MoTi

MoTi

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MoTi, Health/Beauty, Yangon.

30/09/2023

ဝိကို ပေါ်ပင်လုပ်ပြီး မိုင်ဒေးမှာတင် ပို့စ်တင်တာဟာ
ချစ်သက်လက်ဆောင်ဖြစ်ပြီး

Night life မှာ တွေ့တဲ့ကောင်ကို ပေါင်ပြန်ကားပေးတာ
အမျိုးသမီးတစ်ယောက်ရဲ့
သောက်ကျိုးနဲ့ ပေးဆပ်မှုဖြစ်တယ် ‌

ဘားမှာ အရက်သောက်ပြီး
ဠီးအကြောင်း စပ အကြောင်းပြောတာ
ဆိုရှယ်ကျတယ် ခေါ်ပြီး

အိမ်ထဲမှာ တစ်ယောက်တည်းအရက်သောက်ရင်း
ကဗျာတွေဖတ်တာ သီချင်းတွေနားထောင်တာဟာ
လူတောမတိုးတာပဲဖြစ်တယ်

ဖောက်ပြန်တာဟာ စမက်ကျတာဖြစ်ပြီး
သစ္စာရှိတာဟာ ဆော်မကြည်တာ ဘဲမကြည်တာတဲ့

ဖာဆန်တဲ့ မိန်းမတွေကို အလကားဠိုးခွင့်ရတော့
ပြည့်တန်ဆာတွေဟာဈေးကြီးလာတယ်ထင်ရတယ်

ဖင်ကုန်းပေးရင် ဇိမ်ခံကားနဲ့ အိမ်ပြန်ပို့ပေးမယ့်သူရှိတော့
အငှားကားဆရာတွေဟာ တွက်ချေမကိုက်တော့ဘူး

ပြုပြင်ပြောင်းလဲရေးထက်
လိင်ဆက်ဆံရတဲ့ အရေးက ပိုလူရာဝင်တော့
ညညဆို ပြည့်တန်ဆာတာတွေရဲ့ ဈေးကွက်ကို
အလကား ဈေးနဲ့ လိုက်ဖျက်နေတဲ့ အမျိုးကောင်းသမီးတွေနဲ့
‌မိန်းမတစ်ယောက်ကို ခွရတာ ဘွဲ့တစ်ခုရသလိုဂုဏ်ယူနေတဲ့ အောက်တန်းစားကောင်တွေကြောင့်
နိုင်ငံဟာ သုတ်ဆော်နံလာတယ်

စနစ်ကို ဆန့်ကျင်တာဟာ
သောက်ရူးထတာဖြစ်ပြီး
အဲ့ဒီပတ်ဝန်းကျင်နဲ့
difference ဖြစ်အောင်နေလိုက်တာဟာ
သောက်ကျိုးနည်း ကိုယ့်အခွင့်ရေးနဲ့ ကိုယ်ရှင်သန်ခြင်းဖြစ်တယ်

ရူးတယ်ပဲပြောပြော
ရိုးတယ်ပဲပြောပြော
ခေတ်ကိုမမှီချင်တော့ဘူး ကိုလူအေးရာ

နိုင်ငံက ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံ

ဘာမှမတက်နိုင်တော့ ချစ်ရတာပါပဲ ။

#လက်ယာ

Edit -- နိုင်ငံကိုဆဲတာမဟုတ်ပါဘူးနော်
လူငယ်ခြေပျက်တွေကြောင့် ညစ်ညမ်းသွားကြောင်းဆိုလိုတာပါ. crd

07/09/2022

"လက် လျော့ ဖို့ မ တွေး ပါ နဲ့"
•••••••••••••••••••••

မ ပျော် တော့ လို့
ဘဝထဲက ထွက်သွားတဲ့သူတွေကိုပဲဖြစ်ဖြစ်
အ ချိန် တန် လို့
စွန့်ပစ်သွားတဲ့ အရာတွေကိုပဲဖြစ်ဖြစ်
တစ်ကူးတကကြီး အပြေးအလွှားလိုက်နေရတဲ့
အိမ်မက်မျိုးတွေကို ဆက်မမက်ပါနဲ့တော့

အမြင်မတူတာတွေကို နားလည်ပေးလိုတ်ပြီး
မနေချင်သူတွေကို ပေးထွက်သွားလိုက်ခြင်းဟာ
ကိုယ့် ကိုယ် ကိုယ်
လွတ်မြောက်ခွင့်ပေးလိုတ်တာပါပဲ

