Monica and Phoebe Essentials

Monica and Phoebe Essentials

Share

Authentic Skincare, cosmetics, fashion products and other essentials for girls and ladies

13/07/2026

Klaris BB cream ဘူးကြီး - 56000 kyats

အထုပ်သေး ၁ ထုပ် - 2100 kyats

🖤Imported from Korea
💯% authentic

sunscreen အပြီးပေါ့ပေါ့ပါးပါးတန်းလိမ်းချင်တဲ့သူတွေဆို dear klairs ရဲ့ illuminating supple blemish cream ကအသင့်တော်ဆုံးပဲ။

ကျဲပါတယ်ဆိုတဲ့ foundation ဆိုရင်တောင်ဘုတ်ဘုတ်ဘုတ်လိမ်းဖို့ puff လိုသေးပေမယ့်ဒါကတော့လက်နဲ့တင်ဘတ်ဘတ်ဘတ်လိမ်းလိုက်ရင်ပြီးတာမလို့ daily wear နဲ့ထသွားထလာအတွက်အတော်ကိုအဆင်ပြေတဲ့ကောင်ပါ။ natural beige colour ကိုမှ texture ကျဲကျဲ light coverage မလို့ unisex ကောင်းကောင်းလိမ်းလို့အဆင်ပြေပါတယ်။

foundation တွေလို long lasting ဖြစ်ပြီး full coverage ပေးဖို့မဟုတ်တဲ့ texture ကျဲ pigment နည်းပြီး skincare benefits တွေကိုဦးစားပေးတဲ့ bb cream ဖြစ်တာမလို့ skin ပေါ်မှာသက်တောင့်သက်သာဖြစ်တာနဲ့အညီ foundation တွေထက်တော့ရွေ့လွယ်ကွက်လွယ်လို့လှုပ်ရှားမှုများပြီးအဆီအရမ်းပြန်တတ်တဲ့သူဆိုရင်တော့ powder လေးအုပ်ပေးရင်ပိုငြိမ်ပါတယ်။

bb cream ကိုမှ dear klairs ကဖြစ်လို့ acne-prone တွေနဲ့လဲအတော် friendly ဖြစ်ပါတယ်။ double cleansing ကတော့ထုံးစံအတိုင်း colour cosmetic တွေတင်ပြီဆိုသေသေချာချာပြန်လုပ်ပေးရပါမယ်။ natural beige အရောင်မလို့အသားအရမ်းညိုတဲ့သူတွေနဲ့အရမ်းဖြူဖွေးတဲ့ကလွဲရင် skin tone အများစုလိမ်းနိုင်တဲ့အရောင်မျိုးပါ။

natural radiant satin finish ကိုမှ natural beige colour ဖက်သွားပြီး pigment မများ ၊ oil absorbing ingredient တွေမများလို့တချို့အသားအရေတွေမှာနေ့လယ်ဆိုနည်းနည်းပို oxidized ဖြစ်တာနဲ့ရွေ့သွားကွက်သွားတာကိုခံစားရနိုင်ပါတယ်။ အဲတာကိုကတော့ skin prep, လိမ်းတဲ့ပမာဏ နဲ့ retouch မှာပြန်ညှိလို့လွယ်ပါတယ်။

သူကအထုပ်နဲ့ဗူးလာတာကိုအထုပ်ကဗူးထက်အများကြီးပိုတန်လို့အထုပ်ပဲဝယ်လိမ်းတာကပိုတန်ပါတယ်။ အထဲပါတာအတူတူပဲကိုအထုပ် 3g-2.5k နဲ့ ဗူး 40g-60k ဝန်းကျင်မလို့ ထက်ဝက်လောက်ကွာလို့ dan" ကတော့အထုပ်ပဲဝယ်လိမ်းဖို့အားပေးပါတယ်။ အထုပ်ကိုအပေါက်သေးသေးဖောက်ပြီးလိုသလောက်ညှစ်လိမ်း ၊ ပြီးရင် zipper bag လေးထဲထည့်ပြန်သိမ်းရင်ကွက်တိပါ။

Photos from Monica and Phoebe Essentials's post 13/07/2026

💓Medicube 10 % off promotion ( အရမ်းတန်တဲ့စျေးနဲ့ရမှာမို့ တကယ်သုံးနေကျသူဆို တော်တော်တန်မှာပါ)

🩷Medicube skincare ထဲ instock ရှိတာလေးတွေဘာယူယူ 10 % off နဲ့ ရပါမယ်

🩷ပစ္စည်းအားလုံး 💯% authentic မို့ စိတ်ချလက်ချဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

🩷တချို့ item လေးတွေဆို Medicube sale မှာ ရထားတာမို့ တော်တော်တန်မယ်နော်

🩷တမျိုးစီအကြောင်းနဲ့ စျေးလေးတွေ တစ်ပုံချင်းအောက်မှာရေးပေးထားပါတယ် ( ရေးထားတဲ့ စျေးလေးတွေက 10% မနှုတ်ရသေးပါဘူး)

💯% authentic ဖြစ်ကြောင်းအာမခံပါတယ်
Direct from Korea
Exp - 2028

Photos from Monica and Phoebe Essentials's post 13/07/2026

🩵ဒီနေ့ ပစ္စည်းအဝင်လေးတဖြတ်ပါရှင့်

🩵Toner ကတော့ ခုတလော လူသုံးများပီး ကြိုက်ကြတဲ့ JM solution 500 ml အကိတ်ကြီးရထားပါတယ်

🩵စျေးလေးတွေ တပုံချင်းအောက်မှာရေးပေးထားပါတယ်ရှင့်

💯% authentic only
Exp - 2028, 2029

Photos from Review By Noe's post 13/07/2026

About tone powder pact 02, 03 instock ပါရှင့်

🖤23000 kyats 🖤
Exp - 2028
Imported from Korea
💯% authentic

12/07/2026

🩵Biore UV Aqua rich watery essence 70 g instock ပါရှင့်

🩵Japan made, Japan import
💯% authentic

☘️Price - 36000 kyats☘️

ခုချိန်မှာ Skincare အတွက် sunscreen ကို budget လျှော့မယ်စဉ်းစားရင် Quality control ကောင်းတဲ့ Japanese brand sunscreen လေးတွေက ရွေးဖို့အသင့်တော်ဆုံးပဲ။

Biorè UV Aqua Rich Watery Essence Review

Biore sunscreen တွေက နာမည်ကြီးခဲ့တာကြာပါပြီ။ version အသစ်လေးတွေလည်းပြောင်းထွက်တာ ဒါလေးကတော့ နောက်ဆုံးထွက်ထားတာလေးပေါ့နော်။
Japanese sunscreen အတော်များများဟာ alcohol based ဖြစ်ပါတယ်။ alcohol ကြောင့် လိမ်းရတာသက်တောင့်သက်သာရှိပြီး အလွယ်တကူစိမ့်ဝင်သွားတာရယ်၊ မျက်နှာအေးမြတာရယ်ကိုသိသိသာသာခံစားရမှာပါ။ skincare တွေမှာပါတဲ့ alcohol ဆိုတာအသားအရေကိုထိခိုက်ပျက်စီးစေတဲ့ပမာဏမဟုတ်လို့ ကိုယ်က sensitive ဖြစ်လွန်း၊ skin barrier မကောင်းတာမျိုးမဟုတ်ရင် alcohol ပါတာကို တကူးတကမရှောင်လည်းရပါတယ်။ဒါကဗဟုသုတအနေနဲ့ပြောပြတာ။

Biore ကလည်း alcohol free မဟုတ်လို့ Downside အနေနဲ့ စစချင်းလိမ်းရင်အရက်ပြန်နံ့ရတာတစ်ခုတော့ရှိပါတယ်။ဒီ sunscreen လေးက white cast မကျန်တဲ့ chemical sunscreen စစ်စစ်မို့ လိမ်းပြီးရင်မျက်နှာပြာနှမ်းဖြူစွတ်သွားမှာမကြိုက်တဲ့သူတွေအတွက်အဆင်ပြေတယ်။လိမ်းပြီးကျန်တဲ့ finish က စိုစိုလေးနဲ့မျက်နှာကရေဓာတ်ပြည့်နေသလိုလေးပါ။ပြောင်ဝင်းအဆီပြန်နေတဲ့ finish မထွက်လို့ oily skin တွေလည်း သဘောကျမယ်ထင်ပါတယ်။ chemical sunscreen ထဲမှာ သူကအဆီအရမ်းနင့်နေအောင်မပြန်တဲ့ sunscreen လေးပါ။

texture က နို့နှစ်ရောင်အရည်ကျဲလေးနဲ့ဖြန့်လိမ်းရလွယ်တဲ့အပြင် အသားပေါ်မှာသက်တောင့်သက်သာရှိပြီး ပူထူစေးကပ်မနေတာကလည်း သူ့အားသာချက်လို့ပြောနိုင်ပါတယ်။မေစမ်းကြည့်တာတော့ သူက double cleansing မလုပ်ဘဲ deep cleansing foam တစ်ခုထဲနဲ့ သေချာမျက်နှာသစ်ရင်တောင်ပြောင်ပါတယ်။

All skin types အဆင်ပြေပေမဲ့ dry skin & sensitive skin ကိုတော့ သိပ်မညွှန်းချင်ပါဘူး။ဝက်ခြံပေါက်တုန်းသုံးကြည့်တာတော့ အဆင်ပြေပေမဲ့လေ စိတ်မချရင်တော့ရှောင်ပါ။

70g,110g ဆိုပြီး size နှစ်မျိုးရှိတယ်။မေဝယ်ထားတာနည်းနည်းကြာပြီ။အဲ့တုန်းက 70 g ကို နှစ်သောင်းကျော်လောက်ပဲရှိတယ်။ Win-Win ウィン-ウィン Japan Import Online Store ကနေ ဝယ်တာပါ။

သတိပေးချင်တာကလေ Biore က အတုအရမ်းပေါပါတယ်နော်။ဖြစ်နိုင်ရင် Japan import အစစ်ကိုဝယ်ပါ။ BKK ဘက်မှာလည်း Watsons လိုစိတ်ချရတဲ့နေရာကနေဝယ်ရင် ဘတ်လေးရာလောက်ရှိပါတယ်။ Bkk counter စျေးလည်း မသက်သာပါဘူး။ bkk import ဆိုပြီး အတုတွေကိုတစ်သောင်းကျော်လောက်နဲ့ ရောင်းတာရှိတဲ့အတွက် အတုမိမှာစိုးလို့သေချာပြောပြတာရယ်။🥲

Sunscreen ဆိုတာ daily လိမ်းကိုလိမ်းရတဲ့အပြင် quality ကောင်းတာလေးသုံးမှအကျိုးရှိမှာဆိုတော့ ပေါက်ကရလေးဆယ်စိတ်မချရတာတွေသုံးမယ့်အစား Japanese brand လေးတွေကို ရွေးဖို့အကြံပြုပါတယ်။သိချင်တာရှိ cmt ချန်ခဲ့နော်။🩷

Photos from Monica and Phoebe Essentials's post 12/07/2026

🖤Revlon Touch & Glow Face Powder Sale နဲ့ဝယ်ပေးထားတာလေး instock ရပါမယ်ရှင့်❤️

🖤Bkk Watson counter မှာ sale ချလို့ ဝယ်ပေးထားတာလေးပါ

🖤ဒီတခါ တရောင်ပဲ sale ချတာမို့
Tawny Beige - အဝါဖောက် ပဲရပါမယ်ရှင့် ( အသားညို ၊ အသားလတ်သူ သုံးလို့ရပါတယ်)

☘️Price - 27000 kyats ☘️
💯authentic
☘️Bkk import
Exp - fresh, 2029

🖤ဒီ loose powder လေးက လိမ်းလိုက်ရင် ညက်ညက်လေးနဲ့ blend လုပ်ရလွယ်ပီးအသားအရေကို ကြည်ကြည်ပြောင်ပြောင်လေးဖြစ်စေတယ်

🖤အောက်ခံမိတ်ကပ်ပေါက လိမ်းရင်ပဲဖြစ်ဖြစ် ၊ ဒီတိုင်းလေး suncream ပေါကနေလိမ်းလဲ ရပီး natural look လေးနဲ့ လှနေစေမှာပါ

🖤Oily Skin သမားလေးတွေဆိုလည်း compact powder ထပ် loose powder လေးက အဆီပြန်တာကို ပိုထိန်းနိုင်ပီး အောက်ခံfoundation ပေါကလိမ်းရင်လည်း long lasting ဖြစ်တာမို့ သုံးသင့်ပါတယ်လို့

Photos from Kristal's post 12/07/2026

❤️Revlon lipstick လေးတွေ ပြန်ရောက်ထားပါပီရှင့်

❤️007, 008 လည်း instock ရပါတယ် ၊ တခြားအရောင်တွေလည်းရနော်

Thailand Watson က တိုက်ရိုက်မှာပေးပါတယ်
💯% authentic
Exp - fresh, 2028

Photos from Monica and Phoebe Essentials's post 12/07/2026

🩷ဒီတခါ Collections လေးက Body Lotion နဲ့ Body Serum instock ရတာလေးတွေပါရှင့်

💛Vaseline Gluta Hya Flawless Glow 300 ml - 23000 kyats
❤️Pro age restore 290 ml - 25000 kyats
💙Overnight Radiance Repair 290 ml - 24000 kyats
💜Spotless Glow 290 ml - 25000 kyats
🩷Dewy Radiance 290 ml - 23000 kyats
🩵Smoothing perfector 290 ml - 25000 kyats

🧡Jabs SPF 50 + body lotion - 31000 kyats
🧡VASELINE SPF 50 ++ extra cooling 265 ml - 29000 kyats
💛Mizumi UV Bright Body Serum 180 ml - 32000 kyats
💙Nivea Body intensive care Milk lotion SPF 15 + 525 ml - 29000 kyats

❤️Nivea extra bright SPF 15 + 180 ml - 19000 kyats
💓Johnson’s body lotion 200 ml - 18500 kyats
🤍Bulgarian Yogurt lotion - 22000 kyats

💚Nivea C & AHA 70 ml - 8500 kyats
💚Nivea C & AHA 300 ml - 29000 kyats
💛Nivea extra bright super C + 300 ml - 29000 kyats

💯% authentic only
Imported from Watson Thailand
Exp date - fresh

11/07/2026

3 မျိုးလုံး instock ရပါမယ်ရှင့်

💚Axis Y dark spot correcting glow serum - 43000 kyats
💛COSRX Advanced Snail Mucin Essence - 64000 kyats
🤍Beauty Of Joseon Sunscreen - 49000 kyats

Exp - fresh
💯% authentic only

အရမ်းကြိုက်တဲ့ထဲက ဆရာကြီး 3မျိုး ...💭💖🙌

AXIS-Y Dark Spot Correcting Glow Serum R 😇🌟

ဒီ Serum ကို ကိုယ်တိုင်သုံးကြည့်ပြီး Experience review အနေနဲ့ ပြောရမယ်ဆိုရင် နေ့စဉ် skincare routine ထဲ ထည့်သုံးလို့ အရမ်းအဆင်ပြေတဲ့ serum တစ်ခုပါ။ ဒါပေမဲ့ Dark spot serum တွေကို ဝက်ခြံ ရောင်နေတဲ့အချိန်မျိုးသုံးပေးတာမျိုးတော့အားမပေးဘူး...ဝက်ခြံကတစ်သက်လုံးမထွက်တာမျိုး တော့မရှိပေမဲ့...ကြားထဒဝက်ခြံပျောက်နေတဲ့အချိန်လေးပဲသုံးပေးဖို့အကြံပေးချင်တယ်💭
Niacinamide 5% က မျက်နှာပေါ်ရှိ အမဲစက်၊ ဝက်ခြံပြီးနောက် ကျန်တဲ့ dark spot တွေကို တဖြည်းဖြည်း ဖျော့ပေးပြီး skin tone ကိုညီညာစေတဲ့အတွက် ၂ပတ်လောက် ဆက်တိုက်သုံးလာတဲ့အချိန်မှာ မျက်နှာအရောင် ပိုပြီးသန့်လာတာကို သတိထားမိပါတယ်။ အထူးသဖြင့် ဝက်ခြံဖုတွေ ကျသွားပြီးနောက် ကျန်နေတတ်တဲ့ အမဲစက်တွေမှာ သိသာစေပါတယ်။🌚

COSRX Snail Essence ....🐌🐌🐌
သူ့ကို စစချင်းကြိုက်တာတော့ သူက ဝက်ခြံညှစ်ပြီးတဲ့အခါမျိုး ရောင်ရမ်း နေတဲ့ ဝက်ခြံကြီးတွေဖြစ်နေတဲ့အခါမျိုးဆို Healing လုပ်ပေးနိုင်တာ သတိထားမိပေမဲ့ အချိန်ကြာကြာစွဲသုံးမိတော့...

အဆီဖု တွေပါသက်သာလာတာတွေ့ရတယ်...ဒီနှစ်ချက်နဲ့တင် ဒီတစ်ဘူးက သောင်းအတွက် တော်တော်အဆင်ပြေနေပြီ...သောင်းရဲ့ Skinနဲ့သွား ကိုက် တာလည်း ဖြစ်မှာပေါ့နော်...

အဆီဖုဆိုတာ ဖြစ်ရတဲ့အကြောင်းအရာတွေအများကြီးထဲကမှ တစ်ခုခု နဲ့တိုက်ဆိုင်လာတဲ့အခါ ဖြစ်တတ် တာပေါ့နော်...Double Cleansing မနိုင်ရင်လည်းဖြစ်သလို Exfloate မနိုင်ရင်လည်း ဖြစ်တဲ့အဆီဖု ပေါ့ အဆီဖုထွက်လာပြီဆို ဒီ snail Essence လေးပဲကောက်လိမ်းလိုက်တော့တယ်

ဖြည်းဖြည်းချင်းအဖုလေးက ချပ်ကပ်သွားပြီး ပျောက်သွားတာ...❤

သူက ချွဲကျိကျိတော့ ဖြစ်တော့Skinထဲစိမ့်ဝင်ဖို့တော့ ဝင်ဖို့စောင့်ရ
တယ်...ခဏနေရင်တော့အသား နဲ့တစ်သားထဲ အိအိလေးဖြစ်သွားတာ

Beauty Of Joseon က Suncream 🌼🌼🌼

ကဲကဲ Suncream လိမ်းလိုက်ရင် Whitecast တွေ ဖြူဖတ်ဖတ်တွေဖြစ်နေလို့ အဆီတွေပြန်နေလို့ ဆိုပြီးပဲ အော်မနေကြနဲ့အုံး ကိုယ်နဲ့တည့်တဲ့ Suncream ဆိုတာရှိလို့ ရှာကြည့်ကြပါအုံး...😒Suncream ကိုကြိုက်ရတဲ့အချက်က တစ်ချက်ဆွဲရင်ဆွဲသလို Blend ရလွယ်တယ်...Whitecate က ပါကိုမပါတာ ​ဖြူဖတ်ဖတ် အလိပ်လိပ်တွေ မကြိုက်တဲ့သူတွေအတွက်ကတော့ကွက်တိပဲ...

သူက Chemical Suncream ဖြစ်ပြီး UVA ,UVB ,Blue lightထိပါကာကွယ်ပေးနိုင်တဲ့ Spf 50 PA ++++ ပါပါတယ်

Review အနေနဲ့ကတော့ အကုန်တင်ပေးထားဖူးပါတယ်နော်...

11/07/2026

🩵Torriden dive in Soothing Cream instock ပါရှင့်

☘️100 ml - 66000 kyats☘️
Exp - 2028
💯% authentic

Moisturizer တစ်ခုထပ်ပိုတဲ့ Moisturizer ပါ
လိမ်းရတာ အိဖက်နုညံ့ပြီး ဥဥအက်အက်အပြာနုရောင် cream လေး
တကယ်ကိုလိမ်းလို့ကောင်း သုံးလို့ကောင်းတဲ့ soothing cream တစ်ခုပါ။

Torriden Dive In Soothing Cream

အမှန်တိုင်းပြောရင် HA ကိုကျွန်တော် dry သမားတွေလောက်ပဲပြေမယ်ထင်တာ Torriden နဲ့တွေ့မှ အဲ့အတွေးပျောက်သွားရတော့တာပဲ။အဲ့လောက်ထိကို သူ့ performance ကကောင်းတာ။ Low molecular hyaulornic acid ဖြစ်တဲ့အတွက် တခြား high molecular hyaulornic acid ​တွေထက် ပိုပြီး​တော့ အသားအရည်ထဲကို စိမ့်ဝင်နိုင်တယ်

- ရေဓါတ်ကို ​နက်နက်ရှိုင်းရှိုင်းကို ဖြည့်​ပေးနိုင်တယ်။
-Skin ကို Plump effect ရ​စေတယ်။

ကျွန်တော့်အနေနဲ့တော့ အသားရည်အမျိုးစားအားလုံးနဲ့သင့်တော်တယ်လို့မြင်တယ်။လိမ်းလို့ရတယ်ပေါ့နော်
ဘာလို့ဆို အစက အဆီတွေများပြန်မလား နေရများခက်မလား အဲ့လိုတွေးပူမိသေးတယ်။
ဒါပေမဲ့ soothing cream အမျိုးစားဖြစ်နေတာကြောင့်ထင်ပါရဲ့ ရွတ်ခနဲပဲ
စစခြင်းတော့ HA နဲ့မရင်းနှီးရင် စိုစိုတင်းတင်း finished ကြောင့် မနေတတ် မထိုင်တတ်ဖြစ်ကောင်းဖြစ်မယ်။ကျွန်တော်လည်းဖြစ်တယ်။
ဒါပေမဲ့ မပူနဲ့တစ်ပတ်လောက် သည်းခံသုံးကြည့် လက်ကသူ့ဆီပဲရောက်တာအဟုတ်။

အဆီဖုသမားလည်းသုံးသင့်တယ် ဘာလို့သုံးခိုင်းလည်းဆို လုံးဝချွေးပေါက်မပိတ်ဘူး။လိမ်းရတာ breathable ဖြစ်လို့ပါ။ဒါကြောင့် အဆီဖုသမားတွေတွက် သွယ်ဝှိုက်တဲ့နည်းနဲ့ moisturizer ကြောင့်အဆီဖုထတာ ကင်းစေပါတယ်။
Moisturizer အရွေးမှားရင်လည်း အဆီဖုကပိုဆိုးစေသကိုးး

ကျွန်​တော်တို့အ​နေနဲ့ skin မ care ဖြစ်ဘူးဆိုရင်​တောင် ​ရေများများ ​သောက်​ပေးဖို့ မှာကြတယ်မလား။ အခုဟာက HA skincare ဖြစ်ပြီး​တော့ low molecular hyaulorinic acid form ဖြစ်တဲ့ အတွက် ​hydration ကိုလည်း အပြည့်အဝ ​ပေးနိုင်တယ် ပြီး​​တော့ ဒီ skincare ထဲမှာ ပါဝင်တဲ့ တခြား တခြား​​သော effect ​တွေကိုလည်း အပြည့်အဝစုပ်ယူ​ပေးနိုင်တာ​​ကြောင့်မလို့ ​တော်​တော်​လေးကို safe ဖြစ်ပြီး ​ကောင်းလွန်းတယ်လို့ ကျွန်​တော်က​တော့ ညွှန်းချင်ပါတယ်။

100ml ပါလို့ အသုံးလည်းခံပါတယ် မဆိုးဘူး။သုံးနေတာ ဖ-င်ကပ်ပဲကျန်တော့တယ် ပုံက comment မှာပြထားပေးမယ်နော်😁စျေးက ၆သောင်းကျော်မလား မမှတ်မိတော့ဘူး အဲ့လောက်ဝန်းကျင်ပဲရယ်။

Rating 10/10ပါ။

Bhoney Blog

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon