Nawarat Pharmacy

Nawarat Pharmacy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nawarat Pharmacy, Health/Beauty, 46, Lay Daunt Kan Road, Thingangyun, Yangon.

30/05/2024

🙏 မင်္ဂလာပါရှင် 🙏

☕️☕️☕️ခုတလော Coffee ရဲ့ အကြောင်းလေးတွေ Coffee Lovers လေးတွေရဲ့ Coffee အပေါ်မှာ တန်ဖိုးထားပုံလေးတွေအကြောင်းကို တွေ့ရလို့ မင်မင်လည်း Coffee lover တယောက်ဖြစ်တာကြောင့် ဒီနေ့တော့ Coffee အကြောင်းလေးရေးပြီးတင်ဆက်ပေးပ့ရစေနော် ☕️☕️☕️

💁🏼☕️မနက်ခင်း မှာ Coffeeလေးသောက်လိုက်မှ တနေ့တာကိုစတင်ရတာစိတ်ကြည်လင်ပြီး အားအင်ပြည့်သလိုခံစားရတာ၊ Coffee မသောက်ရသေးရင် တခုခုလိုနေသလိုဖြစ်တာက Coffee ချစ်သူတိုင်း ကြုံဖူးတဲ့ အရာဖြစ်မယ်ထင်ပါတယ်

💁🏼☕️Coffee ရဲ့ အနံ့အရသာ ကို ကြိုက်လို့သောက်နေတဲ့ သူတွေအတွက် သတင်းကောင်းလေးကတော့
Coffee ကအနံ့အရသာပဲ ကောင်းတာမဟုတ်ပါဘူး

🤩🤩Coffee သောက်ခြင်းက လူတွေရဲ့သက်တမ်းကို ရှည်စေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ ဆိုပါတယ်

💁🏼☕️Coffee က နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ် (ချွင်းချက်အနေ နဲ့ Coffee ကို သင့်တော်တဲ့ပမာဏ သာသောက်သုံးသင့်ပါတယ်၊ အလွန်အကျွံသောက်သုံးရင်တော့ နှလုံးခုန်မြန်စေတဲ့ အာနိသင်လည်းရှိပါတယ်)

💁🏼☕️Coffee က အသည်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်လို့ လေ့လာတွေ့ရှိချက်တွေလည်းရှိပါတယ်

ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူး

💁🏼☕️ဦးနှောက်အာရုံကြောနဲ့ပတ်သတ်တဲ့ Stroke(လေဖြတ်ခြင်း)၊ Alzheimer's disease နဲ့ Parkinson's disease ဖြစ်ပွားခြင်းကိုလည်း လျော့ကျစေနိုင်တယ်လို့ဆိုပါတယ်

💁🏼☕️တနေ့တာမှာ အင်အားပြည့်ပြီး အာရုံစူးစိုက်မှုကို ကောင်းစေတဲ့အပြင် Coffee ပုံမှန်သောက်သုံးသူတွေက Depression (စိတ်ကျရောဂါ) ဖြစ်ဖို့လည်းရာခိုင်နှုန်း နည်းပါတယ်

😊😊ဒါ့အပြင် Coffee ပုံမှန် သောက်သုံးခြင်းကအူမကြီး ကင်ဆာဖြစ်ပွားမှုကိုလည်းလျော့ကျစေတယ်လို့ဆိုပါတယ်

💁🏼☕️အချိုဓာတ် များတဲ့ Instant Coffee တွေမဟုတ်ပဲ သဘာဝကော်ဖီမှုန့်စစ်စစ်တွေကို သောက်သုံးခြင်းကလည်း Type 2 Diabetes(အမျိုးအစား၂ ဆီးချို) ဖြစ်ပွားနှုန်းကိုလျော့ချနိုင်ပါသေးတယ်

😊😊Coffee မှာပါဝင်တဲ့ Caffeine ဓာတ်ကလည်း ပင်ပန်းနွမ်းနယ်တာ၊ အားအင် ကုန်ခမ်းတာတွေကို ဖယ်ရှားပေးနိုင်တဲ့ အပြင် တခြားသော Antioxidant တွေနဲ့ အကျိုးပြုနိုင်တဲ့ ဓာတ်တွေပါဝင်တဲ့အတွက် အခုလိုအကျိူးတွေကိုရရှိနိူင်တာဖြစ်ပါတယ်

💁🏼💁🏼ကျန်းမာရေးနဲ့ညီညွတ်အောင် Coffee သောက်သုံးနည်းလေးတွေကိုဆက်ပြောပြပါမယ်နော်

🚫🚫ညနေ ၂နာရီကျော်မှ Coffee သောက်ရင် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တဲ့အတွက်ညနေပိုင်းတွေမှာတော့ Coffeeမသောက်သင့်ပါဘူးနော်

🚫🚫Coffee ထဲ သကြားအများကြီးထည့်မသောက်သင့်ပါဘူးနော်

👍👍Instant Coffee တွေထက် သဘာဝ Coffee စစ်စစ်တွေကိုသောက်သုံးနိုင်ရင်ပိုကောင်းပါတယ်နော်

🛑🛑Coffee သောက်တာများရင်နှလုံးခုန်မြန်တာ၊ ဆီးသွားများတာဖြစ်နိုင်တဲ့အတွက် တနေ့ကို coffee ၃ခွက်ကနေ ၅ ခွက်အတွင်းပဲ သောက်သုံးသင့်ပါတယ်နော်

🤗🤗ကြိုက်တယ်ဆိုတိုင်း၊ ကောင်းကျိုးတွေရှိတယ်ဆိုတိုင်း အလွန်အကျွံ မဖြစ်စေပဲ ချင့်ချိန်သောက်သုံး ကြဖို့လညလိုအပ်ပါတယ်နော်

27/05/2024

🙏မင်္ဂလာပါရှင်🙏

ခုချိန်လိုမျိုးရာသီအကူးအပြောင်းကာလရောက်လာပြီဆိုတိုင်း မင်မင်တို့လို ဟပ်ချိုး ဟပ်ချိုးနဲ့ နှာချေ နှာရည်ကျတတ်တဲ့သူတွေများရှိလားရှင်❓❓❓
အဲ့လိုအချိန်တွေဆိုရင် နှာချေနှာစီးခေါင်းကိုက်တာနဲ့ လူကြားထဲနေရတာလည်းခက် စိတ်တွေလည်းရှုပ်ရပါတယ်နော်🥲🥲
မင်မင်တို့လိုမျိုး Sinusitis ခဏခဏဖြစ်တတ်တဲ့လူတွေအတွက် ဒီတခါ ထိပ်ကပ်နာ (Sinusitis) အကြောင်းလေးတင်ဆက်ပေးလိုက်ပါတယ်နော်☺️☺️

🧑‍⚕️ပထမဦးဆုံးထိပ်ကပ်နာ (Sinusitis)ဆိုတာဘာလဲ❓❓

🧑‍⚕️ထိပ်ကပ်နာ (Sinusitis)ဆိုတာ ဦးခေါင်းခွံအတွင်းမှာ ရှိတဲ့ ဂလိုင်ပေါက်လေးတွေ (Sinuses) ရောင်လာခြင်း ဖြစ်ပါတယ်

🧑‍⚕️ပုံမှာ ပြထားတဲ့ နေရာလေးတွေက Sinuses လေးတွေရှိတဲ့ နေရာလေးတွေ ဖြစ်ပါတယ်

🤔Sinuses လေးတွေကဘာလို့ရောင်လာတာလဲ❓

➡️များသောအားဖြင့်တော့ အသက်ရှုလမ်းကြောင်းမှာ Virus ပိုးဝင်ရောက်ရာကနေ Sinus လေးတွေဆီကိုရောက်ပြီး၊ Sinus လေးအတွင်းထဲက အမှေးပါးလေးတွေရောင်လာတာဖြစ်ပါတယ်
➡️အမှေးပါးလေးတွေရောင်လာတဲ့အခါ ပုံမှန်စီးဆင်းနေရမယ့် အချွဲ(mucus)လေးတွေကမစီးဆင်းတော့ပဲ Sinusထဲမှာ ပိတ်မိနိုင်ပါတယ်
➡️Sinusထဲမှာ ပိတ်မိနေတဲ့ အချွဲတွေထဲကို Bacteria ပိုးပါထပ်ဆင့်ဝင်ရောက် တာမျိုး ဖြစ်လာနိုင်ပါတယ်

🧑‍⚕️ဒါဆိုရင်သူ့ကိုဘာတွေကဖြစ်စေနိုင်သလဲ❓

➡️Sinusitis ဖြစ်စေနိုင်တဲ့ အကြောင်းတွေက

…ဓာတ်မတည့်ခြင်း(allergy)
…နှာခေါင်းအတွင်းအသားပိုရှိခြင်း(nasal polyp)
…နှာခေါင်းအတွင်း Foreign body တခုခုဝင်နေခြင်း တို့ကြောင့် အဓိကဖြစ်စေနိုင်ပါတယ်

🧑‍⚕️အဲ့လို ဖြစ်တဲ့အခါမှာ ဘယ်လိုခံစားရနိုင်ပါသလဲ❓
.နှာစေးခြင်း.နှာပိတ်ခြင်း.အသက်ရှုရခက်ခြင်း.အနံ့ကောင်းကောင်းမရခြင်း.အနံ့ဆိုးသောနှာရည်များကျခြင်း.Sinus များရှိသောနေရာများမှာ တင်းနေခြင်း၊နာခြင်း.ခေါင်းကိုက်ခြင်း.ဖျားခြင်းတို့ ခံစားရတတ်ပါတယ်

🧑‍⚕️Sinusitis ကို ထိရောက်စွာ ကုသ ခြင်းမပြုလျှင် မည်သို့ဖြစ်နိုင်ပါသလဲ❓

….နာတာရှည်ထိပ်ကပ်နာ ဖြစ်ခြင်း
….Sinus အတွင်းမှ ရောဂါပိုးများတခြားနေရာသို့ပျံ့သွားခြင်းများဖြစ်နိုင်လို့ ထိရောက်စွာကုသမှုခံယူသင့်ပါတယ်

🧑‍⚕️ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်းအပြင် မိမိအိမ်မှာဘာတွေလုပ်လို့ ရပါသလဲ❓

➡️ဦးစွာပထမစိတ်ရောကိုယ်ပါတတ်နိုင်သလောက်ခေတ္တခဏအနားယူပေးပါ
➡️ခန္တာကိုယ်အတွက်လိုအပ်တဲ့အရည်များများသောက်ပေးပါ။ အရည်ရွှမ်းသောသစ်သီးရည်များလည်းသောက်သုံးနိုင်ပါတယ်
➡️ပတ်ဝန်းကျင််ကအေးနေတဲ့အချိန်ဆိုရင်နွေးနွေးထွေးထွေးလေးနေပေးပါနော်
➡️ရေနွေးငွေ့ရှူခြင်း လိုအပ်ပါကနှာခေါင်းတွင်း
salineဖြင့်ဆေးကြောပေးခြင်း (nasal douching) များပြုလုပ်နိုင်ပါတယ် (ဆေးကြောနည်းကို nasal douching ဆိုပြီး YouTube မှာလည်းကြည့်လို့ရပါတယ်နော်)

မသက်သာဘူးဆိုရင်အရေးကြီးဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့လိုပါတယ်နော်

🧑‍⚕️ကလေးရောလူကြီးမှာပါဖြစ်တတ်လို့ တမိသားစုလုံး ဂရုစိုက်ပြီးနေထိုင်သင်ပ့တယ်နော်🤗🤗

😊😊Sinusitis အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်သောဆေးဝါးများကိုလည်း နဝရတ်ဆေးဆိုင်မှာ ဝယ် ယူရရှိနိုင်ပါတယ်ရှင်

29/07/2023

အမျိုးသမီးများရဲ့ လစဉ် နာကျင်မှု့တွေ သက်သာသွားစေတဲ့ Prim E ကိုကျေးဇူးတင်ပါတယ် ..

-1000
E နဲ့ဆို လတိုင်းနာကျင်စရာတွေမရှိတော့ပါဘူး

☎️09985200543

🏡နဝရတ်ဆေးဆိုင်

အမှတ် ၄၆ လေးထောင့်ကန်လမ်း
သင်္ဃန်းကျွန်းမြို့နယ်
(ဘဝမြင့်မှတ်တိုင် နှင့်စံပြစျေးကြား)

29/07/2023

ကိုယ်ခံစွမ်းအားမြင့်တင်ပေးပြီး အမြဲကျန်းမာ
စေတဲ့Vitacap အားဆေးကို ကျေးဇူးအထူးတင်ပါတယ် ...

#ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့အတွက် မမေ့နဲ့နော် Vitacap

21/07/2023

😊😊မေမေတို့ရဲ့ ချစ်စရာသားသားမီးမီးတို့အတွက်
ယုံကြည်စိတ်ချရတဲ့ Dugro 3 (600 g) ကို
Promotion Price 3000 ks off နဲ့ ဝယ်ယူရရှိနိုင်ပါပီနော်

➡️Usual Price …….20200 ks
➡️➡️Discount Price…17200 ks only⬅️⬅️

⭐️⭐️ပစ္စည်းလက်ကျန်ရှိသည်အထိသာ⭐️⭐️

🏡နဝရတ်ဆေးဆိုင်
အမှတ်(၄၆)လေးထောင့်ကန်လမ်း
ဘဝမြင့်မှတ်တိုင်နှင့်စံပြစျေးကြား
☎️09985200543

07/07/2023

📍မိုးရာသီနဲ့ ရာသီတုပ်ကွေးအန္တရာယ်📍

အခုရက်ပိုင်း ဖျားနာကြတာတွေ များလာတော့ ဖျားတာနဲ့ အရင်ဆုံးစဥ်းစားရမဲ့ ရာသီတုပ်ကွေးအကြောင်းကို ပိုပြီးသိရှိနားလည်အောင် ပြောပြပေးချင်ပါတယ်။

သုတေသနအချက်အလက်တွေအရ နှစ်စဥ် လူဦးရေ 1သန်းခန့် ရာသီတုပ်ကွေးရောဂါကို ခံစားနေရတယ်လို့ ဆိုထားပါတယ်။ အခုလို ရောဂါပိုးတွေ ပေါများတဲ့ စိုစွတ်သောမိုးတွင်းကာလမှာဆိုရင် ရာသီတုပ်ကွေးက တော်တော်အဖြစ်များပါတယ်။

ရာသီတုပ်ကွေးက Influenza Virus 🦠 (ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး) ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးမှာ A, B, C, D ဆိုပြီး အမျိုးအစား 4 မျိုး ရှိတဲ့အထဲမှာ A နဲ့ B ကတော့ အဖြစ်အများဆုံးအုပ်စုတွေ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးက ဘယ်လိုကူးစက်တာလဲ❔

ရောဂါပိုးရှိတဲ့သူက ချောင်းဆိုး၊ နှာချေ🤧 လိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အမွှားတွေက ရှုရှိုက်မိတာ၊ အမှုန်အမွှားတွေကပ်ကျန်နေတဲ့ အရာဝတ္ထုကို ကိုင်တွယ်ပြီး နှာခေါင်းနဲ့ပါးစပ်တွေကို ကိုင်တွယ်မိရာကနေ ကူးစက်နိုင်ပါတယ်။ ရာသီတုပ်ကွေးက အရမ်းကို ကူးစက်လွယ်တဲ့အတွက် အိမ်တစ်အိမ်မှာ တစ်ယောက်ဖြစ်ရင် တစ်အိမ်သားလုံး ကူးစက်နိုင်ပါတယ်။

ဆက်ပြီးတော့ ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကို ရှင်းပြပေးချင်ပါတယ်။

ရာသီတုပ်ကွေးက အအေးမိတာနဲ့ ရောဂါလက္ခဏာ ဆင်တူပါတယ်။ ဒါပေမဲ့ အအေးမိတာက ဖြည်းဖြည်းချင်းဖြစ်ပြီး ရာသီတုပ်ကွေးက ရုတ်တရက်နေမကောင်းထဖြစ်ပါတယ်။ လက္ခဏာတွေကလည်း အအေးမိတာနဲ့ယှဥ်ရင် ပိုဆိုးပါတယ်။ လာနိုင်တဲ့လက္ခဏာတွေကတော့

🔸 ဖျားတာ
🔸 ကိုယ်လက်ကိုက်ခဲတာ
🔸 ချောင်းဆိုးတာ
🔸 နှာရည်ယိုတာ
🔸 ခေါင်းကိုက်တာ
🔸 လည်ချောင်းနာတာ
🔸 ပင်ပန်းနွမ်းနယ်တာတွေ ခံစားရနိုင်ပါတယ်။

အများစုက 1 ပတ်လောက်ကြာသွားရင် သက်သာသွားတာ များပါတယ်။ ဒါပေမဲ့ အချို့သူတွေမှာ နောက်ဆက်တွဲပြဿနာတွေဝင်ပြီး ရောဂါလက္ခဏာပြင်းထန်နိုင်ပါတယ်။ ဒါတွေကတော့

💢 အသက် 2 နှစ်အောက်ကလေးတွေ
💢 အသက် 65 နှစ်အထက် လူကြီးတွေ
💢 ကိုယ်ဝန်ဆောင်မေမေတွေ
💢 ကိုယ်ခံအားစနစ်အားနည်းသူတွေ (HIV ရောဂါရှိသူ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစာထိုးထားတဲ့သူ)
💢 နာတာရှည်ရောဂါအခံရှိသူတွေ (သွေးတိုး၊ ဆီးချို) ဖြစ်ပါတယ်။

ဒီလူတွေကတော့ ရာသီတုပ်ကွေးဖြစ်ရင် ရော​ဂါ
အခြေအနေ ဆိုးနိုင်တဲ့အတွက် နှစ်တိုင်း ရာသီတုပ်ကွေးကာကွယ်ဆေး💉ကို မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်။

အခုလို မိုးတွင်းကာလမှာ ရာသီတုပ်ကွေး မကူးစက်အောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ ဒါတွေကတော့

✅ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် 20 ကြာအောင် ဆေးကြောပါ။

✅ ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင် ဖုံးအုပ်ပါ။

✅ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးက 6 ပေထိ ပျံ့နိုင်တဲ့အတွက် လူစုလူဝေးကိုရှောင်ပါ။

✅ နှစ်စဥ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။

ဒီအချက်တွေအတိုင်း သေချာလိုက်နာပြီး ရာသီတုပ်ကွေးအန္တရာယ်ကို ကာကွယ်လိုက်ကြပါစို့။

🏠 နဝရတ်ဆေးဆိုင်
အမှတ် (၄၆) လေးထောင့်ကန်လမ်း၊သင်္ကန်းကျွန်းမြို့နယ်။
☎️09985200543



#ရာသီတုပ်ကွေး

Photos from Nawarat Pharmacy's post 30/06/2023

🧑‍⚕️🧑‍⚕️ဒီတခေါက်ကျန်းမာရေးဗဟုသုတအနေဖြင့် ပဋိဇီဝပိုးသတ်ဆေးယဥ်ပါးခြင်း (Antibiotics Resistance) အကြောင်း ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်

⭐️⭐️အရင်ဆုံးပဋိဇီဝပိုးသတ်ဆေးဆိုတာဘာလဲဆိုတာကို ပြောပြပါ့မယ်

⭐️⭐️ပဋိဇီဝပိုးသတ်ဆေး Antibiotics ဆိုတာ Bacteria ပိုးများကြောင့်ဖြစ်တဲ့ ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ဆေးများဖြစ်ပါတယ်

Bacteria ပိုး ကူးစက်ခံရပြီးနောက် ခံစားရသော ဝေဒနါ နှင့်နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများမဖြစ်စေရန်အတွက် Bacteria ပိုး ကိုသေအောင် ထပ်ပြီးပွားများမလာအောင် ပေးရတဲ့ဆေးအမျိုးအစားများဖြစ်ပါတယ်

🛑🛑Antibiotics အမျိုးအစားများစွာ ရှိပြီး Antibiotics အမျိုးအစား တစ်မျိုးက Bacteria မျိုးစိတ် တစ်ခုသို့မဟုတ် တစ်ခုထပ်ပိုအောင် ကုသနိုင်ပေမဲ့ Antibiotics တစ်မျိုးက Bacteria မျိုးစိတ်အားလုံးကို ကုသနိုင်စွမ်းတော့ မရှိပါဘူး

🧑🏼‍⚕️🧑🏼‍⚕️Antibiotics Resistance ဆိုတာ Antibiotics ရဲ့ အာနိသင်ကို Bacteria များက ခံနိုင်ရည်ရှိလာပြီး ဆက်လက် ပွားများနိုင်လာတာဖြစ်ပါတယ်

တချို့သော Bacteria မျိုးစိတ်များကတော့ သဘာဝအရကို က တချို့သောပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိနေကြတာဖြစ်ပြီး

တချို့သော Bacteria မျိုးစိတ်များကတော့ သဘာဝအရ ခံနိုင်ရည်မရှိခဲ့ကြသော်လည်း ပိုးသတ်ဆေးများကို မသင့်လျော်သောသုံးစွဲမှုများမှ တဆင့် ခံနိုင်ရည်ရှိလာကြတာဖြစ်ပါတယ်

ပိုးသတ်ဆေးများကိုခံနိုင်ရည်ရှိနေသော ဆေးယဥ်ပါး Bacteria များ ဝင်ရောက်ကူးစက်ခြင်းခံရပြီဆိုပါက ကုသရ ခက်ခဲပြီး အသက် သေဆုံးနိုင်ချေရှိတဲ့အထိ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိရတတ်ပါတယ်

မသင့်လျော်သော ပိုးသတ်ဆေးသုံးစွဲမှုများဖြစ်တဲ့

Virus ပိုးကြောင့်ဖြစ်သော တုပ်ကွေးလိုရောဂါမျိုးမှာ ပိုးသတ်ဆေးများသောက်သုံးခြင်း

ပိုးသတ်ဆေးကို ပမာဏ၊ အကြိမ်အရေအတွက်၊ အချိန်ကာလ မှန်မှန်ကန်ကန် မသောက်သုံးမိခြင်း

များက ပိုးသတ်ဆေးယဥ်ပါးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာများဖြစ်ပါတယ်

ပိုးသတ်ဆေးယဥ်ပါးခြင်း ကတနေ့ထက်တနေ့ များပြား ပြင်းထန်လာနေတာဖြစ်ပြီး Pre Antibiotics Era ဟုခေါ်သော ပိုးသတ်ဆေးများ မပေါ်ပေါက်မှီခေတ်ကာလများကလို ရောဂါပိုးဝင်လျှင်ကုသစရာဆေးမရှိပဲ အသက်သေဆုံးရသော အဖြစ်မျိုးသို့ပြန်လည်ရောက်ရှိသွားနိုင်သောကြောင့်

ပိုးသတ်ဆေးများကို မိမိဘာသာဝယ်ယူ သောက်သုံးခြင်းမပြုကြဘဲ
ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးခြင်းဖြင့်

ပိုးသတ်ဆေးယဥ်ပါးခြင်း ကို အတူတူကာကွယ်တားဆီးကြပါစို့လားရှင်

Dr Hnin
Nawarat Pharmacy

09/06/2023

Father 's Day (အဖေများနေ့)

မကြာခင်ရောက်ရှိတော့မဲ့ ဇွန်လ 18 ရက်နေ့က အဖေများနေ့ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ သူရဲကောင်းဖေဖေတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံအသီးသီးက အဖေများနေ့ကို နှစ်စဥ် ဇွန်လတတိယပတ်တနင်္ဂနွေနေ့တိုင်း ကျင်းပလျက်ရှိပါတယ်။

🌟 1910 ခုနှစ်ကစပြီး အဖေများနေ့ကို နှစ်စဥ်ကျင်းပလာတာ ယခုထက်ထိပါပဲ။ အဖေများနေ့ ဖြစ်ပေါ်လာပုံကတော့ အမေရိကန်ပြည်တွင်းစစ်ခေါင်းဆောင် ဝီလီယျံဂျက်ဆင်စမတ်ရဲ့ သမီးဖြစ်သူ ဆိုနာစမတ်ဒေါ့က မိခင်မရှိတဲ့ သူမနဲ့မောင်နှမတွေကို ပြုစုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ သူမရဲ့ဖခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

🌟 ဖေဖေတွေက မေမေတွေလိုမျိုး ကိုးလမလွယ်ခဲ့ပေမဲ့ သားသမီးတို့ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြိုးစားရုန်းကန်းနေရတာ အဖေတွေပဲ မဟုတ်လား?

🌟 နောက်ပြီး သားသမီးအတွက်ဆို မဟာတံတိုင်းကြီးလို ကာကွယ်စောင့်ရှောက်ပေးတာလည်း သူရဲကောင်း ဖေဖေတွေပါပဲ။

🌟 ပြီးတော့ ဖေဖေတွေက မိသားစုအတွက်ဆို စွန့်လွတ်အနစ်နာခံတတ်သူများဖြစ်သလို ခွန်အားပေးသူတွေလည်း ဖြစ်ပါတယ်။

🌟 ဒီလို ချစ်ခင်လေးစားရတဲ့ ကောင်းကင်ကြီးလို ဖေဖေ ကျန်းမာပြုံးပျော်နေတာကို မြင်တွေ့ချင်ကြတာ သားသမီးတိုင်း ဆန္ဒပဲလေ။

🌟 ဒါကြောင့် အဖေများနေ့အထိမ်းအမှတ်အနေနဲ့ ကိုယ်ချစ်ရတဲ့ဖေဖေ ကျန်းမာစေဖို့ ကျန်းမာခြင်းလက်ဆောင်လေးဆိုရင် အလွန်ကို လိုက်ဖက်နေမှာ ဖြစ်ပါတယ်။

ဖေဖေတွေကို ချစ်ကြောင်းပြောပြီး ကျန်းမာခြင်းလက်ဆောင်ပေးချင်တယ်ဆိုရင် နဝရတ်ဆေးဆိုင်မှာ ဖေဖေတို့အတွက် အားဆေးမျိုးစုံကို ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးရင်း အဖေများနေ့မှာ ကမ္ဘာပေါ်ရှိ အဖေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ် 🤍

🏠 နဝရတ်ဆေးဆိုင်
အမှတ် (၄၆) လေးထောင့်ကန်လမ်း၊သင်္ကန်းကျွန်းမြို့နယ်။
☎️09985200543


'sDay
#အဖေများနေ့

Nawarat Pharmacy Health/beauty

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


46, Lay Daunt Kan Road, Thingangyun
Yangon
11071

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00