I'aura by Poe

I'aura by Poe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I'aura by Poe, Health/Beauty, မြောက်ဥက္ကလာပမြို့နယ်, Yangon.

18/09/2022

ဝက်ခြံဖြစ်စေဖို့တွန်းအားပေးနေသောအစားစာများ

ချစ်သောသူလေးတို့ရေ အရင်ကနဲ့မတူဘဲဝက်ခြံတွေထွက်နေလို့စိတ်ညစ်နေပြီးလား❓❓❓

မျက်နှာအသားရေကို ဂရုစိုက်ပြီးထိန်းသိမ်းနေတာပဲ့ဒါပေမဲ့ဝက်ခြံကထွက်ပြီးရင်ထွက်နေတာဆိုရင် ဆက်စပ်မှုကတော့ အစားအသောက်နှင့်လည်းဆိုင်ပါတယ်နော်🤗🤗🤗

လူတော်တော်များများကဝက်ခြံဖြစ်စေဖို့တိုက်တွန်းနေသလိုဖြစ်စေတဲ့ တချို့စားသောက်တွေကိုရှောင်မယ်ဆိုရင်တော့ သက်သာမှာပါနော်😍😍😍

သတိမထားမီတဲ့အစားအသောက်တွေကဘာတွေလဲ

🍩 ချောကလက်မှာပါဝင်တဲ့ အချိုဓာတ်နှင့် အဆီဓာတ်များကမျက်နှာအသားရေကို အဆီထုတ်လုပ်မှုများစေပြီးတော့ချွေးပေါက်ပိတ်ပြီးဝက်ခြံဖြစ်စေတယ် ချောကလက်ကို နေ့တိုင်းစားခြင်း ခဏခဏစားခြင်းကို ရှောင်ပါ

🍝 စပ်တဲ့အစားစားများစားပြီးရင်ချွေးတွေကိုသုတ်ပေးပါ မျက်နှာပေါ်မှရှိတဲ့ချွေးတွေကိုစင်ကြယ်အောင်မသုတ်ခြင်းကြောင့်လည်းဝက်ခြံပိုဖြစ်စေတယ် ချွေးနဲ့မျက်နှာကအဆီတွေပေါင်းစပ်ပြီးတော့ ဝက်ခြံကိုဖြစ်စေတယ်

🥛 နွားနို့သောက်တာက ကျန်းမာရေးအတွက်ကောင်းပေးမဲ့ ဝက်ခြံသမားများလုံးဝကိုရှောင့်သင်တဲ့အစားစာပါနော် နွားနို့ပါတဲ့ အဆီဓာတ်များကလည်းဝက်ခြံကိုဖြစ်စေပါတယ်

🍟 အာလူးကြော်များများစားခြင်းက မျက်နှာအသားရေမှာရှိတဲ့ ချွေးပေါက်တွေကိုကျဉ်းစေပြီး အဆီဖုတွေကိုဖြစ်စေပါတယ်

ဒါကြောင့် ဝက်ခြံတွေဖြစ်စေတဲ့အစားစာတွေကိုရှောင်ကျဥ်ပေးပါနော်

အသေးစိတ်သိချင်ရင် Page Acc လာပေးပါနော်💙

ချစ်သောစိတ်ဖြင့်❤❤





#ဝက်ခြံဖြစ်စေဖို့တွန်းအားပေးနေတဲ့အစားစားများ

18/09/2022

ဝက်ခြံအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များ

ဝက်ခြံမဖြစ်ခင် အဆီပြန်ပြီဆိုကတည်းကဂရုစိုက်ဖို့လိုပါပြီ

1 ဝက်ခြံဘာကြောင့်ပေါက်ရတာလဲ

အဆီနဲ့သေဆုံးသွားတဲ့ ဆဲလ်သေလေးတွေနဲ့ အညစ်အကြေးတွေ ချွေးပေါကမှာပိတ်လာလို့ ဝက်ခြံဖြစ်လာ

2 ဝက်ခြံ ဘယ်နှစ်မျိုးရှိပါသလဲ

ဝက်ခြံမှာ ဝက်ခြံအဖြူဆံ အမဲဆံ နဲ့ အနီရောင်အလုံးဆိုပြီးသုံးမျိုးရှိ

3 ဝက်ခြံကိုမကုရင်ဘာတွေဖြစ်လာနိုင်သလဲ

ဝက်ခြံကိုမကုရင် ကြာလာတာနဲ့အမျှ အမြစ်တည်လာပြီ ဆရာဝန်နဲ့ပြသရတဲ့အထိဖြစ်နိုင်

ဝက်ခြံထွက်လာရင်လဲ လက်နဲ့ညစ်လိုက်တဲ့အခါ အမဲစက်ကျန်ခဲ့ပြီး

နောက်ပိုင်းတင်းတိတ်တွေအထိဖြစ်လာနိုင်တယ်

ဝက်ခြံဖြစ်လာရင်ရှောင်ရမှက

အဓိကဝက်ခြံကိုလက်နဲ့မညစ်ပါနဲ့ မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေ ဝင်ပြီးပိုဆိုးလာနိုင်လို့ပါ

ဝက်ခြံဖြစ်နေစဥ် ရေ ဆပ်ပြာနဲ့မျက်နှာကိုခဏတိုင်းမသစ်ပါနဲ့ ဝက်ခြံအရည်ကြည်လေးတွေပျံ့နှံ့နိုင်လို့ပါ

ကိုယ်လက်လုပ်ရှားမှာလုပ်ပါ အိပ်ရေးဝဝအိပ်ပါ

မိတ်ကပ်ရွေးချယ်တဲ့အခါ Oil free make up သာသုံးပါ

ဝက်ခြံထွက်နေစဥ် နို့ပါတဲ့ skincare မလိမ်းပါနဲ့ ခဏရပ်ထားပေးပါ

ဝက်ခြံဖြစ်မလာအောင်ဆောင်ရမှာက

မျက်နှာအတွင်းရှိ အဆီ မိက်ကပ်အကျွင်းအကျန်အညစ်ကြေးတွေကို

Alcohol free tonerနဲ့ ပုံမျန်ရှင်းလင်းဖယ်ရှားပေးပါ

အားလုံးအဆင်ပြေကြပါစေ

Photos from I'aura by Poe's post 17/09/2022

အဆီဖုတွေ ပျောက်အောင် ဘယ်လို လုပ်ရမလဲ 🤔

အဆီဖုတွေ အရမ်းထွက်နေတဲ့သူတွေ ကြည့်ထားကြပါနော်🤗

ဆောင်ရန် ချောင်ရန်တွေပါ😊

16/09/2022

ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ကျောက်ပေါက်အမာရွတ်
တွေကိုပျောက်ကင်းစေမယ့်နည်းလမ်း(၅)မျိုး

ဝက်ခြံကြိတ်ကြီးတွေ ထွက်ပြီးတဲ့အခါမှာ အမာရွတ်တွေကလည်း ဖုံးမရဖိမရအောင် ကျန်နေခဲ့တတ်ပါတယ်။ ပြင်းထန်တဲ့ ဝက်ခြံအမျိုးအစားတွေကြောင့် တစ်ချို့အမာရွတ်တွေက အသားထဲကို ချိုင့်ပြီး ခွက်နေတာကြောင့် အဲလိုအမာရွတ်တွေကို ကျောက်ပေါက်အမာရွတ်လို့ခေါ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ကျောက်ပေါက် အမာရွတ် တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလေးတွေပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်နော်။

သဘာဝ နည်းလမ်းတွေဆိုတော့ ချက်ချင်းလက်ငင်း အစွမ်းမပြသည့်တိုင်အောင် ပုံမှန်လေးပြုလုပ်ပေးသွားရင် အံ့မခန်းအကျိုးကျေးဇူးတွေကို ရရှိမှာပါနော်။

(၁) ပျားရည်နဲ့ကော်ဖီ
ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ကော်ဖီမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမသွားအောင်ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို မိနစ် ၂၀ လောက် ခဏနှပ်ထားလိုက်ပါ။ ပြီးရင်တော့ ကျောက်ပေါက်အမာရွတ်တွေပေါ်ကိုလိမ်းပြီး ၁၅ မိနစ်အကြာမှာ ရေနွေးလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

(၂) အယ်လ်မွန်ဆီ
အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပုရာရည် ၂ စက်ရောပြီး ၂၅ မိနစ်ခန့်နှပ်ထားလိုက်ပါ။ ရလာတဲ့အဆီကို ကျောက်ပေါက်အမာရွတ်တွေပေါ်လိမ်းပြီး မိနစ် ၂၀ အကြာမှာ ရေနွေးလေးနဲ့ဆေးကြော သန့်စင်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးကို နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို တစ်နေ့ ၂ ကြိမ် သန့်စင်တဲ့မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ အကြာမှာ ဆေးကြောပေးခြင်းဖြင့် ဝက်ခြံအမာရွတ်တွေတဖြည်းဖြည်းပါးလာပြီး အသားပြန်ပြည့်လာမှာဖြစ်ပါတယ်။

(၄) ပန်းသီးရှာလကာ
ပန်းသီးရှာလကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ရောပြီး ရလာတဲ့အရည်လေးကို ဂွမ်းစလေးနဲ့ တို့တို့ပြီး လိမ်းပေးခြင်းဖြင့် ကျောက်ပေါက်အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ကွကျဥအကာ
ကြက်ဥအကာကို ညအိပ်ရာဝင်ခါနီးတိုင်း ဂွမ်းစလေးနဲ့တို့ပေးကာ ကျောက်ပေါက်အမာရွတ်တွေပေါ်မှာလိမ်းပေးပြီး အိပ်ရာဝင်လိုက်ပါ။ ဒီနည်းလမ်းလေးကို ညစဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေကို ပျောက်ကင်းစေပြီး နူးညံ့ချောမွေ့တဲ့အသားအရေကို ရရှိစေမှာပါ။

15/09/2022

ဝက်ခြံမထွက်အောင် ဘာလုပ်သင့်လဲ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။

(၂) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၃) အဆီပြန်တဲ့ မျက်နှာမှာ လိမ်းဆေးအဆီ oil ဆွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။

(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။

(၅) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။

(၆) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHA (salicylic acid)က ပိုကောင်းတယ်။

(၇) ဝက်ခြံထွက်နေစဉ် whitening cream, နေလောင်ကာတွေ မသုံးပါနဲ့။ အရည်ကျဲတဲ့ serum နဲ့ essence စတာတွေ ပြောင်းလဲသုံးစွဲသင့်တယ်။

(၈) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် cream တွေကြောင့်ဖြစ်တာ တွေ့ရှိရတယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

13/09/2022

( skincare )တယ်ဆိုတာ
ဝက်ခြံ(လုံးဝ)မထွက်အောင်တားမြစ်လိုက်တာမျိုး (လုံးဝ)မဟုတ်ပါဘူး။
အတွေးမှားနေကြတာလေး ရှင်းပြချင်ပါတယ်။

( ဝက်ခြံ ) ဆိုတာ

★အစားမှားလည်းထွက်တတ်တာမျိုး★

★ခရီးသွားများလည်း ထွက်တတ်တာမျိုး★

★အပူအစပ်တွေစားလဲထွက်တက်တာမျိုး★

★အိပ်ရေးမဝလည်း ထွက်တတ်တာမျိုး★

★​လေထုထဲက ဖုန်တွေနဲ့ထိထားပြီးလည်း ထွက်တတ်တာမျိုး★

★စိတ်ရှုပ်ရင်လည်း ထွက်တတ်တာမျိုးပါ★

★ Skincare ★ရဲ့ အကျိုးပေးခြင်းက

1-အရွယ်မတိုင်မီ အိုမင်း ရင့်ရော်မှုကနေ
ကာကွယ်ပေးတယ်

2-အသက်ကြီးလာလို့ထွက်တတ်တဲ့ အမဲကွက်လေးတွေ ကာကွယ်ပေးတယ်

3-အသားအရေ ကြည်ပြီး glow skin ရစေမယ်

4-နေရောင်တိုက်ရိုက်ထိတွေ့ပြီး
ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တတ်တဲ့
ဆိုးကျိုးကနေ ကာကွယ်ပေးမယ်

5-ရေဓာတ်ပြည့်ဝတဲ့ မျက်နှာဖြစ်တဲ့အတွက်
မိတ်ကပ်လိမ်းရင်လည်း ပိုပြီးလှပစေမယ်👩👩

ဒါကြောင့်~~အလှအပကိုချစ်မြတ်နိုးတဲ့
( ကျား /မ )မရွေး Skincare ဖို့လိုပါတယ်
သိသလောက်လေး ရှင်းပြထားပေးတာပါ။

13/09/2022

ဆားဝက်ခြံတွေ အမြန်ဆုံးပျောက်စေဖို့ ကြက်ဥအကာ

ဒီနည်းလမ်းလေးကတော့ စာရေးသူလည်း လက်တွေ့ကျင့်သုံးနေတဲ့နည်းလမ်းလေးပါ။ တခြားပါဝင်ပစ္စည်းတွေ များများစားစားမလိုဘဲ ရိုးရှင်းလွယ်ကူလို့ လုပ်ရတာလည်းအဆင်ပြေပါတယ်။

တခါလုပ်ရုံနဲ့တင် ဆားဝက်ခြံတွေ သက်သာလို့ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ချွေးပေါက်ကျယ်မှာစိုးလို့ တစ်ပတ်မှ ၃ ခါလောက်ပဲလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

ဆားဝက်ခြံနဲ့ပတ်သတ်လို့ သဘာဝနည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီနည်းလမ်းမှာအသုံးပြုရမှာကတော့

ကွကျဥအကာ ၁ လုံး

တစ်ရှုး အနည်းငယ်

ပြုလုပ်နည်း

မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။ ကြက်ဥအနှစ်နဲ့ အကာကိုခွဲလိုက်ပါ။

ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ ထူထူလေးလိမ်းပေးပါ။ ပြီးအရင်အဲဒီအပေါ်မှာ တစ်ရှုးနဲ့ကပ်လိုက်ပါ။ တစ်ရှုနှစ်လွှာရှိပါတယ် ၁ လွှာပဲကပ်ပါ။ ပြီးရင်ခြောက်အောင်ထားပါ။ အသားအရေက တင်းလာပါလိမ့်မယ်။ အဲဒီအခါမှာ ခွာချလိုက်ပါ။

ပြီးရင်မျက်နှာသစ်ပြီး Moisturizer လေးသုံးပေးပါ။
Moisturizer အနေနဲ့ 🌵gelလေးကို မျက်နှာပြင်ပေါ် သေချာစိမ့်ဝင်အောင်လိမ်းပေးပါ

13/09/2022

Skin care ရွေးချယ်ခြင်း

(၁) skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ cream type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။

(၂) ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်။ cream typeပုံစံသုံးနိုင်တယ်။

(၃) အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။ moisturizerက ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတခုအဖြစ်ကြားခံပေးလိမ့်မယ်။ ဒါမှသာ အစိုဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။

သတိပြုစရာ အချက်များ
• တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။
• ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။

(ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)
• မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

13/09/2022

သင့်ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်က Sexyကျနေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2021 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ

13/09/2022
13/09/2022

မင်မင့်စီမှာ I'AURA GEL & SUNCREAM ပစ္စည်းလေးပြတ်သွားလို့🥺 10လပိုင်းမှပြန်စပါမယ်ရှင့်🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


မြောက်ဥက္ကလာပမြို့နယ်
Yangon
167