The Queen Of Burma- QOB

The Queen Of Burma- QOB

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Queen Of Burma- QOB, Beauty, cosmetic & personal care, Sanchaung Road, Myanmar, Burma (Myanmar), Yangon.

Photos from The Queen Of Burma- QOB's post 12/09/2021

လိုအပ်မှဝယ်စေချင်ပါတယ်ရှင်..natural tealeaf oil အနှစ်လေး၁ဘူးရှိရုံနဲ့ ဆံပင်ပေါင်းဆေးလုပ်ကြရအောင်နော်...
Queen of Burma လေး မဖန်တီးခင်က တကယ်ကို အကျိုးရှိအာနိသင်ကောင်းတာလေးတွေကိုပဲ ပေးပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့စခဲ့တာပါ..အများကလက်ဖက်ဆီကောင်းတယ်ဆိုပြီးတိုင်းလည်း မင်မင် ချက်ချင်းမရောင်းခဲ့ပါဘူး..
🌿ပင်းတယထွက်ကုန်လေးကို မင်မင်ကိုယ်တိုင်ရော အိမ်က ကလေးရော အမေ့ကိုရော ၁ လတိတိ စမ်းသုံးကြည့်ပေးပြီး စိတ်ကြိုက်ပြီဆိုမှ ရောင်းတာမို့ ဈေးကွက်ထဲ Quee of Burma လေး ရောက်တာနောက်ကျခဲ့ပါတယ်..
🌿ဘယ်သူတွေသုံးသင့်လဲ..ဆိုရင်
🌸အကြောင်းအမျိုးမျိုးကြောင့်ဆံသားပျက်စီးနေတဲ့သူများ..
🌸စားဆေးသောက်ဆေးရောဂါကြောင့်မဟုတ်ပဲ ပုံမှန်ထက်ဆံပင်အကျွတ်များသောသူများ..
🌸ဦးရေပြားအဆီပြန်သောသူ/ဦးရေပြားပူပြီးဆံပင်အရှည်နှေးသောသူများ
🌸ဆံပင်သားခြောက်သွေ့သောသူများ
🌸ဆံပင်ဖြူထွက်နေသောသူများလည်းပုံမှန်သုံးပေးခြင်းဖြင့် အဖြူလျော့နည်းပြီး နောက်ထွက်ဆံပင်များ သိသာစွာ မဲနက်လာစေပါတယ်..
🌸ဆံသားပါးရျ် ထူချင်သူများ..အဖျားနှစ်ခွဖြစ်သူများ
🌸မျက်ခုံးထူထူလေးဖြစ်ချင်သူများ မျက်ခုံးတွင် သုတ်လိမ်းပေးနိုင်ပါတယ်..
🌸နှုတ်ခမ်းသားညိုမဲခြင်းအား လက်ဖက်ဆီအနှစ် တစက် သံလွင်ဆီတစက် ရောစပ်ပြီး နှုတ်ခမ်းသားပေါ်သုတ်လိမ်းပေးနိုင်ပါတယ်..ပန်းရောင်သန်းသောနှုတ်ခမ်းလေးရမှာနော်..(၁ပတ်တခါသာသုံးပေးနိုင်ပါတယ်)
🌿ဘယ်လိုသုံးရမလဲ...
လက်ဖက်ဆီဟာ အနှစ်ဖြစ်ပါတယ် လုံးဝကို natural essences ဖြစ်တဲ့အတွက် သူ့ချည်းလိမ်းရင် ဆံပင်မှာ လိမ်းရခက်ခဲလို့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ ဖြင့်ရောစပ်လိမ်းပေးရပါမယ်..
🌿လက်ဖက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလျှင် အုန်းဆီ (သို့) သံလွင်ဆီ ထမင်းစားဇွန်းကြီး ၂ ဇွန်းဖြင့်ရောစပ်နိုင်ပါတယ်..
🌿homemade ဆံပင်ပေါင်းဆေးအဖြစ်သုံးပေးနိုင်ပြီး သုတ်လိမ်းပြီး ၁ နာရီအကြာတွင်ခေါင်းလျှော်နိုင်ပါပြီ..
🌿ဦးရေပြားနဲ့ဆံပင်အရင်းကို အဓိကထား သုတ်လိမ်းနှပ်နယ်ပေးပါ..
🌿အသုံးပြုပြီးတဲ့အခါ ဆံသားစိုပြေနူးညံ့ခြင်းနဲ့ ဦးရေပြားအေးမြခြင်းကို ခံစားရမှာပါ..

ပင်ရင်း- ပင်းတယမြို့ /ပင်းတယဈေး
ဖြန့်ချီရာ- အမှတ် ၂၀၁, ဗဟိုလမ်း, စမ်းချောင်းမြို့နာ်,ရန်ကုန်မြို့
🌿လက်ဖက်ဆီအနှစ်သီးသန့်
100ml -၁ ဘူး ၂၀၀၀/-ကျပ်
🐝သဘာဝပျားရည်စစ် - ဘူးကြီး ၆၅၀၀/-
🐝သဘာဝပျားရည်စစ် -ဘူးသေး ၄၅၀၀/-
အရောနှောကင်းမုန်ညင်းဆီစစ်စစ် - ၃၅၀၀/-

မှာယူရန် 09 79 220 3636 or cb

The Queen Of Burma Nature Handmade Products.

08/09/2021

ဦးရေပြားမခြောက်သွေ့အောင် အလွယ်တကူလုပ်နိုင်မယ့် အိမ်တွင်းကုထုံး (၁၀) မျိုး 🙆‍♀️

ဦးရေပြားခြောက်ပြီး ယားယားနေလို့စိတ်တ်ညစ်နေပါလား?
တစ်နေ့ထက်တစ်နေ့ ပိုပိုခြောက်လာလေ ပိုယားလာလေ ဖြစ်တဲ့ဒဏ်ကို ကိုယ်တွေလည်းသိတယ်လေ. သဘာဝအတိုင်းအိမ်သုံးဆေးဝါးများနဲ့ ပျောက်သွားအောင် တူတူကြိုးစားကြည့်မယ်လေ. ဦးရေပြားခြောက်ခြင်းဟာ တစ်အိအိနဲ့ စိတ်တိုစရာကောင်းလေလေပါပဲ ဒါပေမယ့် ဒီစိတ်ညစ်စရာကြီးကို တစ်သက်လုံးခံစားနေဖို့မလိုဘူးလေနော့ အဲ့တော့ ပထုတ်ဖို့တွက်နည်းလမ်းကောင်းတွေအများကြီးပြောပြပေးမယ် နည်းလမ်းလေးတွေမသိခင် အရင်ဆုံး ဘာလို့ဖြစ်လဲဆိုတာသိဖို့လည်း အရေးကြီးတာပေါ့

ဘယ်ဟာကဦးရေပြားခြောက်ခြင်းကိုဖြစ်စေလဲ???
ဦးရေပြားပေါ်ကပိတ်နေတဲ့ အဆီဖု(glands)လေးတွေကြောင့်ပါသူတို့က လုံလောက်တဲ့ သဘာဝအဆီကိုမထုတ်ပေးနိုင်တော့ဘူးလေ အဲ့လိုဖြစ်ရခြင်းအကြောင်းလေးတွေကဆိုရင်....
၁) ဓာတုဆေးတွေပါတဲ့ ခေါင်းလျှော်ရည်အပြင်းတွေကို ကြာရှည်စွာသုံးစွဲခြင်း
၂) မှိုစွဲခြင်း
၃) ရေပူ အလွန်သုံးခြင်း
၄) မမှန်ကန်သောစားသောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်အာဟာရမပြည့်ဝခြင်း
၅) ဆိုးရွားတဲ့ရာသီဥတုနှင့်ရင်ဆိုင်ကြုံတွေ့ရခြင်း
၆) ဆံပင်ပုံသွင်းပစ္စည်းများကို အလွန်အကျွန်သုံးစွဲခြင်း
၇) ဆံပင်ကျန်းမာရေးကိုအရေးမထားခြင်း
ကဲအဲ့တော့ စပြီးဒီချက်တွေမရှိအောင်အရင်လုပ်လိုက်ပါ။ အားလုံးရှောင်ပြီးပြီဆိုရင်တော့ အောက်မှာဆက်ပြောပြမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်လို့ရပြီပေါ့

သဘာဝဆေးနည်းလမ်းများဖြင့် ဦးရေပြားခြောက်သွေ့ခြင်း အရှင်းပျောက်အောင်ကုသနည်းလေးတွေကတော့

၁) လက်ဖက်ဆေးခေါင်းလျှော်ရည်. အသုံးပြုပုံက လက်ဖက်စိမ်း အနည်းငယ်ကို ပုံမှန်သုံးနေကျခေါင်းလျှော်ရည်ထဲထည့်ပြီး ဘူးကို ခါပါ. အဲ့ရှန်ပူနှင့် ပုံမှန်ခေါင်းလျှော်ပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်ကို နှစ်ခါလျှော်ပေးသင့်ပါသည်။ ဘာကြောင့်လဲဆိုတော့ မှိုစွဲခြင်းကြောင့် ဦးရေပြားခြောက်တာဆို ဒီနည်းလမ်းကအသင့်တော်ဆုံးပါ။ လက်ဖက်ဆေးက မှိုမကြိုက်တဲ့အရာမို့ပါ။ ဒါ့ပြင် ဦးရေပြားပေါ်က အပေါက်လေးတွေပွင့်စေပြီးသဘာဝအဆီကိုထုတ်ပေးပါသေးတယ်။

၂) ပန်းသီးအရက်ရှာလကာ. အသုံးပြုပုံက ကော်တွန်ပတ်ပေါ်မှာ ပန်းသီးအရက်ရှာလကာကိုအနည်းငယ်စွတ်လိုက်ပါ ဦးရေပြားပေါ်ကို နှစ်မိနစ်သုံးမိနစ်လောက်အဲ့ပတ်လေးနဲ့နှိပ်နယ်ပေးပါ ဆယ်မိနစ်လောက်ထားထားပြီးမှခေါင်းလျှော်ချလိုက်ပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုမလုပ်သင့်ပါ။ အသုံးဝင်ပုံကတော့ အန္တရာယ်ရှိသောပိုးမွှားတွေကိုသေစေပြီး အရေပြားရဲ့ pHကိုလည်းထိန်းညှိပေးပါတယ်.အဆီဖုလေးတွေကိုလည်း အသစ်ပုံမှန်လည်ပတ်စေခြင်းဖြင့်လည်းဦးရေပြားခြောက်သွေ့ခြင်းကိုသက်သာစေပါတယ်။ sensitiveဖြစ်တဲ့တဲ့ဦးရေးပြားဆိုရင်တော့ ရေနဲ့ ပန်းသီးအရက်ရှာလကာကို အဆတူရောပြီးမှသုံးပါ ပျားရည်နဲ့လည်းရောပြီးသုံးနိုင်ပါတယ်။

၃) ဆီ. အသုံးပြုပုံလေးက အုန်းဆီ,သံလွင်ဆီ,ကလေးသုံးဆီ, ကြက်ဆူဆီတစ်မျိုးမျိုးကို ဇလုံတစ်ခုထဲထည့်ပြီး နည်းနည်းနွေးအောင်လုပ်ပါ။ ရနံ့ဆီတစ်ခုခုကိုပေါင်းထည့်ပြီး သေချာရောပါ။ ပြီးရင်တော့ ဦးရေပြားပေါ်မှာလူးပြီး ၅-၇မိနစ်လောက်နှိပ်နယ်ပေးပါ.တစ်နာရီလောက်အဲ့တိုင်းထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်နှစ်ခါဆက်တက်လုပ်ပါ။ အသုံးဝင်ပုံက ဘာကြောင့်လဲဆိုတော့ သုံးနိုင်တဲ့ဆီတော်တော်များများကအိမ်မှာလည်းရှိတာကြောင့်အဆင်ပြေပါတယ်။ ခြောက်နေတဲ့ဦးရေပြားအလွှာတွေကိုအချပ်လိုက်လည်းကွာကျစေပြီးရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ် အစိုဓာတ်ဖြည့်ပေးရုံသာမက ဦးရေပြားရဲ့အစိုဓာတ်ကိုပါထိန်းသိမ်းပေးပါတယ်. ဦးရေပြားက အဆီလုံလုံလောက်လောက်မထုတ်ပေးခဲ့ရင်တောင် အဆီနဲ့ထပ်လုပ်ပေးခြင်းကြောင့် ဦးရေပြားခြောက်ခြင်းမှကင်းဝေးစေနိုင်ပါတယ်။

၄) အသီးဖျော်ရည်
ရှောက်ရည်🍋
အသုံးပြုပုံက ရှောက်သီးခြမ်းလေးတွေကို ခေါင်းပေါ်မှာ ပွတ်ပေးပါ ငါးမိနစ်ထားပြီးမှခေါင်းလျှော်ပေးပါ။..ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက်တစ်ပတ်ကို နှစ်ကြိမ်ဆီလုပ်ပေးပါ။

ပန်းသီးရည်🍎🍏
အသုံးပြုပုံကတော့ ပန်းသီးတစ်လုံးသို့နှစ်လုံးကို အရည်ညှစ်ပြီး ခေါင်းပေါ်မှာဆယ်မိနစ်လောက်ဖြန်းထားပါ ပြီးလျှင်ရေတစ်မျိုးတည်းဖြင့်ဆေးချပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်လျှင်တစ်ကြိမ်မှနှစ်ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။

ကြက်သွန်နီဥအရည်
အသုံးပြုပုံက ကြက်သွန်နီဥကိုခြစ်ပြီးအရည်ညစ်ပါပျားရည်ထည့်ပြီးမွှေပါ ခေါင်းပေါ်မှာသုတ်ထားပြီး ၁၅-၃၀မိနစ်ထိထားပါ ပြီးရင်တော့လျှော်နေကျခေါင်းလျှော်ရည်နဲ့လျှောချလိုက်ပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် အစတွင် တစ်ပတ်နှစ်ကြိမ်လုပ်ပါ အခြေအနေကောင်းလာသည့်အခါတွင်တော့ နှစ်ပတ်တစ် ခါသာလုပ်ပါ။

ရှားစောင်းလက်ပတ်အရည်
အသုံးပြုပုံလေးက ရှားစောင်းအရွက်ထဲမှ အနှစ်ကိုယူပြီး ရေနဲ့ရောပါ ခေါင်းပေါ်မှာ နှစ်မိနစ်လောက်နှိပ်နယ်ပေးမယ် မိနစ်နှစ်ဆယ်လောက်ထားပြီးပြီဆိုရင်တော့ခေါင်းလျှော်လို့ရပါပြီ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်နှစ်ခါဆက်တိုက်လုပ်ပါ။

၅) ဒိန်ချဉ်နှင့်ကြက်ဥ
အသုံးပြုပုံကတော့ ကြက်ဥနဲ့ဒိန်ချဉ်ကိုတစ်သားတည်းဖြစ်အောင်ခလောက်ပါ ပျားရည်🍯ပေါင်းထည့်ပြီးမွှေပါ ခေါင်းမှာနာရီဝက်ထားပြီးပြီဆိုရင်တော့ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် ရလဒ်ကောင်းတွေရဖို့ တစ်ပတ်တစ်ခါလုပ်ပါ။ အသုံးဝင်ပုံမှာတော့ သေပြီးခြောက်နေတဲ့အရေပြားကိုဖယ်ရှားပေးပြီး သန့်စင်စေပါတယ် အဆီတွေလုပ်ဆောင်ချက်တွေကိုပုံမှန်ဖြစ်စေပါတယ်။

၆) Listerine(ပိုးသတ်ဆေး)
အသုံးပြုပုံကတော့ ခေါင်းလျှော်ပြီးရင် ရေရောထားတဲ့ listerineအပျော့ကိုခေါင်းမှာလူးပြီးငါးမိနစ်နေပါ ပြီးရင်ရေသန့်သန့်နဲ့လျှော်ချပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် အပတ်တိုုင်းတစ်ခါလုပ်ပါ။အသုံးဝင်ပုံကတော့ အန္တရာယ်ရှိသောပိုးမွှားတွေကိုသေစေပြီး ယားယံခြင်းကို သက်သာစေပါတယ်။

၇) Mayonnaise
အသုံးပြုပုံလေးက mayonnnaiseကို ဦးရေပြားပေါ်လူးထားပြီး မိနစ်နှစ်ဆယ်လောက်ခေါင်းပေါင်းထားပါ ရေနွေးနွေးနဲ့အကုန်စင်အောင်ဆေးချပြီးမှ ခေါင်းလျှော်ရည်နဲ့လျှော်လိုက်ပါ။ ..ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်တစ်ခါ ရက်သတ္တပတ်အနည်းငယ်ထိလုပ်ပါ။ အသုံးဝင်ပုံကတော့ manyonaise မှာအဆီတွေပါတာကြောင့် ဦးရေပြားနဲ့ဆံပင်ကိုနူးညံ့ ပျော့ပျောင်းစေပါတယ်။

၈) မုန့်ဖုတ်ဆိုဒါ
အသုံးပြုပုံကတော့ နှင်းရည်နှင့် မုန့်ဖုတ်ဆိုဒါကို ပြစ်ပြစ်လေးမွှေပါ ခေါင်းပေါ်တွင်လူးပြီး သုံးမိနစ်ခန့်နှိပ်နယ်ပေးပါ ရေအေးနဲ့ဆေးပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်နှစ်ခါလုပ်ပေးနိုင်ပါတယ်။ အသုံးဝင်ပုံမှာ ဆံပင်ရှည်စေရုံမက သဘာဝအဆီလည်းပိုထွက်စေပါတယ်။

၉) ဗီတာမင် E💊
အသုံးပြုပုံကတော့ အတောင့်လေးတွေမှ ဗီတာမင်အီး အရည်ကို ခွက်ထဲသို့ထည့်ပါ ငါးမိနစ်လောက်နှိပ်နယ်ပေးပြီး တစ်နာရီလောက်ထားပါ ပြီးရင်တော့ ခေါင်းလျှော်လိုက်ပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်တစ်ကြိမ်အနည်းဆုံးလုပ်ပေးပါ။ အသုံးဝင်ပုံမှာ ရေဓာတ်ထိန်းပြီး ဓာတ်ရောင်ခြည်ကြောင့်ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ် သွေးလည်ပတ်မှုကောင်းစေပြီးပုံမှန်သုံးလျှင် ဆံပင်သန်စေပါတယ်။

၁၀) သံလင်ဆီနှင့်ကြက်ဥ🥚
အသုံးဝင်ပုံကတော့ ကြက်ဥတစ်လုံး သံလွင်ဆီလက်ဖက်ဇွန်းသုံးဇွန်း ရှောက်ရည် တစ်ဇွန်းကိုရောခလောက်ပါ ခေါင်းမှာနာရီဝက်ခန့်ထားပြီး ကြက်သီးနွေးရေနှင့်အရင် ခေါင်းလျှော်ပါ ပြီးမှရေအေးအေးနဲ့လျှော်ပါ။ ပုံမှန်လုပ်ပေးနိုင်သည့်အကြိမ်အရေအတွက် တစ်ပတ်တစ်ခါ လုပ်ပေးနိုင်ပါတယ်။ အသုံးဝင်ပုံမှာ ဗီတာမင် အေနဲ့ လက်စီတင်စတီရောပါ လို့အရေပြားခြောက်ခြင်းသက်သာစေပါတယ် ဦးရေပြားကိုလည်းချောမွေ့စေပါတယ်။

ဒီနည်းလမ်းတွေနဲ့တူ ရေသောက်ခြင်းကလည်းအရေးကြီးပါတယ်နော်။ လုပ်နေစဉ်အတွင်းမှာလည်း ရေပုံမှန် 🚰များများသောက်ပါ။
ပဲ🥜, ကြက်ဥ🥚, ပင်လယ်စာ🍤,ကြက်သား🍗, တို့ဖူး, နို့ထွက်ပစ္စည်း🥛,ပဲနို့🍶, သင်္ဘောသီး, လိမ္မော်သီး 🍊နဲ့ အစိမ်းရောင်အသီးရွက်တွေ🥦🥒ကိုလည်းပုံမှန်စားပေးပါ..ဦးရေပြားကောင်းစေတဲ့ဇင်.,သံဓာတ်, ဗီတာမင်နှင့်အိုမီဂါ-၃ ဖက်တီးအက်စစ်တွေပေါပေါများများပေးနိုင်လို့ပါ အာဟာရချို့တဲ့တာကြောင့်ဆိုရင်တော့ အပေါ်ကဟာတွေစားပေးခြင်းကနည်းလမ်းကောင်းတစ်ခုပါ
Credit
#ဒေါက်တာဇီဝက #ဦးရေပြား #ခြောက်သွေ့ခြင်း

Photos from The Queen Of Burma- QOB's post 06/09/2021

အသစ်ထွက်တဲ့ The Queen Of Burma လေးရဲ့
​ရိုးရာ အညာစောင်လေးပါ...တရုပ်ကဝင်တဲ့ ဂွမ်းစောင်တွေအစား ရိုးရာ ရက်ကန်းထည်စောင်လေးပြောင်းခြုံကြပါစို့နော်... နွေမိုးဆောင်း ကျန်းမာရေးအတွက်အထူးသင့်လျော်ပါတယ်.
🌸သူလေးကနွေမှာအေးပြီး ဆောင်းမှာနွေးတဲ့အာနိသင်လေးရှိပါတယ်
🌸စောင်အထူက ၂ လွှာထပ်ထားပြီး အလျား ၆ပေ အနံ၃ပေ ၈ လက်မ ရှိပါတယ် ..၂ လွှာမို့ ၂ ထည်ရပါတယ်....ဈေးနှုန်း က ၈၅၀၀/- ပါ(၁ အုပ်ကို ၂ ထည်ရမှာနော)
🌸စောင်အပါးလေးကတော့ အလျား ၆ပေ အနံ ၃ပေခွဲ.. ၁ လွှာပါ... ဈေးနှုန်း က ၄၅၀၀/- ပါရှင့်

09792203636
မှာယူပြီး ၃ ရက်အတွင်းပို့ပေးပါတယ်
နယ်မြို့များ ငွေကြိုလွှဲရပါမယ်ရှင့်

Photos from The Queen Of Burma- QOB's post 05/09/2021

The Queen of Burma ရဲ့ Nature Handmade က ရနိူင်တဲ့ စားသောက်ကုန်လေးတွေပါ..
တခါတလေ ကျွန်မတို့တွေဟာ ကိုယ့်ဘေးနားမှာရှိနေတဲ့ အရာတွေကိုမေ့နေတက်ကြတယ်..နိုင်ငံရပ်ခြားက စားကောင်းသောက်ဖွယ်များလိုပဲ ကိုယ့်လူမျိုးဒေသအစားအစာတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ မမေ့သင့်ပါဘူးနော်..အကျိုးအာနိသင်လေးတွေကို တစ်ပုံစီတိုင်းမှာရှင်းပြထားပါတယ်ရှင်..ဝယ်ယူအားပေးဖို့လည်း မမေ့ပါနဲ့နော်..
ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရှိပါတယ်ရှင်
ပို့ခက မြို့နယ်အလိုက်ရှိပါတယ်..
kpay က ရှင်းမယ်ဆိုလည်း deli ခ မပါပဲ ပစ္စည်းဖိုးချည်းကိုလက်ခံပေးပါတယ်.. ( deli ခကတော့ cashနဲ့ပဲရှင်းပေးပါလို့)🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Sanchaung Road, Myanmar, Burma (Myanmar)
Yangon