Dr.M Contributes
Sharing health-related articles and healthy life styles for public
Hypertension (သွေးတိုးရောဂါ) အကြောင်း (အပိုင်း -၁)
👉 အရင်ဆုံး သွေးပေါင်ချိန် (Blood pressure- BP) ဆိုတာဘာလဲ ပြောပြပါမယ်
ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေရဲ့ သွေးကြောနံရံတွေပေါ်မှာသက်ရောက်တဲ့ ဖိအားကိုဆိုလိုခြင်းဖြစ်ပါတယ်။ Systolic BP နဲ့ Diastolic BP တနည်းအားဖြင့် အပေါ်သွေး/ အောက်သွေးလို့ မြန်မာလိုသုံးနှုန်းကြပါတယ်။
~~ Systolic BP (အပေါ်သွေး)- နှလုံးကနေ သွေးကြောမကြီးထဲကို သွေးတွေညှစ်ထုတ်လိုက်တဲ့ အချိန်မှာရှိတဲ့ သွေးပေါင်ချိန်ဖြစ်ပါတယ်။
~~Diastolic BP (အောက်သွေး)- နှလုံးညှစ်အားတခုနဲ့တခုအကြား၊ နှလုံးထဲသွေးဖြည့်နေတဲ့အချိန်မှာရှိနေတဲ့ သွေးပေါင်ချိန်ဖြစ်ပါတယ်။
👉 လူတယောက်ကို Hypertension ဖြစ်နေပြီလို့ ဘယ်အချိန်မှာသတ်မှတ်နိုင်လဲ???
BP တိုင်းလိုက်ရင် ရှိသင့်တဲ့ BP ထက်များနေရင် (သို့မဟုတ်) hypertension ရဲ့ ရောဂါလက္ခဏာတွေရှိနေရင် ဒီလူဟာ သွေးတိုးရောဂါရှိနေပြီလို့သတ်မှတ်နိုင်ပါတယ်။
👉 ဆရာဝန်တွေက Hypertension ကို ဘာလို့အရေးတယူကုသပေးနေရတာလဲ???
ဒီရောဂါကနေတဆင့် အခြားကြီးမားတဲ့ရောဂါတွေ... အထူးသဖြင့် ကျောက်ကပ်ပျက်စီးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း စတဲ့ end organ failure လို့ခေါ်တဲ့ရောဂါတွေထိဖြစ်သွားနိုင်လို့ Hypertension နဲ့ပတ်သက်တဲ့ health knowledge တွေ၊ ဆေးမှန်မှန်သောက်ဖို့တွေ ထပ်ကာတလဲလဲအသိပညာပေးနေကြတာပဲဖြစ်ပါတယ်။
👉 Normal BP ---
မင်္ဂလာပါ
Dr.M မှ ဒီ page လေးကတဆင့် အများပြည်သူတွေသိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုတင်ပြပေးသွားမှာဖြစ်သလို ကျန်းမာရေးနဲ့ပတ်သက်လို့အမေးများတဲ့မေးခွန်းလေးတွေကိုလဲပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
ကျန်းမားရေးလေ့လာလိုက်စားသူတွေ ဗဟုသုတတိုးပွားချင်တဲ့သူတွေအနေနဲ့ page လေးကို like & follow လုပ်ထားကြပါနော်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |