May's Everything

May's Everything

Share

May's Everything will be warm to you.

15/09/2025

ဒီနေရာရောက်ဖို့
အရမ်းကြိုးစားနေရတဲ့သူတွေရှိသလို

ဒီနေရာကနေလည်း
ပြန်ပြီးပြေးထွက်ချင်တဲ့သူတွေရှိတယ်

ရှင်လျက် အနိုင်ပိုင်းသွားတဲ့သူတွေရှိသလို

ခန္ဓာကိုယ် တစိတ်တပိုင်းကို
အပြီး ထားပစ်ခဲ့ရတဲ့သူတွေရှိတယ်

အဆိုးဆုံးကတော့ မိသားစုဆီ

ပြာအဖြစ်နဲ့သာ ပြန်ခဲ့ရတဲ့သူတွေပေါ့

26/08/2025

ဖုန်းကိုလဲ ယူမစစ်နဲ့၊
messenger ထဲလဲ ယူမကြည့်နဲ့၊
contacts တွေထဲလဲ လိုက်မရှာနဲ့၊
viber တွေထဲလဲ ဝင်မကြည့်နဲ့။
အရိပ်တကြည့်ကြည့်နဲ့လဲ စိတ်မချမဖြစ်နဲ့။

အဲ့ဒါ relationship တစ်ခုမှာ လုပ်စရာမလိုအပ်တဲ့
အပိုအလုပ်တွေပဲ။

ကိုနဲ့နှိုင်းယှဥ်လိုက်..
သူမှသူဖြစ်နေတဲ့အခါ..တစ်ယောက်ထဲနဲ့ကို
ပြည့်စုံနေပြီ။

တကယ်ဖောက်ပြန်ချင်တဲ့လူက
"သမုက္ခသိင်္ဂီ ကို အာခံတွင်းထဲထည့်ပြီး ငုံထားတဲ့ တာနောယက္ခဘီလူး"လိုပဲ
ဘယ်လောက်ပဲ ငုံထားစေအုံး..နောက်ဆုံးဖောက်ပြန်မှာပဲ။

ပြီးတော့ တကဲ့လက်တွဲဖော်စစ်စစ်ဆိုတာ..
Privacy( လျှို့ဝှက်ခြင်း) ရှိမနေဘူး။

အစထဲကမှ မရိုးရှင်း၊စိတ်မချရရင်...
နောက်လဲ 😞😞စိတ်ထဲတထင့်ထင့်နဲ့ တအုံတနွေးနွေးနဲ့ သွားရမှာ။

ကျနော်ပြောတာ လက်ခံပါ၊
Privacy ရှိတဲ့လူကို ဘယ်တော့မှ ဘဝအတွက်မရွေးပါနဲ့။
ရွေးချယ်မိထားရင်လဲ တဖြေးဖြေးဆုတ်ခွာပါ။

24/08/2025

ဘဝဟာ ပျော်နေဖို့ အဓိက ဖြစ်တယ်။
လုပ်ချင်တာတွေကို လုပ်ရမယ်။
သွားချင်တယ်ဆို သွားရမယ်။
စားချင်တယ်ဆို စားရမယ်။
ချစ်ချင်ရင်လဲ ချစ်ရမှာပဲ။
စည်းလွတ် ဘောင်လွတ် မဖြစ်တာ သေချာရင်
သူများကိုလဲ မထိခိုက်တာ သေချာရင်
ချစ်တာဖြစ်ဖြစ်၊ မုန်းတာ ဖြစ်ဖြစ်
ကိုယ်ပျော်တာကို လုပ်လို့ ဖြစ်တယ်။

23/08/2025

အမြဲ ကြည့်လိုက်ရင် တစ်ယောက်တည်းပဲ
မပျင်းဘူးလား တဲ့
ဘယ်လိုပြောရမလဲ
တစ်ယောက်တည်း ပျော်နေတာတော့မဟုတ်ဘူး
ဒါပေမဲ့ တစ်ယောက်တည်းရှိနေရလို့ ဆိုပြီး
စိတ်ညစ်နေတာမျိုးလည်း မဟုတ်ဘူး
ဒီတိုင်း နေသားတကျဖြစ်နေတာ ထင်တယ်

ဘယ်သူ့ဆီကမှ ဖုန်းမဆက်လာလည်း
ကောင်းကောင်းမွန်မွန် နိုးထလာမယ်
စားချင်တာရှိ ထစားလိုက်ပြီး
သွားချင်တဲ့နေရာဆိုလဲ ဖုတ်ဖတ်ခါ ထသွားလိုက်တာပဲ
မျက်နှာပြောင်နဲ့ ဖြစ်နိုင်သလို
အိမ်နေရင်း အဝတ်အစားနဲ့လည်း ဖြစ်နိုင်တယ်
ပျင်းတယ် မဟုတ်လား
ကိုယ်စိတ်ပျော်‌စေတာတွေ ရှာလုပ်မယ်
စာဖတ်မယ်
ရုပ်ရှင်ကြည့်မယ်
ဂိမ်းဆော့မယ်
သီချင်းတွေ နားထောင်မယ်
တခါတလေ ဟာသတွေလျှောက်ကြည့်ပြီး
တစ်ယောက်တည်း ရယ်ချင်လဲရယ်နေမှာပေါ့
အဲ့လိုမှမရတဲ့အဆုံး‌တော့
တရေးတမော အိပ်လိုက်မယ်လေ

တစ်နေ့တာကို ဒီလ်ိုပုံစံမျိုးနဲ့ပဲ
ဖြတ်သန်းနေရလို့ ရိုးအီမသွားဘူး
ဘာလို့ဆို အထွေအထူးမဟုတ်တဲ့
လုပ်နေကျအရာတွေထဲမှာ
ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ရှိနေတယ်

တစ်ယောက်ယောက်ကို အနားမှာရှိနေစေချင်လားဆိုရင်
တစ်ခါတစ်ရံတော့ အဲ့လိုစိတ်မျိုးဖြစ်မိတယ်
ဒါပေမဲ့ ဘယ်သူမှမရှိလည်း
ရေးကြီးခွင်ကျယ် ကိစ္စတော့ မဟုတ်ဘူး

ကိုယ့်ပျော်ရွှင်မှုကို
လူတစ်ယောက်အပေါ် ပုံချထားလိုက်ရင်
အဲ့လူမရှိတော့တဲ့အခါ
ဘဝကို ဘယ်လိုရှေ့ဆက်ရတော့မှန်းမသိလောက်တဲ့ထိ
အဆင်မပြေဖြစ်ရနိုင်တယ်

ကိုယ်ကတော့ ရှင်းပါတယ်
တစ်ယောက်တည်းနေပျော်ပြီး
ဘာမှစိတ်မရှုပ်ရတာကိုပဲ ကျေနပ်နေပြီ

02/07/2025

ကိုယ်လူတစ်ယောက်ကို ဘယ်တော့မှ
ထိန်းချုပ်မှာမဟုတ်ဘူး။
ဖေဖေကအမြဲပြောတယ်။
"ကြွေကျတဲ့ အသီးဟာ အချိုဆုံးပဲ "တဲ့။
အဲ့ဒီ့လိုပဲ ကိုယ်လည်း သူစိမ်းတယောက်ဆီက
ဘယ်အရာကိုမှ အတင်းရယူဖို့ ကြိုးစားမှာ မဟုတ်ဘူး။
ချစ်ခြင်းတွေ ဖြစ်စေ၊ မုန်းခြင်းတွေ ဖြစ်စေ အဲဒီ့လူပေးတဲ့ အတိုင်းပဲ ကိုယ်လက်ခံမယ်၊ကိုယ် တုံ့ပြန်မယ်။
နောက်ပြီး လူတစ်ယောက်ရဲ့ နေထိုင်မှုဘဝပုံစံတခုကိုလဲ ဘောင်ခတ်မှာ မဟုတ်ဘူး။
စိတ်သာရှိရင် ဘာမဆိုဖြစ်နိုင်တယ်မဟုတ်လား။
ဆင်ခြေတွေဟာလဲ သူ့စိတ်ပဲ၊
ရလဒ်တွေဟာလဲ သူ့စိတ်ပဲ။
ကိုယ့်အတွက်နဲ့ ကောင်းတဲ့ဘက်ကို တိမ်းမလား၊
ဆိုးတဲ့ဘက်ကို ယိမ်းမလားဆိုတာ
အဲဒီ့လူအပေါ်ပဲ မူတည်တယ်။
ပြောမှသိမှာပေါ့ ဆိုတဲ့စကားက အရာရာမှာ
အသုံးမဝင်ဘူး။ တချို့အရာတွေက နှလုံးသားနဲ့
ခံစားရုံနဲ့သိရ၊ မြင်ရ၊ နောက်ပြီး ပြုပြင်လို့ရတယ်။
အလိုက်သိတတ်တဲ့ လူတယောက်သာအနားမှာရှိရင်
ငါတို့ ဆက်ဆံရေးတိုင်းဟာ ထင်သလောက် ဆိုးရွားကြမှာမဟုတ်သလို ၊ ဘယ်သူ့ ဘဝအစိတ်အပိုင်းမှာမှ ငါတို့ လူဆိုးဖြစ်မှာ မဟုတ်ဘူး။
အလိုက်တသိပေးတာကို ပဲယူမယ်၊
မတောင်းဆိုဘူး၊မတိုက်တွန်းဘူး။
ထိုက်တန်တဲ့သူဆီမှာနေမယ်၊
တန်ဖိုးရှိတဲ့ လူတယောက် လက်ထဲမှာ
ငယ်ရွယ်ချိန်တွေကို ကျေကျေနပ်နပ်ကုန်ဆုံးမယ်။
လူတစ်ယောက်ကိုတော့ အမုန်းခံပြီး မပြုပြင်ဘူး။
အချစ်ခံရဖို့ အတွက်နဲ့ ထပ်ပြီး အမုန်းမခံတော့ဘူး။

12/06/2025

ငါးလေးက ရေမရှိရင် မဖြစ်ပေမဲ့
ရေကတော့ ငါးမရှိလဲ ဖြစ်တယ်တဲ့

စာသားလေးက အဓိပ္ပါယ်အပြည့်ပဲ

27/04/2025

ဘယ်သူနဲ့ပဲ စိတ်ဆိုးဆိုး
ဘယ်သူ့ကိုပဲ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းမုန်း
သွေးအေးသွားတဲ့အချိန်မှာ
အဲဒီလူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်တွေကို အမြဲ ပြန်စဉ်းစားဖြစ်တယ်..။

လူဆိုတာကတော့
တစ်ယောက်နဲ့ တစ်ယောက်
မတူကြတာမို့ စိတ်အခန့်မသင့်တာ ရှိမှာပဲ။

တစ်ခါတလေ ကိုယ့်စိတ်နဲ့ ကိုယ်တောင် အလိုမကျရတာနဲ့ စိတ်မရှည်ရတာနဲ့ ရှိကြသေးတာပဲ။ သူများတွေလည်း အဆင်မပြေတာမျိုးက ရှိမှာပဲလေ

ဒေါသတကြီးနဲ့ အရင်ကဆိုရင်
စိတ်မထိန်းမိဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်တယ်..။ တစ်ခါတလေ ဒေါသကြောင့် အမှားလုပ်မိတာမျိုးရှိတယ်..။

တစ်ချို့အရာတွေက ဒေါသဖြစ်နေတဲ့အချိန်မှာမမြင်နိုင်ဘူးလေ သွေးအေးသွားမှ မြင်နိုင်တာ ဘယ်လောက်ပဲ စိတ်ကောက်ကောက် စိတ်တိုတို ကောင်းတာလေးတွေ ပြန်စဉ်းစားပြီး ခွင့်လွှတ်ဖြစ်တယ်..။

ငါ့ကို ဘယ်တုန်းက ဘယ်လိုကောင်းခဲ့ဖူးတာပဲ ငါ့ကို ကူညီပေးခဲ့ဖူးတာပဲ... စသဖြင့် ကောင်းတဲ့အရာတွေပဲ စဉ်းစားပြီး
ခွင့်လွှတ်ပေးလိုက်တယ်..။

အကယ်၍
အဲဒီဆက်ဆံရေးဟာ ဆုံးခန်းတိုင်နေပြီဖြစ်နေတဲ့ ဆက်ဆံရေးဆိုရင်တောင်မှ အမုန်းတွေနဲ့ မမှတ်မိချင်ဘူး..။ ကိုယ်တိုင်အေးချမ်းချင်သလို တစ်ဖက်သူအပေါ်လည်း ငြိမ်းချမ်းစေချင်ပါတယ်..။

ငါ့ကို ဘယ်လိုလုပ်လို့
ဘယ်လိုပြန်လုပ်လိုက်မယ်ဆိုတဲ့ စိတ်နဲ့
ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်ဆိုတာမျိုးတွေ ဘယ်သူ့အပေါ်မှာမှ မထားပါ..။

ကာယကံမှု မမြောက်ခင် မနောကံရဲ့
စိတ်တန်ခိုးဟာ ပိုမြန်ပါတယ်..။
ချစ်လို့ဖြစ်စေ မုန်းလို့ ဖြစ်စေ သံသရာမရှည်ချင်တော့ပါ..။ အထူးသဖြင့် အမုန်းတွေကို
ဝဋ်ကြွေးလို လက်ဆင့်မကမ်းချင်တော့ပါ..။

ဓာတ်သဘောဆိုတာ
ကူးစက်နိုင်တယ်..။
အပူဖြန့်ရင် အပူကူးလိမ့်မယ်..။

အေးချမ်းတဲ့ဓာတ်ကို ဖြန့်ရင် အေးချမ်းလာစေ လိမ့်မယ်...။

#ဘယ်အရာမှတည်မြဲခြင်းမရှိပါ

19/04/2025

လက်ခံခြင်းဟာ Healing အစပါ တဲ့။

မဖြစ်နိုင်တော့တာကို လက်ခံခြင်း…
အနုတ်ဘက်ရောက်လာတာကို လက်ခံခြင်း…
ပြန်မကောင်းနိုင်တော့တာကို လက်ခံခြင်း….
မချစ်တော့တာကို လက်ခံခြင်း….
ရလဒ်ကောင်း မထွက်နိုင်တော့တာကို လက်ခံခြင်း။

ဘဝမှာ လက်ခံနိုင်မှ ရှေ့ဆက်နိုင်တာပါ၊၊
မဖြစ်နိုင်တော့တဲ့ အရာတွေဟာ တစ်ခုမက
ရှိနေတတ်တာကို လက်ခံနိင်မှ သန်မာတာပါ။

မြန်မြန် လက်ခံနိင်ခြင်း ကသာ ခဏ ဖြစ်ဖြစ်
နာကျင်မှုတွေကနေ သက်သာစေနိင်တာပါ။

Daniel Van Hu Lian

13/04/2025

Relationship ပဲဖြစ်ဖြစ်
Friendship ပဲဖြစ်ဖြစ်

Level မတူရင် ဘယ်ဆက်ဆံရေးမှ
ကြာရှည်မခံဘူးဆိုတာ နောက်နေတာမဟုတ်ဘူးနော်

Brain Level,thinking level နဲ့
Behavior levelတို့ပေါ့

ပညာတတ်တာ မတတ်တာချည်းကိုပဲ ပြောတာမဟုတ်၊

ကိုယ်တွေးသလို သူပြန်တွေးပေးမလား၊
သူပြောလိုက်တဲ့စကား သူရော ပြန်အပြောခံနိုင်လား၊

ကိုယ်ချင်းစာစိတ်နဲ့ သည်းခံစိတ်ကရော
ဘယ်levelရှိမလဲ အဲလိုတွေပေါ့

#2001
-crd

13/04/2025

မင်းကကိုယ်ပိုင် ဝင်ငွေနဲ့ပါကွာတဲ့
အများအမြင်တော့ ကြားကောင်းပြီး
အဆင်ပြေနေပေမယ့်

တကယ်တော့
အဲဒီနောက်ကွယ်မှာ ကိုယ့်ကိုကိုယ်ပြန်အားပေးပြီး
ရှေ့ဆက်ခဲ့ရတဲ့နေ့ရက်တွေ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခဲ့ရတာတွေ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းခဲ့ရတာတွေ

နားရတဲ့အချိန်နည်းတာတွေ ရွယ်တူတွေလို
မနေခဲ့ရတာတွေ ပင်ပန်းခဲ့ရတဲ့နေ့ရက်တွေ
ညညည့်နက်မှ အိပ်ခဲ့ရတဲ့နေ့ရက်တွေဆိုတာ
မရေတွက်နိုင်ခဲ့ပါဘူး...။

🤍🌻

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11041