Nwe Ni Scent

Nwe Ni Scent

Share

သဘာဝအမွှေးနံ့သာများဖြင့်ထုတ်လုပ်သည်။

17/11/2025

မြကြည်သာ သနပ်ခါး lotion
ရောက်ပါပြီ။

ဒီနေ့ဘဲ လှိုင်မြို့နယ် order ပို့ပေးပါတော့မယ်။

Price 35000ks

အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါပြီနော်။

ဖုန်း 09264666607 ကိုဆက်သွယ်နိုင်သလို
ဆိုင်ကိုလာဝယ်ချင်တဲ့သူများအတွက်
ဗိုလ်အောင်ကျော်လမ်းအပေါ်ဘလောက်
ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
မှာလာရောက်ဝယ်ယူနိုင်ပါပြီရှင်။

#မြကြည်သာ #သနပ်ခါးlotion

19/08/2025

အမျိုးသမီး အများစုကလေ သူများသုံးရင် လိုက်သုံးကြတာ များတယ်။

သူများက ကောင်းတယ်ဆို ကိုယ်နှင့် အဆင်ပြေ မပြေမသိသေးဘူး အရင်ဝယ်လိုက်တာပါပဲ။

ကျမအပါအဝင်ပေါ့ရှင်။

ကျမတို့အသားအရည်ကလေ (၃) မျိုး ;၃ စား ရှိပါတယ်

က) အရည်ပြားပါးပြီ နူးညံတဲ့ အသားအရည်ပိုင်ရှင်

ခ ) ခြောက်သွေ့ပြီး အမဲစက်များသူ

ဂ) အဆီပြန်ပြီး အဆီဖု ဆားဝက်ခြံများသူ

ကျမတို့ မြကြည်သာကနေ

က) အတွက် ရွှေရွှေသနပ်ခါး

ခ) အတွက် ရဲရဲနီ

ဂ) အတွက် ဆူးပန်းကသစ်ဖုလေးရှိပါတယ်။

18/07/2025

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာပါ...
ဆံသားကောင်းခြင်းကလည်း လူတစ်ယောက်ရဲ့ ကျက်သရေအခရာပါပဲ...။

လူတိုင်းက ခေါင်းလျှော်ကြပေမဲ့ ကိုယ့်ရဲ့ဆံပင်နဲ့ ဦးရေပြားကို သေချာဂရုစိုက်သူကတော့ ခပ်ရှားရှားပါပဲ။

ခေါင်းလျှော်ရည်တစ်မျိုးတည်းနဲ့ ဦးရေပြားကိုရော၊ ဆံသားကိုပါ ဂရုစိုက်ပြီးသားဖြစ်နေစေဖို့ဆိုရင်တော့
"မြကြည်သာ" နံ့သာငါးပါး ခေါင်းလျှော်ရည်လေးကို ရွေးချယ်လိုက်ဖို့လိုပါမယ်နော်။

"မြကြည်သာ" က သဘာဝတရော်ကင်ပွန်းခေါင်းလျှော်ရည်စစ်စစ်ဖြစ်တာမို့ ခေါင်းလျှော်ပြီးသွားတိုင်း ဦးရေပြားကိုအေးမြစေတယ်။

သဘာဝသင်းရနံ့လေးကြောင့် ဆံသားမှာ မွှေးရနံ့လေးစွဲကျန်စေမဲ့အပြင် ဆံသားအဆီပြန်တာ၊ဗောက်ထတာတွေကိုပါ သက်သာစေတဲ့ "မြကြည်သာ"လေးပါပဲနော်။

Price 25000ks

#မြကြည်သာ
#သဘာဝရဲ့ထုတ်ကုန်


#မြလေး

19/06/2025

ပိတုန်းပိဒိုင်း ဗုဒ္ဓရုပ်ပွားတော်

ရန်ကုန်မြို့....
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အင်္ဂါထောင့်အနီး
စတုသစ္စာတန်ဆောင်းအတွင်း၌ ပိတုန်းပဒိုင်းမုနိဘုရားရှိပါသည်။ မုနိဘုရားဘေးဘက်ဝဲယာတွင် ပိတုန်းရုပ်တစ်ခုစီ ရှိပါသည်။ ပိတုန်းတွေဟာ ပဒိုင်းရွက်ကို နင်းပြီး ပဒိုင်းပွင့်ကို ကိုက်ချီလို့ ဘုရားကို ပူဇော်နေတဲ့ ပုံပါ။

အတိုက်အခံ၊ ရန်အနှောင့်အယှက်၊ သူခိုး၊ ဓားပြဘေး၊ အမှုပြဿနာများစသည့် ဘေးဥပါဒ်အန္တရာယ်တို့မှ ကင်းဝေးစေရန် ဆုတောင်းအဓိဋ္ဌာန်ပြုကြပါသည်။ပိတုန်းရုပ်အဆောင် ဆောင်လိုသူများသည် ပိတုန်းရုပ်ပြုလုပ်ပြီးလျှင် ဤပိတုန်းပဒိုင်းဘုရားသို့ လာရောက်ကာ မိမိတို့၏ပိတုန်းရုပ်များကို ဘုရားရှိပိတုန်းရုပ်များနှင့်ထိကာ သိဒ္ဓိတင်ဂါထာရွတ်ဆိုပြီး ဓာတ်ယူလေ့ရှိကြပါသည်။ ပိတုန်းရုပ်အစီအရင် (သို့မဟုတ်) မုနိဘုရားတွင် အဓိဋ္ဌာန်ဝင်ခြင်းကို တနင်္ဂနွေ၊ ကြာသပတေး၊ လပြည့်နေ့များတွင် အထူးပြုလုပ်ကြသည် ဟုဆိုကြပါသည်။

စာသားကိုရွှေတိဂုံဘုရား ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။
ပုံကတော့ယူရီကိုယ်တိုင်ရိုက်ကူးထားပါတယ်။

#ပိတုန်းပိဒိုင်းဗုဒ္ဓရုပ်ပွားတော်

15/06/2025

ငွေသိပ်မကုန်တဲ့ကုသိုလ်လေးတွေလုပ်ကြရအောင်.....

စဉ်းစားမိသလောက်ချရေးပေးထားပါတယ်။ လိုတာရှိရင်ထပ်ဖြည့်ပေးသွားပါ။ လူတစ်ယောက်နဲ့တစ်ယောက်ကနေထိုင်မှုပုံစံမတူလို့ကိုယ်အဆင်ပြေတဲ့အချိန်မှာ
ငွေသိပ်မကုန်တဲ့ကုသိုလ်အလုပ်တွေလုပ်ပေးလို့ရပါတယ်။

အိပ်ယာထတာနဲ့ မိနစ်ပိုင်းမျှ သရဏံဂုဏ် ပွားမယ်၊ဂုဏ်တော်ပွားမယ်။

မျက်နှာမသစ်ခင် ၊ ဘုရားကိုမျက်နှာသစ်တော်ရေကပ်မယ်။စွန့်ပြီးမှ သစ်မယ်.... အချိန်မိနစ်ပိုင်းမျှသာ....

သွားတိုက်ရင်းဂုဏ်တော်ပွားမယ်။

သောက်တော်ရေကပ်မယ်.....။

ကိုယ်စားမယ့် မနက်စာကို မစားခင် ဆွမ်းတင်တာလုပ်မယ်။

လမ်းသွားရင် ခဲလုံး၊ဌက်ပျောခွံလိုချော်လဲစေမယ့်အမှိုက်တွေကို သွားရင်းလာရင်းတွေ့ရင်ဖယ်ပေးတာ။

လမ်းမသိတဲ့သူ၊ကိစ္စတခုခုကိုမသိတဲ့သူကိုစိတ်ရှည်ရှည်လမ်းညွန်ပေး၊ဖြေပေးတာ။

အဝတ်အဟောင်းတွေ၊မလိုတာလေးတွေကိုသေချာလေးသန့်ရှင်းပြီးပြန်လှုတာ။

အိမ်မှာဟင်းပို၊ထမင်းပိုနေရင် သေချာထုပ်ပြီး
နွမ်းပါးသူတွေကိုကျွေးတာ။

လမ်းသွားရင်းနဲ့ သူတပါးကကုသိုလ်ပြုရင်း
အမျှဝေတာကိုကြုံရတဲ့အခါ
ရင်ထဲကနေလှိုက်လှိုက်လှဲလှဲသာဓုခေါ်တာ။
ဒီသာဓုက စိတ်ထားတတ်ရင် အလှုရှင်နီးပါးကုသိုလ်ရပါတယ်။

ကုသိုလ်ကောင်းမှုများနေ့စဉ်နေ့တိုင်းပြုလုပ်နိုင်ပါစေ။

10/06/2025

လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က အကြောင်းပြချက်မရှိဘဲမဟာသမယသုတ်ကိုရွတ်ချင်စိတ်ဖြစ်လာတာနဲ့စာအုပ်ဝယ်ပြီးရွတ်ခဲ့တယ်။စစချင်းကတော့တအားခက်တာနော်။ အသံထွက်စာလုံးပေါင်းပါပြီးတာတောင်
Youtube က အရှင်သုစိတ္တ (မော်ကျွန်းဆရာတော်) ရဲ့မဟာသမယသုတ်ရွတ်ဖတ်ပူဇော်တဲ့အသံကိုနားထောင်ရင်းလိုက်ဆိုရတယ်။လျှာတွေဆိုတာလိပ်သလားမမေးနဲ့။
အသံဖိုင်နာယူပူဇော်လိုသူများ အောက်မှာ link ချထားပေးပါတယ်။

အဲ့ကနေ နေ့တိုင်းနီးပါးရွတ်လာလိုက်တာ အခုဆို အသံနေအသံထား မှန်မှန်နဲ့ရွတ်နိုင်နေပါပြီ။
ရွတ်ဖတ်ပူဇော်နေရရင်စိတ်အေးချမ်းတာကိုသိသာစွာခံစားရတယ်။

fb မှာ ရှာဖတ်ရသလောက် မဟာသမယသုတ်မှာ နောက်ထပ် ခုနှစ်သုတ် ရှိကြောင်း သိရတယ်။
ခေါင်းစဉ်ကြီးဖြစ်တဲ့မဟာသမယသုတ်ကတော့ အားလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားကရဟန္တာငါးရာလုံးရှေ့မှာ ကြွလာကြတဲ့ နတ်တွေအားလုံးရဲ့အမည်နာမကိုထုတ်ဖော် ဟောကြားတဲ့ သုတ်ဖြစ်တယ်ပေါ့။နတ်အငယ်စားလေးတွေပါ သူတို့အမည်တွေကိုဘုရားက ထုတ်ဖော်ဟောပြောလို့ဝမ်းသာကြတယ်။ လေ့လာမိသလောက်
အများစုကတော့ခေါင်းစဉ်ကြီးဖြစ်တဲ့ မဟာသမယသုတ်ကိုဘဲရွတ်ကြတယ်။နတ်တွေရဲ့စရိုက်အလိုက်
အကျွတ်တရားရရှိရန်သင့်တော်အောင်ဟောတဲ့
သမ္မာပရိဗ္ဗာဇနီယသုတ်လိုကျန်တဲ့ ခေါင်းစဉ်ငယ်
ခုနှစ်သုတ်ကိုတော့မရွတ်ကြဘူးရယ်။မရွတ်ကြဘူးလို့လည်း gp က မန့်တွေထဲမှာဖတ်ရတော့ ကိုယ်လည်းမဟာသမယသုတ်ကိုဘဲရွတ်လာခဲ့တယ်။

ဒီနှစ် သကြ်န်တွင်းရောက်မှ အရှင်ဇနကာဘိဝံသ ဟောကြားတဲ့ မဟာသမယသုတ်တရားအသံဖိုင်ကိုနာရမှ
မဟာသမယသုတ်အပါအဝင်ကျန်သောခုနှစ်သုတ်ကိုပါ ရွတ်ဆိုနာယူနိုင်မှအကျိုးများမယ်ဆိုတာသိခဲ့ရတယ်။
ခုနက မဟာသမယသုတ်သည် နတ်တွေရဲ့နာမည်တွေကိုခေါ်တာဘဲရှိသေးတယ်၊သူက အခြေခံသုတ်တော်ဘဲရှိသေးတာ။တကယ့်အနှစ်က နတ်တွေရဲ့စရိုက်အလိုက် အကျွတ်တရားရအောင် ဟောတော်မူတဲ့ တရားတွေ
ဖြစ်တဲ့ခုနက နောက်ဆက်တွဲ ခုနှစ်သုတ်ဖြစ်တယ်ဆိုတာသိခဲ့ရတယ်။

ဒီနေ့ဟာ နယုန်လပြည့်နေ့ မဟာသမယသုတ်ဟောကြားတဲ့နေ့ဖြစ်တာနဲ့အညီ ယူရီလည်းမဟာသမယသုတ်အဓိဌာန်ကို ကိုးရက်ဝင်ခဲ့ပါတယ်။ ကျန်တဲ့ခုနှစ်သုတ်ကိုတော့ကိုယ်လည်းမရသေးလို့နာယူမှတ်သားနေရတုန်းပါ။

မရွတ်ဖတ်ရသေးရင်ရွတ်ကြည့်ပါ။ ရွတ်နေကြဆိုရင်လည်း ဒီလထဲမှာ မဟာသယမသုတ်ကို မကြာခဏ
ရွတ်ပေးကြ ပါလို့တိုက်တွနိးလိုက်ပါတယ်။
မရွတ်နိုင်ရင် YT ကဖွင့်ပြီးနာယူကြပါရှင်။

မှတ်ချက်
ဒါကတော့ အရှင်သုစိတ္တ ရဲ့ မဟာသမယသုတ်အသံဖိုင်
Link ပါ။ ဆရာတော်ရဲ့အသံဟာအရမ်းလေးနက်ပြီး
ဖြေးဖြေးမှန်မှန်ရွတ်ဖတ်ပေးလို့ အခုမှစပြီး ရွတ်ဖတ်ပူဇော်လိုသူတွေအတွကိအရမ်းအဆင်ပြေလို့ နာကြည့်ပါလို့ ညွန်လိုက်ရပါတယ်။
https://youtu.be/tTpaaR_QpF8?si=nlAyen-WSZTLAWZk

02/05/2025

မနက်စောစော ဖျာပုံမြို့ order လေးပါ။

ငါးပါးနံ့သာ ကိုယ်တိုက်ဆပ်ပြာ 12000ks
ငါးပါးနံ့သာတရော်ကင်ပွန်း Shampoo 25000ks
နံ့သာဖြူ Lotion 35000ks

ဝယ်ယူအားပေးသူမိတ်ဟောင်းမိတ်သစ်အပေါင်း
စီးပွားလာလ်လာဘတိုးတက်ကြပါစေ။

Order မှာယူချင်ပါက 09264666607 ကို
ဆက်သွယ်ပါရှင်။

#မြကြည်သာ #ကိုယ်စားလှယ် #မြလေး #ကျောက်တံတား #ပြည်တွင်းဖြစ်ကိုအားပေးပါ

01/05/2025

မေဒေးဖြစ်ပေါ်လာပုံက google မှာရှာရင်ရတာမို့မပြောတော့ဘူးနော်။အဓိကပြောချင်တာလေးတခုက

မေဒေးမှာဂုဏ်ပြုကြပြီဆိုအိမ်ရှင်မတွေကိုမေ့တတ်ကြတယ်။လစာနဲ့လုပ်တာမဟုတ်ဘူး၊အချိန်အကန့်အသတ်မရှိဘူး၊တခြားနေရာကိုသွားလုပ်တာလည်းမဟုတ်
အိမ်ထဲမှာဘဲဆိုတော့ လုပ်ငန်းတာဝန်ယူထားရတာနဲ့မတူနေတာ။ဒါပေမယ့် အလုပ်အများဆုံး၊ပင်ပန်းတဲ့သူတွေက
အိမ်ရှင်မတွေပါဘဲ။ ဒါကြောင့် မေဒေးနေ့မှာ
အိမ်ရှင်မတွေ ကိုယ့်အတွက်အချိန်လေးပေး အနားယူကြပါ။ အိမ်ရှင်မတွေရဲ့ အားကိုးရာအိမ်ထောင်ဦးစီးတွေကလည်း ကိုယ့်ရဲ့အိမ်ရှင်မကိုလက်ဆောင်ဝယ်ပေးတာ၊
အနားရအောင်အိမ်အလုပ်ကူညီလုပ်ပေးကြပါလို့ပြောချင်တယ်ရှင်။

27/04/2025

ခင်ပွန်းကြီးဆယ်ပါး_ကန်တော့နည်း
*******************************
ဗုဒ်ဓါ ပစ္စေကဗုဒ္ဓေါစ ၊ အရဟာ အဂ္ဂသာဝ ကာ ။
မာတာပိတု ဂုရုသတ္တာ ၊ ဓမ္မဒသကော စ ဒါယကာ
ဣမေ တေစမဟာဂုဏေ ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။

ဘုရားတပည့်တော်သည်...
သံသရာအစမှ စ၍ ယနေ့ယခု အချိန်ထိတိုင်အောင် -

၁ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော....
သဗ္ဗညုတ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့
အပေါ်၌လည်းကောင်း၊

၂ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
ပစ္စေကအရှင်ကိုယ်တော်မြတ်ကြီးတို့
အပေါ်၌လည်းကောင်း၊

၃ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီ
တို့ အပေါ်၌လည်းကောင်း၊

၄ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော....
ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊

၅ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
မိခင်တို့ အပေါ်၌လည်းကောင်း၊

၆ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
ဖခင်တို့ အပေါ်၌လည်းကောင်း၊

၇ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊

၈ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့်
ပြည့်စုံသော ပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ်
မိမိထက်သိကာ အရွယ်ကြီးမားသူတို့
အပေါ်၌လည်းကောင်း၊

၉ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော
မြတ်ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊

၁ဝ ။ ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့်
ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော မိမိကို
ကိုယ်၊ နှုတ်၊ နှလုံးတို့ဖြင့် ကျေးဇူးပြုဖူးသော
ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌လည်းကောင်း၊

ကာယကံ ၊ ဝစီကံ ၊ မေနာကံ သုံးပါးသောကံတို့ဖြင့်
ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော်...
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌...
ဘုရားတပည့်တော်သည်...
ပစ္စုပ္ပန်ဘဝ၌လည်းကောင်း
သံသရာ၌လည်းကောင်း...
သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ

ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင်
တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊
ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့်
ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။
ကန်တော့ပါ၏ ။

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်
ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဤကုသိုလ်စေတနာတို့ကြောင့်...

ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော
ပယောဂမှန်သမျှ ၊ အကုသိုလ်မှန်သမျှအနန္တတို့သည်
ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့
ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ အရှင်ဘုရား။

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍...

အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာ ကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား...

26/04/2025

မြကြည်သာအလှကုန်

09264666607

26/04/2025

သဝေမပါ ကိုးဂါထာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon