Channel Nail Spa
Opened April 2016
27/05/2023
26/03/2023
26/03/2023
hello
12/03/2023
မနက်ဖြန်ဆိုင်ပြန်ဖွင့်ပြီနော် ph လေးတော့ကြိုဆက်ပေးကြနော် အမျိုးတို့
23/12/2022
မောင်နှစ်မတွေကို ပိုမိုရင်နှီးလာစေဖို့ မိဘတွေလုပ်သင့်သော အရာ (၅) ခု မိမိကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်စေခြင်းဆိုတာ စိတ်ဓာတ်ခွန်အားပန်းပွင့်ကို ရေလောင်းခြင်းဖြစ်ပါတယ်။ ကျွန်မ.....
23/12/2022
မိသားစုဆိုတာ မိမိပေါက်ကွဲဖို့အတွက်
အဆင်သင့်ရှိနေပေးရတဲ့ စိတ်ထွက်ပေါက်တစ်ခုမဟုတ်ပါဘူး
အခုကာလ လူတွေအဆင်မပြေကြဘူး
အလုပ်အကိုင်တွေမကောင်းကြဘူး
တချို့တွေ အလုပ်မရှိကြတော့ဘူး
ဝင်ငွေတွေနည်းပါးသွားကြတယ်
ဒါဟာလူတိုင်းနီးပါးဖြစ်နေကြတာပါ
လူတွေရဲ့စိတ်အခြေအနေတွေဟာ
မသေချာတဲ့အနာဂတ်အတွက်ပူပန်နေရပါတယ်
နည်းပါးလာတဲ့ဝင်ငွေနဲ့ ကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းတွေကြားမှာ
လူတွေဟာ စိတ်ဖိစီးမှုတွေ နေ့စဉ်တိုးလာပါတယ်
ဒါပေမယ့် အဲဒီစိတ်ဖိစီးမှုတွေကိုပေါက်ကွဲဖို့အတွက်
မိမိရဲ့မိသားစုကို အသုံးချစရာတော့မလိုအပ်ပါဘူး
ကြုံဖူးကြမှာပါ
တချို့မိဘတွေ အလုပ်အဆင်မပြေတဲ့အခါ
အိမ်ကသားသမီးတွေကို ဆူကြဆဲကြတာမျိုး
အိမ်ကမိန်းမကို ကိုယ်ထိလက်ရောက် လက်ပါတာမျိုး
အတူနေမိသားစုဝင်တွေအပေါ် အပြစ်မရှိအပြစ်ရှာနေတာမျိုး
ဘယ်လောက်လုပ်ပေးလုပ်ပေး
အလိုမကျဖြစ်နေရတဲ့အခြေအနေမျိုးတွေကို....
တကယ်တော့ မိသားစုဆိုတာ
အိမ်ထောင်ဦးစီး ဒါမှမဟုတ် အဓိကဝင်ငွေရှာနေတဲ့လူအပေါ်
အရိပ်လိုကြည့်ပြီး နေနေရသူတွေပါ
သူတို့အလုပ်အဆင်မပြေရင် သူတို့စိတ်အလိုမကျဖြစ်နေရင်
ကျန်တဲ့သူတွေကပါ ကြောက်လန့်နေရတဲ့အဖြစ်ပါ....
အပြစ်မရှိအပြစ်ရှာပြီး ဆူနေဆဲနေရင်
တွေ့တဲ့ပစ္စည်းတွေရိုက်ခွဲပြီး စိတ်ထွက်ပေါက်ရှာနေရင်
အိမ်ရှိလူအကုန် ပတ်ရမ်းနေရင်
မိသားစုဆိုတာ ပျော်စရာဘယ်ကောင်းပါတော့မလဲ
တကယ်ဆို ပြဿနာတွေရှိနေရင်တောင်
မိသားစုဆိုတာ နွေးထွေးနေရမှာပါ
အလုပ်တွေအဆင်မပြေခဲ့ရင်တောင်
ကိုယ်ပြန်ရမယ့်အိမ်ဆိုတာ မေတ္တာတွေနဲ့လွှမ်းခြုံနေရမှာပါ
အနာဂတ်တွေ ဝေဝါးနေရင်တောင်
မိသားစုဆိုတာ ပစ္စုပ္ပန်မှာအချစ်တွေနဲ့ ပီပြင်နေရမှာပါ....
ဒါ့ကြောင့် သင်ဘယ်လိုပဲအဆင်မပြေဖြစ်နေပါစေ
သင်ပြန်လာမယ့်အိမ်ဆိုတာ သင့်ကိုနွေးထွေးစွာကြိုဆိုနေမှာပါ
သင့်မိသားစုဆိုတာ သင့်ကိုမေတ္တာတွေနဲ့စောင့်နေကြတာပါ
မပေါက်ကွဲပါနဲ့
သူတို့အပေါ် အပြစ်မရှာပါနဲ့
အိမ်သားတွေအပေါ် ဆူပူကြိမ်းမောင်းပြီးစိတ်ထွက်ပေါက်မရှာပါနဲ့
လုပ်ငန်းခွင်က stress နဲ့ မိသားစုကို မရောနှောပါနဲ့
မသေချာတဲ့အနာဂတ်အတွက် သေချာနေတဲ့ပစ္စုပ္ပန်ကိုမဖျက်ဆီးပါနဲ့
သင့်ရဲ့ ချစ်ခြင်းအားဖြင့်
လောကကြီးကို အလှမဆင်နိုင်ရင်တောင်
မိသားစုကိုတော့ ပျော်ရွှင်နိုင်ပါစေ .......
crd.
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Thamine
Yangon