Royal Japanese Online Store

Royal Japanese Online Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Japanese Online Store, Health/Beauty, Yangon.

03/01/2023

🎉 Happy new year 2023 🎉

🍀 နှစ်သစ်မှာအားလုံးအတွက်ကံကောင်း ကျန်းမာ စိတ်ချမ်းသာကြပါစေ 🍀

🗓️ မင်မင်တို့ page လေးစတင်ခဲ့တာအခုဆိုရင်တစ်လကျော်ရှိပါပြီ

🍀 အဖက်ဖက်မှလိုအပ်ချက်တွေများရှိရင်နားလည်ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်ရှင့် 🙏

🍀 လိုအပ်ချက်တွေကြားထဲမှဝယ်ယူအားပေးခဲ့ကြတဲ့ customer တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင့် 🙏

🍀 ဝယ်ယူအားပေးတဲ့ customer တွေရဲ့ပိုက်ဆံကိုအလဟဿမဖြစ်အောင်ဂရုတစိုက်နဲ့ရောင်းချပေးသွားပါမယ်နော် 😊

🍀 အားလုံးအတွက်ခက်ခဲရှားပါးတဲ့ကာလတခုဖြတ်သန်းနေရချိန်ကိုယ့်ဆီကအထည်ဝယ်သွားတဲ့ကာကာတိုင်းအတွက်အထည်အပြင်စိတ်ချမ်းသာမှုတွေပါရအောင်ရောင်းချပေးသွားပါ့မယ်ရှင့် 😍

🍀 ကာကာတို့ရဲ့လိုအပ်တာများရှိရင်လည်းမန့်ခဲ့ပေးပါအုံးရှင့် ✍️

31/12/2022
24/12/2022

ရောင်းသူနဲ့ဝယ်သူအဆင်ကိုပြေလို့ 😊

# photocrd #

19/12/2022

⚡vintage အကြောင်းတစေ့တစောင်း ⚡

(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများ အချိန်ခဏပေး ဖတ်ရှုကြည့်ပါဗျ)

🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ် ဘေ(bale) လို့အလွယ်တကူ သတ်မှတ်ကျပါတယ် ။used clothing (thrift clothing) လို့တနည်းအားဖြင့် ခေါ်နိင်ပါသေးတယ် ။ ကိုရွှေမြန်မာတွေကတော့ ဘေလို့ပဲ ခေါ်ကြပါတယ် ။(" vintage is call ဘေ ”လိုတော့မသတ်ကြပါနဲ့ဗျ) ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗

🔺Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ စျေးသက်သက်သာသာရနိင်ပါတယ်။

(Vintage နဲ့ ဘေ ကလည်း ကွဲပြားမူရှိပါတယ်)

🔺Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်ကအထည်တွေ vintage လို့သတ်မှတ်နိင်ပါတယ် ။ vintage အထည်တိုင်း သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀
ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။
(Vintage ကိုတော့ vintage စျေးနဲ့ပဲရမှာပါ )
Vintage တတစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထှာဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချိို့ vintageအထည်တွေ စျေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reporduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထှာ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်)vintage ကို local မှာအနိမ့်ဆုံးပေါက်စျေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးစျေးတော့ကွဲပြားနိင်ပါတယ်။

🔺Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှာ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။

ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ brand ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ‌‌ပေါက်စျေး dollar $100/200ပေါက်စျေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှာ၅၀၀၀တန်၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကျတော်တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့စျေးတိုင်းပြန်ဝယ်ရတာပါ ။ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပေ့ါဗျ ။

🔺Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။

ဥပမာ ကျတော်ဆီမှာThe beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။

Resell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကျတော်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါ‌ေသးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ Vintage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါပဲဗျ 🔥 အဆိုတော် Macklemore တောင် Thriftဘေထုတ် နိူတ်တဲ့အကြောင်းတောင် သီချင်းစပ်ဆိုထားပါသေးတယ် အဲ့သီချင်း ရဲ့ song title ကို"thrift shop”လို့တောင်အမည်ပေးထားပါသေးတယ်။ နားမထောင်ဖူးသေးရင် နားထောင်ဖို့အကြံပေးချင်ပါတယ် 🤘🏻

(မှတ်ချက်_ စာသားများကိုကိုးကားထားပါသည်)

-Pic from Pinterest
-Crd

19/12/2022

“Thrive or Strike”

ရုန်းကန်ရင်း ရှင်သန်တယ်ဆိုတာ
ဘဝမှာ ရပ်တည်ရှင်သန်ဖို့အတွက်
ကြိုးစားအားထုတ်တယ်လို့ သတ်မှတ်ချင်ပါတယ်။

ရှင်သန်ရင်း ရုန်းကန်တယ်ဆိုတာ
ဘဝမှာ ရပ်တည် ရှင်သန်ရုံသက်သက်မဟုတ်ပဲ ဖွံဖြိုးတိုးမှုအတွက်ပါ ရည်ရွယ်ချက်ရှိရှိကြိုးစားနေတယ်လို့ သတ်မှတ်ချင်ပါတယ်။

ရုန်းကန်ဖို့အတွက် မရှင်သန်ပါနဲ့၊
သာမာန်ဘဝနဲ့ နေသွားရတတ်ပါတယ်။

ရှင်သန်ဖို့အတွက် ရုန်းကန်လိုက်ပါ၊
သူများနဲ့ မတူတဲ့ အခြေအနေမျိုးကို ရရှိပိုင်ဆိုင်နိုင်ပါသေးတယ်။

“Life begins at the end of comfort zone”

“သာမာန်ဘဝနဲ့ မနေချင်ရင် သက်သောင့်သက်သာနေချင်တဲ့စိတ်ကို ပြင်လိုက်ပါ”

“မိမိဆန္ဒက မိမိအနာဂတ်ဘဝဖြစ် ဖြစ်ပါစေ”
“ဒီနေ့ ကိုယ့် နေ့ဖြစ်ပါစေ”
သင်ယူလေ့လာလျှက်
Ko Ko Aung
Business Coach and NLP Master Trainer

Photos from Royal Japanese Online Store's post 19/12/2022
05/12/2022

☑️quality ကောင်းကောင်း brand အသစ်အသန့်လေးတွေကိုမှကြိုက်တဲ့ကာကာတို့အတွက်🥰
☑️ဈေးသက်သက်သာသာနဲ့ရောင်းပေးမယ့်ဈေးသည်လေးလာပါပြီရှင်🔔
☑️လိုအပ်ရင်အားပေးပါအုံးနော်👏
➡️CB & ☎️
➡️ 09777262122 (kpay )
➡️ ငွေလွှဲဦးသူရပါမယ်
➡️ရန်ကုန်အိမ်အရောက်ငွေ‌ချေရပါတယ်

05/12/2022

🎄Sweet December🎄

🎉 15000 ကျပ်နှင့်အထက်ဝယ်ယူအားပေးတဲ့ကာကာတို့အတွက် 10% discount အပြင်လက်ဆောင်လေးတွေပါပေးမယ့်အစီအစဉ်လေးလာပါပီ 👏

💖(5.12.2022 ကနေ 31.12.2022 ) ထိ December တလလုံးအတွက်အထူး promotion နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင့်😍

# vintage

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Yangon