Happiness 4u

Happiness 4u

Share

𝐅𝐈𝐑𝐒𝐓 𝐂𝐋𝐀𝐒𝐒 𝐐𝐔𝐀𝐋𝐈𝐓𝐘

30/06/2024

ဒီဘဝ ဒီခန္ဓာမှာ ကျေအောင်ဆပ်သွားချင်တဲ့ တခုတည်းသော အကြွေးဟာ မေတ္တာကြွေးတွေပါ။

ကိုယ့်အပေါ်မှာ မေတ္တာစစ် မေတ္တာမှန် ထားရှိပေးဖူးသူအားလုံးကို သာလွန်သော ချစ်ခြင်းမေတ္တာတွေ ပြန်မပေးဆပ်လိုက်ရမှာတခုပဲ စိတ်ပူတယ်။

အဲ့ဒါကြောင့် လူတိုင်းအပေါ်ကောင်းဖို့ကြိုးစားပြီးနေထိုင်ပါတယ်။
ဒါပေမယ့် တခါတလေ ကိုယ်ကဘယ်လောက် ကောင်းတာလုပ်လုပ် အထင်မြင်လွဲမှားမှူတွေလဲ ကြုံရတတ်တော့ ပိုသတိထားရတယ်။

သံသရာတကွေ့မှာ ပြန်တွေ့ခဲ့မယ်ဆိုရင်တောင် အားလုံးနဲ့ ချစ်ချစ်ခင်ခင်ပဲ ပြန်ဆုံတွေ့ချင်ပါတယ်။

29/06/2024

"တကယ်ချစ်ရင်ပြန်လာမှာပေါ့"ဆိုတဲ့ သီချင်းစာသားလေး ကြားမိတော့
လူတစ်ယောက်ကို အတွေးထဲ ခပ်ရေးရေးမြင်လာတယ်။
တကယ်မချစ်လို့မဟုတ်လား။
အခုလိုချန်ခဲ့တာ ၊ပြန်မလာတော့တာ တကယ်မချစ်လို့
မဟုတ်လားဆိုပြီး မေးလိုက်ချင်တာ။

09/06/2024

တစ်ခါတလေ လူတချို့ကိုမေးကြည့်ချင်တယ်

ကိုယ့်အပေါ်ယုတ်မာပြီး...
တကယ်ရော ပျော်ရွှင်စွာနေထိုင်နေရဲ့လား?

ကိုယ့်သိက္ခာတွေ ချနင်းပြီး...
မင်းသိက္ခာတွေ ကောင်းကောင်းမွန်မွန်ထိန်းထားနိုင်ရဲ့လား?

ကိုယ့်ကို အသုံးချပြီးတော့ရော...
မင်းဘဝလေး အဆင်ရော ပြေနေရဲ့လား?

ကိုယ့်အပေါ်စော်ကားပြီးတော့ရော
မင်းတို့ဘဝလေး တိုးတက်သွားရဲ့လား?

နောက်ကျောကို ဓါးနဲ့ လာထိုးရင်း
လက်ရှသွားမှာလည်းစိုးမိတယ် ။

ပျော်ရွှင်စွာနေထိုင်ပါ....

ဝဋ်လည်ပါစေလို့လည်း မတွေးမိသလို
ဒုက္ခရောက်ပါစေလို့လည်း ဆုမတောင်းမိတဲ့အတွက်....
စိတ်အေးချမ်းစွာနဲ့ ရှင်သန်လို့ရပါတယ် ။ ။

07/06/2024

မိုးအေးတယ်စောစောအိပ်နော်ပြောသော်လည်း ကိုကြီးမှ တကယ်အိပ်သွားသောအခါ*
Me :

26/05/2024

ဘယ်အသက်အရွယ်ပဲရောက်ရောက်
လုံးဝစွန့်လွှတ်ဖို့မဖြစ်နိုင်တဲ့အရာက
ကလေးစားတဲ့ မုန့်တွေ ဝယ်စားတဲ့ကိစ္စပဲ

တစ်နေ့တစ်နေ့စားလိုက်တဲ့မုန့်
တစ်လတစ်လရတဲ့ပိုက်ဆံတွေက
မုန့်စားဖို့သုံးတာအများဆုံးပဲ

နားရက်တွေမှာ ဘာတွေလုပ်လဲကြည့်တော့
အိပ်လိုက် စားလိုက် မုန့်စားလိုက်နဲ့ ဒါပဲ

ငယ်ငယ်ကမစားခဲ့ရလို့လားဆိုတော့လည်း
မဟုတ်ဘူး ငယ်ငယ်ကတည်းက စားတဲ့ မုန့် ကို
အခုထိမဖြတ်နိုင်တဲ့ကိစ္စ

အလုပ်ဘာအတွက်လုပ်လဲမေးရင်
အမြဲမုန့်ဝယ်စားနိုင်ဖို့အလုပ်လုပ်တယ်ဖြေမယ်

ဘဝရဲ့ရည်မှန်းချက်ထဲမှာ
ကိုယ်စားချင်တဲ့မုန့်ကို စားချင်တဲ့အချိန်မှာ
ဘာမှမစဉ်းစားဘဲ စားလိုက်နိုင်ဖို့အရေးလည်း ပါတယ်

25/05/2024

Peacefully 😌

24/05/2024

မင်းကိုချစ်တဲ့သူက
မင်းကိုဘယ်တော့မှနာကျင်စေမှာမဟုတ်ဘူးဆိုတဲ့စကားကို ငါကတော့တကယ်လက်မခံချင်ဘူး

အပြန်အလှန်ချစ်ခင်ကြတဲ့ ဆက်ဆံရေးတွေမှာ
မရည်ရွယ်တဲ့ ထိခိုက်နာကျင်မူတွေရှိစေတာပဲမဟုတ်လား

အချစ်လွန်တဲ့အခါ သဝန်တိုမိတဲ့အခါ
အထင်လွဲမိတဲ့အခါမှာလည်း ငါတို့မှာအထိအရှတွေ
ရှိကောင်းရှိနိုင်ပါတယ်

ဘာမှမဟုတ်တဲ့စကားလေးတွေဟာလည်း
ကိုယ်ချစ်ရသူပြောရင် ဝမ်းနည်းစိတ်မကောင်း
ဖြစ်ရတာပဲမဟုတ်လား

တစ်ခါတစ်လေ ကိုယ့်အတွေးနဲ့ကိုယ်
နာကျင်ရတာမျိုးလေ

ငါတို့ရဲ့အတွေးလွန်မူကြောင့် ဝမ်းနည်းခြင်း
ဖြစ်နေရင်တောင် ပြန်လည်ချော့မြူခဲ့ရင်
အပြုံးတွေကို ပြန်ယူဆောင်လာပေးရင်
ထိုလူသားဟာ ငါတို့အပေါ် အမှန်တကယ်
မေတ္တာရှိခြင်းပါပဲ

အမြဲတစေ သာယာပျော်ရွင်နေရတဲ့
ဆက်ဆံရေးရယ်လို့ ဘယ်မှာများရှိနိုင်ပါ့မလဲ

ငါကတော့ရှင်းပါတယ်
မင်းနဲ့ရန်တွေဖြစ်နေရရင်တောင်
ရန်ပွဲတွေပြီးတဲ့နောက် နာကျင်စေခဲ့သမျှ
တစ်ယောက်အပေါ် တစ်ယောက်
စိတ်မကောင်းဖြစ်ရင်း နားလည်မူတွေပိုထားရင်း
အချစ်တွေပိုတိုးရင်း အဲ့လိုလေးသာ
ရှေ့ဆက်ချင်ပါတယ်ပေါ့ 🤍

20/05/2024

: မုန့်စားချင်တာလေးနည်းနည်းလျှော့ပါလား

: ကြွပ်နေအောင်သာကြော်လိုက်တော့ ^=^

19/05/2024

မတည်မြဲတဲ့ လောကကြီးထဲမှာ အမျိုးသားလေးတစ်ဦးကို ချစ်ဦးမယ်။
ပြီးရင် သူ့မျက်ဝန်းညိုတွေကို ကြည်ကြည်နူးနူးငေးမယ်။
ကိုယ့် အမျိုးသားလေးက သိပ်နွေးထွေးတာဘဲကွယ်
ဆိုပြီးသူ့ရင်ခွင်ကျယ်ကြီးထဲကို တိုးဝင်မယ် ။
သူ့ဆံနွယ်တိုတိုလေးတွေကိုဖွပြီး
သူ့ပါးပြင်ကို အမြတ်တနိုး နမ်းရှိုက်မယ်။
ဟော သူ့ရယ်သံတွေကြားမှာ ကိုယ်ပျော်မွေ့မယ်။
ဒီလောက်ပါပဲ ။ ။

15/05/2024

အေးဆေးပါ..🥹

13/05/2024

Customer မျက်နှာတစ် ကမ္ဘာ 😁

05/05/2024

နော် ☺️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Tamwe
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00