Aye Aye Nwe

Aye Aye Nwe

Share

�Step In Every Moment�

Mobile uploads 03/02/2025

MWM 07 - စောမြတ်အိခိုင်

30/01/2025

ဂျပန်စကားပြော လေ့ကျင့်ရန်
အကောင်းဆုံး Link (10)ခု

No. ❶ 🟣Video သင်ခန်းစာ (49)ခု
↓ ↓ ↓
https://tsunagarujp.bunka.go.jp/?lang_id=MY
မြန်မာဘာသာပါလို့ အရမ်းအဆင်ပြေပါတယ်။........... .........
ဂျပန်စကားပြောကျွမ်းကျင်ဖို့ လေ့ကျင့်ရန် ➡️
စာအုပ်ကောင်း နှစ်အုပ် ပါ

No. ❷🟢 Shadowing 1
👇
https://www.facebook.com/DARUMAJapaneseLanguageSchool/videos/438667553448354/

No. ❸🔵 Shadowing 2
👇
https://www.facebook.com/DARUMAJapaneseLanguageSchool/videos/2465448293508795/....................................................

ဂျပန်စကားပြော Video
အခမဲ့ ကြည့်ပြီး လေ့လာရန်
⤵️
No. ❹ 🟡https://gakken-ep.jp/extra/kanjigaiinihongo/

အခြေခံစကားပြောများဖြစ်ပါတယ်။

မူရင်းဖတ်စာအုပ်နဲ့ တွဲပြီးလေ့လာလို့လဲရပါတယ်။ .................................................
ဂျပန်က コンビニ24နာရီစတိုးမှာ
အလုပ်လုပ်မယ့်သူတွေအတွက်

မြန်မာလို ဘာသာပြန် လည်း ပါပါတယ်။

No. ❺ 🟠https://2024.ask-books.com/jp/konbini/lesson1/
☝️
စကားပြောသင်ခန်းစာ (၂၃)ခန်း

မူရင်းစာအုပ်နဲ့ တွဲပြီးလေ့လာလို့
လဲရပါတယ် ။

ကြိုးစားနားထောင် ပြီးရင် လိုက်ပြောကြည့်ပါ ။ ...............................................

No.❻.ဟိုတယ်မှာအလုပ်ဝင်ချင်သူများလေ့လာရန်စကားပြောများ

https://www.ask-books.com/jp/hotelnonihongo -action%3Aaction%3Dlightbox%26settings%3DeyJ0eXBlIjoidmlkZW8iLCJ2aWRlb1R5cGUiOiJ2aW1lbyIsInVybCI6Imh0dHBzOlwvXC9wbGF5ZXIudmltZW8uY29tXC92aWRlb1wvODg2MzU3NDEyP2g9ZmVjM2VjN2RlNCN0PSJ9

No.❼🟤စကားပြောချောမွေ့ဖို့
なめらか日本語
https://youtu.be/-qdYZ0z_pXE?si=Tt9IzmzapERK14yX
-.................
Minnano nihongo ( N5, N4 ) ဖတ်စာအုပ် မှ စကားပြော
နှင့်လေ့ကျင့်ခန်းများ အခမဲ့ နားထောင်လေ့လာရန်

သက်ဆိုင်ရာLink ထဲဝင်ပြီး သင်ခန်းစာတစ်ခန်းချင်းစီရဲ့ အောက်မှ 🔊စပီကာပုံလေးကိုနှိပ်ပြီး နားထောင်နိုင်ပါတယ်။

CD ချပ်ထည့်ပြီးနားထောင်စရာစက်မရှိဘူးဆိုသူများအထူးပါ။ 🥰

များများနားထောင်၊ ခဏခဏနားထောင်ပြီးလိုက်ဆို၊လိုက်ပြောကြည့်ပါ။ Listening skill ၊Speaking skill များတိုးတက်လာပါလိမ့်မယ်။

No.❽🔴 N5 Listening
http://www.3anet.co.jp/ja/6510/

No.❾🔵 N4 Listening
https://www.3anet.co.jp/np/resrcs/240020/
-.................

NHK စကားပြောသင်ခန်းစာ
No. 10🟣 https://www.nhk.or.jp/lesson/ja/lessons/

❤️SU Myanmar

( DARUMA Japanese Language School)
ဂျပန်မှာကျောင်းတက်ချင်သူများအသေးစိတ်စုံစမ်းရန်
DARUMA JLS
Room A, 05-03 , 5 th floor,
Bo Myat Tun Tower, corner of Maharbandula street & Bo Myat Tun street , Botahtaung Township,Yangon
09 45678 0091, 0945678 0092

#会話

#စကားပြော

⤵️
သူငယ်ချင်းတွေလည်းလေ့လာလို့ရအောင် ပညာဒါန
Share ပေးလိုက်ပါအုံး 🥰

SU Myanmar

22/01/2025

“ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်တွေ ပျက်ယွင်းလာတဲ့အခါ”

🔳 ဟိုတစ်ရက်က အစ်ကိုတစ်ယောက်နဲ့ စကားပြောရင်း ဘောလုံးသမားတွေ Hair Transplant လုပ်ကြတဲ့အကြောင်း ရောက်သွားတယ်။ သူပြလို့ ကြည့်လိုက်မှ ကမ္ဘာကျော် ဘောလုံးသမား တော်တော်များများ လုပ်ထားကြတာ တွေ့ရတယ်။ မလုပ်ခင်နဲ့ လုပ်အပြီးမှာ ရုပ်ရည်က အတော်လေး ပြောင်းသွားတာလည်း သတိထားမိလိုက်တယ်။

တစ်ဆက်တည်း စဉ်းစားမိတာက အဲဒီလို ဆံပင်မစိုက်ခင် သူတို့ရုပ်ရည်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားခဲ့ရမလဲ ဆိုတာပဲ။

🔳 ချမ်းသာတဲ့သူတွေမို့ ဒီလိုတွေ လုပ်နိုင်ပေမဲ့ သူတို့လို မလုပ်နိုင်သူတွေလည်း လောကမှာ တပုံကြီးလေ။ အသက်အရွယ်ကြောင့် မဟုတ်ဘဲ နဂိုကတည်းကိုက မျိုးဗီဇကြောင့် ဆံပင်မသန်တဲ့သူတွေ၊ ကင်ဆာလို ရောဂါတွေကြောင့် ဆံပင်ကျွတ်ကုန်တဲ့သူတွေလည်း အများကြီး။

ဒါကြောင့် Body shaming လုပ်တာ၊ သူများရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး ကဲ့ရဲ့တာဟာ လူတစ်ယောက်ကို အတော်လေး စိတ်ဆင်းရဲစေမယ် ဆိုတာ တွေးမိလိုက်တယ်။

🔳 လူမှန်ရင်တော့ ကိုယ့်ကိုယ်ကိုယ် တပ်မက်ကြတာချည်းပါပဲ။ ပစ္စည်းဥစ္စာ စွန့်မလား၊ ကိုယ့်အသက် ကိုယ်စွန့်မလားဆို ပစ္စည်းဥစ္စာပဲ စွန့်ကြတာပဲ။ လှပဖို့၊ နေပြန်ကောင်းဖို့ ငွေကုန်ကြေးကျခံ ကုသကြတာလည်း ကိုယ့်ကိုယ်ကိုယ် တပ်မက်လို့ပဲ မဟုတ်ဘူးလား။

ဘဝတိုးတက်မြင့်မားဖို့ မကြိုးစားချင်တဲ့အခါ ဒီပစ္စည်းဥစ္စာတွေ သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ကိုယ့်ရဲ့ ပျင်းရိမှုကို အနိစ္စတရားနဲ့ ကာဗာယူတတ်ကြသလိုပဲ၊ ကိုယ့်ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ညာနေတတ်ကြတယ်။

လှအောင်၊ ကြည့်ကောင်းအောင် နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရတာပဲ။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရတယ်။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ အဲဒါတွေ မလုပ်ချင်တော့ ဒီခန္ဓာကိုယ်ကြီးက မတင့်မတယ် ရွံစဖွယ်ပဲ၊ ငါကတော့ တပ်မက်မနေဘူး ဆိုပြီး တွေးပစ်လိုက်တော့တာ။

🔳 တစ်ဖက်မှာလည်း အလွန်အကျွံ မဖြစ်ဖို့ လိုပြန်တယ်။ တစ်ခါရေးဖူးသလို၊ နံရံမှာ ကပ်ထားတဲ့ ကော်က အားကောင်းလေလေ၊ ပြန်ခွာတဲ့အခါ အဲဒီနံရံမှာ ဆေးသားအပွန်းအပဲ့ များလေလေပဲ။ ငြိတွယ်မှုများရင် ခံစားရတာ ပိုများတဲ့သဘော။

လူအချင်းချင်း၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုအပေါ် တပ်မက်မှုများလည်း ဒီအတိုင်းပဲ။ ကိုယ့်ကိုယ်ကိုယ် တပ်မက်တာ များရင်လည်း ကိုယ့်ခန္ဓာကိုယ် အရင်လို မလှပတော့တဲ့အခါ၊ မကျန်းမာတော့တဲ့အခါ နာကျင်ရတာ ပိုများလေလေ ဖြစ်မှာပဲ။

🔳 ဒါကြောင့် ကြည့်ကောင်းအောင် ကြိုးစားနေတဲ့ တပြိုင်တည်းမှာ အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ် ပျက်ယွင်းလာမဲ့ တစ်နေ့အတွက်လည်း ကြိုတင်ပြင်ဆင် နှလုံးသွင်းထားရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်မိတယ်။

အဲဒါက ကိုယ့်ရဲ့ ငယ်ရွယ်ခြင်း၊ နုပျိုခြင်း၊ ကျန်းမာခြင်းတွေအပေါ် မာန်တက်နေတာလည်း လျော့ကျသွားတယ်။ ငါလည်း တစ်နေ့ ဖြစ်လာနိုင်တယ် ဆိုတဲ့အသိကြောင့် ခုလက်ရှိမှာ ဒီပြဿနာတွေ ရင်ဆိုင်နေရတဲ့သူတွေအပေါ်လည်း အထင်သေးတာ၊ ခွဲခြားမိတာ၊ စကားလုံးတွေနဲ့ သူတို့ စိတ်ထိခိုက်အောင် ပြောမိတာတွေ သိပ်မလုပ်ဖြစ်တော့ဘူး။

🔳 ကျွန်တော်ကတော့ လက်ရှိအထိ ရောဂါကြီးကြီးမားမား မဖြစ်ဖူးသေးဘူး။ ဒါပေမဲ့ တရားထိုင်ပြီးစဆို ခြေထောက်တွေ ကျဉ်နေ၊ ထုံနေတတ်တယ်။ ဘာခံစားမှုမှ မရှိတော့ဘူး။ ထိန်းချုပ်လို့လည်း မရတော့ဘူး။ မ,ချင်၊ ရွှေ့ချင်ရင် လက်နဲ့ ကိုင်ပြီး အဲဒီခြေထောက်ကို ရွှေ့ရတယ်။

တွေးမိတယ်။ ဒါက မိနစ်ပိုင်းလောက်ပဲ၊ တကယ်သာ လေဖြတ်သွားလို့ဖြစ်ဖြစ် ငါ့ခြေထောက်တွေ အပြီးအပိုင် လှုပ်မရတော့ဘူးဆို ဘယ်လိုနေမလဲလို့ပေါ့။ အတော်လေး စိတ်ဆင်းရဲစရာကောင်းမှာ အသေအချာပဲ။

မတော်တဆမှု တစ်ခုခုကြောင့်၊ လူလုပ်ဘေးအန္တရာယ် တစ်ခုခုကြောင့် ခြေဖြစ်ဖြစ်၊ လက်ဖြစ်ဖြစ်၊ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဆုံးရှုံးလိုက်ရသူတွေဆို ပိုတောင်မှ ဆိုးလိမ့်ဦးမယ်။

🔳 ဆေးပညာ သင်ခဲ့ဖူးတော့ တခြားရောဂါတွေပါ လိုက်စဉ်းစားမိတယ်။ အူမကြီးရောဂါ ဖြစ်လို့ ခွဲစိတ်ကုသရင်း စအို မရှိတော့တဲ့အတွက် ဗိုက်ကနေ အူကို ဖောက်ထုတ်ထားပြီး အညစ်အကြေး စွန့်နေရသူတွေ မြင်ဖူးတယ်။ Quality of Life ဘယ်လောက်ထိ ထိခိုက်မလဲ။ လူကြားထဲ သူတို့ သွားရဲပါတော့မလား။

Auto-immune disease လို့ ခေါ်တဲ့ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကပဲ ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်နေတဲ့ ရောဂါတွေ ရှိသေးတယ်။ ရောဂါကြောင့်ရော၊ သောက်နေရတဲ့ ဆေးတွေကြောင့်ရော ပုံပန်းသွင်ပြင်တွေ တော်တော်ကြီးကို ပြောင်းလာတတ်တယ်။ ဘယ်လောက်ထိတောင်လဲဆို ကိုယ့်ကိုယ်ကိုယ် မှန်ပါ မကြည့်ရဲတော့တဲ့အဖြစ်။

မွေးရာပါ အရေပြားရောဂါ ပါလာတဲ့သူတွေ၊ သွားမလှတော့တဲ့သူတွေ စသဖြင့် ဒီလူမှုအသိုင်းအဝိုင်းကနေ လှပါတယ်လို့ သတ်မှတ်ထားတဲ့ Beauty Standard ထဲ အံမဝင်တဲ့သူတွေ အများကြီးဆိုမှ အများကြီးရှိတယ်။

🔳 ကိုယ်တိုင်လည်း ဝက်ခြံတွေ အများကြီး ထွက်နေတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ ပွဲလမ်းသဘင် မပြောနဲ့။ ဘယ်သူနဲ့မှကို မတွေ့ချင်မိတဲ့အထိ။ တွေ့ကြပြီဆိုလည်း ဝက်ခြံတွေ အများကြီးပဲနော် ဆိုတာကနေ စနှုတ်ဆက်တတ်ကြတာကိုး။

ကိုယ့်ရဲ့ Lifestyle ကြောင့်လည်း မဟုတ်၊ ကိုယ့်အမှားကြောင့်လည်း မဟုတ်၊ ကိုယ်လည်း ထိန်းချုပ်လို့ မရ၊ ပြုပြင်ဖို့လည်း ခက်တဲ့ ပုံပန်းသွင်ပြင် ပြောင်းလဲလာမှုတွေအတွက်ဆို ဘယ်လောက်တောင် သိမ်ငယ်ရမလဲ ကိုယ်ချင်းစာကြည့်လို့ ရပါတယ်။

🔳 ကျွန်တော်တို့ဆီက ဓလေ့ကလည်း နာမည်ပြောင် ချစ်စနိုးနဲ့ ပေးရင်တောင် အဲဒီလို Appearance ကို အခြေခံပြီး ပေးတတ်ကြတာ။ နှုတ်ဆက်ကြရင်လည်း အဲဒီကနေ စနှုတ်ဆက်တာ ဆိုတော့ ပြောရတာ ခက်တော့ ခက်သား။

ကိုယ် ဘာမှဖြစ်မနေတုန်းတော့ တစ်ဖက်လူရဲ့ ခံစားချက်ကို သိမှာမဟုတ်ဘူး။ ဒီလိုပဲ ခေါ်လိုက်၊ နှုတ်ဆက်လိုက်တာပဲပေါ့။

အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ ရောဂါကြောင့်ဖြစ်ဖြစ် ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန်တွေလည်း ပြောင်းလဲလာပြီဆိုမှ ဒါကို ကောင်းကောင်းနားလည်လာပါလိမ့်မယ်။

🔳 စာတွေဖတ်တယ်၊ ရုပ်ရှင်တွေကြည့်တယ် ဆိုတာ တကယ်က ကိုယ်မရောက်ဖူးတဲ့ တခြားဘဝတွေအကြောင်းကို ပိုသိလာဖို့ပါ။ ကြုံဖူးမှ သိတဲ့သူရဲ့ ကမ္ဘာထက် ကိုယ်မကြုံဖူးသေးပေမဲ့ စာတွေ၊ ရုပ်ရှင်တွေကတဆင့် တခြားသူတွေရဲ့ ဘဝကို သိထားတဲ့သူရဲ့ ကမ္ဘာက ပိုကျယ်ပါတယ်။ ပိုလှပါတယ်။

ဒါကြောင့် ဘဝတွေအကြောင်း များများသိအောင် လုပ်ခြင်းက ကိုယ့်ရဲ့ ကိုယ်ချင်းစာတရားကို အားကောင်းစေသလို၊ ကိုယ်တိုင် အကြောင်းကြောင်းကြောင့် အဲဒီဘဝတွေ ရောက်ရပြီ ဆိုတဲ့အခါမှာလည်း ပိုပြီး ခံနိုင်ရည် ရှိစေမှာ အသေအချာပါပဲ။

အပေါ်ရောက်နေတုန်း တက်ခဲ့သမျှ မာန်တွေဟာ ပြန်ကျပြီဆိုတဲ့အခါ ဒုက္ခပြန်အပေးဆုံးပဲ မဟုတ်လား။

🔳 Body shaming ကိစ္စကတော့ ဓလေ့လို ဖြစ်နေတော့ ကိုယ်တိုင်တောင် အဲဒီလို မနှုတ်ဆက်မိအောင် ကြိုးစားနေရတုန်းပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောတာပါ။

ခုနောက်ပိုင်းတော့ ကိုယ်ချင်းစာစိတ်ကလေး ပိုထားဖြစ်တယ်။ ကိုယ့်နှုတ်ဆက်စကားလေးကြောင့် တစ်ဖက်လူ စိတ်ချမ်းသာသွားရတယ် ဆိုတာလေးပဲ ဖြစ်စေချင်တော့တယ်။ ဒါကြောင့် တစ်ခုခုဆို ပုံပန်းသွင်ပြင်ကနေ စနှုတ်ဆက်တဲ့အကျင့် ရှိနေသေးပေမဲ့ "ကြည့်ကောင်းလာတယ်နော်"၊ "မျက်မှန်မပါတာလေးနဲ့ ပိုလှတယ်"၊ "ဝတ်ထားတာလေးက နင်နဲ့ တအားလိုက်တယ်"၊ ဒီလိုလေးတွေပဲ ပြောဖြစ်လာတယ်။

🔳 အမြဲရေးခဲ့သလိုပဲ၊ သူများတွေ ကိုယ့်ကို ဘယ်လိုနှုတ်ဆက်တယ် ဆိုတာက ကိုယ်ထိန်းချုပ်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို Judge လုပ်မလုပ်ကလည်း သူတို့ကိစ္စ။

ကိုယ်က တစ်ပါးသူတွေကို ဘယ်လိုနှုတ်ဆက်မယ်၊ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ စိုးရွံ့နေတဲ့ လူတစ်ယောက်ကို တွေ့တဲ့အခါ ဘယ်လိုပြုမူဆက်ဆံမယ် ဆိုတာကတော့ ကိုယ့်လက်ထဲမှာ ရှိပါတယ်။ ကိုယ်ထိန်းချုပ်လို့ ရပါတယ်။

🔳 ကိုယ့်ကို ပြုမူစေချင်တဲ့အတိုင်း တစ်ပါးသူကို ပြုမူခြင်း၊ ကိုယ့်ကို မပြုမူ၊ မဆက်ဆံစေချင်တဲ့ အရာကို တစ်ပါးသူအပေါ် မပြုလုပ်မိအောင် ရှောင်ကြဉ်ခြင်းဟာ လူယဉ်ကျေးတို့ရဲ့ အမူအကျင့် ဖြစ်သလို၊ လူမှုအသိုင်းအဝိုင်းကို ပိုလှလာစေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၉.၁.၂၀၂၅

05/12/2024

“ကိုယ့်ကိုယ်ကိုယ် ချိန်ညှိနေဖို့ သိပ်အရေးကြီးတယ်”

🔳 The dose makes the poison.

အရာအားလုံးက အဆိပ်တွေချည်းပဲ၊ ဘယ်လောက်ပမာဏလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ အဆိပ်သင့်မသင့် ကွာခြားသွားကြတာတဲ့။

🔳 ဓါတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ပတ်သက်လို့ လေ့လာကြတဲ့ Toxicology ဘာသာရပ်မှာ ထင်ရှားတဲ့ အဆိုအမိန့်တစ်ခု (အယူအဆတစ်ခု) ဖြစ်ပါတယ်။

ရေတို့၊ အောက်ဆီဂျင်တို့လို လူတွေအတွက် အင်မတန် အကျိုးများပါတယ်၊ မရှိမဖြစ် လိုအပ်ပါတယ် ဆိုတဲ့ အရာတွေတောင် များသွားရင် ဆိုးကျိုးပေးနိုင်တယ်။ ဒါကြောင့် Dose က အရေးကြီးတယ်၊ ပမာဏကပဲ အဆုံးအဖြတ် ပေးသွားတာလို့ ပြောတာပါ။

🔳 ဟိုရက်က ရေးတဲ့ “ဘယ်အရာကိုမှ အစွန်းမရောက်စေနဲ့၊ အမြဲချိန်ညှိနေဖို့လိုတယ်၊ Life is all about adjustments” ဆိုတာလည်း အဲဒီသဘောပဲ။ လွန်သွားရင် ဘယ်အရာမှ မကောင်းဘူး။

ဗုဒ္ဓဘာသာမှာ ပြောတဲ့ မဇ္ဈိမ ပဋိပဒါ ဆိုတာလည်း ဒါပဲ။ ဒုက္ခခံမှ ဒီဘဝက လွတ်မြောက်မယ် ဆိုပြီး အလွန်အကျွံ ဒုက္ခခံနေလို့လည်း တရားထူး မရဘူး။ ကာမဂုဏ်အာရုံတွေကြားထဲ သာယာနေပြီးလည်း တရားထူး မရနိုင်ဘူး။ သင့်တင့်လျောက်ပတ်တဲ့ အလယ်အလတ်လမ်းကို လျှောက်မှ ရလိမ့်မယ်။

🔳 ဒီနေ့ခေတ်မှာ ပြောနေကြတဲ့၊ လူအများက ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ Positivity, Kindness, Self-love, ဒါတွေအကုန်လုံးသည်လည်း Dose ပေါ် မူတည်ပြီး ပြဿနာ ပေးနိုင်တာပဲ။

Positive vibes only ပဲ ဆိုပြီး လူအများရဲ့ အော်ဟစ်အကူအညီတောင်းနေသံတွေ၊ ငိုကြွေးမြည်တမ်းနေသံတွေ၊ အနိဌာရုံတွေကို လျစ်လျူရှုမိနေရင် ဘယ်လိုလုပ် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်နိုင်ပါတော့မလဲ။ ဒီလူတွေရဲ့ ဒုက္ခကို မျှဝေခံစားပေးနိုင်တဲ့ နှလုံးသား ရှိနေရင်လည်း အမြဲ Positive vibes ချည်းပဲ ဖြစ်နေဖို့ ဘယ်လွယ်တော့မလဲ။

အကြင်နာတရားကလည်း ကောင်းတာပဲ။ သူကျ လွန်သွားရင် တစ်ဖက်လူကို အဆိပ်သင့်စေတာထက် ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေတာ ပိုများတယ်လို့ တစ်ကိုယ်စာအရ မြင်မိတယ်။ လူတကာကို လိုက်ကယ်တင်ချင်တဲ့ Rescuer ဖြစ်သွားတော့မှာ။ မတတ်နိုင်တဲ့ ကိစ္စတွေကို အမြဲတွေးပူနေရတော့မှာ။ ကြာလာတဲ့အခါ ပင်ပန်းလာတယ်။ မွန်းကြပ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလာတတ်တယ်။

Self-love ကလည်း ဒီလိုပဲ။ Dose များသွားရင် အတ္တကြီးမှန်းမသိ ကြီးတဲ့ဘက်ကို ရောက်သွားရော။

🔳 ဒါနဲ့ ဆက်စပ်ပြီးမှ တွေးမိတာက Dose ပေါ် မူတည်ပြီး အဆိပ်သင့်တာ ရှိသလို၊ Dose လုံလောက်အောင် ပြည့်မီမှ အာနိသင် ပြတာတွေလည်း ရှိတယ်။ ဒါကြောင့် နေမကောင်းဖြစ်လို့ ပိုးသတ်ဆေးသောက်ရင် ဆေးပတ်လည်အောင် သောက်ဖို့ ဆရာဝန်တွေက တိုက်တွန်းကြတာ။ တစ်ရက်လောက် သောက်ပြီးလည်း မရပ်လိုက်နဲ့။ သက်သာသွားပြီ ဆိုတိုင်းလည်း မရပ်လိုက်နဲ့။ Dose က အရေးကြီးတယ်။

ဘဝမှာလည်း အဲဒီလိုပဲ။ ကောင်းတဲ့အလုပ်တွေ အရာထင်လာဖို့ဆိုတာ Dose ပြည့်ဖို့ လိုသေးတယ်။

🔳 ဒီနေ့တစ်ရက် ကိုယ်လက်လှုပ်ရှားလုပ်၊ အစားလျှော့စား၊ မနက်ဖြန် ပိန်လာမလား၊ ကျန်းမာလာမလားဆို No

ဘာမှ ထူးလာဦးမှာ မဟုတ်သေးဘူး။ ဘာလို့ဆိုတော့ Dose မပြည့်သေးလို့။

ဒီနေ့တစ်ရက် အလုပ်တွေ စွတ်ကြိုးစား။ မနက်ဖြန် အောင်မြင်မှာလားဆို No

ဘာလို့ဆိုတော့ Dose မပြည့်သေးလို့။

ဒီနေ့တစ်ရက် အချိန်တိကျလိုက်လို့၊ ကိုယ့်နာမည်ကြားလိုက်တာနဲ့ အချိန်တိကျသူအဖြစ် မြင်လာစေမဲ့ Image မျိုး ရလာမှာလားဆိုလည်း No

ဘာလို့ဆိုတော့ Dose မပြည့်သေးလို့။

🔳 ဒါကြောင့် You are what you repeatedly do လို့ ပြောတာ။ Dose ပြည့်မှ အရာထင်တယ်။ အရာထင်တဲ့အထိ၊ Dose ပြည့်တဲ့အထိ မလုပ်နိုင်ဘူးဆို အစကတည်းက မလုပ်နဲ့။ မဟုတ်ရင် လူပင်ပန်းတာပဲ အဖတ်တင်မယ်။

ပိုးသတ်ဆေးကို Dose ပြည့်တဲ့အထိ မသောက်ဘဲ ရပ်ရပ်လိုက်ရင် ဆေးယဉ်သွားတတ်တယ်။

အဲဒီလိုပဲ၊ ဘဝမှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို Dose ပြည့်တဲ့အထိ၊ အရာထင်တဲ့အထိ၊ ပြီးမြောက်တဲ့အထိ မလုပ်ဘဲ ရပ်ရပ်လိုက်ပါများရင် မိမိကိုယ်မိမိ လေးစားမှု ကျဆင်းလာတတ်တယ်။

🔳 ငယ်ငယ်ကတော့ အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်၊ အကောင်းနဲ့အဆိုး၊ ဒီလိုဘက်နှစ်ဘက်ကိုပဲ မြင်ခဲ့ဖူးတယ်။ လူဆိုလည်း ဒီလူကတော့ လူကောင်း၊ ဒီလူကတော့ လူဆိုး၊ သူကတော့ စိတ်ကောင်းရှိတယ်၊ သူကတော့ ယုတ်မာတတ်တယ်၊ ဒီလိုတွေ မြင်ခဲ့မိတာပေါ့။

တကယ်တမ်းမှာတော့ အားလုံးဟာ Spectrum ရောင်စဉ်တန်းလိုပဲ။ အမြဲချိန်ညှိနေကြရတာ ဖြစ်တယ်။ လင်းလွန်းသွားလည်း မကောင်းဘူး။ မှောင်လွန်းသွားလည်း မကောင်းဘူး။ မရှိလို့လည်း မကောင်းဘူး။ အမြဲရှိနေရင်လည်း မကောင်းဘူး။

လူတွေဟာလည်း “စိတ်ဆိုတာ အဖြစ်တရား” ဆိုတဲ့အတိုင်း ကောင်းတဲ့စိတ် ဖြစ်တဲ့အခါ ရှိတယ်။ မကောင်းတဲ့စိတ် ဖြစ်တဲ့အခါ ရှိတယ်။ ကောင်းတဲ့စိတ်က စေ့ဆော်ပေးရင် ကောင်းတာတွေ လုပ်မိတယ်။ မကောင်းတဲ့စိတ်က စေ့ဆော်ပေးရင် မကောင်းတာတွေ လုပ်မိမယ်။ သူရှင်သန်ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ဦးမယ်။

🔳 ဘယ်လောက်ကောင်းတဲ့ အရာဖြစ်ဖြစ် များလွန်းရင် ဘေးသင့်တယ်။

ဘယ်လောက်ကောင်းတဲ့ အရာဖြစ်ဖြစ် လုံလောက်တဲ့ ပမာဏ မပြည့်မီရင် အရာမထင်ဘူး။

ဒါကြောင့် Dose ကို ချိန်ဆနေဖို့ လိုတယ်။

🔳 လူသားတွေဖြစ်တာမို့ မကောင်းတဲ့အရာတွေမှာလည်း ပျော်မွေ့တတ်တဲ့သဘော ရှိတာပဲ။ ကျန်းမာရေးနဲ့ မသင့်တော်တာတွေ စားချင်တယ်။ ဆေးလိပ်၊ အရက်သောက်ချင်တယ်။ စိတ်ထွက်ပေါက် ပေးချင်တယ်။ ကိုယ်မုန်းတဲ့လူဆို သူ နာကျင်နေတာ မြင်ချင်တယ်။ ဒေါသထွက်တဲ့အခါ တစ်ခုခု ထိခိုက်နစ်နာသွားအောင် လုပ်ပစ်ချင်တယ်။ ကိုယ့်ထက် သာနေတာ တွေ့ရင် ပျက်စီးစေချင်တယ်။ ဒါ လူတိုင်းပါပဲ။

အဲဒီမှာလည်း ဘယ်လောက် Dose အထိ လုပ်မှာလဲ၊ ဘယ်လောက်ထိ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မှာလဲ၊ ဘယ်တန်းအထိ ကိုယ့်ကိုယ်ကိုယ် ဆွဲချမှာလဲ ဆိုတာက အရေးကြီးလာပြန်တယ်။

🔳 အဲဒါကို မချိန်ဆနိုင်ပြန်ရင်လည်း ဘဝက စုတ်ပြတ်သတ်သွားရော။ ပြန်အဖတ်ဆယ်လို့ မရလောက်အောင်ကို နိမ့်ကျသွားရော။

အထူးသဖြင့် အခုလိုကာလမှာ ကိုယ်အာဏာတည်မြဲရေးအတွက် လုပ်ရင်းလုပ်ရင်း ရက်စက်ယုတ်မာမှုမှာ အကန့်အသတ် မရှိတော့သူတွေ၊ တစ်ဦးတစ်ယောက်ကို မနာလိုလို့ ဝေဖန်ရင်းကနေ အပုပ်ချ တိုက်ခိုက်တဲ့အထိ ဖြစ်လာသူတွေ၊ လူအများ အော့နှလုံးနာ ကဲ့ရဲ့စရာ ဖြစ်သွားသူတွေ အများကြီး အများကြီးကို တွေ့နေရတယ်။

အောက်ကို ဆင်းမယ်ဆိုတောင် ဒီတန်းရဲ့အောက်ထိတော့ ငါမဆင်းဘူး ဆိုတဲ့ Limit ကလေး ထားဖို့ လိုပါလိမ့်မယ်။

🔳 ဒီအတွက် Awareness & Adjustment က သိပ်အရေးကြီးတာပါ။ ကိုယ့်ကိုယ်ကိုယ် သတိထားမိရမယ်။ ချိန်ညှိနိုင်ရမယ်။ ဒါမှ လူရိုသေ ရှင်ရိုသေ တူတူတန်တန် ဘဝတစ်ခု ရလိမ့်မယ် မြင်မိပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃.၁၂.၂၀၂၄

Photos from Book.mm's post 05/12/2024
26/11/2024

"သင့်အတွက် သင်ကိုယ်တိုင်မှ မကြိုးစားရင်
ဘယ်သူမှ လာပြီး ကြိုးစားပေးမှာ မဟုတ်ဘူး။"

“ဦးနိုင်ဝင်းအောင် (CEO Coach)” ရေးသားသော “The Professional Business Coach” စာအုပ်မှ ကောက်နုတ်ချက်။

26/11/2024

“ဘဝဆိုတာ ဟန်ချက်ကို ရှာဖွေရတာ”

🔳 Life is all about adjustment.

ဒီဘက်နောက်ပိုင်း မကြာခဏ ပြောဖြစ်တဲ့စကားပါ။ ဘဝမှာ လူတိုင်းအတွက် မှန်တယ်ဆိုတဲ့နည်းလမ်း မရှိပါဘူး။ ကိုယ်နဲ့ ကိုက်ညီမဲ့အရာကို အမြဲရှာဖွေနေရသလို၊ အစွန်းရောက်မသွားအောင်လည်း ကိုယ့်ကိုယ်ကိုယ် အမြဲဆင်ခြင် ထိန်းကျောင်းနေရတယ်။

🔳 ဥပမာကလေးတွေ ပြောရရင် -

📌 ၁။ မိမိကိုယ်မိမိ ချစ်တယ် ဆိုတဲ့ Self-love

မကောင်းဘူးလားဆို ကောင်းတယ်၊ မလိုဘူးလားဆို လိုတယ်။ သို့သော် ကိုယ့်အတ္တကို ရှေ့တန်းတင်မိသလို ဖြစ်သွားလား၊ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေပြီလား၊ ဒါကို အမြဲချိန်ညှိဖို့ လိုတယ်။

ဒီစကားလုံးကို အပြောများလာကြတဲ့အခါ တစ်ခါတလေ ကိုယ့်ရဲ့ အတ္တ၊ ကိုယ့်ရဲ့ ပျက်ကွက်မှုတွေအတွက် ကာဗာယူတဲ့စကား ဖြစ်ဖြစ်သွားတတ်လို့။

ကိုယ်တကယ်ချစ်တဲ့သူကို ဘယ်လိုဖြစ်စေချင်သလဲ၊ အဲဒီအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြုမူဆက်ဆံတာဟာ Self-love လို့ ကျွန်တော် အဓိပ္ပါယ်ဖွင့်ဖူးတယ်။

သို့သော် လူ့အသိုင်းအဝိုင်းထဲ နေထိုင်ကြတဲ့အခါ အများနဲ့ လိုက်လျောညီထွေဖြစ်အောင် နေကြရတယ်။ တာဝန်ယူရတာ ရှိတယ်။ သည်းခံရတာ ရှိတယ်။ စောင့်ဆိုင်းရတာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲရှေ့တန်းတင်နေလို့ မရဘူး။ အဲဒါဆို တစ်ကိုယ်ကောင်း ဆန်တဲ့ဘက် ရောက်သွားလိမ့်မယ်။

📌 ၂။ ထိုက်တန်ခြင်းဆိုတဲ့ Self-worth

ကျွန်တော်ဆို အဲဒါ သိပ်အားနည်းတယ်။ သူများကို ပေးရမယ်ဆို သိပ်ပျော်၊ ကိုယ်တိုင် တစ်ခုခု ဝယ်ဖို့ကျ အမြဲတွန့်ဆုတ်။ ဝယ်ပြီးရင်လည်း အပြစ်ရှိသလိုကြီး ခံစားနေရတာ။ ဒါကြောင့် ဒီဘက်နောက်ပိုင်း ပြန်ပြင်နေရတယ်။

တစ်ဖက်မှာလည်း အလွန်အကျွံ မဖြစ်အောင် ပြန်ထိန်းသိမ်းရတယ်။ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေရယ်၊ ဒီပစ္စည်းက တကယ်လိုသလား ဆိုတာရယ် စသဖြင့်ပေါ့။ ငါနဲ့ ထိုက်တန်တယ်၊ ငါနဲ့ ထိုက်တန်တယ် ဆိုပြီး မြင်မြင်သမျှ၊ တွေ့တွေ့သမျှ အကုန်လိုက်ဝယ်နေလို့ မဖြစ်ဘူး။ ငွေလည်း ကုန်တယ်။ ပစ္စည်းတွေလည်း ပွကုန်လိမ့်မယ်။ Minimalist lifestyle နဲ့ပါ သွေဖည်သွားလိမ့်မယ်။

📌 ၃။ ကိုယ်ပိုင်စည်းကမ်း ဆိုတဲ့ Self-discipline

ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စတစ်ခုကို မဖြစ်ဖြစ်အောင် လုပ်တာ၊ ဘာအကြောင်းနဲ့မှ အပျက်မခံတာ၊ ဒါသည်လည်း ကျွန်တော်ကျင့်သုံးဖြစ်နေတဲ့ ဘဝနေနည်းတစ်ခုပဲ။ ကိုယ့်ရဲ့ Self-esteem ကို မြှင့်တင်ပေးတယ်။

သို့သော် အတင်းဇွတ်လုပ်မိနေသလား၊ ညှင်းဆဲသလို ဖြစ်နေပြီလား၊ ဒါကိုလည်း ပြန်ချိန်ဆရတယ်။ ကျွန်တော်ဆို ကိုယ်ချထားတဲ့ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး စွဲလမ်းသလို (Obsessed ဖြစ်လာသလို) ထင်မိတယ်။ ဥပမာ မနက် ၅ နာရီခွဲမှ မထဖြစ်တဲ့နေ့တွေဆို အပြစ်ကြီးတစ်ခု လုပ်မိသလို ခံစားလာရတာမျိုး၊ တနေကုန်မှာ တစ်ခုခု လိုအပ်နေသလိုမျိုး။

အဲဒါကို ပြန်ပြင်ရတယ်။ ထစ်ခနဲဆို လက်လျှော့တာမျိုးလည်း မဖြစ်အောင်၊ အရမ်းလည်း စွဲလမ်းမနေအောင်ပေါ့။ နားမဲ့ ရက်ကလေးတွေ သတ်မှတ်ဖြစ်တယ်။ အဲဒီရက်တွေ မနက်စောစော မထဘူး။ လုပ်မယ် သတ်မှတ်ထားတဲ့ ရက်တွေမှာတော့ မဖြစ်ဖြစ်အောင် လုပ်တယ်ပေါ့။

📌 ၄။ အပြစ်ရှိသလို ခံစားနေရတဲ့ Guilt

ဒီကာလမှာ ကျွန်တော်တို့တွေ အနည်းနဲ့အများ ခံစားနေရတဲ့ ခံစားချက်။ ကိုယ့်အသိမိတ်ဆွေတွေက ညဘက်တောင် ကောင်းကောင်းမအိပ်ရ။ အသက်အန္တရာယ်အတွက် ပူပန်နေရတယ်။ အနိဌာရုံမြင်ကွင်းတွေ မြင်နေရတယ်။ အဲဒီအချိန် ကိုယ်က အေးအေးလူလူ နေနေရတယ်။ ဘောလုံးပွဲတွေ ကြည့်ခွင့် ရနေတယ်။ ကောင်းကောင်းစားသောက်လို့ ရနေတယ်။ အဲဒီအခါ စိတ်မလုံသလို ခံစားရတယ်။

ဒါသည် ကောင်းတဲ့ခံစားချက်ပဲ။ ကိုယ့်ရဲ့ လူပီသမှုကို ဖော်ပြနေတာပဲ။

သို့သော် အလွန်အကျွံ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့ရင်ကျ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးတွေပါ ထိခိုက်လာလိမ့်မယ်။ နောက်ကနေ ပံ့ပိုးပေးရမဲ့ ကိုယ့်အလုပ်ကို သေချာလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘူးလို့ မြင်တယ်။

📌 ၅။ ကျေနပ်ရောင့်ရဲမှု

အများကြီး မတွေးနဲ့၊ ဒီနေ့ ကိုယ်ဘာလေးလုပ်နိုင်လိုက်လဲ၊ ကိုယ့်မှာ ဘာတွေ ရှိသေးလဲ၊ အဲဒါတွေကို အသိအမှတ်ပြု၊ အဲဒါတွေကို ကျေးဇူးတင်။ ဒီလိုပြောကြတယ်။

ဒါလည်း မလိုအပ်ဘူးလားဆို လိုအပ်တာပဲ။ ဘဝမှာ အများကြီး ပြည့်စုံနေပါလျက်နဲ့ မကျေနပ်နိုင်သူတွေ၊ ပျော်နိုင်ပါလျက်နဲ့ ပျော်ဖို့ မေ့နေသူတွေ တပုံကြီး။ အဖြူရောင် ပိတ်ကားပေါ်က အမည်းစက် သေးသေးကလေးတွေကိုပဲ မြင်နေသူတွေ အများကြီး။ အဲဒီအခါ Balance ပြန်လုပ်ရတယ်။

ဘဝမှာ ပျော်စရာ၊ ကျေနပ်စရာရယ်လို့ ကြီးကြီးမားမား ရှိမနေရင်လည်း ဒီလိုပဲ သေးသေးကလေးတွေကို ရှာဖွေရတတ်တယ်။

သို့သော် အကျေနပ်လွန်ပြီး Comfort zone ထဲ ရောက်နေသလား ဆိုတာလည်း ပြန်ဆန်းစစ်ဖို့ လိုသေးတယ်။ ကိုယ့်ကိုယ်ကိုယ် တွန်းလို့ရသေးတာတွေ ရှိတတ်တယ်။

📌 ၆။ ကိုယ်ထိန်းချုပ်လို့ ရတာနဲ့ မရတာ

ကျွန်တော့်ကို စိတ်ပင်ပန်းစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုကို ပြောပါဆို ကိုယ်မတတ်နိုင်တာတွေ၊ ထိန်းချုပ်လို့ မရတာတွေကို တွေးပူမိခြင်းပဲ။ သူတို့ ဘယ်လောက်တောင် ခက်ခဲနေမလဲ၊ ငါ ဘာမှလည်း လုပ်မပေးနိုင်ဘူး၊ ဒီလောက်ကလေး လုပ်ပေးလိုက်လို့လည်း ထူးသွားမှာ မဟုတ်ဘူး စသဖြင့် ပူပန်မိတာပေါ့။

တစ်ဖက်မှာလည်း ၁၀၀ ဖိုး လုပ်နိုင်တာကို ၁ ကျပ်ဖိုးလောက်ကလေး လုပ်ပြီး “ငါ တတ်နိုင်တာ ဒါအကုန်ပဲ” ကျေနပ်နေလို့တော့ မရဘူးပေါ့။ နိုင်ရာဝန် ဆိုတာ အပေါ့ဆုံးဝန်ကို ရွေးထမ်းတာ မဟုတ်ဘူးလေ။

တကယ် ဒီလောက်ပဲ လုပ်နိုင်တော့တာ သေချာလား၊ သေချာပြီဆိုမှ အဲဒီနေရာမှာ ရပ်လိုက်ဖို့သင့်တာ။ မသေချာသေးဘူးဆို ထပ်ထပ်ပြီးတော့ တိုးထမ်း။ ထပ်ထပ်ပြီးတော့ တိုးလုပ်။

ပူပန်မိတာတွေ များလာရင် ပြန်လျှော့ချ။ ဒီလိုဟန်ချက်ကို ထိန်းညှိနေဖို့ လိုတယ်။

📌 ၇။ ခေါင်းမာတာနဲ့ လက်တွေ့ကျတာ

အားလုံးက မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ကြားက ဘယ်လိုအောင်မြင်အောင် လုပ်ပြခဲ့တာ ဆိုတဲ့ စကားတွေက လူတွေရဲ့ ရင်ကိုထိတယ်။ သည်းခြေကြိုက်စကား ဖြစ်တယ်။ အဲဒီလို ခေါင်းမာမာနဲ့ ဆက်တိုးလို့ အောင်မြင်ခဲ့တဲ့သူတွေလည်း လောကမှာ အများကြီးရှိတယ်။

တစ်ဖက်မှာ အဲဒီလို ခေါင်းမာမိလို့ ဒုက္ခရောက်ကုန်သူတွေလည်း ရှိနေတာကို သတိချပ်မိဖို့ လိုတယ်။ ဒီလူတွေအကြောင်းကျ စာမျက်နှာတွေပေါ် တက်မလာဘူး။ အင်တာဗျူး ဘယ်သူမှ ခေါ်မမေးဘူး။ အနိုင်ရတဲ့သူတွေကိုပဲ မေးပြီး သူတို့နည်းလမ်း ၁၀၀% အလုပ်ဖြစ်မယ် ထင်နေကြတာ။ တကယ်က မဟုတ်ဘူး။

ဒါကြောင့် ခေါင်းမာသင့်တဲ့နေရာလည်း ခေါင်းမာ၊ ပျော့ပျောင်းသင့်တဲ့ နေရာမှာလည်း ပျော့ပျောင်းနိုင်စွမ်း ရှိဖို့ဟာ သိပ်အရေးကြီးတယ်။

သောမတ်စ် ဂျက်ဖာဆန်ရဲ့ စကားလိုပေါ့။

In matter of style, swim with the current. In matter of principle, stand like a rock.

လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ရင် ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျော။ မူနဲ့ ပတ်သက်လာရင်တော့ ကျောက်စိုင်ကျောက်သားလို ခိုင်မာပါစေတဲ့။

🔳 ခရစ်ယာန်တွေ ဆုတောင်းလေ့ ရှိတဲ့ စကားတစ်ခုလည်း မှတ်သားဖူးတယ်။

The serenity to accept the things I cannot change,
The courage to change the things I can,
The wisdom to know the difference.

ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေကို လက်သင့်ခံနိုင်လောက်သော ငြိမ်သက်မှု၊
ကိုယ်ပြောင်းလဲနိုင်တဲ့ အရာတွေကို ပြောင်းလဲရဲတဲ့ သတ္တိ၊

နောက်ဆုံးတစ်ခုက သိပ်လှတာ။

အဲဒီနှစ်ခုကြားထဲက ခြားနားမှုကို သိနိုင်လောက်သော ဉာဏ်ပညာတဲ့။

အဲဒါမရှိရင် မပြောင်းလဲနိုင်တာတွေကို ပြောင်းလဲဖို့ ကြိုးစားနေမိတတ်ပြီး ပြောင်းလဲနိုင်တာတွေကို လက်ခံမိသွားတတ်ပါတယ်။

ဒါကြောင့် ခြားနားမှုကို သိနိုင်လောက်သော ဉာဏ်ပညာနဲ့၊ ဘဝရဲ့ ဟန်ချက်ကို အမြဲရှာဖွေထိန်းညှိနေဖို့ သိပ်အရေးကြီးပါတယ်။

🔳 ဒီဟန်ချက်ဆိုတာက အိမ်တစ်အိမ်နဲ့ တစ်အိမ်ကြားက ခြံစည်းရိုးလို မြင်သာထင်သာတဲ့ Physical boundary မဟုတ်ဘူး။ စိတ်ထဲမှာပဲ ရှိတဲ့ Imaginary line တစ်ခု ဖြစ်ပါတယ်။ ကိုယ်သာလျှင် မြင်ပြီး ကိုယ်သာလျှင် တားထားနိုင်တဲ့စည်း ဖြစ်တာမို့ အမှန်အမှား ပြောရခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နေဖို့၊ ချိန်ညှိနေဖို့ကသာ အဓိကအကျဆုံးပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၂၆.၁၁.၂၀၂၄

Mobile uploads 20/10/2024

📣 Voting for 𝗖𝗼𝘂𝗻𝘁𝗿𝘆’𝘀 𝗣𝗼𝘄𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗬𝗲𝗮𝗿 (Round 1) has begun! (The winner will earn an automatic spot in the TOP20)

will narrow the contestants down to 16, with votes counted from these TWO channels:

🔹𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: Miss Grand International

1 Heart ❤️ = 10 points
1 Share = 1 point
*𝗢𝗡𝗟𝗬 𝗛𝗘𝗔𝗥𝗧 reactions will be counted, and voters must follow the Miss Grand International page.

🔹𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺: Miss Grand International

1 Like = 10 points
*Votes will be counted only from 𝗙𝗢𝗟𝗟𝗢𝗪𝗘𝗥𝗦 of the Miss Grand International account.

❗️Any actions suggesting vote manipulation are strictly prohibited. Remember, only votes from our followers will be counted.❗️

📌Voting is open NOW until October 20, 2024, at 11:59 PM (Thailand time). Which country will show its power and push its contestant to the next round? Vote now!

19/10/2024

① Reading အတွက် သတိထားရမယ့် tipsလေးတွေက?
統合(とうごう)
https://www.facebook.com/share/v/P7b1MxQbitwiZgG9/?mibextid=WC7FNe

全体読解(ぜんたいどっかい)
Reading အတွက် သိထားရမယ့်tips
https://www.facebook.com/share/v/gSo1jjkbQQXjzqFw/?mibextid=WC7FNe

Reading နောက်ဆုံးအပုဒ်ဖြေပုံဖြေနည်း
https://www.facebook.com/share/v/fVQMZHm7XAcfgdTD/?mibextid=WC7FNe

② grammar စာလုံးဆက်(⭐️တွေနဲ့ဆက်တဲ့အပိုင်းလေး)အတွက် tips
⭐️ဆက်အတွက် ကြည့်သင့်တဲ့ အပိုင်းလေး
https://www.facebook.com/share/v/hxHDnxsd4HJRTeoH/?mibextid=WC7FNe

③ listening အတွက် သိထားသင့်တဲ့tips များ
https://www.facebook.com/share/p/5Nguf7djDNh21NSu/?mibextid=WC7FNe

➃ စာမေးပွဲနီးရင် လုပ်သင့်တဲ့ ဦးစားပေးအဆင့်
https://www.facebook.com/share/p/CASL4bY8ga46tMqb/?mibextid=WC7FNe

Like Page 👉👉👉 18/10/2024

😍

Like Page 👉👉👉

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon