Boom Myanmar by Wendy

Boom Myanmar by Wendy

Share

Beauty is the power

Photos from Boom Myanmar by Wendy's post 29/11/2021

အရမ်းချစ်ဖို့ကောင်းတဲ့ သတို့သမီးလေးအတွက်ပန်းစည်းလေးရယ် အဲ့နေ့က ကိုယ့်ပုံလေး။ ဒီကာလlineပေါ်မှာရောအပြင်မှာပါBoom Collagenမရောင်းဖြစ်ပေမယ့် သူက​သောက်ဖို့ချည်းပဲ ၁၂ဘူးအားပေးသွားတယ်။ ကိုယ့်မှာဉ ထားတာလေးတွေမလောက်လို့ ရန်ကုန်ကနေ လားရှိုးကိုထပ်မှာရတာ။ အမှတ်တရမို့ Pageမှာတင်ပါရစေ။

29/04/2021

Thanks

Feb 1ရက်န့ထဲကစလို့ စျေးရောင်းပို့စ်တွေ ကျမရဲ့pageမှာမတင်တော့တာပါ။ ခုချိန်ထိအားပေးတဲ့customerတွေကျေးဇူးပါ။ တစ်နိုင်ငံလုံးအတိုင်းအတာဝမ်းနည်းကြေကွဲနေရတာမို့ အနှေင့်ယှက်မဖြစ်စေချင်လို့ပါ။ တစ်ခြားသူတွေကိုလည်းစောင်းပြောတာမဟုတ်ပါဘူးနော်။ဒီကာလကြာလာတော့ တစ်ဖက်မှာစားဝတ်နေရေးရှိသေးတယ်လေနော်။စျေးရောင်းတဲ့ postတွေကိုလည်းအပြစ်မပြောစေချင်ပါ။ မကြည့်ချင်ကျော်သွားနိုင်ပါတယ်။ လိုအပ်တဲ့ သူတွေဝယ်မှာပါ။ဒီအရေးတော်ပုံကာလတွင်းရော အောင်မြင်ပြီးရင်ရောအချင်းချင်း မေတ္တာတရားတွေ၊နားလည်မှုတွေ နဲ့ရှေ့ဆက်ကြမယ်နော်

23/01/2021

အရိုးပြုတ်ရည်သောက်မယ်

Good morning! ဒီနေ့ကြက်ပြုတ်ရည်လေးသောက်မယ်။ကြက်တစ်ကောင်လုံး ၄နာရီလောက်ကြာ မီးသွေးမီးဖိုနဲ့မနေ့ကတည်းကပြုတ်ထားတာ။ ဒီနေ့ လျှပ်စစ်အိုးနဲ့အရိုးတွေဖယ်ပြီး အသားပဲထည့်နွေးထားတာ။ အရိုးပြုတ်ရည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေပါဝင်ပြီး အစာချေစနစ်နဲ့ အူလမ်းကြောင်းကိုအထူး ကောင်းမွန်စေပါတယ်။ အရိုးအဆစ်နာ၊ ကျီးပေါင်းသမားတွေအတွက်ကတော့ အတော်လေးကောင်းတယ်နော်။ Collagenဆိုတဲ့protein လည်းပါတော့ အသားအရည်၊ ဆံပင်၊အရိုး​တွေကောင်းမွန်လှပစေတယ် ။တစ်ပတ်ကိုအနည်းဆုံး တစ်ခါလောက် သောက်ပေးနော်။တစ်နေ့တာစားသုံးတဲ့အစာထဲမှာ collagen အလုံလောက်မရနိုင်ပါဘူး။မအားသေး ဘူး ဆိုရင်တော့တစ်နေ့တာအတွက်လိုအပ်တဲ့ collagenနဲ့ ဗီတာမင်တွေပါတဲ့ Boom Collagen ကိုသောက်ပေးလို့ရပါတယ်။ တစ်လစာတစ်ဘူး ၃၂၀၀၀ကျပ်ပါ။ အသက်၂၀လောက်ကနေစသောက်ပေးလို့ရပါတယ်နော်။

21/01/2021

My skin food for today💚💚💚

Photos from Boom Myanmar by Wendy's post 19/01/2021

Good morning all !သာယာတဲ့ မင်္ဂလာရှိတဲ့နေ့သစ်လေးဖြစ်ပါစေနော်။ မနက်ခင်းလေးကစလို့ ကိုယ်ရော စိတ်ပါပျော်ရွှင်ကျန်းမာအောင်ကြိုးစားစို့။တစ်နေ့တာကော ဘာတွေစားကြမှာလဲ။ သက်တံ့ရောင်ပေတံလေးနဲ့တိုင်းပြ်ီးစားကြမယ်နော်။ အနီလား...အစိမ်း...အဝါလား🍎🍓🍈🍒🍇🍉🍌🥝

Photos from Boom Myanmar by Wendy's post 13/01/2021

Online Businessစခဲ့တဲ့အတွေ့ကြုံလေး Sharing လုပ်တာပါနော်😍

ပစ္စည်းတွေ အိမ်ရောက်ပြီးနှစ်လကျော်လောက်ထိ ကိုယ်မရောင်းရဲသေးဘူး။ ကိုယ်ကတော့ကြိုက်တယ်၊ ကိုယ့်အတွက်ထူးခြားလာပေမယ့် တစ်ခြားလူသုံးရင်တည့်ပါ့မလား ။ဘာ errorတွေတက်နိုင်လဲ။ ကိုယ်ရောင်းမှာက Food supplementsမို့ကြောက်တာပါ။သူရဲ့Backgroundကြည့်လိုက်တော့လည်း ဉီးစီးနေတဲ့CEOက ခေတ်ပညာတတ်အမျိုးသမီး ချောမှချော။ မြန်မာပြည်မှာစျေးကွက်ခိုင်မာ ရေရှည်ရပ်တည်ဖို့ကြိုးစားတာ။ တာဝန်ယူမှု တာဝန်ခံမှုကလည်းရှိတယ်။ ရှေ့နေရှေ့ရပ်နဲ့နိုင်ငံပိုင်ကြေးမုံသတင်းစာမှာ မူပိုင်ခွင့်ကြေငြာထားတယ်။ ထိုင်း၊မြန်မာ FDAရထားတယ်။ထုတ်တဲ့စက်ရုံ ကုန်ကြမ်းစတာတွေကအစသေချာပြောပေးတာ😍သူ့ကိုယ်စားလှယ်တွေကိုတန်ဖိုးထားတယ်။ ကြိုက်ပြီလေ။ သူပေးတဲ့ weekly trainingတွေက ​ကfree ပါ။အပြင်မှာငွေပေးတက်နေရတဲ့marketing strategiesတွေကိုလည်းသေချာပြောပေးတါ သူ့ပစ္စည်းတင်မဟုတ်ဘူး တစ်ခြားစီးပွားရေးအတွက်ပါတန်ဖိုးရှိတယ်။ကိုယ်ရဖို့ချည်းမဟုတ်ဘူး Win-win situation ကိုဉီးတည်နေတာ။ကိုယ်စားလှယ်တိုက်ရိုက်ယူရတဲ့ညီမလေးကလည်းအသေးစိတ်ကိုသင်ပေးတါ😍။စနစ်လည်းကျတယ်။ပိုက်ဆံစုတတ်​အောင်ပါသင်ပေးတါ။ ကိုယ်ကသာအပြည့်အဝ လိုက်မလုပ်နိုင်တာ။အဲလိုနဲ့စဖြစ်ခဲ့တာပါ။ စိတ်ပူတာက စျေးအရောင်းpostတွေတင်ရင်ကော သူငယ်ချင်းတွေကကြိုက်ပါ့မလား။ အနှောင့်အယှက် ဖြစ်မှာစိုးလို့။FBကfriend တစ်ယောက်ချင်းစီကိုတန်ဖိုးထားတယ်။Personal Brandingတည်ဆောက်နေတဲ့ကာလ Page မှာထက်personal account မှာတင်ဖို့ပိုအားသန်တယ်လေ။ဘုရားကောင်းချီးပါပဲ ဘယ်friendမှကိုယ့်postကို မကျော် မဘလော့တဲ့အပြင် သူတို့ပေးတဲ့ like တွေshareတွေမှာသူတို့ရဲ့ မေတ္တာ စေတနာတွေအတိုင်းသားမြင်နေရတာ။Covidကာလ စျေးရောင်းအကုန်က lineပေါ်အုံနဲ့ကျင်းနဲ့ရောက်လာကြတာကိုး။ အားပေးတဲ့ သူတွေကလည်းနော် အမျိုးသမီးတွေမကဘူး ခင်မင်တဲ့မောင်တွေ အစ်ကိုတွေကပါ သူတို့အမတွေ ညီမတွေကိုကြော်ငြာပေးတါ😍။ ရောင်းမကုန်ရင် ငါသောက်မယ်... ငါကြိုက်လို့ကွာဆိုစခဲ့တဲ့ ကိုယ့်ရဲ့onlineဆိုင်လေးလည်းတစ်နှစ်ပြည့်တော့မယ်။ နောက်တစ်ခုက ကိုယ့်မှာ customerအသစ်တွေထက် repeated orderပုံမှန်ဖောက်သယ်တွေပိုများတယ်။ သူတို့ကြောင့်လည်းကိုယ့်အရောင်းက 2020နှစ် Oct,Nov,Dec သုံးလစာ200TPထိရောက်ပြီ။ အ​မြတ်အပြင် Cash back 2သိန်းပြန်ရတယ်။ သူများတွေအတွက်တော့မများပေမယ့် ကိုယ်တော့အမေကမုန့်ဖိုးပေးသလိုပဲ ပျော်စရာပါ။ customerတွေ ဘာအတွက်သုံးချင်တာလဲ ဘာလို့လဲအရင်မေးပြီးမှ သောက်သင့်မသောက်သင့်ပြောပြပေးတယ်။​​စေတနာရောင်ပြန်ဟပ်ပါတယ်လေ။ အရာအားလုံးအတွက် ဘုရားသခင်၊ Boom family နဲ့ customersတွေကိုကျေးဇူးပါနော်။ရှေ့ဆက်ဖို့ရန်အဆင်သင့်ပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bayint Naung Avenue 3th Street, Myo Thit Ward, Insein
Yangon
1011