Slim and Fit

Slim and Fit

Share

အဆီကျ အာမခံသင်တန်း 09421106237

18/08/2022

အဆီကျသွားတဲ့သူတစ်ယောက်က ကိုယ်လုံးအပြင် မျက်နှာပါ နုပျိုလာတာမျိုး

16/08/2022

ဘီယာဗိုက်ဘာကြောင့် ရှိနေတာလဲ။
ဘီယာဗိုက်ဆိုတာ သင့်ရဲ့ဗိုက်က ဘောင်းဘီရဲ့ရှေ့ကို ပြူထွက်နေတာမျိုးပဲဖြစ်ပါတယ်။ သင်ဟာ ကယ်လိုရီတွေအများကြီးစားမိပြီး ပြန်လည်မသုံးစွဲမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ နာမည်နဲ့ဆန့်ကျင်စွာဘဲ ဘီယာဗိုက်က အရက် ဘီယာနဲ့ ဝိုင်တွေ သောက်သုံးတဲ့အခါမျိုးမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ အသင့်စားအစားအစာ၊ သကြားပါတဲ့ဖျော်ရည်ယမကာ၊ အဆီများတဲ့အစားအစာနဲ့ ပုံမှန်ထက်ပိုများတဲ့အစားအစာတွေကို စားသောက်မိတဲ့အခါ ကယ်လိုရီတွေအများကြီးတက်လာပါတယ်။ ထိုအခါမျိုးမှာလည်း ဘီယာဗိုက်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အားကစားပြုလုပ်ဖို့ ပျင်းတဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။ အားကစားလုပ်ခြင်းက ဗိုက်ကြွက်သားတွေကို ကြီးထွားသန်မာစေပြီး အဆီများလို့ ဗိုက်ခေါက်ထွက်ခြင်းကိုတားဆီးနိုင်မှာပါ။ အရက်ဟာ ဘီယာဗိုက်ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းမဟုတ်ပေမယ့် သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေနဲ့တော့ ဆက်စပ်နေပါတယ်။ အရက်သောက်ရင် သင့်ဗိုက်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးပူလာမှာပါ။ အကြောင်းက အရက်သောက်တဲ့အခါမှာ အသည်းက ဘီယာဗိုက်ဖြစ်စေမယ့် အဆီတွေကို လောင်ကျွမ်းပစ်ရမယ့်အစား အရက်တွေကို လောင်ကျွမ်းဖြိုခွဲလိုက်ရလို့ ဖြစ်ပါတယ်။

ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားကြမလဲ။
ဘီယာဗိုက်ကို ချက်ချင်းကြီးလျော့ကျသွားအောင်လုပ်နိုင်တဲ့ အားကစားရယ်လို့တော့ အတိအကျမရှိပါဘူး။ ဒါဟာ မျက်လှည့်ပြတာမဟုတ်သလို အံ့ဖွယ်ဖြစ်ရပ်လည်းမဟုတ်တဲ့အတွက် ပုံမှန် ခါးအရွယ်အစားကို အချိန်တိုအတွင်းပြန်ရဖို့ ဆေးဝါးတွေသာမကနဲ့ မည့်သည့်အရာတွေကမှ မကူညီနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုလျှော့ချဖို့ တစ်ခုတည်းသော နည်းလမ်းက နေ့တိုင်းအားကစားပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်နေထိုင်မှုပုံစံကိုလည်း စနစ်တကျ ထိန်းချုပ်ရပါမယ်။ ထိုအခါ သင်စားသောက်လိုက်တဲ့ ကယ်လိုရီပမာဏက သင်သုံးစွဲလိုက်တဲ့ပမာဏအောက် လျော့နည်းသွားပြီး မျှတကောင်းမွန်တဲ့ စွမ်းအင်အခြေအနေတစ်ခုကို ရရှိပါလိမ့်မယ်။ ဒီမှာ ဘီယာဗိုက်ကို လျှော့ချဖို့ အကြံဉာဏ်အချို့နဲ့ သင်လုပ်ဆောင်နိုင်တာတွေကို ဖော်ပြထားပါတယ်။ ကယ်လိုရီကို နည်းနည်းပဲစားပြီး များများသုံးစွဲပါ။ အားကစားများများပြုလုပ်ပါ။ ဒါဟာ သင့်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပါ။ နှစ်ခုစလုံးကို ပြုလုပ်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိပါလိမ့်မယ်။
ဒါ့အပြင် ကျန်းမာကောင်းမွန်တဲ့ လူနေမှုဘဝကိုရရှိဖို့ စားသောက်ခြင်း အလုပ်လုပ်ခြင်း ကစားခြင်း အနားယူခြင်း စသဖြင့် သင့်ရဲ့တစ်နေတာ လှုပ်ရှားမှုတွေအတွက် အချိန်ဇယားတစ်ခုပြုလုပ်ထားသင့်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင် အဆီပိုတွေကိုလျှော့ချဖို့ ဘီယာဗိုက်ကိုဖယ်ရှားဖို့ ကျစ်လျစ်တဲ့ခါးပုံစံမျိုးရရှိဖို့ စတာတွေနဲ့ ဆိုင်တဲ့ အားကစားနည်းတွေကို အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။

ပိုလျှံနေတဲ့ ကယ်လိုရီတွေကို ဘယ်လိုလျှော့ကြမလဲ။
Alcohol(အရက်)ပါဝင်မှုနည်းပါးတဲ့ ဝိုင်နဲ့ ဘီယာတွေကို ရွေးချယ်ခြင်းဖြင့် အရက်သောက်သုံးမှုကို ကန့်သတ်ထားရပါမယ်။ အရက်ကိုရေနဲ့ရောသောက်တာက alcohol ပါဝင်မှုကိုလျော့နည်းစေပါတယ်။ ဘီယာနဲ့ ဝိုင်တို့ကိုလည်း ကယ်လိုရီလျော့နည်းစေတဲ့ဟာတစ်ခုခုနဲ့ တွဲသောက်သင့်ပါတယ်။
အစာစားတဲ့အခါမှာလည်း ကစီဓာတ်ကြွယ်ဝတဲ့ ထမင်းနဲ့ ပေါင်မုန့်အစား ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို ပိုစားသင့်ပါတယ်။ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းအပြင် ပြင်းထန်တဲ့အားကစားတွေကိုလည်းပြုလုပ်သင့်ပါတယ်။ အားကစားခန်းမသို့သွားပြီး အချိန်ဇယားတစ်ခုဆွဲပြီးလည်း ပြင်းပြင်းထန်ထန်အားကစားပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် နွားနို့ ဆိုဒါ ချိုချဉ်နဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်ရှားရပါမယ်။ ကယ်လိုရီတွေကို မြန်မြန်လျှော့ချပစ်ဖို့ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆေးဖက်ဝင်အပင်များနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်နဲ့ ရေတို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

အရက်သောက်တဲ့သူတွေမှာ ဘီယာဗိုက်ရှိတာ မထူးဆန်းတော့ပါဘူး။ သင့်အနေနဲ့ စားသောက်ခြင်း အလုပ်လုပ်ခြင်း အားကစားပြုလုပ်ခြင်းနဲ့ အနားယူခြင်းတို့အတွက် သင့်လျော်မယ့် အစီအစဉ်တွေတော့ ပြုလုပ်ထားသင့်ပါတယ်။ သင့်ဆီမှာ ပိုလျှံတဲ့ကယ်လိုရီတွေများလာရင်တော့ ဘီယာဗိုက်ထွက်လာမှာပါ။ အဆီတွေက ခါးမှာသွားစုပြီး ခါးတုတ်တုတ်ကြီးဖြစ်လာမှာလည်း အသေအချာပါပဲ။

hello dr

09/08/2022

ဟာ......

06/08/2022

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်များတဲ့အတွက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဒီလိုပြန်ဖြည့်ဖို့အတွက် အများစုက ရေသောက်ကြပါတယ်။ တချို့ကလည်း ဓာတ်ဆားရည်သောက် ကြပါတယ်။ ဘယ်ဟာက ပိုပြီးသင့်တော်သလဲ။

ရေနဲ့ ဓာတ်ဆားရည်နဲ့ ဘာကွာသလဲ။
ရေနဲ့ ဓာတ်ဆားရည်ရဲ့ အဓိကာကွာခြားချက်က ဓာတ်ဆားပါဝင်မှုနှုန်းပါ။ ရေမှာလည်း ဆားဓာတ်တွေပါပေမယ့် ဓာတ်ဆားရည်မှာကျတော့ ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း အချိုးကျထည့်သွင်းထားတာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဂလူးကို့စ်ပါ။ ဓာတ်ဆားရည်တချို့မှာ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ ဂလူးကို့စ်ထည့်သွင်းထားတတ်ပါတယ်။

ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ဆိုရင်တော့ ဓာတ်ဆားရည်သောက်ဖို့ လိုအပ်ပါတယ်။
သာမန် ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ အပေါ့စား လေ့ကျင့်ခန်းတွေ၊ ချွေးလည်း သိပ်မထွက်တဲ့ လှုပ်ရှားမှုမျိုးတွေဆိုရင် ဓာတ်ဆားရည်အစား ရေသောက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းမျိုးတွေဆိုရင်တော့ ဓာတ်ဆားရည်သောက်တာက ပိုသင့်တော်ပါတယ်။

အချိန်ကြာကြာ နာရီဝက်၊ တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်
ချွေးထွက်များတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်မယ်ဆိုရင်
ပူတဲ့ ရာသီဥတုမှာ လေ့ကျင့်ခန်း လုပ်တာဖြစ်မယ်ဆိုရင်
ရေသောက်ပေမယ့် လူက နုံးပြီး ကြွက်သားတွေ နာကျင်နေမယ်ဆိုရင် ဓာတ်ဆားရည်သောက်လိုက်တာ ပိုကောင်းပါတယ်။
လေ့ကျင့်ခန်း လုပ်ပြီးနောက် ဓာတ်ဆားရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူး
လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ပြောလေ့ရှိတာက ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတယ်ဆိုတဲ့ စကားပါ။ ဒါကြောင့် ပြန်ဖြည့်ရင်လည်း ရေပဲ မဖြည့်ဘဲ ဓာတ်ဆားတွေကိုပါ ပြန်ဖြည့်ပေးဖို့ လိုပါတယ်။

home
ရှာဖွေမည် (site)
သိရှိလိုသည့် အကြောင်းအရာကို ရွေးချယ်ပါ
category-menu-card
ကျန်းမာရေး ဆောင်းပါးများ

category-menu-card
ကျန််းမာရေး ကိရိယာများ

ကျန်းမာရေး ကဏ္ဍများ
မျက်စိကျန်းမာရေး
မျက်စိကျန်းမာရေး
အမျိုးသားကျန်းမာရေး
အမျိုးသားကျန်းမာရေး
အမျိုးသမီး ကျန်းမာရေး
အမျိုးသမီး ကျန်းမာရေး
ဆီးချို သွေးချို
ဆီးချို သွေးချို
ကျန်းမာစွာ စားသောက်ခြင်း
ကျန်းမာစွာ စားသောက်ခြင်း
ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း
ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း
စိတ်ကျန်းမာရေး
စိတ်ကျန်းမာရေး
ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ
ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ
နား၊ နှာခေါင်း၊ လည်ချောင်း
နား၊ နှာခေါင်း၊ လည်ချောင်း
သွေးရောဂါများ
သွေးရောဂါများ
ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်
ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်
ကျန်းမာစေမည့်အလေ့အကျင့်များ
ကျန်းမာစေမည့်အလေ့အကျင့်များ
အသားအရေနှင့် အလှအပ
အသားအရေနှင့် အလှအပ
နှလုံးနှင့်သွေးကြော ကျန်းမာရေး
နှလုံးနှင့်သွေးကြော ကျန်းမာရေး
အသက်ရှူလမ်းကြောင်းကျန်းမာရေး
အသက်ရှူလမ်းကြောင်းကျန်းမာရေး
ကင်ဆာရောဂါများ
ကင်ဆာရောဂါများ
ဦးနှောက်အာရုံကြောကျန်းမာရေး
ဦးနှောက်အာရုံကြောကျန်းမာရေး
ဓာတ်မတည့်ရောဂါများ
ဓာတ်မတည့်ရောဂါများ
ကူးစက်ရောဂါများ
ကူးစက်ရောဂါများ
အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး
အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး
ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး
အိပ်စက်ခြင်း
အိပ်စက်ခြင်း
အခြေခံကျန်းမာရေး
အခြေခံကျန်းမာရေး
သဘာဝဆေးဖက်ဝင်ပစ္စည်းများ
သဘာဝဆေးဖက်ဝင်ပစ္စည်းများ
ဆေးဝါးများအားလုံး
ဆေးဝါးများအားလုံး
သွား နှင့် ခံတွင်းကျန်းမာရေး
သွား နှင့် ခံတွင်းကျန်းမာရေး
ကိုယ်ဝန်ဆောင်ကျန်းမာရေး
ကိုယ်ဝန်ဆောင်ကျန်းမာရေး
ကလေးပြုစုစောင့်ရှောက်ခြင်း
ကလေးပြုစုစောင့်ရှောက်ခြင်း
ကဏ္ဍအားလုံး ကြည့်ရှုမည်
ကဏ္ဍအားလုံး ကြည့်ရှုမည်
အာရုံစိုက်ရမည့် အကြောင်းအရာ
၂၀၂၂ ကမ္ဘာ့အသည်းရောင်ရောဂါနေ့
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
၂၀၂၂ ကမ္ဘာ့ကင်ဆာရောဂါနေ့
မြန်မာနိုင်ငံနှင့် Covid-19
အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
သတင်းအချက်အလက်

ကျွန်ုပ်တို့အကြောင်း

ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

မင်္ဂလာပါ ကျန်းမာရေး

Hello Health အကြောင်း

FOLLOW US

Logo SocialLogo SocialLogo SocialLogo Social
နှစ်သက်မှု

မျှဝေမည်

သိမ်းဆည်းမည်။

ပင်မ စာမျက်နှာ
ကျန်းမာစွာ စားသောက်ခြင်း
အားကစားသမားများအတွက်အာဟာရ
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။
စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်များတဲ့အတွက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဒီလိုပြန်ဖြည့်ဖို့အတွက် အများစုက ရေသောက်ကြပါတယ်။ တချို့ကလည်း ဓာတ်ဆားရည်သောက် ကြပါတယ်။ ဘယ်ဟာက ပိုပြီးသင့်တော်သလဲ။

ရေနဲ့ ဓာတ်ဆားရည်နဲ့ ဘာကွာသလဲ။
ရေနဲ့ ဓာတ်ဆားရည်ရဲ့ အဓိကာကွာခြားချက်က ဓာတ်ဆားပါဝင်မှုနှုန်းပါ။ ရေမှာလည်း ဆားဓာတ်တွေပါပေမယ့် ဓာတ်ဆားရည်မှာကျတော့ ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း အချိုးကျထည့်သွင်းထားတာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဂလူးကို့စ်ပါ။ ဓာတ်ဆားရည်တချို့မှာ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ ဂလူးကို့စ်ထည့်သွင်းထားတတ်ပါတယ်။

ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ဆိုရင်တော့ ဓာတ်ဆားရည်သောက်ဖို့ လိုအပ်ပါတယ်။
သာမန် ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ အပေါ့စား လေ့ကျင့်ခန်းတွေ၊ ချွေးလည်း သိပ်မထွက်တဲ့ လှုပ်ရှားမှုမျိုးတွေဆိုရင် ဓာတ်ဆားရည်အစား ရေသောက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းမျိုးတွေဆိုရင်တော့ ဓာတ်ဆားရည်သောက်တာက ပိုသင့်တော်ပါတယ်။

အချိန်ကြာကြာ နာရီဝက်၊ တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်
ချွေးထွက်များတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်မယ်ဆိုရင်
ပူတဲ့ ရာသီဥတုမှာ လေ့ကျင့်ခန်း လုပ်တာဖြစ်မယ်ဆိုရင်
ရေသောက်ပေမယ့် လူက နုံးပြီး ကြွက်သားတွေ နာကျင်နေမယ်ဆိုရင် ဓာတ်ဆားရည်သောက်လိုက်တာ ပိုကောင်းပါတယ်။
လေ့ကျင့်ခန်း လုပ်ပြီးနောက် ဓာတ်ဆားရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူး
လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ပြောလေ့ရှိတာက ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတယ်ဆိုတဲ့ စကားပါ။ ဒါကြောင့် ပြန်ဖြည့်ရင်လည်း ရေပဲ မဖြည့်ဘဲ ဓာတ်ဆားတွေကိုပါ ပြန်ဖြည့်ပေးဖို့ လိုပါတယ်။

ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတာတွေက ကြွက်သားလှုပ်ရှားမှုတွေအပြင် ကိုယ်တွင်းစနစ်တွေ ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ထိန်းထားပေးပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်သွားတဲ့အခါ ဒီဓာတ်ဆားတွေ လျော့သွားတာကြောင့် ပြန်ဖြည့်ရပါမယ်။

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ နုံးတာ၊ ကြွက်သားတွေနာတာ၊ ခေါင်းတွေကိုက်၊ ကြွက်တွေတက်တာက ရေဓာတ်အပြင် ဓာတ်ဆားတွေကို ပြန်မဖြည့်မိတာကြောင့် ဖြစ်ပါတယ်။

ဓာတ်ဆားရည် သောက်လိုက်တဲ့အခါ

လိုနေတဲ့ ရေဓာတ်လည်း ရပါတယ်။
ဆားဓာတ်လည်း ရတဲ့အတွက် ရိုးရိုးရေသောက်တာနဲ့ ယှဉ်ရင်တော့ နုံးတာ၊ ကြွက်သားတွေ နာတာ ပိုသက်သာမှာပါ။ အထူးသဖြင့် ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေမှာ ပိုသိသာပါတယ်။
ဂလူးကို့စ်ပါတဲ့ ဓာတ်ဆားရည်တွေဆိုရင် လေ့ကျင့်ခန်း အပြီးမှာ အားပျက်သွားတာ၊ နုံးတာကို သက်သာစေပါတယ်။ အထူးသဖြင့် အချိန်ကြာကြာ လေ့ကျင့်ခန်း လုပ်တဲ့သူတွေမှာ performance ကောင်းစေတာကို တွေ့ရပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ လေ့ကျင့်ခန်းလုပ်ရင်း သွေးတွင်းသကြားဓာတ် အလွန်အမင်းကျမသွားလည်း ထိန်းပေးနိုင်ပါတယ်။
ရေသောက်ရမလား၊ ဓာတ်ဆားရည်သောက်ရမလား။
သာမန်လေ့ကျင့်ခန်းတွေဆိုရင် ရေသောက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် ချွေးတွေ အများကြီးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ၊ အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ရေပဲသောက်နေတာက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။

ရေနဲ့ ဓာတ်ဆားဆုံးရှုံးနေတဲ့ အချိန်မှာ ရေကိုပဲ ဆက်တိုက် ဖြစ်စေပြီး ဆားဓာတ်ကို မဖြည့်ဘူးဆိုရင် ခန္ဓာကိုယ်ကို ရေထိုးလိုက်သလို ဖြစ်ပြီး ဆားဓာတ်တွေ ပိုနည်းသွားတတ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ်နည်းသွားတတ်ပါတယ်။ ဒါကြောင့်

ခေါင်းတွေမူးလာတာ
ပျို့အန်ချင်လာတာ
ကြွက်သားတွေ အားနည်းလာတာ
ကြွက်တက်လာတာတွေ ခံစားရနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေလည်း သောက်နေပါရက်နဲ့ ဒီလို လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆားဓာတ်တွေ နည်းသွားလို့ ဖြစ်နိုင်ပါတယ်။ ရေအစား ဓာတ်ဆားရည်ကို ပြောင်းသောက်သင့်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေရော ဓာတ်ဆားပါ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ပြန်ဖြည့်တဲ့အခါ ရေနဲ့ ဓာတ်ဆား နှစ်ခုလုံးကို ပြန်ဖြည့်ဖို့ လိုပါတယ်။ သာမန်လေ့ကျင့်ခန်းတွေအတွက် ရေသောက်လို့ ရပေမယ့် ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေမှာ ဆားဓာတ်ပြန်ဖြည့်ဖို့ ဓာတ်ဆားရည်သောက်သင့်ပါတယ်။

hello doctor

03/08/2022

ဝိတ်လည်းချချင်တယ်
ထမင်းမဖြတ်နိုင်ဘူး
လေ့ကျင့်ခန်းမလုပ်နိုင်ဘူး
သီးသန့်လည်းလုပ်ဖို့အဆင်မပြေဘူး
ပိုက်ဆံအများကြီးလည်းမသုံးချင်ဘူးဆို

ဘာတွေတွေဝေနေမှာလဲ
ဒါတွေအားလုံးနဲ့ကိုက်ညီတဲ့ Slim and Fit ရှိနေပြီလေ....

02/08/2022

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး

ကိုယ်တွင်းကအစိတ်အပိုင်းတွေအားလုံးပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သူ့ဖာသာမထုတ်လုပ်နိုင်ပါဘူး။ စားသောက်ရာက ရလာတဲ့အာဟာရဓာတ်တွေပေါ်မှီခိုရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်ကျန်းမာရေးဗဟုသုတအနေနဲ့ ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုးကို ပြောပြပေးပါ့မယ်။

၁။ ပရိုတင်းဓာတ်

ကိုယ်လက်ကြံ့ခိုင်ရေးကစားနေတဲ့သူတွေပဲ ပရိုတင်းဓာတ်များများစားဖို့လိုအပ်တာမဟုတ်ပါဘူး၊ တကယ်တော့ ပရိုတင်းဓာတ်က ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပြီး လူတိုင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားကစပြီး အရိုး၊ အရေပြားတွေဖွဲ့စည်းတဲ့နေရာမှာရော ဟော်မုန်းတွေ၊ antibodies တွေထုတ်လုပ်ဖို့အတွက်ပါ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။ ပရိုတင်းဓာတ်ကို အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးခြင်းကနေ အဓိက ရရှိနိုင်ပါတယ်။

၂။ ကာဘိုဟိုက်ဒရိတ်

ကာဘိုဟိုက်ဒရိတ်လို့ကြားရင် လူကိုဝစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓာတ်လို့ပဲ မထင်စေချင်ပါဘူး။ တကယ်တော့ ကာဘိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကာဘိုဟိုက်ဒရိတ်ကိုအဓိကသုံးစွဲရပါတယ်။ ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအသောက်တွေအများကြီးရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တာရှိသလို မညီညွတ်တာတွေလည်းတွေ့နိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်များများပါတဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကြမ်း၊ပေါင်မုန့်ကြမ်းတွေက ကာဘိုဟိုက်ဒရိတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်ပါတယ်။

၃။ ဗီတာမင်ဓာတ်အမျိုးမျိုး

ဗီတာမင်ဓာတ်တစ်မျိုးစီက ခန္ဓာကိုယ်ကို ပြင်ပရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၁၃ မျိုးရှိပြီး အစားအစာထဲမှာ ဒီဓာတ်တွေ လုံလုံလောက်လောက်ပါဝင်အောင် စားသုံးပေးရင် ကျန်းမာရေးကောင်းမွန်စွာနေနိုင်မှာဖြစ်သလို ကင်ဆာလို နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းနည်းသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေ မျှမျှတတစားသုံးမယ်၊ စားလိုက်သမျှကိုလည်း ခန္ဓာကိုယ်ကကောင်းကောင်းခြေဖျက်ပြီးစုပ်ယူသုံးစွဲနိုင်မယ်ဆို လိုအပ်တဲ့ဗီတာမင်တွေရရှိပြီးဖြစ်လို့ ဘာဖြည့်စွက်စာမှ မှီဝဲဖို့မလိုအပ်ပါဘူး။

၄။ သတ္တုဓာတ်များ

သတ္တုဓာတ်တွေကတော့ သန်မာတဲ့အရိုးအဆစ်တွေ၊သွားတွေဖြစ်အောင်၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုထိန်းညှိနိုင်အောင် အဓိကလုပ်ဆောင်ပေးပြီး ဓာတ်တစ်မျိုးခြင်းစီမှာ အထူးလုပ်ဆောင်ချက်တွေရှိပါတယ်။ ဥပမာ ကယ်လ်စီယမ်က အရိုးတွေကိုသန်မာစေပြီး ကြွက်သားလှုပ်ရှားမှုကိုအထောက်အပံ့ပေးပါတယ်။ သံဓာတ်က သွေးနီဥထုတ်လုပ်တဲ့လုပ်ငန်းမှာကူညီပေးပြီး ဇင့်ဓာတ်ကတော့ ခုခံအားစနစ်တိုးတက်အောင်ကူညီပါတယ်။

၅။ အဆီဓာတ်

အဆီလို့ဆိုလိုက်ရင် လူအတော်များများက မကောင်းတဲ့ဓာတ်လို့ပဲ မြင်တတ်ကြပေမဲ့ တကယ်တမ်းတော့ အဆီဓာတ်က ခန္ဓာကိုယ်မှာ အသုံးဝင်တဲ့နေရာ အများကြီးရှိပါတယ်၊ ဥပမာ စားသုံးလိုက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုစုပ်ယူအသုံးပြုနိုင်အောင်လုပ်ပေးတယ်၊ ဆဲလ်အသစ်တွေဖွဲ့စည်းဖို့ ကူညီပေးတယ်၊ ကြွက်သားလှုပ်ရှားမှုမှာလည်း ပါဝင်ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီအမျိုးအစားကိုသာရွေးချယ်မှီဝဲပေးမယ်ဆိုရင် သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်း၊ နှလုံးရောဂါကိုကာကွယ်ပေးခြင်းနဲ့ အမျိုးအစား၂ ဆီးချိုရောဂါကိုကာကွယ်ပေးခြင်းလို အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီအမျိုးအစားတွေကတော့ အစေ့အဆန်အမျိုးမျိုး၊ ငါးအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေကရတဲ့ omega-3 နဲ့ omega-6 fatty acid တွေပဲဖြစ်ပါတယ်။ ထောပတ်၊ဒိန်ခဲ၊ အနီရောင်အသားတွေမှာပါဝင်တဲ့ပြည့်ဝဆီတွေကတော့ ကျန်းမာရေးကိုထိခိုက်စေတာကြောင့် တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

၆။ ရေ

ထမင်းမစားဘဲ ရက်သတ္တပတ်တွေအကြာကြီးနေနိုင်ပေမဲ့ ရေမသောက်ရင်တော့ ရက်နည်းနည်းတောင်ခံနိုင်မှာမဟုတ်ပါဘူး။ ရေကကျွန်တော်တို့ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတဲ့ဓာတ်တစ်ခုဖြစ်ပြီး ပျမ်းမျှအနေနဲ့ ခန္ဓာကိုယ်ရဲ့ ၆၂% ကလည်း ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့၊ ကိုယ်တွင်းကအဆိပ်အတောက်တွေခြေဖျက်စွန့်ပစ်နိုင်ဖို့၊ ဝမ်းမချုပ်အောင်ကာကွယ်ဖို့ စတဲ့အရေးကြီးလုပ်ဆောင်ချက်အားလုံးအတွက် ရေလိုအပ်ပါတယ်။တချို့သစ်သီးဝလံတွေကနေလည်း ရေဓာတ်များများရရှိနိုင်ပါတယ် ဥပမာ ဖရဲသီးဖြစ်ပါတယ်။

01/08/2022

ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့်

အောက်မှာဖော်ပြထားတဲ့ အဆင့်တွေက သင်အပါအဝင် ဆယ်ကျော်သက်တွေအားလုံး သိထားသင့်တဲ့ အသားအရေကို ဖြူစင်ကြည်လင်စေတဲ့ နည်းတွေဖြစ်ပါတယ်။ သင်ထင်ထားတာထက် အများကြီး လွယ်ကူ အဆင်ပြေတာကို တွေ့ရ ပါလိမ့်မယ်။

အဆင့် ၁။ ။ အရမ်းကြီး မပြင်းတဲ့.မျက်နှာသစ်ဆေးတွေကိုပဲ အသုံးပြုပါ။

နီရဲရောင်ရမ်းတာတွေကို လျှော့ချပေးပြီး အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့နဲ့ အဆီပြန်တာကို ထိန်းသိမ်းထားဖို့အတွက်ဆိုရင် မျက်နှာကို မျက်နှာသစ်ဆေး အပျော့စားနဲ့ တနေ့ကို နှစ်ကြိမ် သစ်ပေးပါ။ ကိုယ်တိုက်ဆပ်ပြာတွေ၊ မျက်နှာသစ် ဆပ်ပြာတုံးတွေဟာ အသားအရေကို အလွန်အမင်း ခြောက်သွေ့စေရုံသာမက ချွေးပေါက်တွေကိုလည်း ပိတ်စေတာမို့ သူတို့ကို မျက်နှာသစ်ဖို့အတွက် မသုံးသင့်ပါဘူး။ ခပ်ပြင်းပြင်း မျက်နှာသစ် ဆေးတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဝက်ခြံဆိုတာ ကြမ်းကြမ်း ပွတ်တိုက်ပစ်ရုံနဲ့ ပျောက်သွား တတ်တာမျိုး မဟုတ်ပါဘူး။

အဆင့် ၂.။ ။ မျက်နှာဂျီးချွတ်ပါ။

ဝက်ခြံဖြစ်စေတဲ့ အကြောင်းခြင်းရာတွေထဲမှာ အရေပြားဆဲလ်အသေတွေ စုဝေးလာတာကတဆင့် ချွေးပေါက်တွေကို လာပိတ်တာဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ အရေပြားဆဲလ်တွေ အကြောင်းအမျိုးမျိုးကြောင့် များပြားလာပြီး ချွေးပေါက်တွေရဲ့ နံရံတွေထူလာကာလည်း အပေါက်ကို ပိတ်စေပြန်ပါတယ်။ ဒီအချက် နှစ်ချက်လုံးဟာ အဆီတွေကို အပေါက်တွေထဲ ပြန်ဝင်သွားစေပြီး ဝက်ခြံဖြစ်ဖို့ အစပျိုးစေပါတယ်။ Salycylic acid (BHA)ပါတဲ့ ပစ္စည်းတွေကို သုံးပြီး မျက်နှာဂျီးချွတ်တာဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။ BHAဟာ အရေပြားအပေါ်ယံလွှာကို ညင်သာ၊ ထိရောက်စွာ ဂျီးချွတ်ပေးနိုင်ရုံသာမက ချွေးပေါက်တွေရဲ့ အတွင်းပိုင်းကိုပါ စိမ့်ဝင်ပြီးအစွမ်းပြနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်တဲ့ အပြင် အရေပြားနီရဲရောင်ရမ်းတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် BHAပါဝင်တဲ့ မျက်နှာဂျီးချွတ်ဆေးတွေကို အသုံးပြုကြဖို့ တိုက်တွန်း အကြံပေးချင်ပါတယ်။ သုံးကြည့်ပါ၊ ရလာဒ်က အံ့ဩစရာ ကောင်းမွန်ပါလိမ့်မယ်။

အဆင့် ၃။ ။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အပြတ်ရှင်းပါ။

Benzoyl peroxide ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အပြီးအပိုင် ချေမှုန်းပစ်နိုင်တဲ့အပြင် ဆရာဝန်ညွှန်ကြားစာမပါဘဲ အလွယ်တကူကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူရရှိနိုင်တဲ့ ဝက်ခြံပျောက်ဆေးတွေထဲမှာတော့ အကောင်းဆုံးနဲ့ အစွမ်းအထက်ဆုံးလို့ ပြောလို့ရပါတယ်။ ဝယ်ယူတဲ့ အခါမှာ အရေပြားကို ထိခိုက်စေမယ့် ပစ္စည်းတွေ မပါဝင်ဘဲ ခပ်ပါးပါးလိမ်းနိုင်တဲ့ တံဆိပ်အမျိုးအစားကို ရွေးဝယ်ပါ။

အဆင့်၄။ ။ နေလောင်ဒါဏ်မှ ကာကွယ်ပါ။

နေ့တိုင်းနေလောင်ခံနေရရင် ဝက်ခြံကဘယ်နည်းနဲ့မှ ပျောက်နိုင်မှာမဟုတ်ပါဘူး။SPF ၂၅ဒါမှမဟုတ် အဲ့ထက်ကျော်တဲ့ အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်ထားတဲ့ နေလောင်ခံခရင်မ်တွေကို အသုံးပြုမယ်ဆိုရင် ဝက်ခြံအပျောက်မြန်စေတဲ့ အပြင် နောက်ထပ်ဖြစ်လာမှာတွေကိုလည်း ကာကွယ်ပေးပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင်တော့ ဖောင်ဒေးရှင်းခရင်မ် ဒါမှမဟုတ် ပေါင်ဒါ ဒါမှမဟုတ် နှစ်ခုလုံးကို နေလောင်ခံခရင်မ်နဲ့ တွဲသုံးနိုင်ပါတယ်။

အဆင့် ၅။ ။ မျက်နှာပေါ်က အဆီတွေကို ရှင်းပစ်ပါ။

ဟော်မုန်းလှုံ့ဆော်မှုကြောင့် ထွက်လာတာဖြစ်တဲ့ အဆီတွေကို တခုခုလိမ်းလိုက်ရုံနဲ့ ပျောက်ကွယ်သွားအောင် လုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဆီဓါတ်အများအပြားပါတဲ့ အလှကုန်တွေကို မသုံးဘဲ ၊ အဆီပြန်ရင်သုတ်တဲ့ တစ်ရှူးလေးနဲ့ မကြာခဏဆိုသလို သုတ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကို အနည်းနဲ့ အများ ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ နူးညံ့တဲ့ ရွှံ့စေးနဲ့မျက်နှာကို အုပ်ပြီး မှန်မှန်ပေါင်းတင်တာ ဒါမှမဟုတ် အဆီထိန်းတဲ့ တစ်ရှူးစက္ကူလေးတွေနဲ့ တနေကုန် သုတ်သုတ်ပေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လို တံဆိပ်အမျိုးအစားကိုပဲ သုံးသုံး အရေပြားကို ထိခိုက်စေတဲ့ menthol,camphor, alcohol တို့မပါဝင်ဖို့ သတိပြုပါ။

အဆင့်၆။ ။ သတိကြီးစွာထားပြီး ညှစ်ပါ။

အင်မတန် စိတ်အနှောင့်အယှက်ပေးတဲ့ ဝက်ခြံကို ဒီအတိုင်းထိုင်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ မတရားညှစ်တာ၊ ဆိတ်ဆွနေတာမျိုးတွေဟာလည်း အမာရွတ်ထင်စေတဲ့ အပြင် ဝက်ခြံကို ပိုလို့တောင်ဆိုးလာစေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဝက်ခြံကို မှန်မှန်ကန်ကန် ညှစ်ထုတ်တတ်မယ်ဆိုရင် ပိုးဝင်ပြီး ရောင်ရမ်းတာတွေလည်း သိပ်မဖြစ်နိုင် တော့သလို အနာကိုလည်း မြန်မြန်ကျက်စေမှာဖြစ်ပါတယ်။

hello doctor post

30/07/2022

သောက်သုံးရေကပေးတဲ့ ကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒါကိုအဆုံးထိ ဖတ်ကြည့်စေချင်ပါတယ်။

(1) အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ်

အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက်အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုရေတွေရှိနေတာကပဲ သင့်ကို လိုသလိုလှုပ်ရှားလို့ရအောင် အကောင်းဆုံးထောက်ပံ့ပေးနေတာပါ။ တကယ်လို့သင့်အနေနဲ့သာ ရေကိုလုံလောက်အောင်မသောက်လို့ ဒီအရိုးအဆစ်လေးတွေထဲမှာ ရေနည်းသွားမယ်ဆိုရင် အဆစ်တွေကတောင့်တင်းပြီး အဆစ်နာတာ၊ လှုပ်ရှားရအဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။

(2) တံထွေးနဲ့ အချွဲတွေကိုဖြစ်စေတယ်

တံထွေးက အစာကြေစေပြီး ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တံထွေးထွက်လာအောင်ထောက်ပံ့ပေးတာက သောက်သုံးလိုက်တဲ့ရေကပါ။ ခံတွင်း၊နှာခေါင်း နဲ့ မျက်လုံးကို အစိုဓာတ်ရစေဖို့လည်း သောက်ရေကအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ရေသောက်တာက ခံတွင်းကျန်းမာစေနိုင်သလို အချိုစာတွေစားတာသောက်တာကြောင့် သွားမပျက်စီးအောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(3) ကိုယ်တွင်းမှာ အောက်ဆီဂျင်စီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်

သွေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပါဝင်ဖွဲ့စည်းထားတဲ့အရာက ရေပါ။ သွေးကအောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကိုပို့ဆောင်ပေးတာပါ။ ဒါကြောင့် ရေသောက်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကောင်းစေမှာပါ။

(4) အသားအရေကိုကျန်းမာစေနိုင်တယ်

ရေဓာတ်မပြည့်ဝလို့ အသားတွေမွဲခြောက်တာက ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မျာပါ။ ဒီတော့ အသားအရေကိုရေဓာတ်ဖြည့်ဖို့ဆိုရင် အစိုဓာတ်ထိန်းခရင်မ်လူးတာထက် ရေသောက်တာကပိုထိရောက်ပါတယ်။ အရေပြားပြဿနာကင်းပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကိုကာကွယ်ဖို့ဆို ရေသောက်ပါ။

(5) ဦးနှောက်ကိုကျန်းမာစေနိုင်တယ်

ရေဓာတ်ခမ်းခြောက်မှုက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး အတွေးစိတ်ကူးတွေဆန်းသစ်စေဖို့ရေသောက်ပေးပါ။ တွေးရကြပ်လာရင် ရေသောက်လိုက်ပါ။

(6) ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်

ရေကို အရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်က ပူလာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေက ချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ အပူရှပ်တာတွေမဖြစ်စေဖို့ဆိုရင်လည်း ရေကိုလုံလောက်အောင်သောက်သုံးဖို့လိုပါမယ်။

(7) အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

အူမကြီးကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့ ကရေဓာတ်လုံလောက်စွာရရှိဖို့လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ဝမှုမရှိတဲ့အခါ အစာအိမ်အက်ဆစ်တွေက ပြင်းနေတာမျိုး၊ အူတွေက အာဟာရစုပ်ယူနိုင်စွမ်းကျတာနဲ့ ဝမ်းချုပ်တာတွေခံစားရနိုင်ပါတယ်။ ရေသောက်နည်းတာက အစာမ​ကြေတာ၊ ရင်ပူတာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

(8) ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးတယ်

ရေက ချွေး၊ ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

(9) သွေးပေါင်ထိန်းညှိပေးတယ်

ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိ်းညှိချင်တယ်ဆိုရင် ရေကို လုံလောက်တဲ့ပမာဏရအောင် သောက်ပါ။

(10) အသက်ရှုလမ်းကြောင်းကျန်းမာစေနိုင်တယ်

ရေဓာတ်ခမ်းခြောက်တဲ့အခါ အသက်ရှုလမ်းကြောင်းတလျှောက်ခြောက်သွေ့မှုတွေဖြစ်ပြီး ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။

(11) ကိုယ်တွင်းမှာ အာဟာရဓာတ်တွေပြန့်နှံ့ရောက်ရှိမှုကိုကောင်းစေတယ်

ရေကအာဟာရဓာတ်တွေကို ပျော်ဝင်စေပြီး ခန္ဓာကိုယ်အနှံ့စီးဆင်းရောက်ရှိမှုကိုကောင်းစေပါတယ်။

(12) ကျောက်ကပ်မပျက်စီးအောင် ကာကွယ်ပေးတယ်

ကျောက်ကပ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးဖို့ အဓိကတာဝန်ယူထားတဲ့ အစိတ်အပိုင်းလေးတွေပါ။ ရေသောက်နည်းတာက ကျောက်ကပ်မှာကျောက်တည်တာအပါအဝင် အမျိုးမျိုးသော ကျောက်ကပ်ပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။

(13) ဝိတ်ကျစေနိုင်တယ်

သင်က ဝိတ်ချနေတာဆိုရင်တော့ ရေသာက်ပါလို့ပြောပါရစေ။ အကြောင်းကတော့ ရေသောက်တာက ကိုယ်အလေးချိန်ကျဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်လို့ပါ။ အစားမစားခင်ရေသောက်ခြင်းက အများကြီးမစားမိအောင်ကာကွယ်ပေးနိုင်သလို ဗိုက်ပြည့်တယ်လို့လည်း ခံစားရစေနိုင်ပါတယ်။

ကဲ..အဖိုးအခမများတဲ့ရေက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုနိုင်တယ်ဆိုတော့ ဘာမှမစဉ်းစားနဲ့တော့ အခုကစပြီး သတိလေးထားလို့ ရေကို တစ်နေ့ အနည်းဆုံး ၈ ခွက်တော့ သောက်ဖြစ်အောင်သောက်ဖို့ တိုက်တွန်းပါရစေနော်။

08/05/2022

#ပိန်ချင်သူများမဖြစ်မနေဖတ်ကြည့်ပါ

ကိုယ့်ဆီမှာလည်းကပ်နေသေး တစ်နေ့တမျိုးမရိုးအောင်ဒုက္ခပေးတဲ့ထဲမှာ အဆီတွေက ထိပ်ဆုံးကပါပါတယ်။အထိုင်အထလေးရတာနဲ့ ဒူးလေးနာလိုက် သွေးလေးတက်လိုက်နဲ့ တော်တော်ဒုက္ခပေးတဲ့ ကပ်ပါးကောင်လိုပါပဲ။

ဒီကြားထဲ အဝတ်အစားတွေက လည်ပင်းထိပဲစွပ်လို့ရတော့တာဆိုတော့ လက်ထဲပိုက်ဆံရောက်မယ်မကြံသေးဘူး ကုန်သွားပြန်ပြီ ခနခန...

ဒီလိုဒုက္ခပေးတဲ့ဟာကို နင်နဲ့ငါပြတ်ပြီဆိုပြီး block လိုက်ရုံနဲ့လည်းမရ၊ ရာဇသတ်ကြီးပုဒ်မ (---) အရ ဒီလကုန်အပြီးဆင်းပေးရန် အမိန့်ချမှတ်လိုက်သည်ဆိုလို့လည်းမရဆိုတော့ ဘာလုပ်ကြမှာလဲ?

လွယ်လွယ်လေးနဲ့ကိုခက်နေတာပါ။အစားအသောက်ကို စနစ်တကျစားလိုက်ရုံနဲ့တင် အဆီပိုတွေဆိုတာ ပြတ်သွားတဲ့ Ex လိုမျိုး ကိုယ့်ဆီဘယ်တော့မှ ပြန်လာမှာမဟုတ်တော့တာ သေချာပါတယ်။

စနစ်တကျတော့စားချင်ပါရဲ့
ထမင်းကလည်း စားချင်သေး
အသုပ်ဆိုင်တွေ့လည်း အုပ်လိုက်ရမှ
ပါးစပ်လေးကလည်း တစ်ခုခုဝါးနေရမှ နေသာထိုင်သာရှိတာမျိုး
ညစာမစားပဲ အိပ်ရရင်လည်း ခေါင်းအုံးတောင် ဝါးချင်စိတ်ပေါက်တဲ့ မနုိင်စိန်တွေဆိုလည်း ပြဿနာမရှိပါဘူး။

Slim & Fit ရဲ့ Professional အာဟာရဆရာမက တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်းတွက်ချက်ပြီး တစ်နေ့လုံးစားရမယ့် အစားအသောက်ညွှန်ကြားချက် plan ကို စနစ်တကျပြုလုပ်ပေးမှာဆိုတော့ ထိုညွှန်ကြားချက်အတိုင်းစားရင်း အဆီပိုတွေကို နှင်ချနိုင်ပါပြီ။

တကယ်ပိန်ချင်စိတ်ရှိဖို့တော့ အရေးကြီးတယ်နော်။မဟုတ်ရင် ပြန်မလာတော့တဲ့ ex ကိုလည်းမမေ့နိုင် Crush ကိုလည်းဖွင့်မပြောရဲသလိုမျိုး ဟိုမရောက် ဒီမရောက်ဖြစ်နေပါလိမ့်မယ်။

ကဲ... သီဟတင်စိုးရဲ့ တိုက်ပွဲခေါ်သံမဟုတ်တဲ့ ကိုယ်နဲ့အဆီတုံးရဲ့ တိုက်ပွဲကို အခုပဲ စလိုက်ပါတော့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon