Sakura Hana Online Shop
High quality beauty and skin care products
13/07/2022
23/06/2022
04/04/2022
1/2/3/4
ဘယ်လိုပုံစံ ခေါင်းကိုက်ကြလဲ ပြောကြည့်😬
Photo credit
13/03/2022
ဒီစာက Solarဝယ်မယ်လို့ဆုံးဖြတ်ထားသူတွေ အတွက်ပါ။
မြန်မာနိုင်ငံကို တင်သွင်းရောင်းချနေတဲ့Solar၃မျိုးရှိပါတယ်။
(၁)ပထမတန်းစား
Solarဆဲလ်ကွက်တွေက လေးထောင့်ကျကျ
မဟုတ်ဘဲထောင့်ချိုးလေးတွေ ကွေးထားပါ
တယ်။
(၂)ဒုတိယတန်းစား(အလတ်စား)
Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ
ပါ။ထောင့်ချိုးတွေ ကွေးမထားပါဘူး။
(၃)တတိယတန်းစား(အညံ့စား)
ဆဲလ်ကွက်ရှိချင်မှရှိတယ်။ပြောင်တွေ၊
အစင်းတွေနဲ့။
မှတ်ချက်။ ။ဒီနိုင်ငံမှာ Solarရဲ့Output Wattကို အရှိအတိုင်းပြပြီး ရောင်းချနိုင်တဲ့ဆိုင် မတွေ့မိသေးပါ။
II. Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။
(၁)ဘက်ထရီအိုး ဝယ်ရမယ်
(၂)အင်ဗာတာ ဝယ်ရပါမယ်။
Solarရဲ့သဘောက နေရောင်ခြည်အသုံးပြုပြီး ဘက်ထရီအိုးကို အားသွင်းပေးရုံသက်သက်ပါ။
အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။
III. ဘက်ထရီအိုး ရွေးပါ။
ဘက်ထရီအိုးကို သူရဲ့ Ah(Ampere hour)ကိုကြည့်ပြီး100Ah(၁၀၀အိုး)၊200Ah(၂၀၀အိုး)စသဖြင့်ခေါ်ပါတယ်။
ဘယ်ဘက်ထရီအိုးဖြင့်ဖြင့် ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။၈၀%လောက်ပဲ သုံးစွဲပါ။လုံးဝ အားကုန်သွားသည်အထိ မသုံးပါနဲ့။
နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီအသုံးပြုမယ်ဆိုတာကို သတ်မှတ်ပါ။၃နာရီလား?၄နာရီလား?
ဘက်ထရီအိုးရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt၊TVရဲ့Watt၊ကွန်ပြူတာရဲ့Wattအားလုံးကို ပေါင်းပါ။
ဥပမာ-မီးလုံး-18W+18W
TV -90W
ကွန်ပြူတာ-45W
အဲ့ဒါတွေအားလုံး
ပေါင်း(18+90+45+18)171W။
စုစုပေါင်း171Wကို Ampereပြန်ပြောင်းတော့171/12=14.25A
စုစုပေါင်းအသုံးပြုချိန်က၄နာရီဆိုပါစို့-
14.25A x4h=57Ahအနီးစပ်ဆုံး60Ahလောက်စဉ်းစားထား။
Lossesတွေအတွက်က 25%လောက် ထပ်ဆောင်းပါ။အဲ့တော့ (60 x 0.25=15Ah)
ထို့ကြောင့်
ဘက်ထရီအိုးSizeက=60+15Ah=75Ah
အနီးစပ်ဆုံး80Ahဝယ်ပါ။
(171Wကို ၄နာရီကြာအောင်သုံးမယ်ဆိုရင်80Ahအိုးကကောင်းကောင်းနိုင်ပါတယ်။)
IV. အင်ဗာတာ ရွေးပါ။
ဘယ်အင်ဗာတာကမှလည်း ရာနှုန်းပြည့်ယူသုံးလို့မရပါဘူး။ပျှမ်းမျှရ၀%ပါပဲ။
အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Loadကို ပျှမ်းမျှရ၀%နဲ့စားပါ။
ဥပမာ-171/0.7=244.3
အနီးစပ်ဆုံး 300W inverterသုံးပါ။
V. Solar ရွေးပါ။
Solarက ဘက်ထရီအားသွင်းဖို့ပါ။အချိန်ဘယ်လောက်နဲ့ပြည့်ချင်လဲဆိုတာကိုကြည့်ပြီးSolarဆိုဒ်ကို ဝယ်ရမှာပါ။
ဥပမာ-မိမိရဲ့ 80Ahအိုးကို ၄နာရီလောက်နဲ့ပြည့်ချင်တယ်ဆိုရင်-80Ah/4h=20A x 12V=240W
အနီးစပ်ဆုံး 300WSolarဝယ်ပါ။
အချုပ်ပြောရရင်-
စုစုပေါင်း 171Wကို ၄နာရီကြာအသုံးပြုဖို့အတွက်
Solar-300W
Battery80Ah
Inverter-300W လိုပါမယ်။
Crd
Ko Kyaw Soe
06/03/2022
သင့်ဘဝကို ပြောင်းလဲစေမယ့် အိမ်သုံးနည်းများ
-------------------------------------------
(၁) အမဲစက်အတွက် သံပုရာ
သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် မှဲ့ခြောက်နဲ့ မျကိနှာအမဲစက်တွေ သက်သာစေတယ်။ သံပုရာသီးလတ်လတ်ဆတ်ဆတ်ယူပြီး အရည်ညှစ်ပါ။ ရလာတဲ့ သံပုရာရည်ကို အမဲစက်နေရာမှာ ၁၅ မိနစ်ကြာ လိမ်းပါ။ ပြီးရင် ရေနဲ့ မျကိနှာပြန်သစ်ပါ။ အာနိသင်ပိုကောင်းချင်သေးရင် ကြက်ဥအကာ တဇွန်း၊ သံပုရာရည် တဇွန်း၊ နွားနို့ ဇွန်းတဝက်လောက် ရောပြီး သမအောင်မွှေပြီးမှ လိမ်းသင့်တယ်။ ၁၅ မိနစ်ကြာရင် ရေအေးနဲ့ ပြန်ဆေးပါ။
အသက်ကြီးပြီး တွန့်ကျတဲ့အသားအရေကို ပြန်လည်ပြုပြင်ဖိူြ ပျားရည်နဲ့ သံပုရာရည်ရောပြီး မျက်နှာကို လိမ်းပေးသင့်တယ်။ မိနစ်(၂၀)ထားပြီးရင် ရေနွေးနဲ့ ပြန်သစ်ရမယ်။
(၂) အသားအရေ ခြောက်သွေ့သူအတွက် coconut milk
coconut အုန်းရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။ ကိုကိုးနက်က အစိုဓာတ်ထိန်းပြီး အသားအရေနူးညံ့စေတယ်။ အုန်းသီးစိမ်းကု် ခြစ်ပြီး အရည်ညှစ်ပါ။ coconut milk အုန်းနို့ ရလာတယ်။ ခြောက်သွေ့တဲ့ မျက်နှာမှာ မိနစ်(၂၀)ကြာထားပြီး ရေပြန်ဆေးချပါ။ အသားအရေခြောက်သွေ့သူကို ပြန်လည်စိုပြေလာစေပြီး sensitive skin အတွက်လည်း အသုံးဝင်ပါတယ်။
(၃) အသားတင်းရင်းစေတဲ့ သင်္ဘောသီး
အဝါရောင် သဘောင်္သီးဟာ ဗီတာမင်အေ ကြွယ်ဝတယ်။ မျက်ကွင်းညိုတာ၊ အသားအရည် မွဲခြောက်တာအတွက် ကောင်းတယ်။ သဘောင်္သီးမှာ papain ဆိုတဲ့ အင်ဇိုင်းဓာတ်တမျိုးပါတယ်။ သူက ဆဲလ်သေတွေကု် ချေဖျက်ပြီး elastin ထုတ်လုပ်မှုကို များစေတယ်။ ဒါ့ကြောင့် အသားအရေတင်းရင်းစေတဲ့ အာနိသင်ရှိတယ်။ မှဲ့နေတဲ့ သင်္ဘောသီးကို သေးသေးလေးတွေလှီးပြီး အနှစ်ဖြစ်တဲ့ထိ ခြေပါ။ ရလာတဲ့ အနှစ်တွေကို မျက်နှာအနှံ့(ကုတ်ပါမကျန်) လိမ်းပေးသင့်တယ်။ ၁၅ မိနစ်ထားပြီး ရေပြန်ဆေးချရင် နုပျိုတောက်ပတဲ့ မျက်နှာကို ချက်ချင်းမြင်တွေ့ရမှာဖြစ်တယ်။
(၄) ချွေးပေါက်ကျဉ်းစေတဲ့ နှင်းဆီရည်
နှင်းဆီရည်ဟာ ချွေးပေါက်ကျဉ်းရုံမက မျက်နှာအဆီနဲ့ အညစ်အကြေးတွေကု်ပါ ဖယ်ရှားနိုင်တဲ့ အာနိသင်ရှိတယ်။ နှင်းဆီရည်ဖြန်းပြီးတာနဲ့ မျက်နှာက သန့်စင်ကြည်လင်သွားတယ်။ဒါ့ပြေင် မျက်နှာရဲတာ၊ဖောတာ၊ ရောင်တာတွေအတွက်လည်း အသုံးဝင်တယ်။ နှင်းဆီရည် ၂ ဇွန်း၊ သံပုရာရည် ဇွန်း တဝက်နဲ့ အလှဆီ (၅)စက်ရောပြီး ညစဉ် မအိပ်ခင် ပွတ်လိမ်းပေးပါလေ။ ချွေးပေါက်ကျဉ်းပြီး ကြည်လင်နေတဲ့ မျက်နှာပြင်ကု် မနက်အိပ်ရာထမှာ ပိုင်ဆိုင်နိုင်မယ်။ ငှက်ပျောသီးမှည့်ကု် နှင်းဆီရည်နဲ့ ရောကျိတ်ပြီး အနှစ်ကို မျက်နှာလိမ်းပေးရင် ဝင်းပပြီး အဆီပြန်ခြင်းကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်စေမယ်။
(၅) မျက်ကွင်းအတွက် သခွားသီးနဲ့ ဒိန်ချဉ်
မျက်ခွံဖောတာ၊ ရောင်တာ၊ မျက်ကွင်းညိုတာအတွက် အိမ်သုံးနည်းက သခွားသီးကို ခြစ်ပြီး ၂ ဇွန်းစာ ယူပါ။ ဒိန်ချဉ် ခွက်တဝက်သာထဲကို သခွားသီးအနှစ်ထည့်ပြီး ရောစပ်ကာ မျက်နှာလိမ်းပေးခြင်းဖြင့် မျက်ကွင်းညိုတာ၊ မျက်ခွံဖောရောင်တာတွေ သက်သာစေတယ်။ ဒိန်ချဉ်မှာ lactic acidပါလို့ အမဲစက်နဲ့ ဆဲလ်သေတွေဖယ်ရှားပေးပြီး ငယ်ရုပ်ဆင်နိုင်တဲ့ အာနိသင်ရှိတယ်။
ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ အစေ့အဆန်၊ အခွံမာသီးနဲ့ ငါးကြီးဆီတွေက အသားအရေ နုပျိုစေပြီး ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြးအထူးကုဆရာဝန်
(အလှအပရေးရာ အိမ်သုံးနည်းများကို https://drayeminhtoo.com/category/beauty/ တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်..)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon