MOON BLOGS

MOON BLOGS

Share

Health, beauty,travel,happiness, leisure

Photos from MOON BLOGS's post 13/02/2025

Dior တို့Lancôme တို့ cream puff /two wayတွေက budget highဖြစ်ရင်
Révolution လေး သုံးကြည့်

Diorသုံးဖူးတဲ့သူက ဒီ Make up Revolution ကိုစိတ်ကျေနပ်ရပါတယ်

Banana powder ဆိုပြီးကြားနေရတာ
ခု သုံးကြည့်လိုက်တော့ အဆင်ပြေတယ်လေ
Colorလေးတော့သေချာရွေးပေါ့နော်
Diorလို color ဝိုင်းရွေးပေးတဲ့ adviserတော့ မရှိပါဘူး
Budgetတော့တော်တော်saveဖြစ်ပြီးပေါပေါများများ သုံးရပါလိမ့်မယ်

16/01/2025

ခုလိုအေးတဲ့ရာသီမှာ နှုတ်ခမ်းလေးတွေ ခြောက်တာ ကွဲတာ အတွက် vasaline lip balm ကို တကယ်သဘောကျမိတယ်ကွယ်
ဈေးလည်းသင့်ပြီး ရတဲ့qualityလည်းကောင်းပါတယ်

07/01/2025

ကိုယ့်စိတ်ရဲ့ အပန်းဖြေရာ
ရေးချင်တာ‌လေးတွေ ရေးမို့

07/01/2025

Nivea အကြောင်း နည်းနည်းထပ်ရေးချင်တာ
Nivea ဆိုတာ 1900ကျော် 1911လားမသိ အဲတည်းက စတင် ထုတ်လုပ်တာ ဆိုတော့ သက်တမ်းက တော်‌ တော်ကြာပြီ Made in Germany လေးဆိုတော့လည်း ကြိုက်
ခုချိန်ထိ ဈေးအသင့်အတင့်နဲ့ qualityတခုရှိတာ
ဘူးပြာလေး ကို ကြာပန်းအဆီအနှစ်နဲ့ထုတ်တာဆိုတော့ သဘောကျမိတာ
Skincare တာဆိုတာ ခုလို ခေတ်စားပြီး အမျိုးစုံလင်လှစွာ မသုံးကြသေးဘူး
အသားအရည်လေး လှချင်တော့ လူးတာ ပေါ့နော်
အမှန်က အသက်အရွယ်ငယ်ငယ်ဆို သိပ်ထူးထူးခြားခြား လိမ်းစရာမလိုပါဘူးလေ
ခုခေတ်လိုဆို sunscreamလေးလောက် သုံးဆို ရပါတယ်
‌ဘူးပြာလေးစွဲစွဲမြဲမြဲ သုံးတာ အဲတုန်းက ခြေဆီထွက်ပြီး ပတ်ကြားအက်တတ်တာ အထူးသဖြင့်ဆောင်းတွင်းလိုမျိုး ခရီးသွားတဲ့ချိန်လိုမျိုး
အဲဒါကို လိမ်းရတာ တကယ်ကောင်းတယ်
Skinကို soothe ဖြစ်စေတာပေါ့နော်
ဘူးအကြီး ဘူးအသေးဝယ်ထားတာ
နောက်ပိုင်း ဘူးဖြူလေးတွေ ထွက်လာတဲ့ထိသုံးနေသေးတာ

နောက်ပိုင်းကျတော့ Nivea Sunscreen ဆိုတာကို မိတ်ဆွေနိုင်ငံခြားသားတွေက လူးပေးတာ တကယ်နေမလောင်ဘူးဘဲ
ပြီးလက်ဆောင်ပေးသွားတော့ နောက်ပိုင်း ဆက်သုံးဖြစ်ပြန်ရော တကျော့ပြန်သုံးတာ
Nivea Sunscreen lotion လေး တကယ်ကြိုက်မိတယ် မှတ်မှတ်ရရပါဘဲ

05/01/2025

ငယ်ငယ်က အသားအရည် လှတယ်ဆိုပြီး ပြောကြတယ်။
သူများတွေက သူ့အသား လှတယ် ကြိုက်လိုက်တာတဲ့
အေးတဲ့ဒေသက သူတွေက လည်းပြောကြတယ်
(ကိုယ့် စိတ်ထင်အေးတဲ့ဒေသမှာနေသူတွေက အသားအရည်လှတယ်ထင်တယ်)

ငယ်တုန်းက ဘာမှ မည်မည်ရရ ခုခေတ်ချိန်လို skin careဆိုတာ မရှိ
စနိုးဘူးတွေလောက်ဘဲ
ဆောင်းတွင်းဆို မာမားရဲ့ စနိုးယူလိမ်းဖူးတယ်

Nivea အပြာသံဘူးလေး က ကြာပန်းနဲ့ ထုတ်ထားတာဆိုလား
အနံ့လေးသဘောကျလို့ သုံးတယ်
အစိုဓာတ်တော်တော်များတာ ပျစ်တစ်တစ်လေးရှိတယ်
အဲဒါလိမ်းပြီးမှ အပေါ်က သနပ်ခါးပေါင်ဒါတို့လိမ်းလိုက်တာ
အဲတုန်းက tonerဘာညာမရှိသေးပါဘူးရယ်

နဂိုက မျက်နှာလေးက အဆီပြန်တတ်တဲ့ထဲ အဲဒါလိမ်းတော့ အဆီပြောင်ပြောင်နဲ့ဝင်းနေရောပေါ့

တချို့ဓာတ်ပုံတွေထဲမှာဆို သိပ်သိသာတယ်

လုပ်ချင်ရာလုပ်တာဘဲ

ခရီးသွားရင်တော့ အဲniveaလေး အသုံးဝင်တာ
sensitive skin ဆိုတော့ နေရောင် လေတိုက်တာရယ် နဲ့ အသားကစပ်ဖျင်းဖျင်းဖြစ်ရော
Niveaလေးက တကယ်အသုံးဝင်တာ

နောက်ပိုင်း မသုံးဖြစ်တော့ပေမယ့် ကြိုကြားကြိုကြားဝယ်လိုက်သေးတာ

Nivea lotionတော့ ခုတလောပြန်သုံးဖြစ်နေလေရဲ့

25/09/2023

Maybellineရဲ့
Fresh Tint က Vitamin C နဲ့ SPF 50ပါပြီး လိမ်းရတာပါးပါးလေးနဲ့ tinted ဆိုတဲ့အတိုင်း တကယ်ကောင်းပါတယ် sunscreenလည်း50ထိပါတာဆိုတော့ တော်တော်လေးကို တမျိုးတည်းနဲ့ အဆင်ပြေတယ်

Maybelline ကို ဟိုးအရင်က MYANMAR မှာစပေါ်ချိန် ငယ်ငယ်က သုံးဖူးတာ
အဲချိန်တုန်း ကDiorဘာညာ မသိသေး အလှမ်းမမီသေး
အဲတုန်းက စဝင်လာတာဆို Revlon,Maybeline,L’Oréal တပြိုင်တည်းလောက်ပေါ့ Ygnမှာ counterနဲ့ တရားဝင်တင်သွင်းရောင်းကြတာ

အဓိက Maybelineရဲ့ lipstick တို့ cream puffတို့ mascara တို့ဘာတို့ပေါ့ သုံးများခဲ့တာ
သူ့ရဲ့မိတ်ကပ်ရည်တော့ မှတ်မိသလောက် သိပ်မသုံးဖူးမိခဲ့ဘူးထင်တာဘဲ
foundation အရည်က ပုံမှန်Revlon နို့ရည်ပါတာလေး စွဲသုံးဖြစ်ခဲ့တာ အဆင်ပြေဆုံး အကြိုက်ဆုံးဖြစ်ခဲ့တယ်

Maybelline ရဲ့ creampuff လေးတွေဆို စျေးသက်သာပြီး color က ကိုယ်နဲ့ ကိုက်တော့ ဝယ်သုံးဖြစ်တယ်
သိတဲ့အတိုင်း တမျိုးတည်း မဟုတ် ဟိုဟာစပ်စပ် ဒီဟာစပ်စပ်ပေါ့လေ
Cover girlဆိုတာကိုလည်း ရတဲ့ဆိုင်မှာ လိုက်ရှာသုံးခဲ့တာ
နောက်မှသပ်သပ်ထပ်ရေးပါဦးမယ်

Maybelline အကြောင်းဆက်ပြောပါမယ်
Maybellineရဲ့ mascara လည်း တော်တော်ဝယ်သုံးမိတဲ့တခုဘဲ
သူ့ရဲ့ Lipbalmလိုမျိုး ပလတ်စတစ်tubeအကြည်လေးဆို အသဲစွဲဘဲ နောက်ပိုင်းတော့Dior/clinique/estee lauder ဘက်ရောက်သွားလို့ အဆက်ပြတ်နေတာကြာပါရော
ပြီးတဲ့4,5နှစ်ထိသူ့ရဲ့ eyebrowဘာညာဝယ်ပေမယ့် မကြိုက်လို့ တခန်းရပ်ရာက

ခု Maybeline ရဲ့tinted Cလေး စမ်းသုံးကြည့်ပြီး တော်တော်သဘောကျမိတာ
တကယ့်ကိုကောင်းပါတယ်နော်
ဒီနှစ်ထဲ မှာ sales တွေ့လို့ Mascaraလေးတချောင်းဝယ်ထားရာက fit me cream puffလေး1ဘူး လည်း အကြမ်းသုံးဖို့ ဝယ်ဖြစ်ခဲ့မိတယ်
အဲကနေMaybelineလေးကို ပြန်ဆုံနေရ

ခု tintedလေးစမ်းဝယ်မိတာ ဘာရယ်မဟုတ်
အမှန်တိုင်းပြောရရင် foundation တို့ cushionတို့ မိတ်ကပ်မလိမ်းတာ ကြာပါပြီ
သုံးနေတဲ့Dior cushionနဲ့ Estée Lauder တောင် မလိမ်းတာကြာလို့ dateကျော်ပြီလားတောင်မသိ

ဒီ Fresh tint လေး က Maybelineကို ပြန်သတိရစေခဲ့ပြီ

တအားအဆင်ပြေပါတယ်
လိမ်းပြီးရင် မျက်နှာလေးက ဝင်းပြီးစို လှနေတာက ပေါင်ဒါထပ်မလိမ်းဘဲနေလို့ရ လို့ ခု သဘောကျနေမိတယ်

တော်ရုံdailyမှာ cushionဘာညာမလိမ်းဖြစ်တာကြာပေမယ့်
ခု ဒီ Maybelineရဲ့ Fresh tintလေးစိတ်တိုင်းကျနေလို့ သုံးနေမိတယ်
လက်ရှိလိမ်းနေဆဲပါ

Photo by me💕

28/06/2023

Sunscreen တွေက ခုတော့မလိမ်းမဖြစ် သတိထားပြီးပါအောင် ထည့်သုံးသင့်တာ
Weatherကလည်းtoo too hotဖြစ်လာတော့ sunscreen
ဆိုတာ skin care stepsမှာ it’s a must ဘဲ
အသက်အရွယ်တခုရလာပြီဆို ပိုသတိထားပြီးထည့်သုံးရမှာ

မှည့်ခြောက်တွေ ညင်းလိုမျိုးတွေ ဖြစ်လာတတ်တာ သတိထားသင့်တယ်

28/06/2023

What I know all about :

Skincare Stepsကတော့ ပုံမှန်လေးဆို
Cleansing လုပ်မယ်
Toner
Essence
Serum
Cream
Sunscreen( ဟိုးအရင်က sunscreen သီးသန့်လိမ်းတာသိပ်မပါဘူး )

မဖြစ်မနေကတော့
cleansingနဲ့ moisture ကောင်းတာလေး +sunscreen

Photos from MOON BLOGS's post 02/03/2023
21/02/2023

☘️La vie est belle

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon