Ni Lar Lwin

Ni Lar Lwin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ni Lar Lwin, Health/Beauty, Yangon.

Photos from Bookman's post 10/08/2024
10/08/2024

မြန်မာစကားပုံတွေ ထဲက
" ကြောင်ကြာကြာ ရေမငုတ်ဘူး " ဆိုတဲ့
စကားပုံကို သဘောကျတယ်။

အဲဒီ စကားပုံကို သူများတွေ
ဘယ်လို အဓိပ္ပာယ်ယူကြလဲမသိပေမယ့်
မှားမှားမှန်မှန် ကျွန်တော်တော့
အဓိပ္ပာယ် (၂) မျိုး
ဖွင့်ဖြစ်တယ်။

ပထမ တမျိုးက ...

ကိုယ်ပိုင်အရည်အချင်းအစွမ်း အစရှိတဲ့လူတွေက
ဒုက္ခ ရောက်ခဲ့ရင်တောင် ခဏပဲ ...

အချိန်တန်ရင် သူစင်ပေါ်ပြန်ရောက်တာပဲ
ဆိုတဲ့ သဘောနဲ့ မိုတီယူဖြစ်သလို ..

ဒုတိယ တမျိုးကကျတော့ ...

အကျင့်မကောင်းတဲ့ လူတွေက
ဘယ်လောက်ပဲ ဟန်ဆောင်ပြီး
သူတော်ကောင်း လုပ်ပြနေကြပါစေ ...

အချိန်တန်ရင် သူတို့ရဲ့
ယုတ်မာတဲ့ အတွင်းစိတ်က
ပေါ်လာတတ်တယ် ဆိုတာကို
ပြောချင်တဲ့ အခါမှာလည်း
သုံးဖြစ်တယ်။

ကျွန်တော်တော့ ကိုယ့်ဟာကို အဓိပ္ပာယ်
ဖွင့်ထားတဲ့ အထဲက ပထမတမျိုးကို
သဘောကျလို့ အခက်အခဲ ဒုက္ခ
ရောက်တိုင်း ကြောင်ကြာကြာ
ရေမငုတ်ဘူး လို့ အားတင်းမိုတီယူပြီး

ဒုတိယ တမျိုးထဲကလို
ဟန်ဆောင်တတ်တဲ့ လူယုတ်မာ
မဖြစ်အောင် သတိထားပြီး
နေဖြစ်တယ်။

လူကောင်း မဟုတ်ရင်တောင်
လူယုတ်မာ မဖြစ်အောင်တော့
သတိထားရတာပေါ့။

Credit to Sint Nyi

10/08/2024

မကောင်းဘူးထင်ရင် မပတ်သက်နဲ့လေ
ခပ်ဝေးဝေးမှာနေပေါ့။
ငါ့အတွက်လည်း မင်းတို့က အဲလောက်ထိ
အရေးမပါ ပါဘူး။

မင်းတို့ဝေဖန်တိုက်ခိုက်ရုံနဲ့ငါလဲကျမှာမဟုတ်ဘူး
ဒဏ်ရာဒဏ်ချက်များစွာထဲကမှ သန်မာအောင်ရပ်တည်လာခဲ့တဲ့သူပါ။

ငါ့ကိုသဘောမကျတဲ့လူတွေအတွက်နဲ့တော့
ငါ့စိတ်နဲ့ငါ့အတွေးကို လုံးဝအပင်ပန်းခံမှာမဟုတ်ဘူး။

ငါကောင်းသည်ဖြစ်စေ၊ ငါဆိုးသည်ဖြစ်စေ
ကိုယ်လုပ်ကိုယ်ခံပဲ
ဆရာကြည်ဇော်အေးပြောခဲ့သလိုပဲ
"တချို့လူတွေကတော့ လူကောင်းပါ
ငါနဲ့တော့အဆင်မပြေဘူး" ..။

#ဆွေး

10/08/2024
10/08/2024

ဘဝက မင်းကို
ငိုစရာအကြောင်း တစ်ရာပေးလာတဲ့အခါ

မင်းမှာ ပြုံးစရာအကြောင်း
တစ်ထောင်ရှိတယ်ဆိုတာ ပြလိုက်ပါ...

ဘဝက မင်းကို
သံပုရာသီးပေးလာရင်

သကြားနဲ့ရောပြီး
ဖျော်သောက်တတ်အောင်ကြိုးစားပါ...

တိုက်စားခံရတာခြင်း တူပေမယ့်
ခံနိုင်ရည်မရှိတဲ့ ကမ်းပါးက
အရင် ပြိုလဲရတာပဲ မဟုတ်လား...

မနာကျင်ရမယ့် နည်းလမ်းဆိုတာ
နာကျင်ခြင်းတွေဆီကပဲ သင်ယူရတာ...

ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ်ဆိုရင်

မေတ္တာ မိုးတွေ နယ်စည်းမခြားပဲ
မရွာချချင်ပါနဲ့တော့...

မင်းမိဘကလွဲလို့
လူတိုင်းက မင်းအပေါ်မှာ မင်းလောက်မကောင်းနိုင်ဘူးလေ

နောက်ဆိုရင်

ကိုယ့်ကို အကောင်းဆုံး နွေးထွေးစေတဲ့ ရင်ခွင်မှာ နေပါ ။
ဘယ်တော့မှ လွှတ်ချမသွားမယ့် လက်ကိုပဲ ဆုပ်ကိုင်ပါ ။
ကိုယ့်ကို တကယ်လိုလားတဲ့ သူဆီမှာပဲ နေပါ ။

စာဖတ္တယ်ဆိုတာ သူတစ်ပါးရဲ့ အမှားတွေဆီကနေ
သင်ခန်းစာ ယူရတာပါ...

မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ...

ငါ့မှာက
ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...

မင်းဖတ်ရတာ တန်ပါတယ်...။

10/08/2024

ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
ဖတ်ကြည့်နော်

လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။

ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။

ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။

သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။

မနိုင်တဲ့ဝန်ကို ထမ်းတယ်။

မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။

လောကမှာ
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။

ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။

အဆင်မပြေ ဖြစ်သွားရင်
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။

သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့

ဟော
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။

အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။

လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။

သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။

ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။

"အားနာရင် ခါးပါတယ်"တဲ့။

ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။

ဒါကြောင့်မို့
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။

ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်
ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။

#လင်းသိုက်ညွန့်

10/08/2024
10/08/2024

အားနာရတဲ့ ဒုက္ခ
""""""""""""""""""
တစ်ခါတလေ အားမနာစတမ်း
ပြောတတ်တဲ့လူတွေကို သိပ်အားကျမိတယ်

ရရင်ရတယ်
မရရင် မရဘူး

ဖြစ်နိုင်ရင်ဖြစ်နိုင်တယ်
မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူး

ကြိုက်ရင်ကြိုက်တယ်
မကြိုက်ရင် မကြိုက်ဘူး

ခပ်ပြတ်ပြတ်ပဲ
ပြောတုန်းပဲ အမုန်းခံရတာ
နောက်ဆက်တွဲ အမျှင်မတန်းဘူး
အဲဒီတော့_နှစ်ဖက်စလုံးစိတ်ရှင်းတယ်

အခု ခဏတာအဆင်ပြေနိုင်ဖို့
မရတာကို ရတယ်
မဖြစ်နိုင်တာကိုဖြစ်နိုင်တယ်
မကြိုက်တာကို ကြိုက်သလိုသည်းခံ
နေလိုက်တဲ့အခါ
နောက်ပိုင်းကျ ကိုယ်ပဲအဆင်မပြေဖြစ်လာတာ

အားနာတတ်ပြီး
ခပ်ပြတ်ပြတ် မပြောတတ်တဲ့သူကျတော့
အားတွေနာလိုက်ရတာ

ကိုယ်ကမှန်နေရင်တောင်
သူစိတ်ဆိုးသွားမလား
သူစိတ်ခုသွားမလား
ငါဒီလိုပြောလိုက်ရင် သူကြိုက်ပါ့မလား
ငါဒီလိုလုပ်လိုက်ရင် သူအဆင်မှပြေပါ့မလား

မဆိုင်တာတွေ တွေး

သူစိတ်ညစ်သွားမှာကို တွေးရင်း
ကိုယ်ကပါ စိတ်ညစ်လာတာမျိုး
ခဏခဏဖြစ်ရတယ်

ပြတ်ပြတ်သားသားလည်း မပြောချင်
"လူလိုသိမှာပါလေ"လို့ဖြေတွေးပြီးနေပေမယ့်
လူလို
ဘယ်တော့မှ မသိတဲ့သူတွေ

"ထားလိုက်ပါ"လို့ဖြေတွေးနေတာတောင်
ထားလို့ မရတော့လောက်အောင်
အလိုက်မသိတဲ့သူတွေနဲ့
ခဏခဏကြုံလာရင်

သည်းခံလိုက်ပေမယ့်
သည်းခံရင်းနဲ့ကို ဒေါသတွေထွက်ရတာ
သူတို့ကိုစိတ်တိုရတဲ့အပြင်
ကိုယ့်ကိုကိုယ်ပါ ဒေါသတွေထွက်လာတာ.

တကယ်တော့
သဘောကောင်းတယ်လို့အထင်ခံရဖို့ကြိုးစားရတာ
တော်တော်မလွယ်တဲ့အလုပ်ပါ

အဆင်မပြေတာတွေကို သည်းခံ
အချိုးမပြေတာတွေကို မျိုချ

လူပါးဝတာတွေကို မသိချင်ယောင်ဆောင်
လာချေပြတာကို အံ့ သြ ပြ ရ

စိတ်မပါပေမယ့်
ချစ်ပြရခင်ပြရ

ကိုယ်နဲ့ဓာတ်မတည့်တာကို အတင်းလိုက်ညှိပြီး
ဘာဖြစ်ဖြစ် ကိုယ့်အခွက်ကြီးက
ဖြီးနေရတာ
သိပ်အဆင်မပြေလှဘူး

ကြာလာတော့
ဒီလူက ဘာဖြစ်ဖြစ်ရပါတယ်ဆိုတာမျိုး
ငါတို့ဘာပြောပြော စိတ်မဆိုးတတ်ဘူးဆိုတာမျိုး
ငါတို့ဘာလုပ်လုပ် ရမှာပါဆိုတဲ့ပုံစံမျိုးတွေ
လုပ်လာကြတာ
( ခေါင်းပေါ်ထိ ချီးလာပါကြတာ)

ပိုးခနဲပက်ခနဲပြောတတ်တဲ့သူများကျတော့
မလုပ်ရဲကြဘူး မပြောရဲကြဘူး
ကြောက်ကြတယ်
ရှိန်ကြတယ်

အဲဒီတော့
သူတို့ကိုယ်တိုင်လည်း
မဟုတ်တာမလုပ်ရဲကြသလို
သူနဲ့ပတ်သက်လာရင် တိတိကျကျလုပ်ကြတာ
စည်းနဲ့ကမ်းနဲ့ပြောကြတာ

ဆိုတော့ကာ
အလုပ်ဖြစ်တယ်
တဖက်ကမဟုတ်တာ
လာမလုပ်ရဲ မပြောရဲသလို
နောက်တဖက်ကလည်း
ကိုယ်မဟုတ်တာကို မကြိုက်တာကို
အောင့်အီးသည်းခံနေစရာ မလိုတော့ဘူး

လူပါးဝတာတွေ
များလာတဲ့ အခါ

သဘောကောင်းရတာ
ညောင်းလာတဲ့အခါ

အလိုက်ကန်းဆိုးမသိတာတွေကို
သည်းခံရပါများလာတဲ့အခါ

သေချာ
တွေးကြည့်လိုက်တော့

ပြတ်သားတာနဲ့
အပေါက်ဆိုးတာမတူကြောင်း
မပြတ်သားတာနဲ့ သဘောကောင်းတာ
မတူကြောင်း နားလည်လာတယ်

အားမနာတတ်တဲ့စိတ်မျိုး လိုချင်မိတယ်
ပြတ်သားတဲ့ပုံစံမျိုးလည်း လိုချင်မိတယ်

တ ခါ တ လေ
သဘောကောင်းရတာ ပင်ပန်းတယ်😔

min yel kyaw swa

10/08/2024

တန်ဖိုး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon