toos

toos

Share

Beauty, Cosmetic and Personal Care

29/10/2023

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်သူတော်ကောင်းတရားများကိုပွါးများအားထုတ်ခွင့်ရကြပြီး ကပ်ဘေးအပေါင်းမှကင်းဝေးကြပါစေ။ပိုမိုတိုးတက်ကောင်းမွန်သောဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

🙏🙏🙏🪔🪔🪔

Photo credit

11/05/2023

❤️❤️

💁‍♀️ toos ရဲ့ product လေးတွေထဲက အိ မပြောပြရသေးတဲ့ product လေးအကြောင်း ဒီည ပြောပြမယ်နော်

💬 သူကတော့ sulphate free classic shampoo လေးပါ
( အိ ဒါလေးကို pg မှာ မကြော်ငြာပဲ လက်တွေ့သုံးတဲ့သူတွေရဲ့ feedback လေးရမှ ပြောပြဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခုမှ တင်လိုက်ရတာပါ )

💬 toos classic shampoo ကတော့ သဘာဝက ရရှိတဲ့ပစ္စည်းတွေနဲ့သာ 100% ထုတ်လုပ်ထားတာ ကြောင့် အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ လုံးဝမရှိပါဘူး တဲ့

💬 toos classic shampoo ဟာဆိုရင်-

✅တရော်ကင်ပွန်း၊ ရှောက်သီးတို့ ပါဝင်လို့ ဦးရေပြားကိုသန့်စင်စေပြီး ဆံသားပျော့ပြောင်းကာ ဆံပင်ညိခြင်း၊ ရှုပ်ခြင်း၊ ဆံပင်ကျွတ်ခြင်း တို့ကို သက်သာစေပါတယ်

✅အုံတုံရွက်က ဦးရေပြားနဲ့ဆံသားမခြောက်သွေ့အောင်ကာကွယ်ပေးပြီး ဆံပင်သန်စွမ်းစေပါတယ်

✅Bay Laurel ရွက်ကတော့ ဗောက်သက်သာစေပြီး ဆံပင်အမြစ်မှသန်စေပါတယ်

✅အာဟာရဓါတ်တွေများစွာပါဝင်တဲ့ ဒန့်ဒလွန်ရွက်နဲ့စိမ်းပြာရေညှိ တို့ကလည်း ဆံသားနဲ့ဦးရေပြားအတွက် အထူးကောင်းမွန်ပါတယ်

✅ ဦးရေပြားကိုသန့်စင်ပေးပြီးဗောက်သက်သာစေပါတယ်။ဆံပင်ပြန်ပေါက်စေပြီး အဖျားနှစ်ခွဖြစ်ခြင်းကိုလည်းသက်သာစေပါတယ်

✅ဇီးဖြူသီး လက်ဖက်ရွက်နှပ်ထားတဲ့သံလွင်ဆီက အစိုဓါတ်ပေးနိုင်ကာ ဦးရေပြားနဲ့ ဆံသားကိုအားဖြည့်ပေး ပါတယ်။ဆံပင်ပေါက်နှုန်းမြန်စေပြီး ဆံပင်ကျွတ်သက်သာကာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

✅ခေါင်းလျှော်ရည်အနံ့အတွက်အသုံးပြုရာမှာပါဝင်တဲ့ lavender essential oil ကြောင့် ဦးရေပြား ယားယံတာ သက်သာစေပြီး ဆံပင်ပေါက်နှုန်းကိုအားပေးပြီး thyme essential oil ကလည်း ဆံပင်အကွက်လိုက် ကျွတ်ခြင်း ထိပ်ပြောင်ခြင်း တို့ကိုသက်သာစေပြီးဆံပင်ပြန်ပေါက်စေနိုင်ပါတယ်

( ဒီလို Essential Oil ကို ထည့်သွင်းတဲ့နေရာမှာလည်း သင့်တင့်တဲ့ပမာဏသာ ထည့်ထား တာကြောင့် ဦးရေပြား ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ သုံးစွဲလို့ ရပါတယ် )

✅နောက်ပြီး toos classic shampoo ကို ဦးရေပြားအတွက် သင့်လျော်တဲ့ pH level အတွင်းမှာ ထုတ်လုပ်ထားတာ ကြောင့်လည်း ရေရှည်မှာ ကျန်းမာသန်စွမ်းတဲ့ ဦးရေပြားနဲ့ ဆံကေသာကို ပေးစွမ်းနိုင်ပါတယ်နော်

💁‍♀️ ဒါကြောင့်မို့ ဆံပင်ကျွတ်သက်သာ၊ ဦးရေပြားကျန်းမာပြီး ဆံသားပြောင်ပြောင်လေးတွေနဲ့ ရှင်းလင်းရလွယ်ကူတဲ့ ဆံသားကို ပိုင်ဆိုင်ချင်ရင်တော့ 100% naturally derived products တွေနဲ့သာထုတ်လုပ်ထားတဲ့ toos classic shampoo လေးကို အခုပဲ သုံးကြည့်လိုက်ကြတော့နော်

💁‍♀️အော် ..ပြီးတော့ toos classic shampoo နဲ့လျှော်တဲ့အခါခေါင်းလျှော်ရည် ပမာဏနည်းနည်းနဲ့ ထိထိရောက်ရောက် လျှော်လို့ရမယ့် လျှို့ဝှက်ချက်လေးတစ်ခုကိုလည်း တစ်ခါတည်း ပြောပြချင်ပါသေးတယ် ⏬

🤫🤫 အသုံးပြုခါနီးမှာ ဘူးကိုလှုပ်ပေးပြီး လက်ဝါးပေါ်မှာရေနဲ့ အရင် အမြှုပ်ထွက်အောင်လုပ်ပြီးမှ ရေစိုနေတဲ့ဦရေပြားကိုပွတ်တိုက်ပေး ရင် ဒါမှမဟုတ် ရေခွက်လေးထဲမှာ အမြှုပ်ထအောင်ရေနဲ့အရင်ဖျော်ပြီးမှ ရေစိုနေတဲ့ဦးရေပြားပေါ်ကိုလောင်းပြီး လျှော်မယ်ဆိုရင် ခေါင်းလျှော်ရည် ပမာဏနည်းနည်းနဲ့ အမြုပ်ပိုထွက်ပြီး ထိရောက်စေမှာပါ

💇‍♀️ ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို လက်သည်းနဲ့ မတိုက်ပဲ လက်ထိပ်ဖျားလေးတွေနဲ့သာ ပွတ်တိုက်ပေးဖို့လည်း လိုပါတယ်နော်။ ဒါမှ ဦးရေပြားကို လက်သည်းနဲ့ကုတ်မိလို့ ထိခိုက်တာမျိုးတွေ မဖြစ်မှာပေါ့။ ချေးတွေ အတော်အသင့်ပြောင်အောင် ပထမအကြိမ်အရင်လျှော်ပြီး ရေဆေး၊ ပြီးတော့မှ နောက်တစ်ကြိမ်ထပ်လျှော်ပေးမယ်ဆိုရင် ဦးရေပြားလေး သေသေချာချာသန့်ရှင်းသွားမှာ အသေအချာပါပဲ ..ဆိုပြီး ပြောထားပါတယ် ( မူရင်း pg ကို crd ပါနော် )

💬ဈေးနှုန်းကတော့ - (200ml ) ၁၆၀၀၀ ကျပ်ပါရှင်

🤗 ခုဆိုရင် Ei Local မှာ toos ရဲ့ product လေးတွေဖြစ်တဲ့ ⏬

☑️ Body wash
☑️ Classic shampoo
☑️ Cleansing milk
☑️ Milky essence Toner .. ဆိုပီး ရနေပါပြီနော်

🌾 toos ကို အားပေးချင်တဲ့ customer များအတွက် သတင်းကောင်းလေးပေးလိုက်ရပါပြီရှင် 😊

🌾 Quality local skincare product collected & used by EI

Photos from Ei Local Skin Care Collection's post 10/05/2023

ခေါင်းလျှော်တဲ့အခါ လျှော်ပြီးတာနဲ့ မွှေးကြိုင်ပြီး ရှင်းလင်းပေါ့ပါးသွားတဲ့ ခံစားချက်ကို လူတိုင်း နှစ်သက်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီလို မွှေးကြိုင်၊ ရှင်းလင်းပေါ့ပါးသွားဖို့အတွက် ဓါတုပစ္စည်းတွေရဲ့ အကူအညီကို လိုအပ်တာထက်ပိုပြီး ရယူထားတဲ့ ခေါင်းလျှော်ရည်တွေကို သုံးမိမယ်ဆိုရင်တော့ ရေရှည်မှာ ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေနိုင်ကာ ဗောက်ထတာ၊ ဆံပင်တွေကျွတ်တာလိုမျိုး ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်နော်...။

toos classic shampoo ကတော့ သဘာဝက ရရှိတဲ့ပစ္စည်းတွေနဲ့သာ ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်ထားတာ ကြောင့် အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ လုံးဝမရှိပါဘူး။ toos classic shampoo ဟာဆိုရင်-

✅တရော်ကင်ပွန်း၊ ရှောက်သီးတို့ ပါဝင်လို့ ဦးရေပြားကိုသန့်စင်စေပြီး ဆံသားပျော့ပြောင်းကာ ဆံပင်ညိခြင်း၊ ရှုပ်ခြင်း၊ ဆံပင်ကျွတ်ခြင်း တို့ကို သက်သာစေပါတယ်။
✅အုံတုံရွက်က ဦးရေပြားနဲ့ဆံသားမခြောက်သွေ့အောင်ကာကွယ်ပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။
✅Bay Laurel ရွက်ကတော့ ဗောက်သက်သာစေပြီး ဆံပင်အမြစ်မှသန်စေပါတယ်။
✅အာဟာရဓါတ်တွေများစွာပါဝင်တဲ့ ဒန့်ဒလွန်ရွက်နဲ့စိမ်းပြာရေညှိ တို့ကလည်း ဆံသားနဲ့ဦးရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ ဦးရေပြားကိုသန့်စင်ပေးပြီးဗောက်သက်သာစေပါတယ်။ဆံပင်ပြန်ပေါက်စေပြီး အဖျားနှစ်ခွဖြစ်ခြင်းကိုလည်းသက်သာစေပါတယ်။
✅ဇီးဖြူသီး လက်ဖက်ရွက်နှပ်ထားတဲ့သံလွင်ဆီက အစိုဓါတ်ပေးနိုင်ကာ ဦးရေပြားနဲ့ ဆံသားကိုအားဖြည့်ပေး ပါတယ်။ဆံပင်ပေါက်နှုန်းမြန်စေပြီး ဆံပင်ကျွတ်သက်သာကာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
✅ခေါင်းလျှော်ရည်အနံ့အတွက်အသုံးပြုရာမှာပါဝင်တဲ့ lavender essential oil ကြောင့် ဦးရေပြား ယားယံတာ သက်သာစေပြီး ဆံပင်ပေါက်နှုန်းကိုအားပေးပြီး thyme essential oil ကလည်း ဆံပင်အကွက်လိုက် ကျွတ်ခြင်း ထိပ်ပြောင်ခြင်း တို့ကိုသက်သာစေပြီးဆံပင်ပြန်ပေါက်စေနိုင်ပါတယ်။ ဒီလို Essential Oil ကို ထည့်သွင်းတဲ့နေရာမှာလည်း သင့်တင့်တဲ့ပမာဏသာ ထည့်ထား တာကြောင့် ဦးရေပြား ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ သုံးစွဲလို့ ရပါတယ်။
✅နောက်ပြီး toos classic shampoo ကို ဦးရေပြားအတွက် သင့်လျော်တဲ့ pH level အတွင်းမှာ ထုတ်လုပ်ထားတာ ကြောင့်လည်း ရေရှည်မှာ ကျန်းမာသန်စွမ်းတဲ့ ဦးရေပြားနဲ့ ဆံကေသာကို ပေးစွမ်းနိုင်ပါတယ်နော်။
❤️ဒါကြောင့်မို့ ဆံပင်ကျွတ်သက်သာ၊ ဦးရေပြားကျန်းမာပြီး ဆံသားပြောင်ပြောင်လေးတွေနဲ့ ရှင်းလင်းရလွယ်ကူတဲ့ ဆံသားကို ပိုင်ဆိုင်ချင်ရင်တော့ 100% naturally derived products တွေနဲ့သာထုတ်လုပ်ထားတဲ့ toos classic shampoo လေးကို အခုပဲ သုံးကြည့်လိုက်ကြတော့နော်။🤗🤗

အော် ..ပြီးတော့ toos classic shampoo နဲ့လျှော်တဲ့အခါခေါင်းလျှော်ရည် ပမာဏနည်းနည်းနဲ့ ထိထိရောက်ရောက် လျှော်လို့ရမယ့် လျှို့ဝှက်ချက်လေးတစ်ခုကိုလည်း တစ်ခါတည်း ပြောပြချင်ပါသေးတယ်။🤫🤫 အသုံးပြုခါနီးမှာ ဘူးကိုလှုပ်ပေးပြီး လက်ဝါးပေါ်မှာရေနဲ့ အရင် အမြှုပ်ထွက်အောင်လုပ်ပြီးမှ ရေစိုနေတဲ့ဦရေပြားကိုပွတ်တိုက်ပေး ရင် ဒါမှမဟုတ် ရေခွက်လေးထဲမှာ အမြှုပ်ထအောင်ရေနဲ့အရင်ဖျော်ပြီးမှ ရေစိုနေတဲ့ဦးရေပြားပေါ်ကိုလောင်းပြီး လျှော်မယ်ဆိုရင် ခေါင်းလျှော်ရည် ပမာဏနည်းနည်းနဲ့ အမြုပ်ပိုထွက်ပြီး ထိရောက်စေမှာပါ။ ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို လက်သည်းနဲ့ မတိုက်ပဲ လက်ထိပ်ဖျားလေးတွေနဲ့သာ ပွတ်တိုက်ပေးဖို့လည်း လိုပါတယ်နော်။ ဒါမှ ဦးရေပြားကို လက်သည်းနဲ့ကုတ်မိလို့ ထိခိုက်တာမျိုးတွေ မဖြစ်မှာပေါ့။ ချေးတွေ အတော်အသင့်ပြောင်အောင် ပထမအကြိမ်အရင်လျှော်ပြီး ရေဆေး၊ ပြီးတော့မှ နောက်တစ်ကြိမ်ထပ်လျှော်ပေးမယ်ဆိုရင် ဦးရေပြားလေး သေသေချာချာသန့်ရှင်းသွားမှာ အသေအချာပါပဲ။😎😎

20/04/2023

toos Rejuvenating Cleansing Milk
❤️❤️❤️

😊 မနက်က customer ညီမလေးတစ်ယောက်က " မမအိ ညီမလေး မျက်နှာမှာ အဆီဖုလေးတွေ ပေါ်လိုက် ပျောက်လိုက် နဲ့ .."

😊 " Double cleansing လေး လုပ်ဖြစ်လား ".. မေးတော့ " မလုပ်ဖြစ်ဘူး "တဲ့

😊 တနေကုန် မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို အရေပြားအတွင်းထိ သန့်စင်ဖမု့ဆို double cleansing လုပ်ကို လုပ်ပေးရပါတယ် ( သနပ်ခါး, sunscreen , မိတ်ကပ် .. ဘာလိမ်းလိမ်း ညဘက်ရောက်လို့ skincare တော့မယ်ဆို double cleansing လုပ်ပေးနော် )

😊 micellar water , cleansing water/oil/balm ... အစရှိသဖြင့် ကိုယ့်အသားအရေအလိုက် .. တခုခု နဲ့ အရင်သုံးပြီးမှ ကိုယ်သုံးနေကျ ဆပ်ပြာခဲ/ foam /gel နဲ့ ပြန်သစ်ပေးနော်

😊 ခု အိ မိတ်ဆက်ပေးမှာကတော့ toos ရဲ့ cleaning milk လေးအကြောင်းပါ
( toos pg ကို crd ပေးပါတယ် )

🤷‍♀️ Skin Care တွေအမျိုးမျိုးပြောင်းသုံးနေပေမဲ့ ဘာမှအကျိုးမထူးသလို ခံစားနေရသူတွေအတွက် ..

🙋‍♀️ ကိုယ့်ရဲ့မျက်နှာ အသားအရေလေး ဝင်းလက်စိုပြေနေဖို့ဆိုရင် ကိုယ်လိမ်းလိုက်တဲ့ skin care တွေက အသားအရေထဲ သေချာစိမ့်ဝင်သွားမှ သူတို့ရဲ့အာနိသင်က အစွမ်းပြနိုင်မှာနော်

🙋‍♀️ ဒါကြောင့် skin care တွေ မသုံးခင် ကိုယ့်ရဲ့မျက်နှာလေး စင်ကြယ်နေစေဖို့အတွက် Cleansing လုပ်တဲ့အခါ မှန်ကန်တဲ့ Product ကို ရွေးချယ်တတ်ဖို့ အရမ်းပဲ အရေးကြီးပါတယ်( မဟုတ်ရင် Skin Care အကောင်းစားတွေ ဘယ်လောက်သုံးသုံး အကျိုးမထူးသလို ဖြစ်နေမှာပါ )

⛱️🏡 နောက်ပြီး မိတ်ကပ်တွေ၊ Sunscreen တွေ၊ ပေါင်ဒါတွေ လိမ်းပြီး အပြင်သွားပြီးလို့ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မျက်နှာလေးကို ဂရုတစိုက် နဲ့ အနည်းဆုံးတော့ Double Cleansing လုပ်ပေးဖို့ လိုအပ်ပါသေးတာပေါ့

🧴 ဒီအတွက် အသားအရေကို သေချာသန့်စင်ပေးနိုင်တဲ့အပြင် စိုပြေတင်းရင်းသွားအောင် အားအင်ပြန်ဖြည့် ပေးနိုင်တဲ့ toos ရဲ့ Rejuvenating Cleansing Milk လေးကို cleansing ရဲ့ first step အနေနဲ့ ယုံယုံကြည်ကြည် အားကိုးလို့ရပါတယ်ရှင်

✅ toos ရဲ့ Cleansing Milk လေးမှာ စပျစ်ဆီ၊ ပဒဲကော တို့ပါဝင်ပါတယ်။ သူတို့မှာ ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအစွမ်းသတ္တိတွေက cells အသေတွေကို ဖယ်ရှားပေးပြီး cells အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးကာ အသားအရေကို ပြည်လည်အားဖြည့်ပေးနိုင်ပါတယ်။

🧴ဒါကြောင့် ပုံမှန်သုံးစွဲပေးရင် အရေးအကြောင်းတွေကို လျော့ပါးသက်သာစေကာ အသားအရေလေးကို နုပျိုတင်းရင်းလာစေမှာပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေ ဆိုရင်လည်း ဝက်ခြံတွေ သိသိသာသာ သက်သာလာတာကို ကိုယ်တွေ့ခံစားလာရမှာ သေချာပါတယ်

✅ ဒီ Cleansing Milk လေးကို ၁၀၀% သဘာဝထွက်ကုန်တွေကနေ ထုတ်လုပ်ထားပြီး ဓါတုပစ္စည်းတွေ လုံးဝ(လုံးဝ) မပါဝင်ပါဘူး။

✅အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေအားလုံးက သဘာဝထွက်ကုန်ဖြစ်ကြောင်း နိုင်ငံတကာ အသိအမှတ်ပြု COSMO Certified၊ Ecocert Certified product တွေကိုချည်းသုံးစွဲထားတာကြောင့် ယုံကြည် စိတ်ချစွာ သုံးစွဲနိုင်ပါတယ်နော်...ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ Biodegradable product အဖြစ် ထုတ်လုပ်ထားတာကြောင့် ကိုယ့်ရဲ့အသားအရေကိုတင်မက ကမ္ဘာကြီးရဲ့အနာဂတ် စိုပြေလှပဖို့ပါ အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။

🙋‍♀️ ကဲ...ဒါကြောင့် အပြင်ကပြန်လာတဲ့အခါမှာ toos ရဲ့ Cleansing Milk လေးနဲ့ ကိုယ့်ရဲ့ မျက်နှာလေးကို သေချာ Cleansing ပုံမှန်လေးလုပ်ပြီးနောက် နှစ်သက်ရာ မျက်နှာသစ် တစ်ခုခုကို ထပ်သုံးပြီး (မစိုပြေ၊မလှပခဲ့တဲ့နေ့ရက်တွေကို ဟိုး...ခပ်ဝေးဝေးမှာ ချန်ထားခဲ့လိုက်တော့နော် 🙋‍♀️

💰 စျေးနှုန်းလေးကတော့ Rejuvenating Cleansing Milk (100ml) ကို 15000 ကျပ် ပါရှင့်

🧴 မျက်နှာအသားအရေ တင်းတင်းလေးနဲ့ အိအိလေး ဖြစ်သွားလားလို့ ..အိဖြင့် ဒါလေး သုံးပီးသွားရင် 🤭

😊 Quality local skincare product collected & used by EI






(🧺 နောက်ရက်ကျမှ Ei Local မှာရှိတယ့် cleansing လေးတွေ အားလုံး စု တင်ပေးမယ်နော် )

18/04/2023

နှစ်သစ်အခါသမယတွင် ချစ်ခင်ရသော toos ရဲ့ကာစတန်မာများနှင့်ပြည်သူများအားလုံး

🌿 စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း
🌿 စီးပွားလာဘ်လာဘများ တိုးများပါစေကြောင်း
🌿 အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါ‌ စေကြောင်း🌿 မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေကြောင်း

toos မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...




#နှစ်သစ်ဆုတောင်း

06/04/2023

Local products တွေကိုသေချာတန်ဖိုးထားပြီး ထုတ်ဖော်ပေးနေတဲ့ Ei Local Skin Care Collection မှာ toosရဲ့ productsလေးတွေကို ဝယ်ယူအားပေးနိုင်ပါပြီရှင့် 😘

☺️ အိ လက်ဖျံ နဲ့ ခြေသလုံးမှာ ရှိနေတဲ့ ကြာဆူးတွေ ဒီ Body wash လေးကြောင့် လုံးဝ မရှိတော့ဘူး

☺️ သူ့ကို အိ သုံးလာတာ ဗူးတစ်ဝက်ကျော်ကျော်လေးမှာ သတိထားမိလာတာပဲ ( ပုံထဲက ဗူးက အိ လက်ဂှိသုံးနေတဲ့ ဗူးပါ )

☺️ နံမည်လေးကလည်းဆန်း , logo လေးကလည်း ချစ်စရာကောင်း , ပြီးတော့ အဓိက သူ့ product လေးတွေက Natural & organic, Vegan, Cruelty free, 100% Naturally Derived , Biodegradable .. ဒီလို အသုံးအနှုန်းလေးတွေပါတာ ဖတ်ရလို့ အိ စိတ်ဝင်စားတာ နဲ့ မှာပြီးသုံးကြည့်လိုက်တာ 🤗

🖋️ သူ့ရဲ့ ingredients လေးတွေက ⤵️

🔎 Aqua, Sapindus Mukorossi Peel Extract, Lauryl glucoside, Glycerine, Stearic acid, Potassium sorbate, Xanthan gum, Melia Azadirachta leaf extract တို့ပါတယ်

📼 အိ ကြာဆူးလေးတွေပျောက်သွားတဲ့အကြောင်း ဖန်တီးတဲ့ ညီမလေးကိုမေးကြည့်တော့ ..

☺️ " Herbs လေးတွေက Anti bacteria, Anti Inflammatory နဲ့ moisturizing effect တွေပေးတယ် အမ "

☺️ " အဲတော့ .. Skin texture ကောင်းလာတာဖြစ်မယ် "

☺️ " ဝက်ခြံ , eczema psoriasis စတဲ့ရောဂါတွေကိုလည်း သက်သာစေတယ် " ဆိုပီး ရှင်းပြပေးခဲ့တယ်

🤗 သူ့အနံ့လေးကတော့ သင်းတယ် ဆိုရုံလေးပဲ .. Herbal နှစ်သက်တဲ့သူတွေအတွက်တော့ တော်တော်လေး သဘောကျမှာ

✅ Sulphate free
✅ Silicon free
✅ Paraben free

🧴 ဈေးလေးကလည်း (500ml) - 8500 ks ဆိုတော့.. ရလာတဲ့ result နဲ့ ယှဥ်မယ်ဆို တော်တော်လေးတန်တယ်လို့ ပြောရမယ့်အထဲ ဒီ product လေးပါမယ်နော်👌

🤗 ကဲ .. ဒါဆို သူ့နံမည်လေးနဲ့ မိတ်ဆက်ပေးမယ်နော် .. toos ပါတဲ့ရှင် 🌾🌾

🤗 အိ ကြိုက်၍ အိ ယူရောင်းသော local product လေး တစ်ခုပါ

🧺 သူ့ရဲ့ product လေးတွေကို Ei local မှာ ဝယ်လို့ရဖို့ စီစဥ်ပေးထားပြီးပြီနော်

Photos from toos's post 04/04/2023

စင်္ကာပူနဲ့ မြန်မာပြည်တွင်းက orderလေးတွေ😍
အားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်ရှင့်

Photos from toos's post 30/03/2023

Toner အတွက် ခေါင်းမစားရအောင် toos ရဲ့ Milky Essence Toner ဆောင်

ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာ မဟုတ်ပါဘူးနော်။ Toner ရွေးရတာ ခေါင်းစားနေတဲ့သူတွေအတွက် toos ရဲ့ Milky Essence Toner လေးက တကယ့်ကို အဆင်ပြေစေမှာ အသေအချာပါ။

Skin Care တဲ့အခါ cleansing step ပြီးရင် ကျန်နေသေးတဲ့ အညစ်အကြေး အကြွင်းအကျန်တွေကို ဖယ်ရှားဖို့၊ ချွေးပေါက်တွေ စင်ကြယ်စေပြီး အရေပြားရဲ့ သဘာဝ pH Level ကို ထိန်းညှိပေးဖို့အတွက် Toner ကို သုံးကြရတာ အားလုံးလည်း အသိပါပဲ။ ဒါပေမဲ့ Toner ရဲ့အစွမ်းသတ္တိ‌ တွေကို အပြည့်အဝ ရရှိဖို့ဆိုရင် ကိုယ့်အသားအရေအတွက် တကယ်အကျိုးရှိမယ့် Toner မျိုးကို သေချာရွေးချယ်ကြဖို့ လိုပါတယ်။

toos ရဲ့ Milky Essence Toner လေးကို ဒေါနပန်းပေါင်းခံရည်၊ သင်္ဘောစေ့အဆီ၊ ထပ်တရာ(Calendula)ပန်းဆီ၊ prebiotic တို့လို အသားအရေအတွက်အကျိုးပြုတဲ့ သဘာဝပစ္စည်းတွေနဲ့ချည်းပဲ ထုတ်လုပ်ထားတာပါ။ ဒါကြောင့် ပုံမှန် Toner တွေရဲ့ အညစ်အကြေး အကြွင်းအကျန်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေ စင်ကြယ်တင်းရင်းစေတဲ့ အစွမ်းသတ္တိတွေအပြင် နောက်ထပ် စပါယ်ရှယ်အစွမ်းသတ္တိတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ဘယ်လို အစွမ်းသတ္တိတွေလည်းဆိုတော့ -

👉 အသားအရေကိုရေဓါတ်ဖြည့်ပေးနိုင်တဲ့အစွမ်း၊
👉 သုံးသမျှ Skin Care Product တွေရဲ့ အာနိသင်ကို အသားအရေက အပြည့်အဝ စုပ်ယူနိုင်စေတဲ့အစွမ်း၊
👉 အသားအရည် ကြည်လင်ဝင်းပနိုင်တဲ့ အစွမ်း
👉 အသားအရေအတွင်းပိုင်းအထိ သန့်စင်အားဖြည့်ပေးပြီး အသားအရေကိုပြုပြင်ပေးနိုင်လို့ အသားအရေရောင်ယမ်းမှုနဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းတွေပါပဲ။

ဒါ့အပြင် ဓါတုပစ္စည်းတွေ လုံးဝမပါဝင်တဲ့ သဘာဝထုတ်ကုန်စစ်စစ် ဖြစ်တာကြောင့် sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေပါ စိတ်ချလက်ချသုံးစွဲနိုင်ပါတယ်။

ဒီလို အစွမ်းတွေကြောင့်ပဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာ မဟုတ်ရပါဘူးလို့ ပြောရတာပါ။

ကဲ...ဘာမှခေါင်းစားမနေနဲ့၊ ခုပဲ toos ရဲ့ Milky Essence Toner လေးကို သုံးကြည့်လိုက်တော့နော်။

toos Milky Essence Toner 150 ml ကို 22000 ကျပ်ဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်။

Photos from toos's post 29/03/2023

Skin Care တွေအမျိုးမျိုးပြောင်းသုံးနေပေမဲ့ ဘာမှအကျိုးမထူးသလို ခံစားနေရသူတွေအတွက်

ကိုယ့်ရဲ့မျက်နှာ အသားအရေလေး ဝင်းလက်စိုပြေနေဖို့ဆိုရင် ကိုယ်လိမ်းလိုက်တဲ့ skin care တွေက အသားအရေထဲ သေချာစိမ့်ဝင်သွားမှ သူတို့ရဲ့အာနိသင်က အစွမ်းပြနိုင်မှာပေါ့။ ဒါကြောင့် skin care တွေ မသုံးခင် ကိုယ့်ရဲ့မျက်နှာလေး စင်ကြယ်နေစေဖို့အတွက် Cleansing လုပ်တဲ့အခါ မှန်ကန်တဲ့ Product ကို ရွေးချယ်တတ်ဖို့ အရမ်းပဲ အရေးကြီးပါတယ်။ မဟုတ်ရင် Skin Care အကောင်းစားတွေ ဘယ်လောက်သုံးသုံး အကျိုးမထူးသလို ဖြစ်နေမှာပါ။

နောက်ပြီး မိတ်ကပ်တွေ၊ Sunscreen တွေ၊ ပေါင်ဒါတွေ လိမ်းပြီး အပြင်သွားပြီးလို့ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မျက်နှာလေးကို ဂရုတစိုက် နဲ့ အနည်းဆုံးတော့ Double Cleansing လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။

ဒီအတွက် အသားအရေကို သေချာသန့်စင်ပေးနိုင်တဲ့အပြင် စိုပြေတင်းရင်းသွားအောင် အားအင်ပြန်ဖြည့် ပေးနိုင်တဲ့ toos ရဲ့ Rejuvenating Cleansing Milk လေးကို cleansing ရဲ့ first stepအနေနဲ့ ယုံယုံကြည်ကြည် အားကိုးလို့ရပါတယ်နော်။

toos ရဲ့ Cleansing Milk လေးမှာ စပျစ်ဆီ၊ ပဒဲကော တို့ပါဝင်ပါတယ်။ သူတို့မှာ ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအစွမ်းသတ္တိတွေက cells အသေတွေကို ဖယ်ရှားပေးပြီး cells အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးကာ အသားအရေကို ပြည်လည်အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သုံးစွဲပေးရင် အရေးအကြောင်းတွေကို လျော့ပါးသက်သာစေကာ အသားအရေလေးကို နုပျိုတင်းရင်းလာစေမှာပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေ ဆိုရင်လည်း ဝက်ခြံတွေ သိသိသာသာ သက်သာလာတာကို ကိုယ်တွေ့ခံစားလာရမှာ သေချာပါတယ်။

ဒီ Cleansing Milk လေးကို ၁၀၀ ရာခိုင်နှုန်း သဘာဝထွက်ကုန်တွေကနေ ထုတ်လုပ်ထားပြီး ဓါတုပစ္စည်းတွေ လုံးဝ(လုံးဝ) မပါဝင်ပါဘူး။ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေအားလုံးက သဘာဝထွက်ကုန်ဖြစ်ကြောင်း နိုင်ငံတကာ အသိအမှတ်ပြု COSMO Certified၊ Ecocert Certified product တွေကိုချည်းသုံးစွဲထားတာကြောင့် ယုံကြည် စိတ်ချစွာ သုံးစွဲနိုင်ပါတယ်နော်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ Biodegradable product အဖြစ် ထုတ်လုပ်ထားတာကြောင့် ကိုယ့်ရဲ့အသားအရေကိုတင်မက ကမ္ဘာကြီးရဲ့အနာဂတ် စိုပြေလှပဖို့ပါ အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။

ကဲ...ဒါကြောင့် အပြင်ကပြန်လာတဲ့အခါမှာ toos ရဲ့ Cleansing Milk လေးနဲ့ ကိုယ့်ရဲ့ မျက်နှာလေးကို သေချာ Cleansing ပုံမှန်လေးလုပ်ပြီးနောက် နှစ်သက်ရာ မျက်နှာသစ် တစ်ခုခုကို ထပ်သုံးပြီး ( toos facial foam လေးကိုသာ သုံးပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ကျေးဇူးတင်ပါတယ်ရှင့်🥰)မစိုပြေ၊မလှပခဲ့တဲ့နေ့ရက်တွေကို ဟိုး...ခပ်ဝေးဝေးမှာ ချန်ထားခဲ့လိုက်တော့နော်။

စျေးနှုန်းလေးကတော့ toos Rejuvenating Cleansing Milk 100ml ကို 15000 ကျပ် ပါရှင့်

Photos from toos's post 22/03/2023

Local products လေးတွေကိုချစ်ခင် အားပေးတတ်တဲ့ Ei Local Skin Care Collection ရဲ့ founder မမ မအိရဲ့ review လေးကြောင့် ဒီနေ့တော့ ခွန်အားလေးတွေပြည့်ရတယ်။
သေချာလေးသုံးကြည့်ပြီး feedback လေးပြန်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Photos from toos's post 17/02/2023

ဆေးကြောတိုက်ချွတ်ရင်းနဲ့ လက်တွေပူ၊ အရေပြားတွေစားနဲ့ အသား‌အရေလေးတွေပျက်စီးလို့ စိတ်ညစ်နေရပြီလား ? Chemical တွေအများကြီးပါတဲ့ ဆပ်ပြာတွေသုံးပြီး ပန်းကန်တွေကိုရေအထပ်ထပ်နဲ့မဆေးမိရင် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေတဲ့အိမ်ရှင်မတွေ အတွက် toos ကသဘာဝပန်းကန်ဆေးဆပ်ပြာကို family set အတွက် ထုတ်လုပ်ပေးထားပါတယ်။

ဆပ်ပြာသီး၊ ဆပ်ပြာသီးဘိုင်အိုအင်ဇိုင်း(bioenzyme)၊ ပင်လယ်ဆား(sea salt) တို့နဲ့ ထုတ်လုပ်ထားတဲ့ toos ရဲ့ အစွမ်းသတ္တိတွေကတော့

- ဓါတုပစ္စည်းတွေ မပါဘဲ သဘာဝ ပစ္စ‌ည်းတွေနဲ့သာ ထုတ်လုပ်ထားလို့ လက်မပေါက်၊ အရေပြားမလောင်ဘဲ အသားအရေတောင် ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

- bioenzyme နဲ့ sea salt တို့အစွမ်းကြောင့် ဆီချေးတွေကိုတောင် အလွယ်တကူစင်ကြယ်စေပြီး ဆေးကြောရတာ အချိန်ကုန်၊ လူပင်ပန်း သက်သာစေပါတယ်။

- တခြား detergent တွေမပါဝင်လို့ ဆပ်ပြာကြောင့် ချွဲနေတာမျိုး မဖြစ်ဘဲ ရေနည်းနည်း သုံးရုံနဲ့ စင်ကြယ်အောင် ဆေးကြောလို့ရတော့ ရေကုန်သက်သာ၊ ငွေကုန် သက်သာစေပါတယ်။

- ဒီနေ့ခေတ် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်နေနိုင်တဲ့ ပိုးသတ်ဆေးတွေကိုလည်း ဇလုံထဲရေများများထည့်ပြီး toos ရဲ့ ပန်းကန်ဆေးဆပ်ပြာလေး အနည်းငယ်‌ လောက်ရောပြီး ဆေးကြောပေးမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။

ဒါတွေတင် မကသေးပါဘူး။ toos ပန်းကန်ဆေးဆပ်ပြာမှာ ပါဝင်တဲ့ bioenzyme ဟာ စွန့်ပစ်ပစ္စည်းတွေကို breakdown လုပ်ပေးနိုင်ပြီး ဓါတုပစ္စည်းတွေကြောင့်ဖြစ်တဲ့ အဆိပ်အတောက်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးကြောရာမှာ ကိုယ်သုံးလိုက်တဲ့ ရေကနေတဆင့် ရေကန်တွေ၊ ချောင်း၊မြောင်းတွေထဲ ရောက်သွားတဲ့အခါ water system ကိုပါ treat လုပ်ပေးရာ ရောက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးပြီး ကိုယ့်မိသားစုနဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကာကွယ်ရာလည်း ရောက်မှာ ဖြစ်ပါတယ်။

ဒီတော့ ပန်းကန်ဆေးဆပ်ပြာအတွက် စိတ်ညစ်ခံမနေဘဲ toos ပန်းကန်ဆေးဆပ်ပြာလေးကိုသာ အခုပဲ သုံးစွဲလိုက်တော့နော်။

ဈေးနှုန်းလေးတွေကတော့ -

500ml တစ်ဗူးကို 4500 ကျပ်
1L တစ်ဗူးကို 8000 ကျပ်

17/02/2023

မိသားစုကျန်းမာရေးကို အမြဲခေါင်းထဲထည့် စဉ်းစားနေရတဲ့ အိမ်ရှင်မတွေအတွက် ဘက်ဂျက်လည်း သက်သာ ၊အသားအရေလည်း ကျန်းမာစေမယ့် toos ရဲ့ သဘာဝရေချိုးဆပ်ပြာအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။

ဘယ်လိုရေချိုးဆပ်ပြာလေးလဲဆိုတော့ မြန်မာ့ရိုးရာ ဆပ်ပြာသီး(ခေါ်) နွားပုလဲသီးနဲ့ တမာ ကို အဓိကအခြေခံထုတ်လုပ်ထားတဲ့ ရေချိုးဆပ်ပြာလေးပါ။

toos ရဲ့ အစဉ်အလာအတိုင်း ဓာတုပစ္စည်းတွေကို အသုံးမပြုဘဲ ၁၀၀ ရာခိုင်နှုန်း သဘာဝထွက်ကုန်တွေနဲ့ပဲ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အနံ့မပြင်းဘဲ ရနံ့သင်းသင်းလေးမွှေးတဲ့ ဒီရေချိုးဆပ်ပြာလေးဟာဆိုရင် တမာရဲ့ အစွမ်းသတ္တိကြောင့် အရေပြားပြဿနာများစွာကို ဖြေရှင်းပေးနိုင်ပါတယ်။

နောက်ပြီး ဆပ်ပြာသီး ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေကာ ရေဓါတ်ဖြည့်ဆည်းပေးပြီး စိုပြေလှပစေမှာလည်း ဖြစ်ပါတယ်ရှင်။

100% Naturally Derived Product ဖြစ်တာကြောင့် sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်လေးတွေ စိတ်ချလက်ချ သုံးစွဲနိုင်တဲ့ ရေချိုးဆပ်ပြာလေးလည်း ဖြစ်ပါတယ်။

ဒါကြောင့် သဘာဝအတိုင်း ရနံ့သင်းသင်းလေး မွှေးမြပြီး အသားအရေစိုပြေချောမွေ့စေဖို့ toos ရဲ့ ရေချိုးဆပ်ပြာ အသစ်လေးကို အခုပဲ သုံးစွဲလိုက်တော့နော်။

ဈေးနှုန်းလေးကတော့ 500ml တစ်ဗူးကို 8000ကျပ် သာကျသင့်မှာ ဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon