ထွက်တယ်။
🔹စည်းချက်နဲ့ ပတ်သက်ပြီး
ကိုယ့်ကစားကွက်ကိုပဲ အာရုံစိုက်တယ်၊
သူများဖဲချပ်ကို မကြည့်ဘူး။
ကိုယ့်ဖဲကိုပဲ ကောင်းအောင် ကစားတယ်။
အသက်အရွယ်ရဲ့ အကန့်အသတ်ကို မခံဘူး။
နေ့တိုင်း တိုးတက်အောင်လုပ်တယ်။
ဒါဟာ ဘဝကို ပြန်တိုက်ခိုက်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။
🔹 ရှင်သန်မှုနဲ့ ပတ်သက်ပြီး
အလင်းစက်အဖြစ် နေထိုင်တယ်။
တစ်ယောက်ယောက် ထီးလာဆောင်းပေးတာကို စောင့်မနေဘူး။ ကိုယ်ဟာ ကိုယ့်ရဲ့ခိုလှုံရာဖြစ်တယ်။
ငြိမ်ငြိမ်သက်သက်နဲ့ ခွန်အားကို စုဆောင်းတယ်။
တိတ်တဆိတ် အမြစ်တွယ်တယ်။
အချိန်က အကောင်းဆုံးအဖြေကို ပေးပါလိမ့်မယ်။
-- မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
YANGON