ဘဝမှာ အရာအားလုံးဟာ နှစ်ကြိမ်ဖန်တီးရတယ်
ပထမ စိတ်ကူးနဲ့ တစ်ကြိမ်ဖန်တီးပြီး
နောက် လက်တွေ့ဖြစ်လာအောင်ဖန်တီးရပါတယ်

အတွေးစိတ်ကူးကောင်းတွေ ရှိနေခြင်းဟာ
လက်တွေ့အလုပ်ကောင်းတွေကို
ဖြစ်မြောက်လာစေနိုင်ပြီးတော့
ဘဝကို ပိုမိုကောင်းမွန်လာစေပါတယ်

အဲ့ဒီအတွက် အမြဲသင်ယူလေ့လာနေဖို့လိုတယ်
စာအုပ်စာပေတွေနဲ့ အင်တာနက်ကနေ
အသိဥာဏ်ပညာဗဟုသုတရရှိစေမယ့်
စာကောင်းပေကောင်းတွေကို
ရှာဖွေဖတ်ရှု့နေဖို့ လိုတယ်

ဒဏ်ရာတွေကို ကုစားနိုင်ဖို့
ခွဲခွာခြင်းတွေကို လက်ခံနိုင်စေဖို့
ချစ်ရသူတွေနဲ့ အမြတ်နိုးဆုံးအရာတွေ
ကိုယ့်နားက မထင်မှတ်ပဲ ထွက်သွားတဲ့အခါ
တည်ငြိမ်စွာ လက်လွှက်တတ်ဖို့အတွက်
နှလုံးသားတွေ ခံနိုင်ရည်ရှိဖို့လိုတယ်
သန်မာနေဖို့လိုတယ် ရင့်ကျက်ဖို့လိုတယ်

ကိုယ်ရည်ကိုယ်သွေးထက်မြက်မှု
ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်မှု
အချက်ကျကျ တွေးခေါ်စဉ်းစားတက်ခြင်းနဲ့
အများကြီး သိနေတက်နေပြီး အသုံးမဝင်တာထက်
နည်းနည်းသိပြီး အကျိုးရှိအောင်အသုံးချတက်ခြင်း

ဒီအရည်အချင်းတွေ အားလုံးဟာ
ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတွေပါ

ဒါကြောင့် တစ်နေ့ကို အများကြီးမရောက်ရင်နေပါ
ပန်းတိုင်းရောက်ဖို့အတွက် တစ်လှမ်းလောက်တော့
ကြိုးစားပြီး ထလျှောက်ကြည့်ပါ

တစ်နေ့ကို အများကြီး မဖတ်ရင်နေပါ
ဦးနှောက်အာဟာရအတွက် တစ်နေ့ကို
စာလေးတစ်ပုဒ်လောက်တော့ မဖြစ်မနေဖတ်ပါ

ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ
အိမ်မက်တွေဟာ အိမ်မက်ထက် မပိုပါဘူး

ဒါ ပေ မယ့်
ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
အလုပ်ဟာ ဘဝကို ဖန်တီးပေးနိုင်ပါတယ်
သင်ခန်းစာ အတွေ့အကြုံ့
ပျော်ရွှင်ခြင်း ယုံကြည်စိတ် တစ်ခုခုကိုပေါ့

လက်တွေ့ဘဝက
စိတ်ကူးယဉ်သလောက် မလွယ်ပါဘူး
ဒါပေမယ့် ဘာတွေပဲ ဖြစ်ဖြစ် ဆက်လျှောက်ပါ
ဘယ်လောက်ပဲ ဆိုးဝါးဆိုးဝါး မကြောက်ပါနဲ့

မင်း တတ် နိုင် သေး တယ် ဆို ရင်
လက်လျော့ဖို့ ဘယ်တော့မှ မတွေးပါနဲ့ ။

အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
"ခင်မင်လေးစားလျှက်ပါ"

05/09/2022

ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း သိသွားတယ်။
မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုမခွဲနိုင်အောင် ချစ်နေမှန်း သိသွားတယ်။
လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။
အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ...
ငွေကြေးမဟုတ်ပါ ... လှပခြင်းလည်း မဟုတ်ပါ ...
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ၊ မေတ္တာကိုသာ မတိုးပွားစေနိုင်ပေမဲ့
စိတ်ထား အစစ်အမှန်တွေကိုတော့၊ တကယ်စီစစ် သိရှိသွားပါတယ်။
ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်ဝက်ကြွေးမယ်၊ ငါတစ်ဝက်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။
ငါ တစ်ကိုက်ပဲ ကိုက် မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။
ငါ တစ်ချက် မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက် မယ်၊
ဒါ မိဘတဲ့။
ငါက ပန်းသီးကို ဖွက်ထားလိုက် မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ
ပါးစပ်က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ ...
မိမိအပေါ်ကောင်းတဲ့သူတွေကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူတွေကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။"

.✍
#ဘဝနေထိုင်ရေးနည်းလမ်းများ

03/09/2022

" သင် မဆုံးရှုံးသေးပါဘူး "
💪💪💪💪💪💪💪

🔳 ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျဘူးဆိုတာ သိလိုက်ရချိန်
🔳 အရာရာဟာနောက်ကျနေပြီလို့ခံစားရင်ခံစားရလိမ့်မယ် ။

🔳 တချို့မှားပါတယ် (သို့) မှန်တယ် ဆိုတဲ့ အဖြေကို
🔳 ကိုယ့်စိတ်ခံစားချက်အတိုင်း ပြောကြပါလိမ့်မယ် ။

🔳 ဒါပေမဲ့ သင်နောက်ကျရင် နောက်ကျသွားတာမှန်ပေမဲ့
🔳 သင်မရှုံးဘူးဆိုတာ မြဲမြဲမှတ်ယူထားလိုက်ပါ ။

🔳 အဲ့ဒီလို အသိတရားဝင်လာတဲ့ အချိန်ဟာ
🔳 သင့်အတွက်မလိုအပ်တဲ့ အိမ်မက်က
🔳 လန့်နိုးလာပြီမို့မရှုံးသေးပါဘူး ။

🔳 ကိုယ်ဘာဖြစ်ခြင်ခဲ့သလည်း
🔳 ကိုယ့်ရည်ရွယ်ချက်က ဘာလည်း
🔳 ဒါတွေကို စိတ်နောက်လိုက်ရင်း
🔳 မအောင်မြင်ခဲ့တာမို့နောင်တဆိုတာ
🔳 ရစရာလည်း မလိုပါဘူး ။

🔳 ကိုယ့် စိတ်ကူးတွေဖြစ်မလာခဲ့လို့လည်း
🔳 စိတ်ဓါတ်ကျ မသွားပါနဲ့။

🔳 ဒီနေ့ဟာ မနက်ဖြန်မဖြစ်နိုင်သလို
🔳 ကံကြမ္မာကို ကိုယ်သာဖန်တီးယူရမှာပါပဲ ။

🔳 လူတွေနဲ့ဆက်ဆံတယ် အများစုက
🔳 ကိုယ်ပေးမှ ပြန်တုန့်ပြန်တာတွေ
🔳 ကိုယ့်စေတနာကို ဥပက္ခာပြုတာတွေ
🔳 ကိုယ့်မေတ္တာကို မထီမဲ့ မြင်ပြုတာတွေ များစွာကြုံလာလည်း
🔳 ကိုယ့်ဘဝအတွက် အရေးမပါတဲ့ အရာတွေဖြစ်နေရင်
🔳 စိတ်နဲ့လိုက်ခံစားမနေပါနဲ့။

🔳 ဒီကိစ္စ အသေးမွှားတွေထက်
🔳 ပိုအရေးကြီးတာတွေကိုသာ ဆက်လုပ်ပါ ။

🔳 ကိုယ်နဲ့အရင်းနှီးဆုံးလို့ခံယူထားတဲ့သူငယ်ချင်းတွေ
🔳 စွန့်ခွာသွားခဲ့တယ်ဆိုရင်တောင် ဝမ်းနည်းမနေပါနဲ့။
🔳 သူတို့ထက်သာတဲ့ မိတ်ဆွေသူငယ်ချင်းအသစ်တွေရှာပြီး
🔳 အစားထိုးလိုက်ပါ ။

🔳 သူဟာ ကိုယ်မဟုတ်တဲ့ လောကနိယာမကြီးထဲမှာ
🔳 အရာရာတိုင်း လိုက်ခံစားနေရင်း အချိန်တွေ
🔳 အဆုံးရှုံးခံရတာလောက် နှမျှော စရာကောင်းတာ မရှိပါဘူး ။

🔳 ပြီးသွားတဲ့ အတိတ်ကို သင်ခန်းစာယူပါ ။
🔳 အနာဂါတ်ကိုပုံဖော်ပါ ။
🔳 လက်ရှိဘဝကို ကျေနပ်အောင်နေထိုင်ပါ ။

🔳 ဖြစ်ခြင်တိုင်း မဖြစ်နိုင်တဲ့ဘဝရယ်
🔳 မဖြစ်နိုင်ရလေခြင်းဆိုတဲ့ ဒွိဟကြားမှာ
🔳 အဖြေရှာ နေမယ်ဆို အနာဂါတ်ဟာ
🔳 ပိုပြီး ခက်ခဲသွားစေပါလိမ့်မယ် ။

🔳 ကိုယ့်အမှားလို့ သိလိုက်ရတဲ့ အချိန်တိုင်းဟာ
🔳 နောက်မကျသေးဘူးဆိုတာ လူတိုင်းသိထားရပါမယ် ။

🔳 အမှားအတွက်
🔳 ပြင်ဆင်ချိန်ရောက်ပြီလို့ခံယူနိုင်ရပါမယ် ။

🔳 မှားသွားခဲ့ပြီ နောက်ကျသွားပြီဆိုတဲ့
🔳 နောင်တဟာ စိတ်ကို နှစ်ခါသေစေပါတယ် ။

🔳 အပေါင်းသင်းမိတ်ဆွေ ဆိုတာလည်း
🔳 ပေါင်းသင်းချိန် ကိုယ့်ကိုလိုအပ်တယ်လို့
🔳 သူတို့လက်ခံနိုင်တဲ့ အချိန်တိုင်းတာအထိ
🔳 ဖြူစင်တဲ့ခင်မင်မှုနဲ့ ပေါင်းသင်းဆက်ဆံပေးလိုက်ရင်
🔳 လုံလောက်ပါပြီ ။

🔳 မလိုအပ်တော့ဘူးလို့
🔳 စွန့်ခွာသွားရင်လည်း အပြုံးမပျက်ရင်ဆိုင်လိုက်ပါ ။

လောကကြီးမှာ ကိုယ်လိုခြင်တဲ့အရာ
ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒအားလုံးဟာ တကယ်တော့
ဇကာထဲမှာ ဆန်ကောင်းကိုသန့်ယူသလို
ကောင်းတာတွေပဲ ကျန်နေရစ်တာပါ
ဆိုတဲ့အတွေးနဲ့သာ ကျော်ဖြတ်နိုင်ကြပါစေ
______________________________

25/08/2022

ကျွန်တော် အလုပ်မနားရဲဘူး.....

ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်တော်မှာစုထားတဲ့ငွေ မရှိလို့ပဲ

ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော် လုပ်လက်စ
အလုပ်တွေ မပြီးသေးလို့ပဲ

ကျွန်တော် အပျင်းမကြီးရဲဘူး

ဘာကြောင့်လည်း ဆိုတော့
ကျွန်တော်ထက်သာတဲ့ သူတွေတောင်
ကြိုးစား နေကြဆဲလို့ပါ

ကျွန်တော်မှာ ရွေးစရာလမ်းတွေ
အများကြီး
ဒါပေမယ့် ရွေးပြီးသား လမ်းကိုတော့
ဘယ်တော့မှ မပစ်ဘူး

ဘယ်သူဘယ်လောက်ပဲ
ကျွန်တော်ကို မကောင်းဘူးပြောပြော
အချိန်တန်တော့ သူ့ဘာသာသူ
နားလည်သွားပါလိမ့်မယ်

စိတ်ထဲမှာ လာထည့်ထား
နေစရာ မလိုပါဘူး
ကိုယ်ဘယ်သူ့ အပေါ်မှာမှ
အကြွေးမတင်ရင် တော်ပါပြီ

စိတ်အေးအေးထားတက်အောင် ကြိုးစားပါ
လူ့ ဘဝဆိုတာ အတက်ရှိသလို
အဆင်းလဲ ရှိတတ်ပါတယ်

သူများတွေကို လိုက်ပြီး
ကဲ့ရဲ့ ‌နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့ သင်ခန်းစာတွေကို
ကြေညှက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ

လူ့လောကကြီးမှာ ဘယ်အလုပ်မှ
မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု
အသိုင်းဝိုင်း ဆိုတာလည်း
မရှိပါဘူး

ကျွန်တော်ရွေးချယ်တဲ့ လမ်းကတော့
လုံးလ ဝီရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ
ကျွန်တော် ဘယ်သူ့ကိုမှ
မနာလို မဖြစ်ပါဘူး

ဒီအခြေအနေထိရောက်ဖို့
ဘယ်လောက်ထိ နေ့မနား ညမနားလုပ်ခဲ့လဲ ဆိုတာပဲမေးကြည့်လိုက်ပါ

လူတိုင်း လူတိုင်း လည်း
လွတ်လပ်မှုကို လိုချင်ကြမှာပါပဲ

အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူ ကို တောင်မေးကြည့် လိုက်ပါ
သူတို့လည်း သူတို့အပူနဲ့ သူတို့ပါ
ပစ္စည်း ဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့
ကိုယ့်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို
တန်ဖိုးရှိအောင် သုံးပါ

ဒါကြောင့် ဘယ်သူ့ကိုမှ
မနာလိုစရာ အကြောင်းမရှိဘူး

လူ့ဘဝက တိုတိုလေးပါ
ဘာမှ ပြိုင်စရာမရှိပါဘူး

ကိုယ်ဘယ်လောက်
ကုသိုလ်တွေ လုပ်ပြီးပြီးလဲ ဆိုတာ
ပြန်ဆန်းစစ်ကြည့်လိုက်ပါ
သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ

လူတိုင်းလူတိုင်းဟာ သူလိုကိုယ်လိုပဲ
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်
သဘောထား ကြီးကြီးထားပါ
မောင်နှစ်မလို ဆက်ဆံပါ
အားပေးအပြုံးလေးတွေ ပေးပါ

ဒီလို ဆိုရင်တော့ လောကကြီးက
ပျော်စရာကြီးပါခင်ဗျာ။

👉Change your way , and change your life

စာပေချစ်သူများအတွက်
မျိုးဆက်သစ်လူငယ်
Credit: #အောင်ဆွေဝင်း (စာပေ ပရဟိတ)

24/08/2022

"အလကားမရတဲ့ သင်ခန်းစာ"
~~~~~~~~~~~~~~~~

စကားတွေနဲ့ မပြောပြချင်တော့ဘူး
မျက်လုံးချင်းကြည့် သိပါစေ

စာတွေနဲ့ ချရေးမပြတော့ဘူး
နားတွေရှိက ကြားပါစေ

သက်သေတွေလည်း ရှာမနေတော့ဘူး
အမှန်တရားရှိ မြင်ပါစေ

ကိုယ်ချင်းစာတရားဆိုတာ ဒါလေ
နှလုံးသားနဲ့ ခံစားမှ သိ၊ မြင်၊ ကြားနိုင်မှာ မိတ်ဆွေ

နှလုံးသားကို ငါဆိုတဲ့အတ္တနဲ့ထိန်းချုပ်
သိနိုင်၊ မြင်နိုင်၊ ကြားနိုင်ပါလျက်
“ဘူး” တစ်လုံးဆောင် အိုတောင် မဆင်းရဲဘူး ထင်နေတုန်းမို့
မသိဘူး၊ မမြင်ဘူး၊ မကြားဘူးဆို
အိပ်ချင်ယောင်သာ ဆက်ပြီး ဆောင်ပါ မိတ်ဆွေ

နှိုးရသူပဲ ခက်တာမဟုတ်ပါဘူး
အိပ်နေတယ် ထင်အောင်ဟန်ဆောင်ပြရတာလည်း ပိုခက်တယ်လေ

သိပါလျက်နဲ့ မသိယောင်
မပျော်ပါဘဲ အိပ်သယောင်
မင်း ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလဲ သိနေပြီမို့
အချိန်တွေပေး ထပ်ကြည့်ဖို့ မလိုတော့ဘူးလေ

အနာဂတ်အတွက် ဆေးခြယ်ရင်း
သတိထားရမယ့် လူစာရင်းမှာ မင်းပါနေပြီမို့
ငါ့အတွက်တော့ လုံလောက်ခဲ့ပြီလေ

ဒါက
အလကားမရတဲ့ ဘဝပေး သင်ခန်းစာပါ မိတ်ဆွေ...။

ဆြာချစ်
(၂၀၂၂ ဇူလိုင် ၃၀)crd

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon