Wai Phyo Aung
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Phyo Aung, Health/Beauty, 1559/ခ အောင်သိဒ္ဓိလမ်း 20ရပ်ကွက်, Yangon.
18/04/2023
🔹 လူတချို့ရဲ့ ဘဝဟာ
အမြဲတမ်း အေးချမ်းသာယာ
ပြီးပြည့်စုံ မနေသလို...
🔹 လူတချို့ရဲ့ ဘဝဟာလည်း
အမြဲတစေ ပူလောင်မနေပါဘူး။
🔹 ဒါကြောင့်မို့...
🔹 အေးချမ်းနေတဲ့ အချိန်လေးမှာ
စိတ်ချမ်းသာအောင် နေပြီး
မမော်ကြွား မိဖို့နဲ့...
🔹 ပူလောင်နေတဲ့ အချိန်မှာ
စိတ်ဆင်းရဲပြီး ဘဝကို
အရှုံးမပေးဖို့ လိုပါတယ်။
🔹 ပြောင်းလဲနေတဲ့ အချိန်တွေကြားမှာ
ကံကြမ္မာကို ကြိုမမြင်နိုင်ဘူးလေ။
🔹 ဒီနေ့ စိတ်ဆင်းရဲနေရပေမယ့်
မနက်ဖြန် စိတ်ချမ်းသာနိုင်ပါတယ်။
🔹 မနက်ဖြန်အတွက်ကို တွေးပြီး
ဒီနေ့ ပူပန်နေရပေမယ့်..
🔹 ဒီနေ့လေးကြောင့် မနက်ဖြန်ဟာ
လှပလာနိုင်ပါတယ်။
🔹 ဘယ်လိုကံတရားနဲ့ပဲ ကြုံရကြုံရ
ကိုယ့်ရဲ့စိတ်သာ အဓိကပါပဲ။
🔹 ဒါကြောင့်မို့...
ဘယ်လောက်ပဲ လောကဓံကြီးက
ပူလိုက်၊ အေးလိုက်ဖြစ်နေပါစေ
ကိုယ်ကနေတတ်ဖို့တော့ လိုပါတယ်။
မူရင်းရေးသူကို Credit ပေးပါတယ်။
#မေတ္တာများစွာဖြင့်
17/04/2023
14/04/2023
“ရင့်ကျက်လာတဲ့အခါ”
ရင့်ကျက်လာတဲ့အခါ
အရင်လို မငိုတော့ဘူး
ဘယ်လောက်ပဲ နာကျင်ပါစေ
အပြုံးတွေနဲ့
နာကျင်မှုကို သိုဝှက်တတ်လာတယ်
ရင့်ကျက်လာတဲ့အခါ
အရင်လို မမှီခိုတော့ဘူး
တစ်ယောက်တည်းဆိုလည်း
ဘာကိုမှမကြောက်ပဲ
ရဲရဲဝံ့ဝံ့ ရင်ဆိုင်တတ်လာတယ်
ရင့်ကျက်လာတဲ့အခါ
ဒါဏ်ရာတွေကို ကုစားဖို့ထက်
ဒါဏ်ရာတွေနဲ့
နေသားကျအောင်
နေထိုင်တတ်လာတယ်
ရင့်ကျက်လာတဲ့အခါ
ပျော်စရာတွေကို
မဖွေရှာတော့ဘူး
လောကဓံကြီးနဲ့တူတူ
ပျော်အောင်ပဲနေတတ်လာတယ်
ဟုတ်ပါတယ်
ကျွန်တော်တို့တွေ
ရင့်ကျက်လာကြပါပြီ
#ကဗျာလေးတွေ
14/04/2023
မင်းက ဘယ်လောက်ထိ
စိတ်ထားကောင်းပြီး
စိတ်ဓာတ်မွန်မြတ်နေပါစေ....
မင်းကဘယ်လောက်ထိ
သနားညှာတာတတ်ပြီး
ကိုယ်ချင်းစာစိတ်ပြည့်ဝနေပါစေ....
မင်းကတစ်ယုတစ်ယနဲ့
ကူညီပေးခဲ ပြုစုပျိုးထောင်ပေးခဲ့
သွန်သင်ဆုံးမပေးခဲ့ပေမယ့်လည်း
တစ်ဖက်က မင်းရဲ့ကျေးဇူးကို
မသိတတ်ရင်တော့ အလကားပါပဲ....။
( Credit ) စာပေချစ်သူများ
Click here to claim your Sponsored Listing.
Category
Website
Address
1559/ခ အောင်သိဒ္ဓိလမ်း 20ရပ်ကွက်
Yangon
2119