Lwin Lwin Online Shopping

Lwin Lwin Online Shopping

Share

New Skiin, S&K ဆံပင်သန်ဆီ၊ သဘာဝရတနာ ဓနိဖူးခြ?

19/02/2024

သဘာဝ ရတနာ ဓနိဖူးခြောက်
Buy 2 get 1
2025 expired date
တစ်ထုပ် 6000
12000 ပေးရုံဖြင့် 3 ထုပ်ရမှာဆိုတော့
တစ်ထုပ်ကို 4000 ပဲ ကျသင့်တော့မှာပါရှင့်။
မှာယူလိုပါက 09252228461 သို့မဟုတ်
chat box မှ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

29/12/2022

Hello 🔔🔔🔔

Post တွေ မတင်ဖြစ်တဲ့အတွက် မင်မင် ရဲ့ ဓနိဖူးခြောက် customer တွေကို မီရာကားနဲ့ အမီ အမြန်လေး သတင်းပေးချင်တာ က

💥💥ဒီလကုန်အထိပဲ သဘာဝရတနာ ဓနိဖူးခြောက်က 5000 နဲ့ ရမှာ မလို့ ကုန်ခါနီး ပီ ဆိုရင် အမြန် လေး ဝယ်ဥ ထားတော့နော် 💥💥💥💥

2023 January ကနေ စပီး 6000 ဖြစ်တော့မယ်နော် အမျိုးတို့ရေ 📢📢📢

☎️ 09252228461ကို ဖြစ်စေ၊ cb ကနေ ဖြစ်စေ ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့်

26/12/2022

အဆီပြန် ဝက်ခြံရှိသူများအတွက် မရှိမဖြစ် Exfoliation Toner

အဆီပြန် ဝက်ခြံကြောင့် စိတ်ညစ်နေတဲ့ သူလေးတွေ Exfoliation Toner ကို ရွေးချယ်သုံးပေးဖို့ လိုအပ်ပါတယ်။

New Skiin ရဲ့ Exfoliation Toner ဟာဆိုရင် မျက်နှာပြင်မှ ဆဲလ်သေများ အညစ်အကြေးများကို ချေးချွတ်သန့်စင်ပေးတာကြောင့် အသားအရေ သန့်စင်ချောမွတ်လာစေပါတယ်။

Alcohol free ဖြစ်ပြီး Brightening နဲ့ Antiwrinkle effect ပါတာကြောင့် အရေးအကြောင်းကင်းပြီး မျက်နှာလေး ဖြူစင်ကြည်လင်စေပါတယ်။

ညဘက် မျက်နှာသစ်ပြီး Cotton pad ဖြင့် သင့်တော်သော ပမာဏ ထည့်ပြီး မျက်နှာနှင့် လည်ပင်းအနှံ့ အသုံးပြုပေးနိုင်ပါတယ်။

❌အရေပြားပေါ် အားပြင်းစွာဖြင့် ပွတ်ဆွဲခြင်းကို ရှောင်ကြဉ်ပါ။❌

New Skiin Brightening Exfoliation Toner (150 ml) တစ်ဘူး - ၂၀,၀၀၀ ကျပ်

05/10/2022

မင်္ဂလာရက်နီးလို့ စိတ်ဖိစီးနေတဲ့ သတို့သမီးလေးအတွက်

မင်္ဂလာရက်နီးလို့ စီစဥ်စရာတွေများပြီး စိတ်တွေ ဖိစီးနေလို့ ဝက်ခြံတွေထွက်ပြီး စိတ်ညစ်နေလား?
ကိုယ့်ရဲ့ နေ့ထူးနေ့မြတ်လေးမှာ အသားအရေလေး ကြည်လင်နေမှ မိတ်ကပ်လိမ်းရာမှာလဲ အပြစ်အနာအဆာမရှိ လှပနေစေမှာပါ။

ဒီလို စိတ်ပူပန်မှုကနေ ကင်းဝေးနေဖို့ဆို ညတိုင်း New Skiin Brightening Exfoliation Toner လေး ပုံမှန်သုံးပေးနော်

New Skiin Toner က အရေပြားပေါ်ရှိ ဆဲလ်သေများ၊ အညစ်အကြေးများကို ဖယ်ရှား သန့်စင်ပေးပြီး အသားအရေကို သန့်စင်ချောမွတ်လာစေပါတယ်။ အသားအရေ အစိုဓါတ်ကို ဖြည့်တင်းပေးကာ တင်းရင်းပြီး အရေးအကြောင်းကင်စင်တဲ့ အရေပြားကို ရရှိစေပါတယ်။ အသားအရေကို ပိုမို ကျန်းမာလာစေပြီး ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတာကြောင့် အရေပြား တင်းရင်းနုပျိုစေပါတယ်။

New Skiin Brightening Exfoliation Toner (150 ml) တစ်ဘူး - ၂၀,၀၀၀ ကျပ်

14/09/2022

🌙 ညတိုင်းအတွက် သုံးမျိုး အစွမ်း အံ့မခန်း

☺️ ချေးချွတ်မယ်
💧 ရေဓာတ်ဖြည့်ပြီး
🐌 အာဟာရဓာတ်ဖြည့်မယ်
အသားအရေအတွက် လိုအပ်ချက်အားလုံးကို ကာကွယ်ဖြည့်ဆည်းပေးမယ့် ပစ္စည်းလေး (၃) မျိုးက

☺️ New Skiin Brightening Exfoliation Toner
💧 New Skiin Aqua Luminous Sleeping Cream
🐌Snail Wish Whitening Cream

ညတိုင်း New Skiin Toner ကို Cotton Pad နဲ့ မျက်နှာ လည်ပင်းအနှံ့ကို ချေးချွတ်ပေးပါ။ ပြီးရင် New Skiin Sleeping Cream နဲ့ ရေဓာတ်ဖြည့်ပြီး Snail Wish နဲ့ အာဟာရဓါတ်ကို ပြည့်ဝစွာ ဖြည့်တင်းလိုက်မယ်ဆိုရင် အရေးအကြောင်းကင်း ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေကို ပိုင်ဆိုင်စေပြီး အသားအရေ ချက်ချင်းဖြူဝင်းစေကာ တင်းရင်းနုပျို ကျန်းမာစေပြီပေါ့

New Skiin Brightening Exfoliation Toner (150 ml) တစ်ဘူး - ၂၀,၀၀၀ ကျပ်
Aqua Luminous Sleeping Cream (100 g) တစ်ဘူး - ၂၄,၀၀၀ ကျပ်
Snail Whitening Cream (50 g) တစ်ဘူး - ၃၅,၀၀၀ ကျပ်

06/09/2022

မျက်နှာ အသားအရေ ထိန်းသိမ်းနည်း

ဒီနေ့ခေတ်မှာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း(skin care)တွေ အစုံအလင် ထွက်ပေါ်လာပါတယ်။ Skin Care ကုမ္ပဏီတွေ အပြိုင်အဆိုင် ပေါ်လာသလို ပစ္စည်း အခေါ်အဝေါ်တွေကလည်း မနည်းလှပါ။ serum , essence , ampoule , facial foam , body scrub , lotion , toner , moisturizer , sun screen , make up, foundation စသည်ဖြင့် နာမည် မျိုးစုံနဲ့ ထွက်လာတယ်။ဒီလို ခေတ်နဲ့အပြိုင် ထွက်လာတဲ့ အလှအပပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ဖက်က သေချာနားလည်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ထွက်လာတဲ့ skin care ပစ္စည်းတန်ဖ်ိုးတွေက မသေးလို့ဖြစ်ပါတယ်။

skin care ဥပဒေသအရ စျေးအကြီးဆုံးပစ္စည်းတိုင်း ကိုယ်နဲ့ကိုက်ညီချင်မှ ကိုက်ညီမယ်၊ တချို့ ပိုဆိုးလာတာမျိုးတောင် ရှိတယ်။ ကောင်းကောင်း အသုံးမပြုတတ်ရင် အာနိသင်လည်း နည်းသွားတတ်သေးတယ်။ ကိုယ်က ဘယ်ပစ္စည်းနဲ့ ကိုက်ညီသလဲ၊ ဘာအတွက် သုံးချင်တာလဲ၊ ဘယ်ပစ္စည်းက ကိုယ့်အတွက် အသုံးဝင်နိုင်မလဲ ဆိုတာ သေချာနားလည်ဖို့လိုပါတယ်။ ကိုယ့်အရေပြားကိုယ်သေချာ နားမလည်၊ သူများကောင်းတယ် ဆိုတိုင်း လိုက်သုံးနေတာလည်း သိပ်မှားတယ်။ အဲလိုမဖြစ်အောင် skin care တွေအကြောင်း အသေးစိတ်နားလည်နေဖို့ လိုပါတယ်။

ဒီနေ့ skin care တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို အရင်ဆုံး ဖော်ပြပါမယ်။ နောက်ရက်တွေကျမှသာ skin care တခုချင်းစီရဲ့ နာမည်၊ အသုံးဝင်ပုံ၊ အာနိသင်နဲ့ အရေပြားအလိုက် ရွေးချယ်အသုံးပြုပုံတွေက်ု အသေးစိတ် ဆက်လက်ဖော်ပြပေးသွားပါ့မယ်။ နေ့စဉ် နည်းနည်းစီ တင်ပေးမယ့် အဆိုပါ ဆောင်းပါးတွေကို နားလည်သဘောပေါက်လာတာနဲ့အမျှ သိပ်မကြာခင် အလှအပရေးရာ ပစ္စည်းတွေကို ကောင်းကောင်း ရွေးချယ်အသုံးပြုတတ်သွားပါလိမ့်မယ်။

မျက်နှာလိမ်းဆေး သုံးစွဲပုံ အဆင့်ဆင့်
(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သိုု့) gels တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။ (အများစုက နို့နှစ်ရည်ဖြစ်တယ်)
(၅) ပြီးရင် နေလောင်ကာလိမ်းဆေး sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

(skin care တွေကို အထက်ပါအတိုင်း အစီစဉ်တကျ သုံးပါ။ ယေဘုယျအားဖြင့် အရည်ကြည်တွေကို အရင်သုံးပြီး အရည်ပျစ်တာတွေကို နောက်ဆုံးမှ လိမ်းရမယ်လို့ မှတ်ထားသင့်တယ်)

ညပိုင်းအသုံးပြုနည်း
ညဖက် အရေပြားလိမ်းဆေး သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။ ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ။ အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။ အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။ အကယ်၍ ညပိုင်း bleaching creams(အရောင်ချွတ်ခရင်မ်) တခုခုလိမ်းချင်ရင် မအိပ်ခင် တနာရီလိုမှာ ကြိုလိမ်းထားဖို့ လိုပါတယ်။ ဒါမှသာ မျက်လုံးထဲ မရောက်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်။

သတိပြုစရာ အချက်များ
(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။ (ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။

လိမ်းဆေး ရွေးချယ်နည်း
• skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ cream type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။
• ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်။ cream typeပုံစံသုံးနိုင်တယ်။
• အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။ moisturizerက ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတခုအဖြစ်ကြားခံပေးလိမ့်မယ်။ ဒါမှသာ အစိုဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

03/09/2022

မနက်တကြိမ်၊ ညတကြိမ် မျက်နှာသစ်တိုင်း သတိရပါ🍀

မျက်နှာလေး နုပျိုတင်းရင်းဖို့ 🧬 Collagen

🧬 နွမ်းလျတဲ့ အသားအရေကို တင်းရင်းလာစေတယ်။
🧬 Collagen ကြွယ်ဝစွာ ပါရှိလို့ အိုမင်းရင့်ရော်ခြင်းကို အကောင်းဆုံး ဆန့်ကျင်ပေးပြီး နုပျိုတင်းရင်းမှုကို ပေးစွမ်းတယ်။

အသားအရေခြောက်သွေ့သူ၊ အသားအရေ တင်းရင်းလိုသူ၊ အသားအရေ အစိုဓါတ် ထိန်းသိမ်းလိုသူများအတွက် အသင့်တော်ဆုံး မျက်နှာသစ် 🧬 New Skiin Foam Cleanser Collagen

မြန်မာနိုင်ငံ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးဖြစ်လို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

New Skiin Foam Cleanser (150g) တစ်ဗူး - ၁၁,၀၀၀ ကျပ်

30/08/2022

Skin Care မသုံးခင် ဘာသိရမလဲ

skin care မသုံးခင် ဘာသိရမလဲ

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။ ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသားအရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။

skin care
(1) makeup remover
(2) facial foam
(3) toner
(4) serum (essence, ampoule)
(5) eye cream
(6) moisturizer (day cream, night cream, lotion, emulsion, oil)
(7) sunscreen

cosmetic
(1) primer
(2) makeup foundation
(3) concealer
(4) powder
(5) bronzer
(6) blush
(7) eye shadow, eye liner
(8) mascara

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

22/06/2022

☀️နေပူပူ 🌧 မိုးရွာရွာ New Skiin လိမ်းဖို့ မမေ့နဲ့နော်

ဟိတ် မိုးတွေရွာနေတယ် မိုးအုံ့နေတယ်ဆိုပြီး Sunscreen မလိမ်းပဲနေတာလား?

နေက လုံးဝ(လုံးဝ) ထွက်ပေါ်မလာတာမျိုး မဟုတ်ပဲ နေရောင်ခြည်က တိမ်တွေကို ထိုးဖောက်ပြီး အရေပြားပေါ်ကို UVA ရော UVB ပါ ကျ ရောက်နိုင်တာကြောင့် နေပူပူ မိုးရွာရွာ မိုးအုံ့အုံ မနက်ပိုင်းဆို Sunscreen ကို မဖြစ်မနေ လိမ်းသင့်ပါတယ်။

New Skiin ရဲ့ Mineral Sunscreen က SPF 47 PA+++ ပါဝင်ပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးခြင်း၊ အသားအရေကို ဖြူဝင်းစေခြင်း၊ အရေအကြောင်းတို့ကိုလဲ ပျောက်ကင်းစေပါတယ်။

Physical Sunscreen ဖြစ်တာကြောင့် အရေပြားပေါ် ရှိနေချိန်တိုင်း အကာအကွယ်ပေးနေမှာဖြစ်ပါတယ်။

New Skiin Mineral Sunscreen SPF 47 PA+++ (50 g) တစ်ဘူး - ၁၈,၀၀၀ ကျပ်

21/06/2022

ရာသီအကူးအပြောင်းမှာ New Skiin နဲ့ သေချာသန့်စင်ပါ

ရာသီတွေ ဘယ်လိုပဲ ကူးပြောင်း အသားအရေတိုင်းအတွက် အမြဲအသင့်ရှိနေတဲ့ New Skiin Foam Cleanser

💛 ပုံမှန် အသားအရေအတွက် အဝါရောင် Vitamin C
တင်းတိပ်မှဲ့ခြောက် ပျောက်ချင်သူ အသားအရောင် ညီညာလိုသူများ အသားအရေဖြူစင်ဝင်းပလာစေပါတယ်။

💙 ခြောက်သွေ့ အသားအရေအတွက် အပြာရောင် Collagen
အသားအရေတင်းရင်းလိုသူများ အသားအရေ အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။

💜 အဆီပြန် အသားအရေအတွက် ခရမ်းရောင် Salicylic
ဝက်ခြံ၊ ဆားဝက်ခြံ နှင့် အဆီဖုများ သက်သာပျောက်ကင်းစေပါတယ်။

New Skiin Foam Cleanser (150g) တစ်ဗူး - ၁၀,၀၀၀ ကျပ်

17/06/2022

Skin Care နဲ့ ပတ်သက်ပြီး နာကျင်မှုတွေများနေလား❓

ဘယ်လို Skin Care တွေပဲ လိမ်းလိမ်း အသားအရေက မထိရောက်လို့ စိတ်ညစ်နေပြီဆိုရင် New Skiin Brightening Exfoliation Toner ကို သုံးပေးဖို့ လိုနေပြီနော်

အရေပြားဆဲလ်အသေများ ဖုံးအုပ်နေတဲ့ ကြမ်းတမ်းတဲ့ အရေပြားက Skin Care များကို စုပ်ယူနိုင်မှု အားနည်းပါတယ်။ ဒါကြောင့် New Skiin Toner ကို အသုံးပြုပြီး အရေပြားကို ပုံမှန်ချေးချွတ်ပေးမယ်ဆိုရင် အသားအရေကြမ်းတမ်းခြောက်သွေ့မှုကို ရှောင်ရှားနိုင်ပြီး အသုံးပြုတဲ့ Skin Care များရဲ့ စိမ့်ဝင်မှုအားကောင်းမွန်စေတာကြောင့် Skin Care များရဲ့ အကျိုးကျေးဇူးကိုလည်း အပြည့်အဝရရှိစေပါတယ်။

Skin Care နဲ့ ပတ်သက်ပြီး နာကျင်မှုတွေ ကင်းဝေးဖို့ဆို New Skiin Toner ရှိမှ ဖြစ်မှာနော်

New Skiin Brightening Exfoliation Toner (150 ml) တစ်ဘူး - ၁၉,၀၀၀ ကျပ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00