AED - Health & Wellness
Health for Every Home
လူတိုင်းအတွက် အသုံးဝင်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်သော အသိပညာ ဗဟုသုတများကို sharing လုပ်ပေးနေတဲ့ page လေး ဖြစ်ပါတယ်
04/09/2025
🚨 ယူရီးအက်စက် Urine acid အကြောင်း သိကောင်းစရာ 🚨
📍Uric Acid ဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘာဝဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ purine လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ခန္ဓာကိုယ်က ခြေဖျက်ပြီးတဲ့အချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Purine တွေကို နေ့စဉ်စားသုံးတဲ့အစာအဟာရထဲမှာတွေ့နိုင်ပါတယ်။ (ဥပမာ – ကလီစာ, seafood ထဲမှာဆို အခွံပါတဲ့ ပုစွန်, ဂဏန်း, ခရု, ကမာ စတာအပြင် ငါးနီတူငါး, အရက်မှာဆို အထူးသဖြင့် beer ) တွေမှာ တွေ့နိုင်ပါတယ်
🧬 Uric Acid ကို ခန္ဓာကိုယ်က ဘယ်လိုကိုင်တွယ်လဲ?
အစားအသောက်ကနေ ဖြစ်လာတဲ့ Purine တွေကို ချေဖျက်ပြီး Uric acid ဖြစ်ပါတယ်။
Uric acid ကို သွေးထဲကနေ တဆင့် သဘာဝအတိုင်း ကျောက်ကပ်က သန့်စင်ပြီး ဆီးအဖြစ်စစ်ထုတ်ပေးပါတယ်။
❗ Uric Acid များလွန်းရင် ဘာဖြစ်နိုင်လဲ?
Uric acid များလွန်းတာကို Hyperuricemia လို့ခေါ်ပါတယ်။ ဒီအခြေအနေကတစ်ဆင့် အောက်ဖော်ပြပါရောဂါတွေ ဖြစ်လာနိုင်ပါတယ်
1. Gout ရောဂါ
Urine acid များလာတဲ့ အခါ uric acid ခဲ (crystals) တွေဖြစ်လာပြီး အရိုးအဆစ်တွေမှာ သွားကပ်ရာကနေ arthritis လို့ ခေါ်တဲ့ အဆစ်ရောင်တာတွေ ဖြစ်လာပါတယ် (အဆစ်တွေ နီလာမယ်, ရောင်လာမယ်, ဖောင်းလာမယ်, နာလာတာတွေပါ ကြုံတွေ့ရတတ်ပါတယ်)
အထူးသဖြင့် ခြေမ ထိပ်စောင်းနာတာတွေ အဖြစ်များပါတယ်
2. Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)
Uric acid များပြီး crystal အခဲလေးတွေကျောက်ကပ်ထဲ ရောက်ပြီး ကျောက်ကပ်ထဲမှာ ကျောက်တည်ပါတယ် ဒီလိုကနေ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်ကျဆင်းလာတတ်ပါတယ်
🍲 Uric Acid လျှော့ချဖို့ ဘာတွေလုပ်သင့်လဲ
1. Purine များသောအစားအစာများလျှော့ပါ
ဥပမာ: ဥပမာ – ကလီစာ, seafood ထဲမှာဆို အခွံပါတဲ့ ပုစွန်, ဂဏန်း, ခရု, ကမာ စတာအပြင် ငါးနီတူငါး, အရက်မှာဆို အထူးသဖြင့် beer ) တွေကို ရှောင်ရပါမယ်
မရှောင်နိုင်ရင်တောင် လျော့ချစားသုံးရပါမယ်
2. ရေများများသောက်ပါ
နေ့စဉ် ရေ ၂–၃ လီတာသောက်ပါ
3. အရက်သောက်သုံးမှုလျှော့ချပါ
အထူးသဖြင့် beer သောက်သုံးမှု လျော့ချပါ
4. ကိုယ် အလေးချိန်ထိန်းပါ
ကိုယ်အလေးချိန်များခြင်းသည် uric acid များစေပါတယ်
5. ဆရာဝန်အကြံပြုချက်နဲ့ ဆေးဝါးများ သောက်သုံးပါ urine acid ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးစစ်ပေးပါ
ဒီ ဆောင်းပါးလေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် လူအများကြီး ကျန်းမာရေး ဗဟုသုတရသွားအောင် ရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူပါရှင်
21/07/2025
ပိုးသတ်ဆေး (Antibiotics) မသောက်ခင် သိထားရမည့် အချက်များ 🦠 🦠🦠
🔻ပိုးသတ်ဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးရမှာ ဖြစ်ပါတယ်
တစ်ချို့ ပိုးသတ်ဆေးတွေဟာ သွေးစစ်ပြီးမှ တိကျတဲ့ ဘစ်တီးရီးယားအမျိုးအစားအတွက် ဆိုပြီးတော့ တိတိကျကျ ပေးတဲ့ ပိုးသတ်ဆေးတွေ ရှိပါတယ်
🔻ပိုးသတ်ဆေး မသောက်ခင် သိထားရမည့် အချက်များ
1. ဆေး နဲ့ ဓာတ်မတည့်ခြင်း (Drug အလက်ဂျီ)
အရင်က ပိုးသတ်ဆေး တစ်ခုခုနဲ့ ထပ်မတည့်ဘူး ဆိုရင် သေချာ မှတ်ထားဖို့ လိုအပ်ပါတယ် ဓာတ်မတည့်တဲ့ လက္ခဏာတွေက ဆေးသောက်ပြီး ကိုယ် ခန္တာ ယားယံခြင်း / အနီစက် အဖုတွေ ပေါ်လာခြင်း / အသက်ရှုရခက်ခြင်း / မျက်လုံးတွေ ရောင်ရမ်းလာခြင်း / ပျို့အန်ခြင်း တွေ ဖြစ်နိုင်ပါတယ် အဲ့လိုဆေးကို ဆရာဝန်က ညွှန်ကြားရင် ဆေး နဲ့ ဓာတ် မတည့်ကြောင်း ပြောပါ
2. ဆေးပမာဏ တိတိကျကျ သောက်ဖို့ လိုအပ်ပါတယ်
ဆရာဝန်က အသက်အရွယ်/ ကိုယ်အလေးအချိန်ပေါ်မူတည်ပြီး ဆေးပမာဏ ညွှန်ထားတာ ဖြစ်ပါတယ်
ဥပမာ: တစ်ခါသောက် ၁ လုံး / တစ်ခေါက်သောက် ၂ လုံး) တိတိကျကျ သောက်မှသာ ရောဂါသက်သာမှာ ဖြစ်ပါတယ်
3. အချိန်အပိုင်းအခြား ဆေးကို အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်
နောက်ဆုံး သောက်ထားတဲ့ အချိန်နဲ့ အနည်းဆုံး ၁ နာရီ စော သို့မဟုတ် ၁ နာရီ နောက်ကျပြီး သောက်လို့ရပါတယ် အဲ့ထက် စောတာ နောက်ကျမှ သောက်တာ မလုပ်သင့်ပါဘူး ဥပမာ ဆရာဝန်က တစ်နေ့ ၃ ကြိမ် ပေးထားတယ်ဆိုရင် မနက် ၇ နာရီမှာ စသောက်တယ်ဆိုရင် နောက်တစ်ကြိမ်ကို ၃ နာရီမှာ အတိအကျသောက်လို့ ရသလို ၂ နာရီ သို့ ၄ နာရီ မှာ သောက်လို့ ရနိုင်ပါတယ်)
4. ကြာချိန် ဘယ်နှရက် သောက်ရမှာလဲ
ပိုးသတ်ဆေး တော်တော်များများဟာ ၇ ရက် တစ်ပတ် တိတိ သောက်ခိုင်းတာ များပါတယ် နေကောင်းသွားလို့ ဆိုပြီး ဆေးကိုရပ်လိုက်တာမျိုး လုံးဝ လုပ်လို့ မရပါ ဆေးမှာ therapeutic level ဆိုတာ ရှိပါတယ် ဆေးအာနိသင် အကောင်းဆုံး ရတဲ့အချိန် ဟာ ရောဂါတိုက်ထုတ်ဖို့ အကောင်းဆုံး ဖြစ်နေချိန်ကို ဆိုလိုတာပါ နေကောင်းသွားလို့ ဆေးကို သတ်မှတ်ထားတဲ့ ရက်အထိ မသောက်ဘဲ ရပ်လိုက်မယ်ဆိုရင် ဆေးအာနိသင်က ရောက်သင့်သလာက် မရောက်ဘဲ ရောဂါလက္ခဏာတွေဟာ ခဏအတွင်း ပြန်ရောက်လာတတ်ပါတယ်
နောက်တစ်ခုက ခန္တာကိုယ်မှာ ရှိတဲ့ ပိုးဟာ ဆေးကို ယဉ်သွားပြီး နောက်ထပ် အဲ့ဈေးထက် ပိုပြင်းတဲ့ ဆေးကိုသောက်မှ ပိုးသတ်နိုင်မှာ ဖြစ်ပါတယ် နောက်ပိုင်း ကိုယ်နဲ့ကိုက်မယ့် ဆေးရှားသွားနိုင်ပါတယ် အဲ့ဒါကြောင့် ဆေးကို သတ်မှတ်ထားတဲ့ ရက်ပြီးတဲ့အထိ သောက်ကိုသောက်ရပါမယ်
5. အစာ နဲ့ သောက်ရမှာလား အစာမစားခင် သောက်ရမှာလား
တစ်ချို့ဆေးတွေဟာ အစာအိမ်အနာ ဖြစ်မှာစိုးတဲ့အတွက် အစာစားပြီးမှ သောက်ရသလို တစ်ချို့ဆေးတွေဟာ အစာမစားခင် သောက်ရင် ပိုပြီး ထိရောက်မှု ရှိတဲ့အတွက် သေချာ မေးဖို့ လိုပါတယ်
6. ဆိုးကျိုးတွေက ဘာလဲ
တစ်ချို့ဆေးတွေဟာ အူထဲမှာရှိတဲ့ ကောင်းတဲ့ bacteria 🦠တွေကိုမှာ ဆေးက ချေဖျက်လိုက်တာကြောင့် တစ်ခါ တစ်လေ ပိုးသတ်ဆေးသောက်ပြီး ဝမ်းလျောတာတွေ ဖြစ်တတ်ပါတယ် အဲ့ဒါကြောင့် side effects ဆိုးကျိုးကို သိဖို့ လိုအပ်ပါတယ်
7. ရောဂါလက္ခဏာကို စောင့်ကြည့်ပါ ဆေးသောက်နေစဉ်အတွင်း တဖြည်းဖြည်း သက်သာလာလား ပိုဆိုးလာလား ကို သတိပြုပါ ပိုဆိုးလာတယ် ဆိုရင်တော့ ဆရာဝန် နဲ့ ပြန်ပြပြီး ဆေးပြောင်းရင် ပြောင်း ဆေးပမာဏတိုးရင်တိုး လုပ်ရမှာ ဖြစ်ပါတယ်
ဒီစာလေးက အကျိုးရှိတယ်ဆိုရင် like & share လေး လုပ်သွားနိုင်ပါတယ်ရှင်
18/07/2025
အခုနောက်ပိုင်း အသက်ငယ်ငယ်လေးတွေ ကျောက်ကပ်ရောဂါဖြစ်တဲ့ သတင်းတွေ တွေ့ရတာ အတော်ကို စိတ်မကောင်းစရာပါ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးတက်တာတွေ သွေးတိုးလို့ တိုးမှန်းမသိ ခေါင်းထိုး ခေါင်းကိုက်ရင် paracetamol လေး သောက်ပြီး ဆေးခန်းလေး ပြလိုက်နဲ့ သတိမထားမိကြပါဘူး
ကျောက်ကပ် လုံးဝ ပျက်စီးပြီး ကျောက်ကပ်ဆေးရတော့မယ်ဆိုမှ သိရတာဆို တော်တော် နောက်ကျနေပြီ အထူးသဖြင့် အစားအသောက် အပြင်စာ အရမ်းစားတာတွေ အငန်စားများတာတွေကနေ သွေးတိုးတက်ရာကနေ ဖြစ်တာများပါတယ်
စင်ကာပူမှာဆိုလည်း CKD (chronic kidney disease) နာတာရှည် ကျောက်ကပ်လူနာတွေ တော်တော်များပါတယ် ကျန်းမာရေး system သိပ်ကောင်းပေမယ့် နာတာရှည် ကျောက်ကပ်ဆေးနေရသူ အယောက်တိုင်းရဲ့ကျန်းမာရေး မှတ်တမ်း ကြည့်လိုက်ရင် သွေးတိုးရောဂါ ရှိတာများတယ်
ကျောက်ကပ် ဆေးရတာတွေ ဖြစ်လာပြီဆိုလျှင် ပုံမှန် တစ်ပတ်မှာ အနည်းဆုံး 3 ရက်လောက် ဆေးရတတ်ပါတယ် မဆေးရင် ကိုယ်ခန္တာမှာ အညစ်အကြေးတွေ စုပြီး အသက်အန္တာရယ် စိုးရိမ်ရတဲ့ အထိ ဖြစ်တတ်ပါတယ်
Admin စလုံးက အစိုးရဆေးရုံ အထူးကြပ်မတ်ကုသဆောင် ICU မှာ အလုပ်လုပ်နေတဲ့ သက်တမ်းတစ်လျှောက် နာတာရှည် ကျောက်ကပ် ရောဂါ လူနာတွေကိုကြည့်ပြီး အတော် စိတ်မကောင်းဖြစ်ရပါတယ်
ကျောက်ကပ်ဆေးတဲ့ နေရာ ကို တစ်ပတ် ၃ ရက် တကူးတကကြီး သွားရတယ် ကိုယ့်ကို ကြည့်ရှု စောင့်ရှောက်ဖို့ လူလိုတယ် ငွေကြေးကုန်ကျတဲ့အပြင် လူပါ စိတ်ပင်ပန်း စိတ်ညစ်ရပါတယ်
စားချင်တာ မစားရ ရေသောက်ချင်ရင်တောင် ကန့်သတ်ပြီး သောက်ရတာပါ ဒါတင်မက တစ်ပတ်သုံးရက် ကျောက်ကပ်ဆေးတိုင်း ထိုးတဲ့ အပ်ကနေ ရတဲ့ နာကျင်မှုတွေ နဲ့ ဖြတ်သန်းနေရတာပါ
အဲ့ဒါကြောင့် ကိုယ်စားချင်တာ စားနေရတဲ့ ဘဝမှာ အထိန်းကွပ်မရှိ စားနေမယ့်အစား ထိန်းပြီး စားပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်ရှင်
ကဲ ဒီနေ့မှာတော့ AED page လေးကနေ
အိမ်မှာ ဆီးချိုကို ဘယ်လို မှန်ကန်အောင်
တိုင်းတာ မလည်း ဆိုတာကို ဒီ video လေးက
နေ တစ်ဆင့် ပြောပြပေး သွားမှာ ပဲ ဖြစ်ပါ
တယ် ရှင်💉🩸
တစ်နေ့ကို ဘယ် နှစ်ကြိမ်တိုင်းတာ ရမလည်း
ဆို တာကတော့ ကိုယ့်ရဲ့ ဆရာဝန် ညွှန်ကြား
ချက်ပေါ်မှာ မူတည်ပြီး လိုက်နာ ပေးရပါ မယ်🩺👨⚕️
📝ဆီးချိုရှိတဲ့ လူနာတွေဟာ HbA1c လို့ခေါ်တဲ့
သွေးစစ်ခြင်းကို ဆေးခန်း မှာ အနည်း ဆုံး
3-6 လ တိုင်း စစ်သင့်ပါတယ်
အခု video လေးထဲမှာကတော့ အိမ်မှာ နေ့စဉ်
ထမင်း မစားခင် နှင့် စားပြီး ကိုယ့် ရဲ့ သွေးထဲ
က သကြားဓာတ် Glucose level ကိုစစ် နည်း
လေးပဲ ဖြစ်ပါတယ်
ဒီ video လေးက လူကြီးမင်းတို့ အတွက် အသုံး ဝင်တယ် ဆိုရင်တော့ Like & Share လေးလုပ်ပြီး ကျန်းမာရေး ဗဟုသုတ လေးတွေကို မျှဝေပေးကြပါဦး ရှင့် 🩵🩵🩵
#ဆီးချိုတိုင်းတာခြင်း
#ကျန်းမာရေးဗဟုသုတ
08/07/2025
💦ရေဓာတ်ခန်းခြောက်ခြင်း (dehydration) 💦
ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်သောရေ
ပမာဏမလုံလောက်တော့ခြင်း သို့မဟုတ် ရေ
ဓာတ် များစွာဆုံးရှုံးသည့်အခါ ဖြစ်တတ်ပါတယ်
ရေကို လုံလောက်အောင် သောက်သုံး ခြင်း
သည် ခန္ဓာကိုယ်အပူချိန် ထိန်းညှိရန်နှင့် ခန္တာ
ကိုယ်မှ မလိုအပ်သော အဆိပ်အတောက်တွေကို
ဖယ်ရှားပေးရန်အတွက် အရမ်း အရေးကြီးပါ
တယ်
ရေခန်းခြောက်ခြင်းဆိုသည်မှာ သင့်ခန္ဓာကိုယ်
အတွက် လိုအပ်သည့်ရေကို မသောက်လို့ဖြစ်
စေ၊ ရေဓာတ်ဆုံးရှုံးသော်လည်း ပြန်လည်
ဖြည့်တင်းခြင်း မရှိခြင်းကြောင့် ဖြစ်လာသော
အခြေအနေဖြစ်ပါတယ်
သက်ကြီးရွယ်အိုများတွင် ရေဓာတ်
ခန်းခြောက်ခြင်း ဖြစ်လွယ်ပါတယ်
အကြောင်းမှာ
၁: သူတို့ကိုယ်တိုင် ရေမဆာတတ်ခြင်း
၂: သန့်စင်ခန်း ခဏခဏ သွားမှာ စိုးရိမ်၍ ရေ
လုံးဝမသောက်ခြင်း တို့ကြောင့် ဖြစ်တတ်ပါ
တယ်
အဲ့ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်း
ပြဿနာများ မဖြစ်စေရန်၊ ပုံမှန်အတိုင်း ရေကို
လုံလောက်အောင် သောက်သုံးပေးရပါမယ်ရှင်
ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများမှာ
၁: ရေဆာလောင်ခြင်း
၂: နှုတ်ခမ်းလျှာ အာခေါင် ခြောက်ခြင်း
၃: နှလုံးခုံနှုန်း မြန်ခြင်း
၄: ခေါင်းကိုက်ခြင်း
၅: အသားအရေ ခြောက်ခြင်း
၆: ဆီးသွားနည်းခြင်း
၇: ဆီးသွားရင်လည်း ဆီးအရောင် ပုံမှန်ထက်
ရင့်ခြင်း / ဆီးအနံ့ပြင်းခြင်း တို့ပဲ့ ဖြစ်ပါတယ်
ရေဓာတ်ခန်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲ
ကျန်းမာရေးပြဿနာတွေကတော့
၁: ဝမ်းချုပ်ခြင်း
၂: ဆီးပိုးဝင်ခြင်း
၃: သွေးပေါင်ကျခြင်း
၄: ရေရှည်မှာ ကျောက်ကပ်ရောဂါ စတာတွေ
ဖြစ်နိုင်ပါတယ်
လူငယ်တွေမှာ စိုးရိမ်စရာ အရမ်း မရှိပေမယ့်
သက်ကြီးရွယ်အိုတွေမှာ အပေါ်က ကျန်းမာရေး
ပြဿနာတွေ ဖြစ်ရင် စိုးရိမ်ရတတ်ပါတယ်
တစ်နေ့လျှင် အနည်းဆုံး ဆီးအကြိမ်အရေ များ
များ သွားနိုင်ရန်အတွက် ရေလုံလောက်အောင်
သောက်သင့်ပါတယ် ဆီးသည် အရောင်ဖျော့ပြီး
အနံ့မရှိသင့်ပါ။
ဆီးအရောင်ရင့်ပြီး အနံ့ရှိနေလျှင် ရေဓာတ်
ခန်းခြောက်နေခြင်း ဖြစ်နိုင်တာကြောင့် ရေ ပိုမို
သောက်ရန် လိုအပ်ပါတယ်
ရောဂါတစ်ခုခုကြောင့် ဆရာဝန်က ရေများများ
မသောက်ရလို့ ပြောထားတဲ့ သူတွေကလွဲလို့
တစ်နေ့လျှင် ရေ ၆-၈ ခွက်ခန့်
(အနည်းဆုံး၂လီတာခန့်) သောက်ပေးသင့်ပါ
တယ်
ရေဓာတ်ခန်းခြောက်ခြင်းမှ ဘယ်လိုကာကွယ်မ
လဲ
၁: ရေတစ်ဘူး ကိုယ်နဲ့ မကွာ အမြဲဆောင်ထား
ခြင်း
၂: ရေခွက်တစ်ခွက် အိပ်ရာ နံဘေးမှာ ထားခြင်း
( အိပ်ရာက နိုးလာတာနဲ့ တစ်ခါတည်း သောက်ဖို့
အဆင်သင့် ဖြစ်နေခြင်း)
၃: ထမင်းစားတိုင်း ရေတစ်ခွက် အမြဲထားခြင်း
၄: ဟင်းချို/ လက်ဖက်ရည်/ နွားနို့ စသဖြင့်
သောက်သုံးနိုင်ပါတယ် သို့သော် ချိန်ဆပြီး
သောက်သုံးပေးရပါမယ် ရေကိုတော့ အဓိက
ထား သောက်သုံးရမှာ ဖြစ်ပါတယ်
၅: အရက်သောက်သုံးခြင်းကို လုံးဝ ရှောင်ပါ
အရက်က ရေဓာတ်ခန်းခြောက်ခြင်းကို ပို ဖြစ်စေ
ပါတယ်
ရောဂါတစ်ခုခုကြောင့် ဆရာဝန်က ရေများများ
မသောက်ရလို့ ညွှန်ကြားထားတယ်ဆိုရင်
(ဥပမာ ကျောက်ကပ် ရောဂါ/ နှလုံး စတဲ့ ရောဂါ
ရှိတဲ့ သူတွေ) လိုက်နာဖို့ လိုပါတယ် ဘာဖြစ်လို့
လဲဆိုတော့ ရေသောက် များခြင်းကြောင့်
နောက်ထပ် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ
ဖြစ်လာတတ်ပါတယ်ရှင်
ဒီ ကျန်းမာရေး ဗဟုသုတလေးက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် like & share လေး လုပ်သွားပေးပါရှင်
#ရေဓာတ်ခန်းခြောက်ခြင်း #ရေဓာတ်
ကိုလစ်စထရော ဆိုတာ ဘာလဲ Video အပြည့်အစုံကြည့်ရန် comment ကို နှိပ်ပါ #နှလုံးးရောဂါ #ကိုလစ်စထရော
27/06/2025
📖📖ဆီးချို သွေးချို ရောဂါအကြောင်းသိကောင်းစရာ
ဆီးချို သွေးချို ရောဂါ ဆိုတာ ကတော့ သွေးထဲမှာ သကြားဓာတ် (glucose level) ပုံမှန် ထက် မြင့်တတ်နေ ခြင်း ဖြစ်ပါတယ်. Glucose ဟာဆိုရင် ခန္ဓာကိုယ်တွင်း ဆဲလ်များစွမ်းအင်ပေးဆောင်ရာတွင် မရှိမဖြစ်ဓာတ်တစ်ခုဖြစ်ပါတယ်
အဲဒီ Glucose သကြားဓာတ်ကိုထိန်းပေးတဲ့ အင်ဆူလင် (Insulin) လို့ခေါ်တဲ့ ဟော်မုန်း တစ်ခုရှိပါတယ်
အင်ဆူလင် ကိုတော့ ခန္ဓာကိုယ်ရဲ့ အတွင်း ကလီစာ တစ်ခု ဖြစ်တဲ့ Pancreas မြန်မာ လို အခေါ်ဆို ရင်တော့ မုန့်ချို အိပ် ကနေ ထုတ်ပေးပါတယ်
ဆီးချို သွေးချို ရောဂါ မှာ အ မျိုးအစား သုံးမျိုးရှိပါတယ်
Type 1 - ငယ်စဉ် ထဲက Pancreas မုန့်ချိုအိပ်ကနေ အင်ဆူလင် မထုတ် နိုင်လို့ သွေးတွင်း သကြားဓာတ် များ ခြင်း
Type 1 ဟာဆိုရင်တော့ မွေးရာပါ ဖြစ်ပါတယ်
Type 2 - အင်ဆူလင် ထုတ်နိုင်ပေးမယ့် ခန္ဓာကိုယ်က ကြွက်သား, ဆဲလ် တွေနဲ့ ခန္ဓာကိုယ်က အဆီ တွေက အင်ဆူလင် ကိုကောင်းကောင်းအသုံးမချနိုင်ခြင်း
Type 2 ဟာဘယ်လို လူတွေမှာ အဖြစ်များလည်း ဆိုရင်တော့
-အဝလွန်သူများ
-အသက်အရွယ်ကြီးလာသူများ
-ခန္ဓာကိုယ် လူပ်ရှားမူ နည်းသူများ
-carbohydrate မြင့်တဲ့ အစားအစာ တွေနဲ့ အဆီ အစားများ သူများ
-မျိုးရိုးလိုက်ခြင်း
-steroid ပါဝင်တဲ့ ဆေး အသံုးအစွဲများသူများ
-Stress များပြီး အအိပ်ခဏခဏပျက်သူများ
-ဟော်မုန်းဆိုင်ရာ ရောဂါ ရှိသူများ (thyroid and cushion syndrome)
အဲ့လို လူတွေမှာ အ ဖြစ်များ ပါတယ်
Type 1 နဲ့ Type 2 မှာ Type 2 က အဖြစ်များပြီး 2014 WHO ရဲ့ step survey အရ မြန်မာနိုင်ငံတွင် 10 ယောက်မှာ 1 ယောက် က ဆီးချိုသွေးချို ရော ဂါရှိနေတတ်ပါတယ်
🤰🤰🤰Type 3 ကိုယ်ဝန်ဆောင် ဆီးချို (Gestational Diabetes)
ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်ပြီး ကလေး မွေးပြီးနောက် ပြန် သက်သာ သွားတတ် ပါတယ်
ဒါပေမယ့် အနာဂတ်မှာ Type 2 ဖြစ်နိုင်ခြေများပါတယ်
University of Toronto ကထုတ်တဲ့ GD နဲ့ ပတ်သက်တဲ့ စာဆောင်တစ်ခုမှာ တော့ 50% ကိုယ်ဝန်ဆောင် အမျိုးသမီး များ GD ရှိတယ်ဆိုရင် နောက် 10 နှစ် အတွင်းမှာ type 2 ဖြစ်နိုင်ခြေများတယ်လို့ ဖော်ပြထားပါတယ်
🦠🦠🦠ရောဂါလက္ခာဏာများ
ရောဂါလက္ခာဏာများ ကတော့ သွေးတွင်း သကြားဓာတ်ဘယ်လောက် များလည်း ဘယ်လို အမျိုးအစား လည်း ဆိုတာ မှာ မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွဲပြားနိုင်ပါတယ်
-ရေငတ်မှုတိုးလာခြင်း
-ဆာလောင်မှုတိုးလာခြင်း
-အကြောင်းအရင်းမသိပဲ ဝိတ် ကျ ခြင်း
-ပင်ပန်းနွမ်းနွယ်လွယ်ခြင်း
-စိတ်တို စိတ်ဆက်လွယ်ခြင်း
-အ မြင်ဝေဝါးလာခြင်း
-ဆီးခဏခဏ သွားတတ်ခြင်း
-ခြေလက် ထံုကျင်တတ်ခြင်း
-အသားအရည် ခြောက်၍ယားယံတတ်ခြင်း
-အနာဒက်ရာ ရပါက အလွယ်တကူ မသက်သာခြင်း
ကဲ ဒီ post မှာတော့ ဒီလောက်ပါပဲ နော်
နောက် post တွေ မှာ ဆီးချို သွေးချို ကြောင့် ဖြစ်လာတဲ့ နောက် ဆက်တွဲ ဆိုးကျိုး များ ကို ပြောပြ ပေးမှာ ဖြစ်လို့ စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်💚
#ဆီးချိုရောဂါအကြောင်း
26/06/2025
ပုံမှန်မဟုတ်တဲ့ လက္ခဏာ တစ်ခုကို စောစောသိရဖို့ဆိုရင် ပုံမှန်လက္ခဏာကို အရင် သိထားမှ ရမှာပါ
ဒီ ပုံလေးကတော့ လူတိုင်း သိထားသင့်တဲ့ vital signs ၅ မျိုး ဖြစ်ပါတယ်ရှင်
သတ်မှတ်ထားတဲ့ level အထက်ရှိရင်လည်း မကောင်းသလို ပုံမှန်ထက် နည်းနေရင်လည်း
သထိထားသင့်ပါတယ်ရှင်
Sharing is Caring ဒီ post လေးက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် Like & Share လေး လုပ်ပြီး ကျန်းမာရေး အသိပညာလေးတွေ အတူတူမျှဝေပေးကြပါရှင်
#ကိုယ်အပူချိန်
#နှလုံးခုန်နှုန်း
#အသက်ရှုနှုန်း
#သွေးထဲအောက်စီဂျင်ဓာတ်
25/06/2025
သွေးတိုးရောဂါဟာ ကျောက်ကပ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🩸သွေးတိုးရောဂါဆိုတာ သွေးကြောနံရံတွေမှာ pressure ဖိအား များတာဖြစ်ပါတယ်
ခန္တာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ ကိုယ်အင်္ဂါတိုင်းကို သွေးတွေ လည်ပတ်သွားလာ လှုပ်ရှားနေတာ ဖြစ်ပါတယ်
ပုံမှန်အားဖြင့် ခန္တာကိုယ်မှာ ရှိတဲ့ သွေးကြောလေးတွေဟာ သားရေကွင်းလိုပဲ့ ပျော့ပျောင်းပါတယ် လိုအပ်တဲ့ အချိန်မှာ တင်းလို့လည်းရတယ် လျော့လို့လည်း ရတယ် အဲ့လို အလျော့အတင်းရှိတာဟာ ခန္တာကိုယ်အတွင်း သွေးလည်ပတ်ဖို့ အတွက် လွယ်ကူစေပါတယ်
🩸သွေးတိုးရောဂါဟာ ကျောက်ကပ်မှာ ရှိတဲ့ သွေးကြောလေးတွေကို ဖိအားများစေပြီး အချိန်တစ်ခုကြာလာတဲ့အခါ ကျောက်ကပ်မှာ ရှိတဲ့ သွေးကြောတွေဟာ ပုံမှန် လွယ်ကူစွာ
အလျော့အတင်း မရှိတော့ဘူး မာလာမယ် တင်းလာမယ် ကျဉ်းလာမယ် အကြာကြီးဆွဲထားတဲ့ သားရေကွင်းလိုပေါ့နော် ပုံမှန် မူလ အနေအထားကို ပြန် မရောက်တော့ပါဘူး
အဲ့လိုဖြစ်နေတဲ့ သွေးကြောဟာ သွေးလုံလုံလောက်လောက် လည်ပတ်နိုင်ဖို့ဆိုတာ မလွယ်ကူတော့တာမလို့ ကျောက်ကပ်ဆီကို သွေးလည်ပတ်ဖို့ ခက်ခဲသွားပါတယ်
🩸ကျောက်ကပ်ဟာ ရေစကာ တစ်ခု နဲ့ တူပါတယ်
ကျောက်ကပ်ဟာ ခန္တာကိုယ်ကို အကျိုး မပြုတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသုံးလိုတဲ့ proteins နဲ့ သွေးနီဥတွေမပါစေဖို့ ရေစစ်စကာ လိုမျိုး စစ်ထုတ်ပေးပါတယ်
ကျောက်ကပ်ဆီကို သွေးရောက်နည်းသွားတဲ့ အခါကျရင် ကျောက်ကပ်လည်း စစ်ထုတ်နိုင်စွမ်းကျသွားပြီးတော့ နောက်ဆုံး မစစ်ထုတ်သင့်တဲ့ အရာတွေပါ စစ်ထုတ်လာမယ်
ဥပမာ ရေစစ်စကာမှာ ညီညာတဲ့အပေါက်သေးသေးတွေပဲ့ ရှိနေရမယ့် နေရာမှာ အပေါက်ကြီး တစ်ခုရှိနေတယ်ဆိုရင် အဲ့စကာက ခနက ပြောထားတဲ့ မပါသင့်တဲ့ သွေးနီဥ တွေ protein တွေကို စစ်ထုတ်သွားမှာ ဖြစ်ပါတယ်
အဲ့ဒါကြောင့် တစ်ခါတစ်လေ ဆရာဝန်တွေက microscope နဲ့သာ မြင်နိုင်တဲ့ သွေးနီဥ လေးတွေ ဆီးမှာ ပါနေတယ်လို့ ပြောနိုင်ပါတယ်
ပြီးတော့ စစ်ထုတ်သင့်တဲ့ အညစ်အကြေးတွေကို စစ်ထုတ်နိုင်စွမ်း မရှိတော့ပါဘူး
အဲ့အချိန်မှာ ခန္တာကိုယ်မှာ အညစ်အကြေးတွေ စုလာမယ် အညစ်အကြေးတွေ စုလာတော့ ခန္တာကိုယ်က တက်တက်ကြွကြွ မရှိတော့ဘူး မူးဝေလာမယ် ပင်ပန်းလာမယ် နွမ်းနယ်လာမယ်
သောက်လိုက်တဲ့ရေတွေကို ခန္တာကိုယ်ကနေ သုံးပြီး မလိုအပ်တော့တဲ့ ရေတွေကို ကျောက်ကပ်က ဆီးအဖြစ် မစွန့်ထုတ် နိုင်တော့ ခန္တာကိုယ်မှာ ရေတွေကျန်နေမယ် ကိုယ်တွေလက်တွေ ခြေတွေ ဖောင်းလာမယ်
အဲ့ရေတွေက အဆုတ်ဆီရောက်သွားတော့ အသက်ရှုကြပ်တာတွေ ဖြစ်လာမယ်
နောက်ဆုံးအဆင့်ဆိုရင် ဆေးရုံတွေမှာ ကျောက်ကပ်ဆေးရတဲ့ အထိတောင် ဖြစ်နိုင်ပါတယ်
အဲ့ဒါကြောင့် သွေးတိုးရှိသူများ သွေးတိုးကို သေချာလေး ထိန်းထားပေးဖို့ အစားအသောက် အနေအထိုင် ဆင်ခြင်ရုံမက ဆရာဝန် ပေးထားတဲ့ ဆေးဝါး ကို မှန်မှန်သောက်မယ် သွေးပေါင်ချိန်ကို မှန်မှန် တိုင်းဖို့ လိုအပ်ပါတယ်ရှင်
Sharing is Caring ဒီ post လေးက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် Like & Share လေး လုပ်ပြီး ကျန်းမာရေး အသိပညာလေးတွေ အတူတူမျှဝေပေးကြရအောင်လား စာဖတ်သူတို့ရှင်
#သွေးတိုးရောဂါ #သွေးတိုးရောဂါ #သွေးပေါင်ချိန် #ကျောက်ကပ် #ကျောက်ကပ်အားနည်းနို
21/06/2025
ကိုယ့်သွေးပေါင်ချိန်က ပုံမှန်လား သွေးတိုး ရှိနေလား ဆိုတာ သိချင်ရင် သွေးပေါင်ချိန် တိုင်းပြီး အောက်က ဇယားလေး ကို ကြည့်ပြီး သိနိုင်ပါတယ်ရှင်
ဇယားမှာ ဖော်ပြထားတာကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့စည်း ရဲ့ ဖော်ပြချက်များကို ကိုးကားထားတာ ဖြစ်ပါတယ်ရှင်
သွေးပေါင်ချိန် ကို တိကျမှန်ကန်စွာ ဘယ်လိုတိုင်းမလဲ နဲ့ ဆောင်ရန် ရှောင်ရန် သိချင်ရင် video လေးကို ကြည့်ပေးပါရှင် link လေးကို comment မှာ ကြည့်ပေးပါ
#သွေးတိုးရောဂါ #သွေးပေါင်ချိန်
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Yangon