Naeaga

Naeaga

Share

Soft as a baby's touch, gentle as a mother's love. Made in Korea 🇰🇷

11/07/2026

🌧️ စိုစွတ်တဲ့ မိုးရာသီရောက်ပြီဆိုတာနဲ့ မေမေတို့ အစိုးရိမ်ရဆုံးက ဘာဖြစ်မလဲ?

မမြင်နိုင်တဲ့ လေထုထဲမှာ ဗက်တီးရီးယား (Bacteria) တွေ အလွယ်တကူ ပေါက်ဖွားနိုင်သလို၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကလည်း ဘေဘီ လေးတွေရဲ့ မျက်နှာပေါ်ကို ကပ်ပါလာဖို့ ပိုလွယ်ကူပါတယ်။ ဒါကြောင့်မို့လို့ပဲ သားသားမီးမီးတို့ရဲ့ နူးညံ့တဲ့မျက်နှာလေးတွေမှာ Allergic ဖြစ်ပြီး နီမြန်းယားယံတာမျိုးတွေ ခဏခဏ ဖြစ်တတ်တာပေါ့။ 🥺

ဒီလို ရာသီဥတုမျိုးမှာ Baby လေးတို့ရဲ့ မျက်နှာနုနုလေးကို စိတ်ချရဖို့ Naeaga Kids & Baby Facial Foam လေး ရှိတယ်နော်။ 💙

✔️Creamy Textureလေးကိုမှ ထွက်လာတဲ့ အမြှုပ်လေးတွေက အလွန်နူးညံ့ပြီး ညင်သာစွာ သန့်စင်ပေးပါတယ်။

✔️ကလေးအသားအရေအတွက် မလိုအပ်တဲ့ ဓာတုပစ္စည်းတွေ မပါဝင်လို့ အသားခြောက်မသွားဘဲ ရေဓာတ်ကို အပြည့်အဝ ထိန်းညှိပေးပါတယ်။

မေမေတို့အနေနဲ့ ရာနှုန်းပြည့် (100%) ယုံကြည်စိတ်ချစွာ သုံးစွဲပေးနိုင်ပြီး Baby လေးတို့ရဲ့ မျက်နှာလေးကို အမြဲတမ်း ကြည်လင်ကျန်းမာနေအောင် ကာကွယ်ပေးလိုက်ရအောင်နော်

08/07/2026

🌦️ မိုးအုံ့နေလို့၊ ရာသီဥတု အေးနေလို့ဆိုပြီး နေကာခရမ် မလိုဘူးလို့ ထင်နေလား မေမေတို့ရေ?
​တကယ်တော့ တိမ်ဖုံးနေတဲ့နေ့တွေမှာလည်း ကလေးတို့ရဲ့ နုနယ်တဲ့ အသားအရေကို ပျက်စီးစေတဲ့ UV ရောင်ခြည်တွေ ရှိနေတတ်ပါတယ်​နော်။ ဒါကြောင့် အပြင်သွားတိုင်း၊ ဆော့ကစားတိုင်း Naeaga Kids & Baby Sun Cream လေးနဲ့ အမြဲ ကာကွယ်ပေးထားဖို့ မမေ့ပါနဲ့နော်။ 💖"
"ရင်သွေးလေးတို့အတွက် စိတ်အချရဆုံး Naeaga "

07/07/2026

𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 𝗪𝗶𝗻𝗻𝗲𝗿𝘀🎉

Naeaga (နယ်အာဂါ) Sun Cream ကံထူးသွားသူလေးတွေကို ကြေငြာပေးလိုက်ပါပြီရှင့်

𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 လေးမှာ ပါ၀င််ခဲ့ကြတဲ့ မေမေတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
နောက်ထပ် 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 လေးတွေလည်းရှိသေးတာမို့ 𝗣𝗮𝗴𝗲 လေးကိုစောင့်ကြည့်ပေးပါဦးနော်🩵
ကံထူးသွားသူလေးတွေက‌တော့ 𝗠𝗲𝘀𝘀𝗮𝗴𝗲 𝗕𝗼𝘅 ကနေဆက်သွယ်ပေးပါနော်

#𝗡𝗮𝗲𝗮𝗴𝗮 #𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆

01/07/2026

☁️ ဘေဘီလေးရဲ့ နုနယ်တဲ့မျက်နှာအသားအရေအတွက် အပေါ့ပါးဆုံးနဲ့ အကောင်းဆုံးကာကွယ်ပေးမယ့် Naeaga Face Lotion 💚

ဘေဘီလေးရဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာအသားအရေဟာ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အဲဒီအတွက် Naeaga Face Lotion ကို Mild ဖြစ်တဲ့ ပါဝင်ပစ္စည်းများ၊ သဘာဝအဆီများဖြင့် ဖော်စပ်ထုတ်လုပ်ထားပြီး ကလေးလေးတွေရဲ့ Sensitive Skin အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ ✨
✔️ အသားအရေခြောက်သွေ့ခြင်းကို အစိုဓာတ်ဖြည့်တင်းပေးတယ်
✔️ နို့ပွေး၊ ယားဖုသေးသေးလေးများကို သက်သာစေတယ်
✔️ Lotion Type ဖြစ်လို့ အသားအရေထဲသို့ လျင်မြန်စွာ စိမ့်ဝင်စေတယ်

💚 နူးညံ့တဲ့ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားပြီး တောင်ကိုရီးယားနိုင်ငံတွင် အရည်အသွေးမြင့် ထုတ်လုပ်ထားတာကြောင့်
ဘေဘီလေးရဲ့ နေ့စဉ်မျက်နှာအသားအရေကို နူးညံ့စိုပြေပြီး စိတ်ချရတာမို့ အခုပဲဝယ်ယူလိုက်ပါနော်။ ❤️

29/06/2026

မိုးရာသီမှာ စိုထိုင်းဆမြင့်မားပြီး ဗိုင်းရပ်စ်ပိုးမွှားတွေ ပိုမိုရှင်သန် ပေါက်ပွားလွယ်ပါတယ်။ ကလေးငယ်တွေက တစ်ယောက်နဲ့တစ်ယောက် ဆော့ကစားရင်း သို့မဟုတ် နှာချေ၊ ချောင်းဆိုးရာကတစ်ဆင့် တုတ်ကွေးဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ကူးစက်တတ်ပါတယ်။

🌡️ သတိထားရမယ့် လက္ခဏာများ
ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း။
နှာစေး၊ နှာပိတ်၊ နှာချေခြင်း။
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း။
အစာစားချင်စိတ် လျော့နည်းလာခြင်းနှင့် နုံးခွေခြင်း။

🛡️ မိုးရာသီတုတ်ကွေးဘေးမှ ကာကွယ်ရန် နည်းလမ်း (၄) သွယ်
၁။ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောပေးပါ။
ကလေးတွေက ကစားစရာတွေကို ကိုင်တွယ်ပြီး မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ပြန်ကိုင်တတ်တာကြောင့် ရောဂါပိုး အလွယ်ဆုံးဝင်နိုင်ပါတယ်။ ထို့ကြောင့် ဆော့ကစားပြီးချိန်နှင့် အစာမစားမီ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောတဲ့ အလေ့အထ လုပ်ပေးပါ။

၂။ အာဟာရပြည့်ဝတဲ့ အစားအစာ ကျွေးမွေးပါ။
ကိုယ်ခံအားစနစ် ကောင်းမွန်နေစေဖို့ ဗီတာမင် ပြည့်ဝတဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် နွေးထွေးတဲ့ စွပ်ပြုတ်ရည် စတာတွေကို တိုက်ကျွေးပေးပါ။ ရေဓာတ်မခမ်းခြောက်စေဖို့ ရေကိုလည်း မကြာခဏ တိုက်ပေးဖို့ လိုအပ်ပါတယ်။

၃။ နွေးနွေးထွေးထွေး ထားရှိပေးပါ။
မိုးအေးတဲ့ရက်တွေမှာ ကလေးကို အအေးမပတ်စေဖို့ တီရှပ်အသားပွပွလေးတွေ သို့မဟုတ် လက်ရှည်၊ ဘောင်းဘီရှည် အဝတ်အစား နွေးနွေးထွေးထွေး ဝတ်ဆင်ပေးပါ။ အခန်းတွင်း လေဝင်လေထွက် ကောင်းမွန်အောင်လည်း ဂရုစိုက်ပေးရပါမယ်။

၄။ လူထူထပ်တဲ့နေရာများကို ရှောင်ကြဉ်ပါ။
တုတ်ကွေးရာသီမှာ ကူးစက်မှုနှုန်း မြန်ဆန်တာကြောင့် ကလေးငယ်တွေကို လူစုလူဝေးရှိတဲ့ နေရာတကာ ခေါ်သွားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

25/06/2026

🎁𝗚𝗜𝗩𝗘𝗔𝗪𝗔𝗬 𝗔𝗟𝗘𝗥𝗧!!

မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် အဓိကထား တင်သွင်းထားတဲ့ Naeaga Product တွေအပေါ် အသုံးပြုရတဲ့ အမြင်လေးတွေကို ပြောပြရင်း Giveaway လေးမှာပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ကောင်းတာ၊ ဆိုးတာ၊ ပြင်ဆင်စေချင်တာ၊ ထပ်ထုတ်စေချင်တဲ့ Product တွေကို အားမနာတမ်း အကြံပေးစကားလေးတွေ ပြောခဲ့ပေးပါဦးနော်။ 🥰
Giveawayမှာ ပါဝင်ဖို့အတွက်ဆို -
1️⃣ Naeaga Page ကို Like & Follow လုပ်ထားသူဖြစ်ရပါမယ်။
2️⃣ ဒီ Post လေးကို Public နဲ့ Share ထားပေးရပါမယ်။
3️⃣ မိမိရဲ့ Review ကို Comment မှာ ရေးပေးခဲ့ရုံပါပဲနော်။

Comment ပေးခဲ့တဲ့ မေမေတွေထဲကမှ (၁၀) ယောက်ကို Random စနစ်နဲ့ Naeaga Kids & Baby Sun cream 35ml တစ်ဘူးစီ လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်... 💕

25/06/2026

ဘေဘီလေးကို လိမ်းပေးလိုက်ရင်စီးကပ်ကပ်မဖြစ် ဖြူဖြူကြီးမကျန်ခဲ့လို့ လက်ရှိအရမ်းကြိုက်နေတဲ့ Naeaga ရဲ့ Baby & Kids Suncream 🩵

page link
https://www.facebook.com/share/18r2BG2pUu/?mibextid=wwXIfr

Naeaga x Yours Explore 🩵

23/06/2026

အသားအရေ ထိခိုက်လွယ်လို့ ဘာသုံးသုံး အဆင်မပြေဖြစ်နေတဲ့ Teenagers လေးတွေ ရှိလား။ 🙋‍♀️

Naeaga ရဲ့ Facial Care (၃)မျိုး Setလေးက နုနယ်တဲ့ ဘေဘီလေးတွေသာမက Sensitive ဖြစ်တတ်တဲ့ ဆယ်ကျော်သက် အသားအရေပိုင်ရှင်လေးတွေ အတွက် အကောင်းဆုံး Skincare Routine ပါပဲနော်။
1️⃣ Facial Foam: အမြှုပ်နုနုလေးတွေနဲ့ မျက်နှာပေါ်က အဆီနဲ့ ဖုန်မှုန့်တွေကို အသားမခြောက်ဘဲ သန့်စင်ပေးတယ်။
2️⃣ Face Lotion: ဝက်ခြံနဲ့ အဆီဖုတွေ မထွက်အောင် အသားအရေရဲ့ ရေဓာတ်ကို အမျှတဆုံး ထိန်းညှိပေးတယ်။
3️⃣ Suncream: အပြင်ထွက်တဲ့အခါ နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးအောင် ကာကွယ်ပေးတယ်။

သားသား၊ မီးမီးတို့ရဲ့ မျက်နှာလေး အမြဲကြည်လင်ပြီး ကျန်းမာနေစေဖို့ ဒီ (၃) မျိုးတွဲ Routine လေးကို နေ့စဉ် ပုံမှန်လေး လုပ်ပေးဖို့ မမေ့နဲ့နော် မေမေတို့ရေ... 🤍

21/06/2026

👴 Happy Father's Day 💙

========================

ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့ဟာ လူအများကို ကျေးဇူးတင်စကားတွေ၊ ချီးကျူးစကားတွေ အကြိမ်ကြိမ်ပြောခဲ့ကြပေမယ့်…

အမြဲတမ်း တိတ်တိတ်လေး ပေးဆပ်နေတဲ့ "အဖေ" ကိုတော့ "ကျေးဇူးတင်ပါတယ်"၊ "ချစ်ပါတယ်" ဆိုတဲ့ စကားလေးတောင် မပြောဖြစ်ခဲ့တဲ့အချိန်တွေ များခဲ့ပါတယ်။

အဖေဆိုတာ…
မိသားစုအတွက် အပင်ပန်းခံပေးတဲ့သူ၊
စိုးရိမ်ပူပန်မှုတွေကို ကိုယ့်ရင်ထဲမှာပဲ သိမ်းထားပြီး သားသမီးတွေကို အကောင်းဆုံးဘဝပေးဖို့ အမြဲကြိုးစားနေတဲ့ သူရဲကောင်းတစ်ယောက်ပါ။

ဒီနေ့ အဖေများနေ့ မှာတော့…
အဖေ့ကို "ချစ်ပါတယ်"၊ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလေးကို မတွန့်ဆုတ်ဘဲ ပြောလိုက်ရအောင်နော်။ ❤️

ကမ္ဘာပေါ်က အဖေတိုင်း ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်တဲ့ နေ့ရက်များကို အမြဲပိုင်ဆိုင်နိုင်ကြပါစေလို Naeaga မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ။ 🙏

17/06/2026

ကလေးလေးတွေရဲ့ ပါးမို့မို့လေးတွေက Sensitive ဖြစ်လွန်းလို့ ဘာလိမ်းလိမ်း နီမြန်းပြီး ယားယံနေတတ်လား ... 🥺❓

ဘေဘီလေးတွေရဲ့ မျက်နှာအသားအရေဟာ ကိုယ်ခန္ဓာထက် ပိုပြီး ပါးတာကြောင့် အထိအတွေ့တိုင်းကို တုံ့ပြန်လွယ်ပါတယ်။ ဒါကြောင့် 'Purely for Babies' ဆိုတဲ့အတိုင်း ကလေးငယ်လေးတွေအတွက်ပဲ သီးသန့်ထုတ်လုပ်ထားတဲ့ Naeaga Kid & Baby Face Lotion လေးရှိနေပြီ‌နော်...

✅ မျက်နှာအသားအရေလေးကို ကျန်းမာပြီး သိသိသာသာ ကြည်လင်ဝင်းပစေတယ်။
✅ Sensitive Skin ရှိတဲ့ ကလေးငယ်လေးတွေအတွက်ပါ ၁၀၀% စိတ်ချရတယ်။
✅ ရာသီဥတုကြောင့် အသားပတ်၊ နီမြန်းရောင်ရမ်းတာတွေကို လျင်လျင်မြန်မြန် သက်သာစေတယ်။
ရင်သွေးငယ်လေးတွေရဲ့ မျက်နှာလေး အမြဲကြည်လင်ပြီး သက်တောင့်သက်သာ ရှိနေစေဖို့ Naeaga လေးကို ဆောင်ထားလိုက်တော့နော်။ 🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 31/33, Thiri Haymar Street, Zawana Ward, Thingangyun Township
Yangon
11071,11072

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00