Boom ChoLay

Boom ChoLay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Boom ChoLay, Health/Beauty, လိုင်သာယာ, Yangon.

06/06/2024

ချစ်သူ ဘဝထဲက
ဆဲတတ်တဲ့ယောက်ျားဟာ
အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဆဲပါလိမ့်မယ် ။

ချစ်သူ ဘဝထဲက
အရက်သောက်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့ အခါ မိသားစုရှေ့ဆက်သောက် နေမှာပါပဲ ။

ချစ်သူ ဘဝထဲက
လောင်းကစား တပ်မက်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့ အခါ
မိသားစု စီးပွားရေး ထိခိုက်တဲ့အထိ ပြုလုပ်နေမှာပါပဲ ။

ချစ်သူ ဘဝထဲက
မူးယစ်ဆေး သုံးစွဲတတ်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့အခါ ဆက်ပြီး သုံးစွဲနေမှာပါပဲ ။

ချစ်သူဘဝထဲက
ဖောက်ပြန်တတ်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့အခါ ဖောက်ပြန်မှုကို
သိအောင် တမျိုး မသိအောင်တမျိုး ကျူးလွန်နေမှာပါပဲ ။

ငါ့ကိုချစ်ရင်
သူပြုပြင်မှာပါလို့ မတွေးပါနဲ့။

မင်းကိုရရင်
ငါပြုပြင်ပါ့မယ်ဆိုလည်း မယုံပါနဲ့။

ပြောင်းလဲပြတယ်ဆိုလည်း ခဏပါပဲ။
ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို
တချိန်ချိန် ပင်ကိုယ် ဗီဇပြလာပါလိမ့်မယ်။

ယောက်ျားတစ်ယောက်ကို
ချစ်လို့ ရပါတယ်။

အချစ်တွေဖုံးပြီး အပြစ်တွေ မမြင်သူ
မဖြစ်ကြဖို့သာ လိုပါတယ်။

ဘဝအတွက်
လက်တွဲဖော် ရွေးချယ်မှုမှားရင်
ဒူးနဲ့မျက်ရည်သုတ်နေကြရမှာ မိန်းကလေးတွေပါပဲ ။

အိမ်ထောင်တစ်ခု တည်ထောင်တယ်ဆိုတာ
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နဲကြပါတယ်။

အချစ်ကိုပဲ ဦးစားမပေးဘဲ မှန်ကန်တဲ့ အသိဉာဏ်နဲ့
ဆုံးဖြတ်တတ်မှသာ ရေရှည် အောင်မြင်တဲ့
အိမ်ထောင်ရေးတစ်ခု ဖြစ်မှာပါ ။
တစ်ဦးတစ်ဖက်တည်း ကောင်းနေရုံနဲ့ မရပါဘူး ။

လင်ဆိုးမယား တဖားဖား ဆိုသလို
ဒုက္ခမျိုးစုံကို ဒူးနဲ့မျက်ရည်သုတ် ခံစားတတ်ကြရသလို
မိသားစုကြား ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်စွာ
ရပ်တည်တတ်ကြရပါတယ် ။

သားဆိုးအေမ တေပေပ ဆိုသလို
လင်နဲ့ ကွဲသွားပေမဲ့ ဗီဇညံ့တဲ့
ယောက်ျားနဲ့ ရတဲ့ရင်သွေးဟာ
ထိုသူရဲ့ အကျင့်စရိုက် အများအနည်း
ပါနေတတ်ကြလို့ ဒါကို ပြုပြင် ပေးရင်း
စိတ်မောလူမော ဖြစ်တတ်ကြပါတယ်
ဒါဟာ အမွေဆိုးတစ်ခုပါပဲ ။

ဒါကြောင့် အိမ်ထောင်ရေးကို
ကိုရီးယားဇာတ်လမ်းတွဲတွေလို
မြန်မာကားတွေလို သီချင်းတွေလို
စိတ်ကူးယဉ်လို့ မရပါဘူး။

လက်တွေ့ဘဝမှာ မသေမချင်း
လျှောက်ကြရမှာပါ ။

လိမ်နေတဲ့ အရာတိုင်းက
လှနေတတ်တယ်။

လူတစ်ယောက်ရဲ့ ဗီဇစိတ်ဆိုတာ
အပင်တစ်ပင် အမြစ်တွယ်ရှင်သန် နေသလိုပါပဲ
သေမှ ပျောက်ကြတာပါ ။

ဘယ်သူမပြု မိမိမှု့ ဆိုသလို
ကံကိုယုံပြီး ဆူးပုံချနင်းမယ် ဆိုရင်တော့
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ်ကိုယ်ခံ ဆိုသလို
မသေမချင်း ဘဝကို အမောတွေနဲ့သာ
ဖြတ်ကျော်ရမယ်ဆိုတာ.....သိကြဖို့ ။

10/05/2024

အိမ်တစ်အိမ်လိုချင်တယ်
__________________
မာနနည်းတဲ့အိမ်
ဒေါသနည်းတဲ့အိမ်
မေတ္တာတရားတွေနဲ့အိမ်
လုံခြုံအေးချမ်းတဲ့အိမ်
ရယ်သံတွေဖောဖောသီသီကြားရတဲ့အိမ်
တစ်ဦးကိုတစ်ဦး ခွင့်လွှတ်တတ်တဲ့အိမ်
တစ်ယောက်ကိုတစ်ယောက် ကြင်နာဖေးမတဲ့အိမ်
ငွေအတွက်ပျော်စရာတွေ မပျောက်ရှတဲ့အိမ်
မိသားစုအတွက် အချိန်သီးသီးသန့်သန့်ရှိတဲ့အိမ်
…………
………………
ဘယ်ကဘဲစစ ချစ်ခြင်းမေတ္တာနဲ့စပြီး
ဘယ်မှာဘဲဆုံးဆုံး ချစ်ခြင်းမေတ္တာနဲ့ဆုံးတဲ့အိမ်

Still looking for that’s house 🏠

06/05/2024

တခါတလေကျရင်လောကကြီးကိုစိတ်ကုန်တယ် တယောက်ထဲဖြတ်သန်းရတဲ့ဘဝကို😭😭

06/04/2024

📌 ယောက်ျားဖောက်ပြန်ရင်
မိန်းမက ခွင့်လွှတ်ပေးဖို့ရွေးချယ်တယ်

📌 မိန်းမဖောက်ပြန်ရင်
ယောက်ကျားက ကွာရှင်းဖို့ရွေးချယ်တယ်

📌 ယောကျ်ားတစ်ယောက်
အိပ်ယာထဲဖျားပီးလဲနေရင်
သူ့ကိုပြုစုတဲ့သူက
သူ့မိန်းမပဲဖြစ်လိမ့်မယ် 💯

📌 မိန်းမတစ်ယောက်
အိပ်ယာထဲဖျားပီးလဲနေရင်
သူ့ကိုပြုစုတဲ့သူက
သူမရဲ့ အမေဖြစ်နေဖို့များတယ်💯

📌 ယောက်ကျား လေဖြတ်သွားရင်
မိန်းမက ရူးမတတ်ဖစ်နေပီးပြုစုလိမ့်မယ် 💯

📌 မိန်းမလေဖြတ်သွားရင်
ယောက်ကျားကို မြင်တောင်မမြင်ရတော့ဘူး 💯

📌 ဒါကြောင့် မိန်းမတစ်ယောက်
ကျန်းမာဖို့ အရမ်းအရေးကြီးတယ် 💯💯💯
သိပ်လည်းကြောက်ဖို့ကောင်းတဲ့
လက်တွေ့ဘဝတစ်ခုပဲ😬

📌 ဆေးရုံထဲမှာ
လူကြီးအဖိုးကြီးတွေကို
တွန်းလှဲတွန်းပေးတာ
များသောအားဖြင့်
အဖွားကြီးတွေဖစ်လိမ့်မယ် 💯

📌 ဒါပေမဲ့
အဖွားကြီးတွေကို
တွန်းလှဲတွန်းပေးတာ
များသောအားဖြင့်
သမီး ဒါမှမဟုတ် nurse တွေဖစ်လိမ့်မယ် 💯

📌 လက်တွေ့ဘဝဟာ တခါတလေ လက်မခံနိုင်ချင်စရာကောင်းလောက်အောင်ကို ရက်စက်လွန်းတယ်😢💯

📌 ဒါကြောင့်
မိန်းမတစ်ယောက်
ကိုယ့်ကိုယ်ကို ချစ်ပါ 💯
ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ 💯
ဒီလောကကြီးမှာ
မိမိသာလျှင် အရေးကြီးဆုံး ပါ 💯💯💯

မှတ်ချက်။ ။ ယောက်ျားတိုင်းကိုမဆိုလိုပါ သို့သော် သေသည်ထိသစ္စာရှိရှိနဲ့အနားမှာပြုစုစောင့်ရှောက်ပေးပြီးကာကွယ်ပေးနိုင်တဲ့ယောက်ျားကောင်းဆိုတာရှားပါတယ်

#မိန်းမသားတစ်ယောက်ရဲ့ရင်ဖွင့်သံ🍀🍀

06/04/2024

သစ္စာ ရှီပြီ နားလည်မှု့ရှိရင် အရာရာအဆင်ပြေပါတယ်🥰🥰🥰

Photos from Boom ChoLay's post 11/01/2024

မဂ်လာရှိသောနံနက်ခင်းလေးပါ 🙏🙏🙏

15/11/2023

💠 မင်္ဂလာညချမ်း၊စိတ်ရွှင်လန်း၍

💠 နှလုံးစိတ်ဝမ်း၊အေးချမ်းကြပါစေ💠💠💠

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


လိုင်သာယာ
Yangon