Hanuman Brand Yangon Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman Brand Yangon Myanmar, Health/Beauty, Yangon.
06/06/2024
#ဒေါက်တာဦးကျော်ကျော်
အရည်ပြားအထူးကု ဆရာ၀န်ကြီး ရေးထားတဲ့
#ရေချိုးခန်းထဲက လူသတ်သမား
ဆပ်ပြာ... ခေါင်းလျှော်ရည်...
သွားတိုက်ဆေး ...စတာတွေမှာ
( Sodium Lauryl Sulphate) ဆိုတဲ့
ဓါတုပစ္စည်းများစွာပါလေ့ရှိပါတယ်
SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ
တစီစီထွက်စေတဲ့အပြင်
အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ..
SLS ဟာ အဆီ ကြေးညှော်တွေ
သန့်စင်ရုံမက အရည်ပြားထဲက
အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့
တကယ်တမ်းကျတော့
အမြှုပ်ထွက်တိုင်းမကောင်းပါဘူး..
သိပ် အန္တရာယ်ကြီးလှပါတယ်..
ဒါ့ပြင် အခန့်မသင့်ရင်
အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်...
ဒီထက်ဆိုးတာက
အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ
ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့
မျိုးမအောင်တာ
ဖြစ်နိုင်တယ်လို့ ဆိုပါတယ်..
ဒီ SLS က ခန္ဓာကိုယ်ထဲ
၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး..
ဒါ့ကြောင့် SLS ကို
ရေချိုးခန်းထဲက လူသတ်သမား
( Killer in Bathroom) လို့
ခေါ်ကြပါတယ်..
ဒ့ါကြောင့် အခုနောက်ပိုင်း
ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း
စတာတွေမှာ ဆိုတဲ့
အာမခံစာတမ်းကို သုံးစွဲသူတွေ
အန္တရာယ်ကင်းကင်းနဲ့
စိတ်ချစွာ အသုံးပြု
၀ယ်ယူနိုင်စေဖို့
ရေးထည့်ထားပေးကြပါတယ်..
မိမိသုံးမယ့် အသုံးအဆောင်ထဲက
ဟာမိမိအတွက်
ဘယ်ရွေ့ဘယ်မျှ
အန္တရာယ်ရှိနေတယ်ဆိုတာ
သိထားပြီးတဲ့နောက်
၀ယ်သုံးရတော့မယ်ဆိုရင်
ဆိုတဲ့
စာတမ်းလေးများ တွေ့လိုတွေ့ငြား
သတိထားကြပါ၊ ။
#ဒေါက်တာဦးကျော်ကျော်
အရေပြားးအထူးကု ဆရာ၀န်ကြီး
Credit : Original Uploader
Via /Kay thi mawlwin
19/02/2024
#ပိုးလေးဘက်နာနှင့်နှလုံးလေးဘက်နာရောဂါရှင်များအတွက်ဆောင်ရန်ရှောင်ရန်များ
လေးဘက်နာရောဂါတွေထဲမှ အဖြစ်များတဲ့ ပိုးလေးဘက်နာ (Rheumatic Fever) သို့မဟုတ် နှလုံးလေးဘက်နာ (Rheumatic Heart Disease) ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘဝနေထိုင်မှုပုံံစံတွေကို ပြောပြပေးပါမယ်။
ဒီရောဂါက စနစ်တကျ ကုသမှုမခံယူရင် အဆစ်တွေနာတာ၊ ရောင်တာအပြင် ရေရှည်မှာ နှလုံးအဆို့ရှင်တွေ ပျက်စီးပြီးတော့ ဒုက္ခရောက်သွားနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဆေးဝါးကုသမှုအပြင် အစားအသောက် အနေအထိုင်ကိုပါ ဆင်ခြင်မှသာ ရောဂါမတိုးအောင်၊ ပိုမဆိုးအောင် ကာကွယ်နိုင်မှာပါဖြစ်ပါတယ်။
ပိုးလေးဘက်နာဆိုတာက အာသီးရောင်တာကို ဖြစ်စေတဲ့ Streptococcus ဘက်တီးရီးယားပိုးကို အမြစ်ပြတ်အောင် ပိုးသတ်ဆေးတွေသောက်ပြီး မသတ်မိတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ အဲ့ဒီ Streptococcus ဘက်တီးရီးယားပိုးကထုတ်တဲ့ အဆိပ်ပရိုတင်းဓာတ်တစ်မျိုး Streptolysin O ကို ကိုယ့်ရဲ့ကိုယ်ခံအားဆဲလ်တွေက တိုက်ထုတ်ကြပါတယ်။ အဲ့ဒီအခါမှာ အဲ့ဒီပရိုတင်းဓာတ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ A*O (Anti Streptolysin O) လို့ခေါ်တဲ့ ကိုယ်ခံအားဆဲလ်တွေ ထွက်လာပါတယ်။ အဲ့ဒီ A*O ကိုယ်ခံအားဆဲလ်တွေက ဘက်တီးရီးယားပိုးတွေ သေသွားရင်တောင်မှ ဆက်ရှိနေနိုင်ပါသေးတယ်။ အဲ့ဒီ ကိုယ်ခံအားဆဲလ်တွေက အဆိပ်ပရိုတင်း Streptolysin O ရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူတဲ့ ကိုယ့်ရဲ့နှလုံးအဆို့ရှင်တွေကိုပါ မှားယွင်းရောထွေးပြီး တိုက်မိတာကြောင့် အဆို့ရှင်တွေ ရောင်ရမ်းပျက်စီးတဲ့အခါမှာ နှလုံးလေးဘက်နာဆိုတာ ဖြစ်လာပါတယ်။ ပိုးကြောင့်ဖြစ်တာမို့ ပိုးလေးဘက်နာလို့လည်း ခေါ်ကြပါတယ်။
လူတွေက A*O တက်ရင် ပိုးလေးဘက်နာရှိတယ်။ နှလုံးလေးဘက်နာ ဖြစ်နေတယ်လို့ အထင်ရောက်ကြပါတယ်။ အမှန်တော့ A*O တက်တိုင်း ပိုးလေးဘက်နာရောဂါ မဟုတ်ပါဘူး။ ဒီအကြောင်းတွေကိုတော့ ကျွန်တော်ရေးခဲ့တဲ့ လေးဘက်နာဆိုတာ သေချာပြီလား ဆိုတဲ့ ဆောင်းပါးမှာတော့ ဒီရောဂါအတွက် ရှောင်ကြဉ်သင့်တဲ့ အစားအစာ၊ အပြုအမူတွေနဲ့ လိုက်နာဆောင်ရွက်သင်တဲ့ အစားအစာ၊ အပြုအမူအနေအထိုင်တွေကို ပြောပြပေးပါမယ်။
ဒီပိုးလေးဘက်နာ ရောဂါရှိတယ်ဆိုတာ သေချာတာနဲ့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးသင့်တဲ့အပြင် လိုအပ်တဲ့ သွေးကျဲဆေးတွေ၊ ပင်နီဆီလင်လို ဆေးမျိုးတွေကို နေ့စဉ်သောက်တာ၊ လစဉ် ဆေးထိုးတာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် နှလုံးပျက်စီးမှုကို စစ်ဆေးနိုင်ဖို့အတွက် နှလုံးလျှပ်စီးတိုင်းတာမှု ECG (Electrocardiogram) ကို ၆ လ တစ်ခါ၊ ဒါမှမဟုတ် ၈ လ တစ်ခါ တိုင်းတာပြီး စစ်ဆေးသင့်ပါတယ်။ သွေးဖိအား (သွေးပေါင်ချိန်) ကိုလည်း ပုံမှန်အနေအထားမှာ အတတ်နိုင်ဆုံးငြိမ်နေအောင် ထိန်းထားသင့်ပါတယ်။
ဒါ့အပြင် ရောဂါပိုးတွေ မကူးစက်ခံရအောင် သတိထားပြီး ကာကွယ်သင့်ပါတယ်။ ကိုယ်ခံအား မကျအောင် အိပ်ရေးဝအောင်အိပ်တာ၊ အာဟာရပြည့်အောင်စားတာမျိုးတွေ လုပ်ရပါမယ်။ အိပ်တဲ့အခါမှာလည်း ညဘက်အပြင်နေ့ခင်း နေ့လည်ဘက်မှာ အိပ်တာကောင်းတယ်ဆိုပေမယ့် အလွန်ဆုံး နာရီဝက်လောက်ပဲ အိပ်သင့်ပါတယ်။ နာရီဝက်ထက်ကျော်အောင် မအိပ်သင့်ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်မကျအောင် ဂရုစိုက်တာ၊ စိတ်လှုပ်ရှားမှုပြင်းပြင်းထန်ထန်မဖြစ်အောင် သတိထားတာ၊ တရားမှတ်၊ တရားထိုင်တာမျိုးတွေ လုပ်ရပါမယ်။ သီချင်းနားထောင်တာ၊ သီချင်းဆိုတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း နာရီဝက်လောက် နေ့စဉ်လုပ်သင့်ပါတယ်။ အထိုင်များတဲ့ လူနေမှုပုံစံကို ရှောင်ကြဉ်ရပါမယ်။ အဝလွန်တာမျိုးမဖြစ်အောင် ဝိတ်လျှော့ချရပါမယ်။ ပုံမှန်ကိုယ်အလေးချိန် မှာပဲရှိနေအောင် ထိန်းထားရပါမယ်။ ဒါပေမယ့် နံနက်စာမစားတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။
စားသုံးသင့်တဲ့ အစားအစာတွေကတော့ လတ်ဆတ်တဲ့ သဘာဝသစ်သီး သစ်ဥ၊ အသီးအနှံတွေ၊ ခရမ်းချဉ်သီး၊ ဆန်၊ ဂျုံ၊ အာလူး၊ ပဲတောင့်ရှည်၊ ပဲပိစပ်၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ပဲနို့၊ အစေ့အဆံတွေ၊ အမျှင်ဓာတ်များပြီး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊ ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ပန်းသီး၊ စပျစ်သီး၊ ထောပတ်သီး၊ သလဲသီးတွေ၊ ဗီတာမင်စီဓာတ်ကြွယ်တဲ့ ဇီးဖြူသီး၊ သရက်သီးအစိမ်း၊ ဗီတာမင်အီးဓာတ် ကြွယ်ဝသော အစားအစာ၊ အသီးအနှံများ၊ ဘီတာကယ်ရိုတင်း၊ ဆီလီနီယမ် ဓာတ်ကြွယ်ဝသော အစားအစာများ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငါးကြီးဆီ၊ သံလွင်ဆီတွေ၊ ငါးအမျိုးမျိုး (ငါးသလောက်၊ ငါးပူတင်းမပါ) ကြက်ဥ၊ အသည်း စတာတွေကို စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် နေ့စဉ် ရေ နှစ်လီတာ (၂၅၀ မီလီလီတာဆန့် ရေ ၈ ခွက်) အနည်းဆုံးသောက်သင့်ပါတယ်။
လျှော့စားရမယ့် အစားအသောက်တွေကတော့ အရက်၊ ဘီယာ၊ ကွမ်း၊ အဆီ၊ ခရင်မ်ပါသာ အစားအစာများ (ရေခဲမုန့်၊ ကိတ်မုန့်၊ ဒိုးနပ်စ်မုန့်) စသည်၊ အဖြူရောင်ပေါင်မုန့်တွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်တို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဆီပမာဏက တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၄ ဇွန်းကနေ ၆ ဇွန်းအထိပဲ စားသုံးသင့်ပါတယ်။ အဲ့ဒီပမာဏထက်မကျော်လွန်သင့်ပါဘူး။ တစ်နေ့အတွက် အလွန်ဆုံးစားသင့်တဲ့ ဆားပမာဏကတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက် မကျော်လွန်သင့်ပါဘူး။
ရှောင်ကြဉ်ရမည့် အစားအသောက်တွေကတော့ တိရစ္ဆာန်အဆီ (ဝက်ဆီ)၊ စားအုန်းဆီ၊ ပြန်ကြော်ဆီ၊ မကောင်းတဲ့ ဓာတုပြန်သန့်ဆီ၊ ပုဇွန်ဆီ၊ သကြား၊ ထောပတ်၊ ဒိန်ခဲ၊ အမြန်စာ(ဟမ်ဘာဂါ)၊ ပင်လယ်စာများ၊ ငုံးဥ၊ မီးကင်ထားသော အစားအစာများ၊ အနီရောင်အသားတွေ၊ ကြော်ထားသော အစားအစာတွေ၊ တာရှည်ခံအစားအစာတွေ (ခေါက်ဆွဲခြောက်ထုပ်၊ အသားခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း စသည်)၊ ငန်လွန်းတဲ့ အစားအစာတွေ၊ အရက် အလွန်အကျွံသောက်တာတွေ၊ ဆေးလိပ်သောက်တာ၊ အအေးဘူး၊ အချိုရည်ဘူးတွေသောက်တာ၊ ပူစပ်လွန်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီပိုးလေးဘက်နာရောဂါဟာ ကိုယ်ခံအားတိုက်ခိုက်တာကြောင့်ဖြစ်တဲ့ တခြားလေးဘက်နာရောဂါတွေ အားလုံးထဲမှာ အသက်သာဆုံးဖြစ်ပြီး ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက် အနေအထိုင်၊ ဆေးဝါးကုသမှု မမှန်ခဲ့လို့ရှိရင် နှလုံးလေးဘက်နာ အဆင့်အထိဖြစ်သွားတတ်ပြီး အဲ့ဒီနှလုံးအဆို့ရှင်တွေက ပြန်မကောင်းနိုင်တာကြောင့် သတိထားရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ ကျနော်အခုပြောခဲ့တဲ့ ပိုးလေးဘက်နာရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘဝနေထိုင်မှုပုံစံတွေကို သိရှိလိုက်နာကျင့်သုံးမယ်။ ဆေးဝါးကုသမှု ပုံမှန်ခံယူမယ်ဆိုရင် နှလုံးထိခိုက်မယ့်ဘေးက လွတ်မြောက်ပြီး အမြစ်ပြတ်ပျောက်ကင်း ချမ်းသာနိုင်ကြပါစေ
18/12/2023
Myanmar name: နှစ်တရာပင်
ယနေ့ကမ္ဘာမှာ ၎င်းအပင်ကို Ginkgo လို့ ခေါ်ပါတယ်။ Ginkgo ဟူသောအသုံးအနှုန်းမှာ ဂျာမန်လူမျိုး ရုက္ခဗဒပညာရှင်ကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၁၆၉၀ ပြည့်နှစ်တွင် ဂျပန်ဘုရားကျောင်း၀င်းဥယျာဉ်တစ်ခုထဲတွင် အပင်များကို လေ့လာရင်း ဂျပန်အခေါ် Ginkgo (ဂျင်ကျို)ပင်ကို စတင်တွေ့ရှိ ခဲ့ပါတယ်။ ထိုဂျာမန်ပညာရှင်က ဂျင်ကျိုပင်ကို လေ့လာ၍ သုတေသနများစွာ လုပ်ခဲ့ပါတယ်။ ၁၇၁၂ ခုနှစ်မှာ Ginkyo ဂျပန်အသံထွက်ကိုလိုက်ပြီး Ginkgo ဟု ရေးသားဖော်ပြ ရာမှအစပြု၍ ၎င်းအပင်ကို Ginkgo Biloba ဟု အမည်တွင်ခဲ့ပါတယ်။ ရုက္ခဗဒအရ Ginkgoaceae မျိုးရင်းဖြစ်ပြီး မျိုးစိတ်မှာ Ginkgoales ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကျော်က Ginkgo ပင်၏ ကျောက် ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ ခဲ့ရတာကြောင့်လည်း ပြည်ပနိုင်ငံတော် တော်များများက နှစ်တစ်ရာပင် ကို ကမ္ဘာဦးပင်လို့လည်း ခေါ်ကြပါတယ်။
သက်ရှိအပင်တွေထဲတွင် သက်တမ်း အရှည်ကြာဆုံးနှင့် ရာသီဥတုဒဏ္ကို အခံနိုင်ဆုံးသော အပင်အမျိုးအစား ဖြစ်ပါတယ်။ ပင်ရင်းဒေသမှာ တရုတ်ပြည်ဖြစ်ပြီး တရုတ်လူမျိုးများက ယင်ရှင် ့လို့သုံးကာ ငွေရောင်အဆင်းရှိေ သာ တရုတ်ဆီးသီးဟု အဓိပ္ပါယ် ပါတယ်။ ယင်ရှင့်မှ ရင်းကော၊ ရင်းကောမှပိုင်ကောလို့ ခေါ်ဆိုလာကြပြီး နောက်၄င်းတရုတ်အမည် ပိုင်ကောကို မြန်မာမှုပြု၍ ပဲကော (နှစ်တစ်ရာပဲ)ဟု အမည်တွင်ဖြစ်ပါတယ်။ အမည်တွင် ပဲ ဟုပါရှိသော်လည် ပဲစေ့အမျိုး အစားမဟုတ်ပါ။ ချို၊ ဆိမ့်၊ ခါးသက်ရသာ သုံးမျိုးရောထားသည့် အရသာထူးလွေသာ အစေ့ဖြစ်ပါတယ်။ ပဲကောစေ့ကို ကြော်စားလေ့ရှိကြသလို စွပ်ပြုတ်အဖြစ်လည်း သောက်သုံးကြ ပါတယ်။ တရုတ်ရိုးရာ ဟင်းလျာအမျိုးမျိုးတွင် ချက်ပြုတ်လေ့ရှိကြပြီး ကိုရီးယားနိုင်ငံ၏ မင်္ဂလာဆောင်ပွဲ များနှင့်ရိုးအစားအစာများတွင်လည်း ပဲကောစေ့ကို အသုံးပြု ကြပါတယ်။
ထူးခြားဆန်းပြား နှစ်တစ်ရာပဲပင်များ
နှစ်တစ်ရာပဲပင်၏ အသက်ရှည်သော အစွမ်းသတိ်္တမှာ အံ့မခန်းပါ။ ၁၉၄၅ ခုနှစ် ဒုတိယကမ်ဘာစစ်ကြီးတွင် ဂျပန်နိုင်ငံ ၏ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့ကို အဏုမြူဗုံးကြဲချခံရပြီး ၄င်းမြို့ များနှင့်ပတ်၀န်း ကျင်များတွင်လည်း ပြာပုံအတိ လောင်မီးကျခဲ့ပါတယ်။ အဏုမြူဗုံးပေါက်သော နေရာနှင့် ၂ ကီလိုမီတာ အတွင်း မှာရှိနေသော Ginkgo Biloba အပင်သည်လည်း မီးသွေးခြောက်ဘ၀ရောက်ခဲ့ပါတယ်။ သို့သော် မီးသွေးခြောက်ဖြစ်နေသော ၎င်းအပင်ဟာ ဗုံးဒဏ်သင့်ပြီး ရက် ၂၀ ခန့်အကြာတွင် အရွက်နုများပြန်၍ ထွက်လာသည်ကို အံ့သြဖွယ်တွေ့မြင်ကြ ရပါတယ်။ ဒါကြောင့် ၎င်းအပင်အမျိုးအစား ကို နျူကလီးယား ဗုံးပေါက်ပြီး မသေတဲ့အပင်၊ ၎င်းအသီးကို မသေသီးဟုဆို ကြကာ ဆေးပညာရှုထောင့်မှနေ၍ ၀ိသေသကို ထုတ်ဖော်ပြောဆိုလာကြတယ်။
နှစ်ပေါင်းထောင်နှင့်ချီ၍ အသက်ရှည်သော အပင်ဖြစ်ပြီး တရုတ်ပြည်၏ ရှန်ဟိုင်းဒေသတွင် နှစ် ၁၅၀၀ ကျော် သက်တမ်းရှိသော Ginkgo ပင်ကို တွေ့မြင်နိုင်ပါတယ်။ အေးမြ၍ စွတ်စိုသော ဒေသများ တွင်ဖြစ်ထွန်းပြီး အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား တို့တွင်လည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံ ၏ပြင်ဦးလွင် နှင့်မြန်မာ ပြည်မြောက်ပိုင်း တို့တွင် နှစ်တစ်ရာပဲပင်များ ဖြစ်ထွန်းကြပြီး ယနေ့ပြင်ဦးလွင်၏ ရုက္ခဗေဒ ဥယျာဉ်ထဲတွင် နှစ်ပေါင်း ၅၀၀ ကျော်ပြီဖြစ်သော Ginkgo Biloba ပင်ကို တွေ့မြင်နိုင်ပါတယ်။
နှစ်တစ်ရာ ၏ ထူးခြားချက်များဟာ လေဒဏ်၊ မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါ ကာကွယ်ပေးနိုင်ပါ တယ်။ ပြင် လေထုညစ်ညမ်းမှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပြီး မသန့်ရှင်းသော လေကိုစုပ်ယူ၍ သန့်ရှင်းေ သာအောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင်သောအ ပင်အမျိုးအစား ဖြစ်ပါတယ်။ ရေစီးရေလား ပြား နှစ်တစ်ရာပဲ ပင်များနှစ်တစ်ရာပဲပင်၏ အသက်ရှည်သောကောင်း မွန်သောနေရာများမှာ အဓိကပေါက်ရောက်ကြပါတယ်။ အရွက်၏ ပုံသဏ္ဌာန်မှာ အ၀ိုက်နှစ်၀ိုက်ပါသော ယပ်တောင်ပုံစံ ဖြင့်လှပပါတယ်။ အရွက်၏ထူးခြားချက်မှာ ပုံမှန်အားဖြင့် အစိမ်းရောင်ရှိ၍ နွေရာသီတွင် စိမ်းနေသောအရွက်ဟာ ဆောင်းဦးပေါက်ရောက်သောအခါ အဝါရောင် ပြောင်းသွားပါတယ်။ ဝါပြီးနောက် ရက်သတ္တတစ်ပတ်မှ တစ်လအတွင်း အရွက်ကြွေကျပါတယ်။ ဆောင်းဦးရွက်ကြွေ အပင်မျိုးဖြစ်ပါတယ်။
အပင်မှာ အဖိုပင်၊ အမပင်နှစ်မျိုးရှိပါတယ်။ အမပင်မှ အသီးသီး၍ ထိုအသီးတွင် အခွံနှစ်ခုပါရှိနေပြီး နူးညံ့၍ အရည်ရွှမ်းသော အပြင်ခွံနှင့် မာသောအတွင်းအခွံ တို့ဖြစ်ကြပါတယ်။ နူးညံ့သော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ ရှိပါတယ်။ မာသောအတွင်းခွံကို ဖယ်လိုက်ပါက အစေ့ကို ရရှိပါတယ်။ ၎င်းင်းအစေ့ကို ပဲကော (နှစ်တစ်ရာပဲ)အဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်။
နှစ်တစ်ရာပင်နှင့်ကျန်းမာရေး
အသီးသာမက အရွက်တွေပါဆေးဖက်၀င်ကာ သမိုင်းမတင်မီ ခေတ်ကတည်း ကစ၍ ဆေးဝါးအဖြစ် သုံးစွဲလာခဲ့ကြပါတယ်။ USDA ခေါ် အမျိုးသား အာဟာရပြုအဖွဲ့မှ လေ့လာမှုအရ ၁၀၀ ဂရမ်အလေးချိန်ရှိသော ပဲကောစေ့တွင် ခွန်အား ၁၈၂ ကယ်လိုရီ၊ ကစီဓာတ် ၃၇ ဒသမ ၆ ဂရမ်၊ ပရိုတင်း ၄ ဒသမ ၃၂ ဂရမ်၊ အဆီဓာတ် ၁ ဒသမ ၆၈ ဂရမ်၊ ဖောလိပ် ၅၄ မိုက်ခရိုဂရမ်၊ နီအာစင်း ၆ မီလီဂရမ်၊ ပန်တိုသနစ်အက်စစ် သုည ဒသမ ၁၆ မီလီဂရမ်၊ ပိုင်ရီဒေါက်ဆင်း သုည ဒသမ ၃၂၈ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၆ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၂၂ မီလီဂရမ်၊ ဗီတာမင်အေ ၅၅၈ IU ၊ ဗီတာမင်စီ ၁၅ မီလီဂရမ်၊ ဆိုဒီယမ် ၇ မီလီဂရမ်၊ ပိုတက်စီယမ် ၅၁၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၂၇၄ မီလီဂရမ်၊ သံဓာတ် ၁ ဒသမ ၀၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၂၇ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၁၁၃ မီလီဂရမ်၊ မီးစုန်း ၁၂၄ မီလီဂရမ်နှင့် ဇင့် သုည ဒသမ ၃၄ မီလီဂရမ်တို့ အသီးသီးပါရှိနေကြပါတယ်။
အရွက်နှင့်ကျန်းမာရေး
အရွက်ထဲတွင် ဖလေဗိုနွိုက်ဓာတ်နှင့် တာပင်းနွိုက်ဓာတ် တွေပါရှိနေကြပြီး ၄င်းဓာတ်ပေါင်းစုက အောက်ဖော်ပြပါကျန်းမာ ရေးအကျိုးအာနိသင် တွေဖြစ်စေပါတယ်။ အရွက်ကို ရေနွေးဆူဆူတွင်ခတ်၍ သောက်သုံးပေးပါ။
အနောက်နိုင်ငံများတွင် အရွက်မှ အဆီအနှစ်ထုတ်ယူပြီး ဆေးဝါးဖော်စပ် ကြပါတယ်။ အမေရိကန်နိုင်ငံ ၏ရောင်း အားအကောင်းဆုံး ဆေးဖက်၀င်အပင် တစ်မျိုးလည်းဖြစ်ပါတယ်။ အရွက်တွင်ပါ၀င်သော ဓာတ်ပေါင်းစုများက လူ့ခန္ဓာ ကိုယ်ရှိ ဆံခြည်မျှင် သွေးကြောလေးများကို သွေးကောင်းစွာ လှည့်ပတ်စီးဆင်း စေပါတယ်။ ခြေဖျား၊ လက္ဖ်ား၊ နားရွက်၊ မ်က္စိ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း စသည့်တစ်သျှူးများထံသို့ ဆံခြည်မျှင် သွေးကြောများ မှတစ်ဆင့် အောက်ဆီဂျင် ရောက်အောင် ပို့ဆောင်ပေးနိုင် စွမ်းရှိပါတယ်။ ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲ ဝေဒနာဆိုးများဖြစ် ကြသော မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ထုံကျင်ခြင်း၊ သတိမေ့လျော့ခြင်း၊ ပန်းသေပန်း ညှိုးဖြစ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ အနာမကျက် ခြင်းတို့အတွက် နှစ်တစ်ရာပင်၏အရွက်က ကောင်းကျိုးပြုပေးနိုင်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ ရုတ်တရက်နှလုံး တိုက်ခိုက်ခံရခြင်း၊ သွေးကြောနံရံ ထူ၍ သွေး ကြောကျဉ်း ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးရောဂါသည်များအတွက် နှစ်တစ်ရာပင်၏အရွက်ကို အားကိုးထိုက် ပါတယ်။
နှစ်တစ်ရာပဲ(ပဲကော)နှင့်ကျန်းမာရေး
ပဲဟုခေါ်သော်လည်း အမှန်စင်စစ်ပဲ အမျိုးအစားမဟုတ်ပါ။ Ginkgo Biloba သီးအတွင်း မှရရှိသော အစေ့ဖြစ်ပါတယ်။ ကိုယ်တွင်းကိုယ် ရောင်ရမ်းနာများ ဖြစ်နိုင်ခြေအလား အလာများကို လျှော့ချပေးနိုင်ပါတယ်။ ပဲကောစေ့ထဲတွင် စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိနေကြပြီး ၄င်းပစ္စည်းများက ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်လ်များ အန္တရာယ်ကို တိုက်ထုတ်ပေးကာ ကျန်းမာရေး ကိုအထောက်အပံ့ ပေးနိုင်ပါတယ်။ နှလုံးနှင့် နှလုံးသွေးကြောများတွင် သွေးလည်ပတ်မှု အားကောင်းစေ၍ နှလုံးကိုကျန်းမာစေပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောနှင် ့ပတ်သက်ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပဲကောစေ့က ဦးနှောက်သို့ သွေးစီးဆင်း လည်ပတ်စေနိုင်၍ ဦးနှောက်စွမ်းဆောင်ရည်အား ကောင်းမွန် စေပါတယ်။ စိတ်ရူးသွပ်ပျံ့လွင့် ခြင်းရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါတို့ အတွက်ကိုလည်း ပဲကောစေ့က လွန်စွာကောင်း ကျိုးပြုပေးနိုင်ပါတယ်။ ဆီးအိမ်ရောင်ခြင်းကို ကောင်းကျိုးပြုပေးနိုင်ပါတယ်။ စိတ်ကျရောဂါရှိသူများ ပဲကောစေ့ကို မကြာခဏစားပေးပါ။ မျက်လုံးကြွက်သား တစ်၀ိုက်အတွင်းရှိ ဆံခြည်မျှင်သွေးကြောများ အတွင်း သွေးလည်ပတ်မှု ကောင်းစေ၍ မျက်စိကို ကျန်းမာစေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လေ့ရှိသော မျက်စိမှုန် ေ၀ခြင်းကို လျော့ပါးသက်သာမှုပေးစွမ်းနိုင်ပါတယ်။ ပဲကောစေ့က သွေးလည် ပတ်မှုကောင်းစေ တဲ့အပြင် ရောင်ရမ်းနာအမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်၍ ခေါင်းအုံ၊ ခေါင်းခဲ၊ ခေါင်းကိုက် ခြင်းနှင့်ခေါင်းတစ်ခြမ်းကိုက် ဝေဒနါများအတွက် သက်သာပျောက်ကင်း စေပါတယ်။ ပဲကောစေ့ တွင်ပါရှိနေသော သဘာ၀ ဓာတ်ပေါင်းစုများက အသက်ရှူလမ်းကြောင်း စနစ်ကို ကောင်းမွန်တိုးတက်စေ ပါတယ်။ ပန်းနာရင်ကျပ် ဝေဒနာသည်များ အတွက်ကိုလည်း ပဲကောစေ့က ကောင်း ကျိုး ပြု ပေးနိုင်ပါတယ်။ သွေးဆုံး ကိုင်ေ၀ဒနာများ အတွက် ပဲကောစေ့က ဆေးဖက်၀င်ပါတယ်။ အမျိုးသမီးများသွေးဆုံးပြီးနောက် လိင်စိတ်လျော့ နည်း၍ အိမ်ထောင်ရေးသုခမခံစားနိုင်သူများအတွက်ကိုလည်း ပဲကောစေ့ မကြာခဏစားပေးသင့်ပါတယ်။
သတိပြုရန်
အထူးအားဖြင့် သတိပေးလိုသည်မှာ ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များမစားသင့်ပေ။ ခွဲစိတ်ခန်း၀င်မည့်သူများ မစားရ။ သီဟိုဠ်စေ့နှင့်ဓာတ်မတည့်သူများ ပဲကောစေ့မစားသင့်ပေ။ သွေးကျဲရောဂါ ရှိသူများနှင့် မကြာခဏနှာခေါင်း သွေးလျှံ တတ်သူများအထူးရှောင်ရှားပါ။ အချို့သူတွေမှာ ပဲကောစေ့နှင့်မွေးရာပါဓာတ်မတည့်ရောဂါပါလာတတ်၍ ပဲကောစေ့စားပြီးနောက် ရင်တုန်၊ မောပန်း၊ မူးဝေ၊ နှာစေး၊ ဗိုက်နာ၊ အော့အန်၊ ၀မ်းသွားခြင်း၊ အကြောပျော့ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ပဲကောစေ့ကို ပထမဦးဆုံးအကြိမ် စားဖူးသူများအနေဖြင့် သင့်တင့်ရုံ လောက်သာစားပါ။
Common name:Ginkgo biloba, Ginkgo, Gingko, Maidenhair tree.
Botanical term:Ginkgo biloba L.
Family:Ginkgoaceae.
24/11/2023
💦ဆောင်းဝင်လာပြီ ဆိုတာနဲ့ ခြေလက်အေး
တဲ့ ဇာတ်လမ်းက စလာပြန်ပြီ😪
ညဖက်ဆို ခိုက်ခိုက်တုန်အောင် အေးလွန်းလို့
ခြေလက်တွေ အေးစက်ပြီး အိပ်မရတဲ့ထိ ဖြစ်ဖူးကြလား🥶🥶
စောင်တွေ အထပ်ထပ်ခြုံထားတဲ့ ကြားက ခြေအိတ် ဝတ်ထားတာတောင် မနွေးလာတဲ့ ခြေထောက်🤧
မုန်ညှင်းဆီတွေ ခနခန လူးပြီး ခြေနွေးအောင်
လုပ်ရလွန်းလို့ စိတ်ညစ်ရတဲ့ အခိုက်အတန့်
တွေကို မျောက်ဖြူ အကူယူပြီး မေ့ပစ်
လိုက်ရအောင်😛
🌈 ကပ်ခွာထဲမှာပါဝင်တဲ့ ကြက်သွန်ဥနီ
ဟာဆိုရင် ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးပြီး သွေးလည်ပတ်မှုကို ထိန်းညှိပေးတဲ့ အပြင်
ပူစီနံ ရွက်လည်း ပါဝင်ထားလို့ နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်လေ🤗
ဒါ့ကြောင့် ကိုယ်က ညအိပ်ခါနီးတိုင်း ကပ်ခွာ
ကို ကပ်အိပ်ပေးယုံနဲ့ ခြေလက်အေးတာလည်း
သက်သာ၊ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်
တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဘဲပေါ့😉🧡
#ဟန်နုမာန်သဘာဝတိုင်းရင်းဆေးကပ်ခွာ
#တစ်နိုင်ငံလုံးပို့ဆောင်ပေးပါတယ်
20/11/2023
ဒူးအရွတ်ပါးခြင်းကာကွယ်ရန် နည်းလမ်း (၈)မျိုး
======================================
ဖြစ်လာမှကုသတာထက် မဖြစ်ခင်ကကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဆိုတာလက်ခံတယ်ဆိုရင် လိုက်နာကြဖို့ အကြံပြုပါရစေခင်ဗျာ။
#နည်းလမ်း၁
အိပ်ရာပေါ်တွင် လဲလျောင်းပါ။
ဒူးခေါင်းအောက်တွင် ခေါင်းအုံးကိုထားပါ။
ထို့နောက် ဒူးခေါင်းကိုဆန့်တန်း၍တောင့်ထားပါ။
၁မှ၁၀ အထိ ရေပီးမှ ခြေထောက်ကိုပြန်ချပါ။
#နည်းလမ်း၂
ကျောမှီကုလားထိုင်အမြင့်ပေါ်တွင် ခြေချထိုင်ပါ။ ခြေထောက်တဖက်ကို ခွေးခြေပုပေါ်တွင် တင်ထားပါ။
ထို့နောက် ပေါင်ကြွက်သားကိုတင်းပြီး ဒူးခေါင်းကိုဆန့်တန်းကာ ခြေထောက်ကို အပေါ်သို့ အနည်းငယ်
မြှောက်ပါ။ ၁မှ၁၀ အထိ ရေပီးမှ ခြေထောက်ကိုပြန်ချပါ။
နောက်တဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။
#နည်းလမ်း၃
ကျောမှီကုလားထိုင်အမြင့်ပေါ်တွင် ခြေချထိုင်ပါ။
ထို့နောက် ပေါင်ကြွက်သားကိုတင်းပြီး ဒူးခေါင်းကိုဆန့်တန်းကာ ခြေထောက်ကို အပေါ်သို့ အနည်းငယ် မြှောက်ပါ။ ၁မှ၁၀ အထိ ရေပီးမှ ခြေထောက်ကိုပြန်ချပါ။
နောက်တဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။
#နည်းလမ်း၄
ကျောမှီကုလားထိုင်အမြင့်ပေါ်တွင် ခြေချိတ်ထိုင်ပါ။
အပေါ်ခြေထောက်ကိုအားသုံး၍ အောက်ခြေပေါ်သို့ ဖိပေးပါ။၁မှ၁၀ အထိ ရေပီးမှ ခြေထောက်ကိုပြန်ချပါ။
နောက်တဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။
#နည်းလမ်း၅
ကျောမှီကုလားထိုင်အမြင့်ပေါ်တွင် ခြေချိတ်ထိုင်ပါ။
အောက်ခြေထောက်ကို ဆန့်နိုင်သမျှ ဆန့်တန်းပါ။ ပီးရင် ပြန်ချပါ။နောက်တဖက်ကိုလည်း ထိုနည်းအတိုင်း
ပြုလုပ်ပါ။
#နည်းလမ်း၆
အိပ်ရာပေါ်တွင် လဲလျောင်းပါ။
ထို့နောက် ပေါင်ကြွက်သားကို အားသုံ၍ညှစ်ပါ။ ဒူးကို ကြမ်းပြင်နှင့် ထိအောင်ကြိုးစားပါ။
၁မှ၁၀ အထိ ရေပီးမှ ကြွက်သားညှစ်အားကို လျော့ချပါ။
#နည်းလမ်း၇
အိပ်ရာပေါ်တွင် လဲလျောင်းပါ။
ထို့နောက် ပေါင်ကြွက်သားကိုတင်းပြီး ဒူးခေါင်းကိုဆန့်တန်းကာ ခြေထောက်ကို အပေါ်သို့ အနည်းငယ် မြှောက်ပါ။ ၁မှ၁၀ အထိ ရေပီးမှ ခြေထောက်ကိုပြန်ချပါ။
နောက်တဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။
#နည်းလမ်း၈
ကျောမှီကုလားထိုင်အမြင့်ပေါ်တွင် ခြေချထိုင်ပါ။
ထို့နောက် ပေါင်ကြွက်သားကိုတင်းပြီး ဒူးခေါင်းကိုဆန့်တန်းကာ ခြေထောက်ကို အပေါ်သို့ ၉၀ဒီဂရီရောက်အောင် မြှောက်ပါ။ ၁မှ၁၀ အထိ ရေပီးမှ ခြေထောက်ကိုပြန်ချပါ။ နောက်တဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။
26/10/2023
လူတိုင်း နေ့စဥ် နဲ့ အမျှလှုတ်ရှားသွားလာနေထိုင်နိုင်ခြင်းအတွက် အကောင်းဆုံး ဖြေရှင်း ပေးနိုင်မယ့် Hanuman brand 🐒🐒
#အာရုံကြောကျီးပေါင်း
#ဒူးနာ
#ခါးနာ
#လေးဖက်နာ
#သွေးတိုး
#အဆစ်အမြစ်ရောင်/ကိုက်
#ကြွက်သားနာကျင်ယောင်ရမ်း
#အသက်ရှုခက်
#နှာစေးနှာပိတ်
#ထိပ်ကပ်နာ
#ချောင်းဆိုး/ရင်ကြပ်
#ခြင်ကိုက်
#ပိုးမွှားကိုက်
စသည့်ရောဂါစုံအတွက် အိမ်တိုင်းဆောင်သင့်တဲ့. . 🙆🙆🙆
ဆောင်ထားတဲ့ အိမ်တိုင်းက ကြိုက်လို့ ပြန်
ပြန်မှာတဲ့ သမားတော်လေးတပါး
အကူကောင်းလေးတစ်လက်ပါ.. 🐒🐒🐒
⚜Hanuman Aroma Massage Body Oil ရဲ့အဓိကပါဝင်ပစ္စည်းလေးတွေကတော့ တိုင်းရင်းဆေး သဘာဝကုန်ကြမ်း 13 မျိုးဖြစ်တဲ့
☘️ နှမ်းနက်ဆီ
ကြွက်သားနာကျင်မှုနှင့်အရိုးအဆစ် အရွတ်ကြောနာကျင်ယောင်ရမ်းမှုကို သက်သာစေပါသည်
☘️ စပါးလင်မွေး
အရေပြားတွင်မှိုစွဲခြင်း ယားယံခြင်းများတွက်ကောင်းမွန်စေပါသည်
☘️ သစ်မွှေးဆီ
ရွှေကဲ့သို့တန်ဖိုးရှိတဲ့ဆီဖြစ်ပြီး နှလုံးကျန်းမာရေး၊ အစာချေစနစ်နှင့်အသက်ရှူလမ်းကြောင်းစနစ်တွင်အထူးကောင်းမွန်စေပါသည်
☘️ မိကျောင်းနွယ်
အဆစ်အမြစ်ယောင်းရမ်းခြင်းနှင့် ခါးအောက်ပိုင်းနာကျင်မှုအတွက်ကောင်းမွန်စေပါသည်
☘️ အိန္ဒိယသွေးဆေးပင်
အနာကျက်လွယ်စေပြီး၊ သွေးကြောတွင်းကြွက်သားများ ပြေလျော့စေပါသည်
☘️ နနွင်းဆီ
အရေပြားယားယံမှုနှင့် ကြွက်သားတောင့်တင်းမှုကိုသက်သာစေပါသည်
☘️ စမုံနက်
အစာချေစနစ်အတွက် အထူးကောင်းမွန်စေတယ်၊ လေထိုး လေအောင့် အစာမကြေခြင်းများတွက်ကောင်းမွန်စေပါသည်
☘️ သစ်ကြံပိုးခေါက်
ကြွက်သားတောင့်တင်းမှုများပြေလျော့ပြီး ပေါ့ပါးလန်းဆန်းစေပါသည်
☘️ ကတ်စမူနာဂျင်း
ယောင်ရမ်းနာကျင်မှုတွက် သက်သာစေပြီး ဘယ်ရီရောဂါကို ကာကွယ်ဟန့်တားကူပေးပါသည်
☘️ ဒန့်သလွန်ဆီ
မက္ကနီဆီယမ်၊ ကယ်လစီယမ် နှင့်ဗီတာမင် - ဒီ ပါဝင်ထားပြီး အရိုးအဆစ်သန်မာစေပါသည်
☘️ Borneo camphor,Menthol, Camphor
ကြွက်သားနာကျင်မှုများတွက် ပြေလျော့စေပြီး ပိုးမွှားအပျော့စားများကို သေစေနိုင်တဲ့ အာနိသင်လည်းရှိပါသည်
ပါဝင် ပစ္စည်း တွေကြည့်ပြီးစမ်းသုံးချင်ပါတယ်ဆို အောက်ပါ ဖုန်းနံပါတ် ဆက်လို့ရပြီး viberကိုလဲ ဆက်သွယ် လို့ရပါတယ် ရှင့်
page chatboxမှာလဲorderမှာယူနိုင်ပါတယ်
09265858058☎☎
မြို့ပေါင်း200ကျော်အိမ်ရောက်ငွေချေ ပို့ပေးပါတယ်ရှင့်
19500ks
21/10/2023
အိပ်နေချိန်မှာ လက်ထုံကျဉ်တတ်သူများ
---၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊---
ညအိပ်ရင်း သန်းခေါင်ယံအချိန်မှာ လက်တွေ ထုံကျဉ်ပြီး လန့်နိုးလာတာမျိုး ဖြစ်ဖူးပါသလား။ တစ်ခါတလေ လက်အရေပြားမှာ အပ်နဲ့ ထိုးခံရသလို စူးရှတဲ့ ခံစားချက်မျိုးနဲ့ နေရထိုင်ရခက်ခဲနေပါသလား။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကို သိရှိလေ့လာနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
♦ အိပ်စက်တဲ့အနေအထား
မှောက်အိပ်တဲ့အခါ ခန္ဓာကိုယ်အောက်မှာ ဒါမှမဟုတ် ဦးခေါင်းအောက်မှာ လက်ရောက်ရှိပြီး လက် ကောက်ဝတ်နားက အာရုံကြောကို အဖိခံရရာက လက်ထုံကျဉ်ရတတ်ပါတယ်။
လက်ကောက်ဝတ်နားမှာ Median nerveလို့ ခေါ်တဲ့ အာရုံကြောတစ်ခု ရှိပါတယ်။ အဲဒီအာရုံကြောက လက်ဖဝါးလေးတွေကို အာရုံခံစားမှုဖြစ်စေပါတယ်။ ညဘက်မှာ Median nerveက အဖိခံရပြီး လက်ဖဝါးလေးတွေ ထုံကျဉ်စေရတာပါ။ လက်ထုံကျဉ်တဲ့အခါ ခါထုတ်လိုက်ရင်တော့ သက်သာသွား တတ်ပါတယ်။
လက်ကို ဖိအိပ်မိလို့မဟုတ်ဘဲ လက်တွေက မကြာခဏ ထုံကျဉ်နေရင်တော့ ဒီအကြောင်းတွေ ကြောင့်လားဆိုတာ ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်။
♦ ဗီတာမင် ဘီ-၁၂ ချို့တဲ့ခြင်း
ဗီတာမင်ဘီ -၁၂ ကို အသား၊ ငါး၊ ကြက်၊ ဝက်နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပြီး အာရုံကြောနဲ့ သွေးဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဗီတာမင် ဘီ- ၁၂ ချို့တဲ့ရင်လည်း အာရုံကြောဆိုင်ရာ ပြဿနာ ဖြစ်စေနိုင်ပြီး ခြေလက်တွေ ထုံကျဉ်တတ်ပါတယ်။
♦ အရက် သောက်သုံးမှုများခြင်း
အရက်အလွန်အမင်း သောက်တတ်တဲ့သူတွေကလည်း ခြေလက်ထုံကျဉ်တာ ပိုဖြစ်တတ်တယ်လို့ သိရပါတယ်။
♦ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတယ်၊ ပူပင်သောကများတယ်ဆိုရင်လည်း ကိုယ်တွင်း တုံ့ပြန်မှုများပြီး စိတ်ဖိစီးမှု ဟော်မုန်းထွက်လာရာက ခန္ဓာကိုယ်တလျှောက် သွေးလှည့်ပတ်မှုနည်းတတ်ပါတယ်။ ဒီအချက်ကလည်း ခြေလက်ထုံကျဉ်မှု ပိုဖြစ်စေတာပါ။
♦ ဆီးချိုရောဂါရှိခြင်း
ဆီးချိုရောဂါကလည်း ခြေလက်ထုံကျဉ်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။ ဆီးချိုသွေးချိုရောဂါကြောင့် သွေးထဲမှာသကြားဓာတ်လေးတွေ များလာပြီး အဲ့ဒီသကြားဓာတ်လေးတွေက အာရုံကြောလေးတွေပေါ်ကို အနည်ကျတတ်ပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ အာရုံကြောလေးတွေ ပျက်စီးလာတတ်ပြီး ခြေလက်ထုံကျဉ်တတ်ပါတယ်။
♦ လက်ကောက်ဝတ်အသုံးပြုမှု များခြင်း
နေ့ခင်းမှာ လက်ကောက်ဝတ်အသုံးပြုမှုများတဲ့ အလုပ်လုပ်ရသူတွေကလည်း ညဘက်ဆိုရင် လက်ထုံကျဉ်တာ အဖြစ်များတတ်ပါတယ်။
ညအိပ်ချိန်မှာ မကြာခဏ လက်ထုံကျဉ်တတ်သူတွေအနေနဲ့ ဘာကြောင့် ဖြစ်နိုင်ခြေများသလဲဆိုတာ ဆန်းစစ်အဖြေရှာပြီး နောက်မဖြစ်အောင် ကာကွယ်နိုင်ကြစေဖို့ ဒီဆောင်းပါးလေး ရေးဖြစ်တာပါ။
19/10/2023
. ခါးကြောညှပ်ပြီဆိုရင် အများအားဖြင့် တင်ပခွက် ကိုက်မယ်,နာမယ် ပေါင် ခြေသလုံးနောက်ဘက်တွေ ကိုက်ပါမယ်။
တစ်ချို့ကျတော့ ခါးနာပြီ ခြေထောက်ထုံကျင်တာ ခြေချောင်းလေးတွေကိုက်တာတွေဖြစ်ကြတယ်။
ထိုင်လည်းမရ ထပြန်တော့လည်းခဏပဲ။ အိပ်ယာထဲအမြဲလှဲနေရတယ်။ခြေထောက်,ခြေချောင်းများကအစ ကိုက်လွန်းလို့ ညဘက်တွေမှာ အျိပျမရတဲ့အထိပါ။
ပေါင်အနောက်ဘက်ခြမ်းအကြောတွေနာကျင်မှု ရှိမယ် တင်ပါး အလယ်တည့်မှာ စူးပြီး နာတတ်ပါတယ်။
လှုပ်ရှားမှု မ်ားပါက ပိုနာပါတယ် နာသောဘက်ခြမ်းစောင်းပြီး မအိပ်နိုင်ပါဘူးဝေဒနာဖြစ်တာ အပြင်းထန်ဆုံးဖြစ်ပါက ခွဲစိတ်မှု လုပ်ရပါတယ်။
အခုလို ဆေးကပ်ခွါကပ်ပြီး သက်သာလာတယ်ကြားတော့ ဝမ်းလည်းသာ ပီတိလည်းဖြစ် ရပါတယ်ရှင့်။
ဒူးနာ၊ခါးနာ၊ဇက်ကြောတက်၊ခါးကြောညပ်၊တင်ပဆုံကြောညပ်နှင့် ကျီးပေါင်းအမျိုးမျိုးအတွက် ထိုင်းနိုင်ငံထုတ်သဘာဝတိုင်းရင်းဆေးဟန်နုမာန်ကို ဝယ်ယူသုံးစွဲလိုလျှင် (သို့)အသေးစိတ်မေးမြန်းလိုလျှင် Chat Box တွင် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်
ိုင်းရင်းဆေး
12/10/2023
" ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ "
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်၀န်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လောင်ကျွမ်းမှုသည်အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓာကိုယ်၏ သက်စောင့်ရည် များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။
မဖြစ်မနေညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
လူ့ခန္ဓာကိုယ်လဲ သဘာ၀ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊ စည်းချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရီ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် အန္တရာယ်များသည့်လေးနာရီ ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရငျကွပျ၊နှလုံး၊လဖွေတျ၊ဦးနှောကျေ သှးကှောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
Credit: FKC Myanmar
12/10/2023
" ခါးနာ ၊ ခါးကျီးပေါင်း သမားများတွက် မှန်ကန်သော အိပ်နည်းများ "
03/10/2023
ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့ ****************************
၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊
မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ်သော လူ !!
၂။ သူတစ်ပါးရဲ့ ကောင်းဂုဏ်ဒြပ်တွေကို -
တစ်ခြားလူတစ်ယောက်ဆီမှာ -
ဖွင့်ပြောပြရမှာ ဝန်လေးတတ်သော လူ !!
၃။ ကိုယ်နဲ့မထိုက်လို့ မရတာသိလျှက်နဲ့ -
သူတစ်ပါးက ရသွားမှာကြောက်ပြီး ၊
မကောင်းကြံတတ်သော လူ !!
၄။ ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့ -
သူတစ်ပါးလုပ်နိူင်တာကို -
မနာလို ဝန်တိုတတ်သော လူ !!
၅။ တစ်ခြားလူဘက်မှာ အမှန်တရားရှိတာသိလျှက်နဲ့ -
ငွေကြေးရှိတဲ့သူဘက်က ရပ်တည်ပေးတတ်သော လူ !!
၆။ ငါသာ ဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိသော လူ !!
၇။ ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ -
အကုသိုလ် ပြုလုပ်ရဲသော လူ !!
၈။ လူတစ်ယောက်ကို တွေ့တာနဲ့ -
အရင်ဦးစွာ အပြစ်ကိုလိုက်ရှာပြီး ၊
အားရပါးရပြောတတ်သော လူ !!
၉။ ငွေကြေးဥစ္စာရှိသူနဲ့ဆိုရင် တစ်မျိုး ၊
ငွေကြေးဥစ္စာမရှိသူနဲ့ကြတစ်မျိုး ဖြစ်တတ်သော လူ !!
၁၀။ ရိုးသားတဲ့သူတွေအပေါ်မှာ -
လိမ်လည်ကောက်ကျစ်ချင်တတ်ကြသော လူ !!
゚viralシ #လူငယ်များအတွက်ဗဟုသုတစာပေများ #စာအုပ် #စာပေ #ဘဝ #ဗဟုသုတ
Crd to owner
30/09/2023
ဂုတ်ကျီးပေါင်း အရှင်းပျောက်တယ်ဆိုပြီး မိမိကိုယ်လာဆွဲဆောင် ပြောပြရင် ဂျင်းမိပြီလို့မှတ်❗❗
ကျီးပေါင်းက နာတာရှည်ဝေဒနါပါ အပြီးပျောက်အောင် ကုသလို့ မရပါဘူး
ကုသနည်းတွေက အနာသက်သာအောင်၊ နောက်ဆက်တွဲတွေ မဖြစ်အောင်၊ ကျီးပေါင်းရဲ့ လက္ခဏာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင်၊ နေ့စဥ်အလုပ်တွေ မထိခိုက်အောင်အတွက်ဘဲ လုပ်ဆောင်ပေးလို့ရပါတယ်
ကိုယ်ကအနေထိုင်ဆင်ခြင်မယ်ဆိုရင်တော့ ခဏခဏမခံစားစေပါဘူး
သက်သာနည်းရယူချင်တော့ ဒီတိုင်းလုပ်လို့ရပါတယ်
မပြောပြခင် ဘယ်လိုစဖြစ်လဲ ဘယ်သူဖြစ်စေလဲ အရင်ရှင်းပြမယ်နော်🤗
ဂုတ်ကျီးပေါင်းဘယ်ကစဖြစ်တာလဲ❓
အသက်ကြီးလာရင် လည်ပင်းဆစ်ကြားရိုးတွေက ပြားသွားလို့ပါ
ဒီဆစ်ကြားရိုးတွေက လည်ပင်းဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ ကူရှင်လိုမျိုး ခံထားပေးပါတယ်
အသက်ရလာနောက်ပိုင်း ဆစ်ကြားရိုးတွေက တဖြည်းဖြည်းပိ ပြီး ပြားလာတော့ လည်ပင်းဆစ်တစ်ခုနဲ့ တစ်ခု ပွတ်တိုက် ပျက်စီးလာစေပါတယ်👈
ဖြစ်လာတဲ့ လက္ခဏာကတော့👇
- ဇက်ကြောတွေ တက်တာ
- ခေါင်းကိုက်တာ
- လက်ပြင်ကိုက်တာ
- အရွတ်တွေ တောင့်တာ
အခြေနေဆိုးလာရင် ဆီးမထိန်းနိုင် ဝမ်မထိန်းနိုင်ဖြစ်စေတယ် အာရုံကြောကောင်းကောင်းအလုပ်မလုပ်တော့လို့ပါ
ကျီးပေါင်းဘယ်သူဖြစ်နိုင်လဲဆိုရင်👇
- အ လေးအရမ်းမရခြင်း
- ဇက်နားထိခိုက်ဒဏ်ရဖူးခြင်း
- ကျီးပေါင်းမျိုးရိုးရှိသူ
- လှုပ်ရှားမှုနည်းသူ
- အဝလွန်သူ
-ဖုန်းကွန်ပျူတာရုံးအလုပ်များသူ အများစူဖြစ်တတ်ပါတယ်
သက်သာနည်းတော့များရှိပါတယ်
အိမ်တွင်းကုထုံးများ
ဓာတုနည်းများ
ခွဲစိတ်နည်းများလုပ်လို့ရပါတယ်
မင်မင်တော့အိမ်တွင်းကုထုံးဘဲ ပိုအားကိုးစေချင်ပါတယ်🤗
-လေ့ကျင့်ခန်း လုပ်ပါ
-ရေနွေးအိတ် ကပ်တာ၊ ရေခဲအုပ်လို့ရပါတယ်
–လည်ပင်းထောက်ဝတ်ပါ
-အာရုံစိုက်လုပ်တာတွေလျော့ပါ
-နာကျင်ကိုက်လာရင် ိုအသုံးပြုလို့ရပါတယ်
ဇက်ကြောတက်တဲ့ချိန်ဆို တော်တော်ခံစားရတယ် ခေါင်းကိုက်မူးလာရင် ိမ်းရှုပေးပါ
ညဘက်အိပ်ခါနီး ဂုတ်ပုခုံးနားကပ်ပေးထားရင် သက်သာမှုရယူနိုင်ပါတယ်
ကပ်မိုနာဂျင်း ပါဝင်ထားလို့ အကြောတင်းတာ ကြွက်သားရောင်တာတွေပြေလျော့ပေးပါတယ်🤗
AromaMassageoil=19500ks
Hanumanfootpatch=19500ks
တစ်စုံ 39000 ks
မှာယူလိုပါက chatbox (or)09265858058
ဆက်သွယ်နိုင်ပါတယ်
ရန်ကုန် မန်းလေး တောင်ကြီး အိမ်ရောက်ငွေချေစနစ်ပါတယ်ရှင့်
မြို့နယ်လိုက် ငွေလွဲပြီး ကားဂိတ်တင်ပေးပါတယ်ရှင့် 🤗
:OrganicForHealth
Click here to claim your Sponsored Listing.
Category
Website
Address
Yangon