Burma Love

Burma Love

Share

Quality products made of silk(pillowcase, headband,bolestercase, bedsheet, blanket and scrunchie)

28/08/2026

Curly hair လေးတွေအတွက် bonnet ဆိုတာ မရှိမဖြစ်လို့ပြောရင် မမှားဘူးမလား

Photos from Burma Love's post 23/08/2026

Adjustable strap လေးနဲ့ထုတ်ပေးပါလို့ တစိုက်မတ်မတ် တောင်းဆိုကြတဲ့ silky လေးတွေရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်ပါပြီနော်
Regular ရော jumbo ပါ adjustable strap ဖြစ်သွားပြီဆိုတော့
စိတ်ကြိုက် အကျဉ်းအကျယ်လုပ်လို့ရပြီနော်
😍😍

20/08/2026

Silk scrunchie လေးတွေလဲ အသုံးဝင်တယ်နော် 😉

20/08/2026

Bonnet အညိုလေးတခု မင့်ဆီ ကျန်ခဲ့တယ်မရေ
အကောင့်ရှာမတွေ့တော့လို့ မင့်ဆီတချက်လေး လာပြောပေးပါဦးနော် 🥹

Photos from Burma Love's post 19/08/2026

အညိုရောင်လေး ပိတ်ပြန်ပြတ်ပါတော့မယ်နော်
ဘယ်ချိန်ပြန်ဝင်မလဲမသိနိုင်လို့ ယူမယ်ဆို အမြန်လေး အော်ဒါတင်ထားတော့နော်
#ယူမယ်ဆို

19/08/2026

#ပိုးသားခေါင်းအုံးစွပ်

18/08/2026

အတွန့်လေးနဲ့ တမျိုးဆန်း
#ဘဲခေါင်းစိမ်း

16/08/2026

အချိန်ပေးပြီး တကူးတက Feedback လေးလာပေးသွားတဲ့ မရေ အာဘွားနော် 🤩
ဒီမနက်တော့ နည်းနည်းကြွယ်မယ်ရှင် 😜

မင့်ကိုအိပ်ယာခင်းချုပ်ပေးတဲ့ ချုပ်သမားတွေ စိတ်ညစ်ရတာတခုရှိတယ်
ဘာလဲဆိုတော့ ချုပ်သမျှအထည်ရဲ့ 90% လောက်ကို မင်က surprise check ဝင်ဝင်စစ်တာပဲ
မထင်ရင်မထင်သလိုစစ်တယ် မကြိုက်ရင်အကုန်ပြင်
ပိတ်နာသွားတယ်မလား ဒိုး အိမ်သုံးထဲသွားပဲ
မင့်ဆီမှာ set အပြည့်ဆိုတာ တစုံမှမရှိဘူး ပယ်ထည်တွေချည်းပဲ
အိုးသည်အိုးကောင်းမသုံးရဆိုတာ သိပ်မှန်တယ်

ခေါင်းအုံးစွပ်တွေကို ဒါးစက်နဲ့ချုပ်ရင် အရမ်းမြန်တယ်
တလုံးကို ငါးမိနစ်အောက်ပဲ
ရောင်းဈေးလဲ လျှော့ချပစ်လို့ရတယ်
But လုံးချုပ်နည်းတခုပဲ သုံးတယ်
အချိန်သုံးဆပိုကြာတယ်
ချုပ်ရိုးက တာရှည်ခံလွန်းလို့ မင့်ဆီတနှစ်တခါပဲဝယ်တဲ့ ဝယ်သူတွေတောင်ရှိတယ်
အရမ်းခိုင်နေတော့ မပြဲလို့တဲ့ 🫠
အဲလိုကြီးကျ မင်မင်မပျော်တော့ 😆 နောက်တာ

အိပ်ယာခင်းတွေဆိုလဲ ကုပ်အားကောင်းဖို့အတွက်
ထောင့်လေးထောင့်သားရေကြိုးအပြင် ကြိုးပြားအကြီးကြီးတခုစီပါထည့်ပေးထားပါတယ်
ထည့်တာတော့ သိပ်မကြာသေးဘူး
ဒီခေတ်ဈေးနှုန်းတွေနဲ့ တခါဆို ဆိုသလောက် ကြာကြာသုံးရဖို့ စဉ်းစားပြီး လုပ်ပေးနေပါတယ်
မင်ရဲ့ စေတနာပါ
ပိတ်တွေ အရောင်နည်းနေပြီမို့ လိုတာရှိရင် ကြိုကြိုတင်တင်မှာထားပါနော်
ပိတ်တွေဝယ်ရအရမ်းခက်နေပါပြီ
နောက်ဆို မင်လဲ ချည်သားဘက်ကူးရမလားတောင်မသိဘူး

Sleep in silk, wake in luxury

14/08/2026

ဒါကတော့ first time bonnet user ‌ေလးတွေ ဖြစ်တတ်တဲ့ error လေးတခုပါ
ဝတ်‌ေနကျမဟုတ်တာရယ် အသားမကျသေးတာရယ်နဲ့ ကျွတ်ထွက်တတ်တာမျိုးပေါ့
3/4 ရက်လောက်ဝတ်အိပ်ပြီးသွားရင်တော့ ခန္ဓာကိုယ်နဲ့လဲ ရင်းနှီးသွားပြီဖြစ်တဲ့အတွက် အဆင်ပြေသွားမှာပါနော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon